image
image
🍊🥝🍇🍍🍓 Local Treasures 🍒🍑🥑🍉🍋

ကလေးသူပုန်းရည်ကြီး_ပဲပုတ်ခြောက်

ဘယ်ချိန်စားစား အိမ်မှာဆောင်ထားလို့ရတဲ့ 👉 ကလေးသူပုန်းရည်ကြီး ရဲ့ တာဟန်းပဲပုတ်စေ့နဲ့လုပ်ထားတဲ့ ပဲပုတ်ခြောက် 🌰 ကြက်သွန်ဖြူ 🫚 ဂျင်း 🌶 ငရုတ်သီးမှုန့် 🍚 ဆား အသင့်ထည့်ပြီးသားမို့ တခြားဘာမှထပ်ထည့်နေစရာမလိုပဲ စားကောင်းတဲ့ပဲပုတ်လေးပါရှင် ✅ လတ်ဆတ်တယ် ✅ သန့်ရှင်းတယ် 🔥 မီးကင်ပြီးမွှေးမွှေးလေးသုတ်စားမလား 🧅 ကြက်သွန်နီနှင့်ကြော်မလား 🍅 ခရမ်းချဥ်သီးလေးနှင့် ပဲပုတ်ငပိချက်လေးပဲချက်စားမလား ကြိုက်နှစ်သက်သလို စားလို့ရပီး ထမင်းမြိန်စေတဲ့ အခြောက်အခြမ်း ဟင်းတစ်ခွက်လေး ရလို့ အိမ်ရှင်မတွေလဲ ခေါင်းမခြောက်ရတော့ဘူးပေါ့ ဟင်းအနှစ်တွေနှင့် စားရတာငြီးငွေ့လာပြီး စားချင်စိတ်မရှိဖြစ်နေတဲ့အခါ စားလို့လည်းကောင်း အလွယ်တကူလုပ်စားရတာလည်း အဆင်ပြေ ကျန်းမာရေးနှင့်လည်း ညီညွတ်တဲ့ ပဲပုတ်ခြောက်လေးပါနော် ❤❤❤❤ ပဲပုတ်ခြောက် တစ်ထုပ် (150g) မွှေးပြီး လတ်ဆတ်နေတဲ့ အရသာလေးကို စားသုံးချင်တယ်ဆိုရင်တော့ 😘 ကလေးသူကိုအမြန်ဆုံး ​ရွေးချယ်လိုက်ပါနော် # ကလေးသူ_မြန်မာ့စားသောက်ဖွယ်စုံ # ProductofMyanmar

$5.55

ကလေးသူ_ပုန်းရည်ကြီး

ပုန်းရည်ကြီးလေးတစ်ဗူးနှင့် မြန်မာ့ရိုးရာဟင်းလျာတွေအဖြစ် အရသာရှိအောင် ပုံစံအမျိုးမျိုးနှင့် ချက်ပြုတ်စားသောက်လို့ရပြီနော် 🏵 ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ငရုတ်သီး အလှော်မှုန့်၊ ဆီ၊ ဆား စတာတွေနဲ့ ရောသုပ်ရင် ထမင်းမြိန်သလို 🏵 ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးကို ဆီသတ်ပြီး ထည့်ကြော်စားရင်လည်း အရသာရှိပြီး ထမင်းမြိန်စေတဲ့ အညာ အရသာ စစ်စစ် ပုန်းရည်ကြီးကို ကြိုက်ကြလား။ 🏵 သတ်သက်လွတ်ပဲ စားစား၊ 🏵 ကြိုက်နှစ်သက်ရာ ဝက်သား၊ ကြက်သား၊ ကြက်ဥ၊ ဘဲဥ စတာတွေနဲ့ပဲ ရောချက်ချက် 🏵 ကိုရီးယားတွေလို ခေါက်ဆွဲလေးနဲ့ပဲ သုတ်သုတ် ခံတွင်းတွေ့စေတဲ့ ပုန်းရည်ကြီးလေးက ထမင်းမြိန်စေတာအပြင် ကျန်းမာရေးအတွက် အကျိုးပြု သလို အာဟာရလည်း ဖြည့်ပေးပါသေးတယ်။ 🍲 ခပ်ညိုညိုလေးနဲ့ အရသာရှိတဲ့ ပုန်းရည်ကြီးမှာ ✅ ပရိုတင်း ✅ ကယ်လ်လိုရီ ✅ အဆီ ✅ ဆိုဒီယမ် ✅ ကာဗိုဟိုက်ဒရိတ် ✅ အမျှင်ဓာတ် ✅ သကြားဓာတ် ✅ ကယ်လ်ဆီယမ် ✅ သံဓာတ် စတာတွေ ပါဝင်နေပါတယ်။ အခုလိုအဟာရဓာတ်တွေပါဝင်နေတဲ့ ပဲပိစပ်စစ်စစ်နှင့်ပြုလုပ်ထားတဲ့ ပုန်းရည်ကြီးလေးကို ကလေးသူပုန်းရည်ကြီးမှာ မှာယူလို့ရပါပြီရှင့် ပုန်းရည်ကြီးကို 🏵 ​ကြက်သွန်၊ ငြုပ်သီးစိမ်း​လေးနဲ့ သုတ်မလား 🏵 ဝက်သားနှင့်ချက်မလား 🏵 ဘဲဥလေးနှင့်ချက်မလား 🏵 ထမင်းနှင့်သုတ်စားမလား 🏵 ခေါက်ဆွဲနှင့်သုတ်စားမလား ကြိုက်သလိုစား ဟင်းတစ်ခွက်ဖြစ်မှာတော့အသေအချာပါပဲရှင့် 🍛 ပုန်းရည်ကြီးရဲ့ အနံ့၊ အရသာ၊ လတ်ဆတ်မှု၊သဘာဝအရသာလေး လေးနက်ပေါ်လွင်နေအောင် ပဲပိစပ်စစ်စစ်ကို ဆားတစ်မျိုးတည်းနှင့်သာ ကျိုချက်ထားပါတယ် ❌ တာရှည်ခံဆေး နဲ့ဓာတုဆေးဝါးလုံးဝမပါဝင်ပဲ စားဖူးသူတိုင်းကကြိုက်ကြလို့ ကလေးသူပုန်းရည်ကြီးလေးကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်ရှင်။ 🔷 သဘာဝအပူချိန်အတိုင်း ကြာရှည်အထားခံတာမို့ အသီးအရွက်၊ အသားငါးတွေလို ရေခဲသေတာထဲလဲ အထူးသိမ်းဆည်းနေစရာမလိုပါဘူးနော်။ 🔷 ဘယ်နှစ်လအထိထားချင်လဲ? မှိုတက် အရသာပျက်သွားမှာမဟုတ်လို့စိတ်မပူပါနဲ့ရှင်။ 🔷 ကိုယ့်မိသားစုစားဖို့အတွက်လား...။ ချစ်ရတဲ့သူငယ်ချင်းမိတ်ဆွေတွေကို အညာလက်ဆောင်ပေးချင်လို့လား...။ ပုန်းရည်ကြီးဗူး (320g) ပုန်းရည်ကြီးဗူး (250g) ပုန်းရည်ကြီးထုတ် (250g) ပုန်းရည်ကြီးကြော် အဆိမ့်ထုတ် (50g) ပုန်းရည်ကြီးကြော် အစပ်ထုတ် (50g) စားသောက်ကုန်လိုင်စင်၊ဓာတ်ခွဲခန်းအဖြေတို့ကို ရရှိပြီးပြီဖြစ်လို့ကလေးသူရဲ့ ပုန်းရည်ကြီးကို ယုံကြည်စိတ်ချစွာစားသုံးလို့ရပါတယ်ရှင့် # ကလေးသူ_မြန်မာ့စားသောက်ဖွယ်စုံ # ProductofMyanmar ------------------------------------------- `` ကိုရီးယား ပဲခေါက်ဆွဲ လုပ်နည်း နှင့် ..................................................... ပုန်းရည်ကြီး ဖြင့် ပဲခေါက်ဆွဲ ကြော်နည်း ပါ၀င်သောပစ္စည်း ၀က်သား - အနည်းငယ် ပုန်းရည်ကြီး - တစ်ထုတ် ဆီ - စားပွဲတင်ဇွန်း ၄ဇွန်း သကြား - စားပွဲတင်ဇွန်း ၂ဇွန်း ခရုဆီ - စားပွဲတင်ဇွန်း ၁ဇွန်း ပြောင်းဖူးဖလာမှုန့် - စားပွဲတင်ဇွန်း ၂ဇွန်း ကြက်သွန်နီ - ၂လုံး Zucchini - ၁လုံး အာလူး - ၂လုံး ဂျပန်သခွားသီး - အနည်းငယ် ရေ - အနည်းငယ် ပဲခေါက်ဆွဲ ပြုလုပ်နည်း ပထမဆုံး ဒယ်အိုးထဲကိုဆီထည့်ပါ။ ကြက်သွန်နီတစ်လုံးကို ပါးပါးလှီးပြီး ကြက်သွန်နီ နီရဲပြီးကျွမ်းသွားတဲ့ အထိဆီသတ်ပေးပါ (အနံ့ပဲယူတာဖြစ်ပါတယ်)။ ကြက်သွန်နီအဖတ်များကို ဆယ်ထုတ်ပြီးလွင့်ပစ်လိုက်ပါ။ ပြီးနောက် ဆီထဲကို ကိုရီးယားပဲအမဲရောင်အနှစ် စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပြီး မီးအေးအေးနဲ့ နှံ့အောင်မွှေပေးပါ။ ပြီးရင်တော့ အိုးထဲက ဆီတွေကိုဇွန်းနဲ့အသာခပ်ထုတ်ပြီး ပန်းကန်လုံးတစ်ခုထဲ ထည့်ထားပါ။ အဲဒီနောက် ဒယ်အိုးထဲကို ပဲအနှစ်ထဲပြီး သကြားစားပွဲတင်ဇွန်း ၂ဇွန်းထည့် နှံ့အောင်မွှေပေးပြီး မီးပိတ်ထားပေးပါ။ ၀ကျသားကိုလဲ သေးသေးလေးတွေတုံးပြီး ဖယ်ထားတဲ့ဆီကြာ်ပါ။ ဆီနည်းလျှင် ဆီထပ်ထည့်ပြီးကြော်ပေးပါ။ အသားနူးသွားပါက ပါ၀င်တဲ့ပစ္စည်းတွေဖြစ်တဲ့ (ကြက်သွန်နီ၊ Zucchini၊ အာလူး) တို့ကို အတုံးသေးလေးတွေတုံးပြီး အသားနဲ့ရောနယ်ပါ။ ခရုဆီ စားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ ပြီးနောက် ပြောင်းဖူးဖလာမှုန့် (ပြောင်းဖူးပုံပါတဲ့ အကြော်မှုန့်) မရှိပါက အခြားဂျုံမှုန့် ၂ဇွန်းကို ရေ ၃ ဇွန်းဖြင့် ဖျော်ပြီးထည့်ပေးပါ။ နောက်ဆုံးမှာ ဆီသတ်ထားတဲ့ ကိုရီးယားပဲအနှစ်ကို ရောထည့်ပြီးမွှေပေးပါ။ ရေအနည်းငယ်ထည့်ပြီး အရသာမြည်းကြည့်လို့ အာလူးနဲ့အသီးအနှံများနူးတာနဲ့ ပြုတ်ထားတဲ့ခေါက်ဆွဲပေါ်ကိုလောင်းထည့်ပြီး အသင့်စားသုံးနိုင်ပြီ ဖြစ်ပါတယ်။ ခေါက်ဆွဲကို မိမိကြိုက်နှစ်သက်တဲ့ ခေါက်ဆွဲအသုံးပြုနိုင်သလို ၀က်သားအစား ကြက်သား သုံးလို့ရသလို အသားမပါဘဲ သတ်သတ်လွတ်လုပ်စားသုံးလို့လည်းရပါတယ်။ ပုန်းရည်ကြီး ဖြင့် ပဲခေါက်ဆွဲ ကြော်နည်း -------------------------------------------------------------- ပါဝင်ပစ္စည်းများ (၄ပွဲစာ) - ပုန်းရည်ကြီး ၄ထုပ် - ကြက်သား သို့ ဝက်သား ၁၀သားခန့် (အတုံးသေးသေးလှီးထားပါ) - ဂေါ်ဖီတစ်စိတ် (ထူထူလှီးထားပါ) - မုန်လာဥနီ ဥကြီးတစ်ဥ (အတုံးသေးသေးလှီးထားပါ) - ရွှေပဲသီး ၇တောင့်ခန့် (အရွယ်တော် ဖြတ်ထားပါ) - ကြက်သွန်နီ တစ်ဥ (ပါးပါးလှီးထားပါ) - ကြက်သွန်ဖြူ ၃တက် (နုပ်နုပ်စဉ်းထားပါ) - သကြား ထမင်းစားဇွန်း ၃ဇွန်း - ကြက်သားမှုန့် ၂ဇွန်း - ခရုဆီ ၂ဇွန်း - ကော်မှုန့်အနည်းငယ် - ငရုတ်ကောင်းမှုန့် အနည်းငယ် - တရုပ်မဆလာ လက်ဖက်စားဇွန်း ၂ဇွန်း - ရွှေမျှား ခေါက်ဆွဲ တစ်ထုပ် (သို့) လက်ကီးခေါက်ဆွဲ ၄ထုပ် ပြုလုပ်နည်း - ခေါက်ဆွဲများကိုရေဆူဆူတွင် ထည့်ပြုတ်ထားပါ (၅မိနစ်ခန့်) - နူးလျှင် ရေခဲရေဖြင့် ဆေးချပါ (ရေအေးဖြင့်မဆေးပါက ခေါက်ဆွဲများ ကပ်ထွေးသွားတတ်သည်) - ပြီးလျှင်ရေစစ်ထားပါ။ - ထို့နောက် ဆီပူထဲသို့ သကြားအရင်ထည့်ရ၍ဆီသတ်ပါ ညိုလာလျှင် ကြက်သွန် နီ/ဖြူ ထည့်၍ဆီသတ်ပါ။ - နွမ်းသွားလျှင် အသားများကိုထည့်ပါ ခရုဆီ ထည့်ပါ တရုတ်မဆလာ ထည့်ပါ ကြက်သားမှုန့်ထည့်ပါ - အသားများနူးအောင် ရေအနည်းငယ်ထည့်၍တည်ထားပေးပါ - အသားများနူးသွားလျှင် ပုန်းရည်ကြီးများဖောက်ထည့်၍ သမအောင်မွှေပေးပါ - သမသွားလျှင် ဂေါ်ဖီ၊ပဲသီး၊မုန်လာဥနီ ထည့်ပြီး မွှေပေးပါ - ပြီးနောက် ခေါက်ဆွဲများ ထည့်လိုက်ပါ - သမအောင် ခပ်ဖွဖွမွှေပြီးနောက် ကော်မှုန့်ကို ရေအနည်းငယ်ဖြင့်ဖျော်၍ထည့်ပေးပါ - ခပ်စေးစေးလေး ဖြစ်လာလျှင် ပန်းကန်ထဲသို့ လှဲ ထည့်၍ ငရုတ်ကောင်းအနည်းငယ်ဖြူးကာ သုံးဆောင်နိုင်ပြီရှင်။ ပုန်းရည်ကြီး ထမင်းကြော် -------------------------------------------------------------- ပုန်းရည်ကြီး ချစ်သူတွေအတွက် ထမင်းကြော်နည်း တမျိုးပါ။ ပုန်းရည်ကြီး ထမင်းကြော်ကို ကြက်သားကြော်၊ ပုဇွန်ခြောက်၊ ကြက်သွန်နီ၊ ကြက်ဥကြော်၊ ငရုတ်သီးစိမ်းတို့နှင့် တွဲဖက် သုံးဆောင်ရမှာပါ။ အရသာ ပုန်းရည်ကြီး အရသာ ခါးသက်သက်နဲ့ ချဉ် စပ်အရသာလေးပါ။ ပါ၀င်ပစ္စည်းများ ချက်ပြီသား ထမင်း – ၂လုံး ပုန်းရည်ကြီး – ၁ထုပ် ဆား – လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က် သကြား – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ ပဲငံပြာရည်(အကြည်) – လက်ဖက်ရည်ဇွန်း ၂ဇွန်း ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း တွဲဖက် ပါ၀င်ပစ္စည်းများ ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၃ဇွန်းစာ ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ) ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ) ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ) သံပရာသီး – ၁လုံး ( ပါးပါးလှီးပါ) ကြက်ဥ – ၂လုံး (ခလောက်ပြီ အပြားကြော်ပြီ ပါးပါးလှီးပါ) ငရုတ်သီးစိမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ) ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ) နံနံပင် – အနည်းငယ် ကြက်ရင်ဗုံသား – ၁ခု (အတုံးသေးတုံးပေးပြီ ဆားနည်းကာ အညှိရောင်သန်းသည်အထိ ကြော်ပေးထားပါ) (သို့) ၀က်ဆီဖတ်ကြော် ထမင်းကြော်နည်း ၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ပုန်းရည်ကြီးကို ထည့်ပြီ ၁မိနစ်ခန့်မွှေပေးပါ။ ၂။ ပြီလျှင် ထမင်းထည့်ပြီ ပုန်းရည်ကြီးနဲ့ ထမင်းများကို ရောမွှေလိုက်ပါ။ ၃။ ထို့နောက် အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား နှင့် ပဲငံပြာရည်တို့ကို ထည့်ပေးပါ။ ၄။ ပြီလျှင် ပန်းကန်လုံး ထဲသို့ ပုန်းရည်ကြီး ထမင်းကြော်များကို ထည့်ပြီ ပန်းကန်ပြားတစ်ခုထဲသို့ မှောက်ထည့်လိုက်ပါ။ ၅။ ပြီမှ ပုန်းရည်ကြီး ထမင်းကြော် ဘေးတွင် တွဲဖက်ပါ၀င်ပစ္စည်းများ ဖြစ်သော (ပုဇွန်ခြောက်၊ ကြက်သားကြော်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ သံပရာသီး၊ ကြက်ဥကြော်၊ နံနံပင် ငရုတ်သီးစိမ်း) တို့ကို စီပေးထားပါ။ ၆။ ထို့နောက် အားလုံးကို ရောမွှေလိုက်ပြီ အပေါ်မှ သံပရာသီးလေး ညှစ်ပြီ အရသာရှိစွာ ပုန်းရည်ကြီး ထမင်းကြော်ကို သုံးဆောင်နိုင်ပါပြီ။

$5.55

ဆာဗူးသီး_ချင်းပြောင်းဆန် နှင့် ချင်းငရုတ်ခြောက်

😏 အားသာချက်က အဆီဓာတ်အလွန်နည်းတယ် ရွှေဗိုက်က ဆာနေလည်း ဝမှာစိုးလို့ စိတ်ကိုအလိုမလိုက်ရဲဘူး ဖြစ်နေလား 😒 🌽 အဆီဓာတ်အလွန်နည်းတဲ့ ချင်း​ဒေသထွ​က် စစ်စစ် တောင်ယာပြောင်းကို အခြေခံထားတဲ့ ဆာဗူးသီး အသင့်ထုတ်လေးရှိတယ်နော်။ 🥘 ကြိုက်တဲ့ အသားပြုတ် /ကြော်နဲ့ တွဲစား ။ 🌶 ငရုတ်သီး စပ်ပြဲလန်ထောင်းနဲ့ တစ်ဝတီးမယ် 😍 အစားငတ်ခံ ဝိတ်ချစရာမလိုတော့ဘူးပေါ့ 🍜 ချင်းရိုးရာ ဆာဗူးသီးပြောင်းဆန်ချက်ပြုတ်နည်း လေးက ဒီလိုပါ 💁 1) ပြောင်းဆန်ကို မချက်ခင် တစ်ည (8 နာရီခန့်) ရေကြိုတင်စိမ်ပါ။ 2) သန့်စင်စွာ ဆေးကြောထားသော ပြောင်းဆန်နှင့် နှစ်သက်ရာ ကြက်၊ ဝက်၊ အမဲ၊ ဆိတ် အသား/ အူ / ကလီဆာ / အရိုးများကို ဆား ငံပြာရည်အနည်းငယ်ထည့်၍ ဆန် နှင့် အသားများနူးအိလာသည်ထိ ပြုတ်ပါ။ -ပုံမှန်ကြာချိန် 2နာရီ 45 မိနစ် ခန့် -ထမင်းအိုး (Rice cooker) ဖြင့် 1နာရီ 45 min -ဟင်းပေါင်းအိုး (Pressure cooker) အသုံးပြုပါက အချိန် 45 မိနစ် ခန့် ပေါင်းပါ။ 3) ဟင်းခတ်အမွှေးအကြိုင် နှစ်သက်ပါက အသား/ အူ / ကလီဆာ/ အရိုးများကို ဆား (သို့ ) အရသာမှုန့် ​ဖြင့် သမအောင်နယ်ပြီး ဂျင်း၊ ကြက်သွန် ဖြူ၊ နီ များဖြင့် ဆီသတ်၍သီးသန့်ပြုတ်နိုင်ပါသည်။ 🌽🥗 ဆာဗူးသီးနှင့် တွဲဖက်စားရန် အရံဟင်း 🥗 အူသုတ် (သို့) အသားသုတ် ပြုတ်ထားပြီး အူ (သို့)အသားကို ဂေါ်ဖီ၊ နံနံ၊ သံပုရာရည်၊ ငရုတ်သီးသုတ်နှင့် ရောနယ်ပြီး အရံဟင်းတစ်ပွဲအဖြစ်ပြင်ဆင်နိုင်ပါသည်။ 🌶 ချင်းငရုတ်သီးသုတ် -ချင်းငရုတ်သီးကို (ဆီအနည်းငယ်ဖြင့်) လှော်ပါ။ -ငရုတ်သီးလှော်တောင့်များကို ထောင်း၍ ဆီ၊ ရေ၊ ဆား၊ ကြက်သွန်နီ၊ သံပုရာရည်ညှစ်၍ သုတ်ပါ။ အစပ်ကြိုက်သူများ ဆာဗူးသီးပြုတ်ထဲထည့်မွှေ စားသောက်ရန်ဖြစ်ပါသည်။ 🥓 အသားပြုတ်ကြော် ပြုတ်ရည်မှ ဆယ်ယူထားသော အသားတုံးများကို ဆီပူပူဖြင့်ပြန်ကြော်ပြီး ကြက်ကြော်၊ ဝက်ကြော် ၊ အမဲကြော်အဖြစ် တွဲဖက် စားသုံးနိုင်ပါသည်။ မှတ်ချက်။ ပြောင်းဆန် 250 g ခန့် (နို့ဆီ ၁ဗူး) ကို ၄/၅ ယောက် အဝ စားနိုင်ပါသည်။ လေစုပ်အိတ်နှင့် စနစ်တကျထုတ်ပိုးထားတာမို့ တပြည်တရွာပါးချင်လည်း အလွယ်တကူနော်။ အစားအစာ အထုပ်ငယ်များကို တကြိမ်ဖွင့် လှစ် အသုံးပြုပြီးပါက လေလုံဗူးများ၊ ပုလင်းများ အတွင်းထည့်ထားခြင်းဖြင့် ဆန်ပိုးတက်ခြင်းမှ ကာကွယ်နိုင်ပြီး ကြာရှည်စွာ အသုံးပြုနိုင်ပါတယ်ရှင့်။ # ဆာဗူးသီး_ချင်းရိုးရာ အစားအစာ # ဝေးဝေးကြီးကဒေသစာတွေကို နီးနီးလေးမှာထား ပြီးစားရအောင် # ProductofMyanmar

$5.55

/ 250 G

ထူဗျန်းဘီး_ကယားဝက်အူချောင်း

ဝက်အူချောင်းတွေရမယ် ဝက်အူချောင်းတွေရမယ်...😍✨🌟 ... သန့်ရှင်းလတ်ဆတ်ပြီး အရသာလည်းရှိတဲ့ ကယား၀က်အူချောင်းစစ်စစ်ကိုမှ စားချင်တယ်ဆိုတဲ့ ချစ်ဆုံးတို့အတွက် "ထူဗျန်းဘီး" ကယန်းငှက်မောင်နှံလေး ရှိနေမယ်နော်... ... တာရှည်ခံဆေးမသုံးထားဘူး အချိုမှုန့် လုံး၀မသုံးဘူး လတ်ဆတ်ပြီး သန့်ရှင်းတယ် အရသာကိုတော့ မပြောဘူး ပြောရင် ပေါ့သွားမယ်... စားကြည့် သိလိမ့်မယ်... 😜 တခါစားပြီးရင် ထပ်ခါထပ်ခါ စားချင်ရင်တော့ ....

$5.55

ဒွေးလေးယု_ပဲကပ်ကြော်

ဒွေးလေးယု စားသောက်ကုန်ရဲ့ “ပဲကပ်ကြော်” - ပဲစေ့ များများနဲ့အရသာရှိပြီးလူကြိုက်များတာကြောင့် ပဲကပ်ကြော်စျေးကွက်ထဲမှာ ၆နှစ်နီးပါး ရပ်တည်ခဲ့ပြီးမှ အခု "ဒွေးလေးယု" နာမည်လေးနဲ့ အသစ်ထွက်လာခဲ့တာပါရှင့် - ဓာတုဆေးဝါးလုံးဝမပါဝင်ပဲ ဆီသန့်စစ်စစ်သာ အသုံးပြုထားတာကြောင့် ချောင်းဆိုးမှာ ဆီအစ်မှာလုံးဝစိတ်မပူရပါဘူးရှင့် - ပဲကပ်ကြော်လို့ဆိုလိုက်တာနဲ့ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ရခိုင်မုန့်တီ အသုတ်တို့နဲ့ပဲ တွဲဖက်စားကြတယ်လို့ မထင်ပါနဲ့။ ဒွေးလေးယု ပဲကပ်ကြော်လေးကတော့ ဒီအတိုင်း ရေနွေးကြမ်းလေးနဲ့ တွဲဖက်စားရင်တောင် အရသာရှိနေမှာပါနော် - သန့်ရှင်း လတ်ဆတ် စျေးနှုန်းသင့်ပြီး အရသာရှိလွန်းတာကြောင့် မှာစားကြည့်ဖို့ အကြံပြုချင်ပါတယ်ရှင့် - အလှူအတန်း နဲ့ လက်ဆောင်ပေးချင်သူများအတွက်လည်း ဗူးကြီး၊ ဗူးသေး မျိုးစုံ ထုတ်လုပ်ပေးထားပါတယ်ရှင့် Expired 4လပေးထားတော့ နိုင်ငံခြားလဲ သယ်လို့ရတယ် Available Sizes ✔️120g ✔️240g ✔️1kg # ဒွေးလေးယု_ပဲကပ်ကြော် # ProductofMyanmar

$5.55

ဒေါ်ဒေါ်အိလက်ရာ_ကြက်သားအုန်းနို့ခေါက်ဆွဲအနှစ်အစိုဗူး

ဒေါ်ဒေါ်အိလက်ရာ # ကြက်သားအုန်းနို့ခေါက်ဆွဲအနှစ်အစိုဗူး 50 သားဗူး (​ ရေခဲ​သေတ္တာအခဲခန်းတွင်သိမ်းပါရန် ) ပါဝင်ပစ္စည်းများ... -အုန်းနို့အစစ်ပျစ်ပျစ်နှစ်နှစ် -ကြက်သား -ကြက်အမြစ် -ကြက်​ခြေ​ထောက် 3 ချောင်း -ငဖယ် -ကြက်သွန်နီဥ -ပဲစိမ်းမှုန့် ချက်နည်းအညွှန်း... -အနှစ်အခဲဗူးကိုမချက်ခင် နာရီဝက် ကြိုထုတ်ထား​ပေးပါရှင်။ -​ရေ ( 2 ) လီတာဆူ​အောင်တည်ပြီး. အနှစ်ဗူးထည့်ပြီးချက်​ပေးပါ။ -အ​ပေါ့ချက်ထားလို့အငံလိုခဲ့လျှင် အနည်းငယ်ထပ်ဖြည့်​ပေးပါ။ -ပွက်ပွက်ဆူပြီး လိုချင်တဲ့အ​ပေါ့အငံ၊ အပျစ်အကျဲရလျှင် စားသုံးလို့ရပါပြီရှင်။ -ဘဲဥ၊အ​ကြော်၊ငဖယ်၊ ကြက်သွန်နီတို့ဖြင့်နှစ်သက်သလို တွဲဖက်စားသုံးနိုင်ပါတယ်ရှင်။ ချစ်​ဖောက်သည်များအားလုံး အရသာ​တွေ့ နှစ်သက် စားမြိန်ဖို့ အစဥ်ကြိုးစားလျက်🫶🫶🫶 # ဒေါ်​ဒေါ်အိလက်ရာ_အသင့်စားဟင်းချက်လက်ရာ # Product of Myanmar

$5.55

ဒေါ်​ဒေါ်အိလက်ရာ_လယ်ငါးခူအသားနွှင်ဆီသတ်

ဒေါ်​ဒေါ်အိရဲ့ # လယ်ငါးခူအသားနွှင်ဆီသတ် (၂၀ သားဗူး) ထမင်းနဲ့ဘဲစားစား၊ အသုတ်ဘဲသုတ်၊ ကိုယ့်စိတ်ကြိုက်မွင်းခါးပြန်ချက်ချက်၊ အချဥ်ဟင်းထဲ​ရော​ရော၊ ဟင်းခတ်ဘဲလုပ်လုပ် ဘက်စုံသုံး​လေးပါရှင် (ပြင်ပတွင် 3 ရက် အထားခံပါတယ်ရှင်) # ဒေါ်​ဒေါ်အိလက်ရာ_အသင့်စားဟင်းချက်လက်ရာ # Product of Myanmar

$5.55

ဒေါ်ဒေါ်အိလက်ရာ_ငါးခူမုန့်ဟင်းခါးအနှစ်အစိုဗူး

ဒေါ်ဒေါ်အိလက်ရာ #ငါးခူမုန့်ဟင်းခါးအနှစ်အစိုဗူး (​ရေခဲ​သေတ္တာအခဲခန်းတွင်သိမ်းပါရန်) 🍂အိမ်လှော်ထောင်းငရုတ်မှုန့်ပါပါမယ် 🍂ကြက်သွန်နီကြော်ပါပါမယ် ဆား သကြား အချိုမှုန့်မပါ ❌️ လယ်ငါးခူ ငဖယ် ✅️ မြေပဲ ကုလားပဲ ငါးငံပြာရည် ✅️ ပေါင်းစပ်ပါဝင်ပါတယ်။ ငှက်ပျောအူကြိုက်သူများအတွက် ငှက်ပျောအူ တခါတည်းပါပါတယ်ရှင်။ ဒေါ်ဒေါ်အိလည်း ငှက်ပျောအူမပါရင် မွင်းခါးမထင်လို့တခါတည်း ထည့်ထားတာပါ😁😁 အလေးချိန် 70 သားရှိပါတယ်။ # အားနည်းချက်ကတော့ အနှစ်အစိုထုပ်ဖြစ်လို့ ပြင်ပအပူချိန်မှာဆို နေ့တဝက်လောက်ဘဲထားလို့ အဆင်ပြေပါမယ်ရှင်။ မစားသေးလျှင် ရေခဲသေတ္တာအခဲခန်း(freezer)ထဲ သိမ်းထားမှရပါမယ်ရှင်။ (( freezer ထဲ အခဲအရှိန်မပျက်လျှင် 3 လ - အထိအထားခံပါတယ် )) #ချက်ပြုတ်နည်း -ချက်တော့မယ်ဆို အနှစ်ထုပ်ကို နာရီဝက်ခန့်ကြိုထုတ်ထားပေးပါ။ -ရေ 2 လီတာခွဲကို အိုးထဲထည့်တည်ပါ။ -ရေဆူလာလျှင် အနှစ်ထုပ်ကိုဖောက်ထည့်ပါ။ -ကြက်သွန်နီ၊ဘဲဥ နှစ်သက်ရာ ထပ်ရောထည့်နိုင်ပါတယ်ရှင်။ -အနှစ်ထုပ်လည်းပျော် ဟင်းရည်အိုးလည်းဗွမ်းဗွမ်းဆူလာရင် မီးပိတ်ပြီးသုံဆောင်နိုင်ပါပြီရှင်။ -မုန့်ဖတ် 50 သား သို့ 70 သားဖြင့် စားသုံးနိုင်ပါတယ်ရှင်။ # ဒေါ်​ဒေါ်အိလက်ရာ_အသင့်စားဟင်းချက်လက်ရာ # Product of Myanmar

$5.55

U Kar Ka_ဇယန်းလက်ဖက်နှပ်

ဦးကါက ဒေါ်စိန် Since 1928... လက်ဖက်ခြောက်ကို ၈၉ နှစ် တိုင် ကြိုက်နှစ်သက်လို့ အားပေး သောက်သုံးခဲ့ ကြ တဲ့ စားသုံးသူ မိဘ ပြည်သူတို့ အတွက် အရည် အသွေး မြင့်သော ဦးကါက ဒေါ်စိန် ဇယန်း လက်ဖက်နှပ် ... မြန်မာနိုင်ငံမှာ ပထမဆုံးထုတ်လုပ်တဲ့ ဆီပါ၀င်မှု လုံး၀မရှိ တဲ့ အရသာ ရောစပ်ပြီး လက်ဖက်ညွန့် များသာပါ၀င်သော ... ကုန်ကြမ်းမှကုန်ချောပြုလုပ်ရာအဆင့်တိုင်းတွင်လဲ သန့်ရှင်းမှုနှင့်ပိုးမွှားကင်းစင်မှုကိုအထူးဦးစားပေး ပြီး ဓာတုဆေးမသုံး၊ ဂျပန်နည်းပညာ Retort Sterilization Process ကိုအသုံးပြုပြီး ပိုးသတ်၍ ထုတ်လုပ်ထားသော FDA, ISO နှင့် HACCP Approved အသိမှတ်ပြုလွှာများရရှိထားသော Export Quality ... ၁။ Pickled tea leaf. သေချာစွာဆေးကြော သန့်စင်ထားသော လက်ဖက်ညွန့်လေး များ ကြောင့်စားသုံးသူ တို့ခံတွင်းတွေ့စေမှာ အမှန်ပင်ဖြစ်ပါသည်။ ၂။ Salt အရည်သွေးမြင့်ဆုံး iodized refined salt ကိုသုံးထားပါသည်။ ၃။ Lime powder စာဖိုမှုးများကိုယ်တိုင် စီမံပြုလုပ်ထားသော အချဉ်မှုန့်ကို အသုံးပြုထားပါသည်။ ၄။ flavoured seasoning မုန်လာဥနီ၊ မှို၊ မုန်လာဥဖြူ နှင့်ဂေါ်ဖီထုပ် တို့မှ အချိုဓာတ်ကိုထုတ်ယူကာအချိုးကျ ပြုလုပ်ထားသော vegetables flavor super seasoning powder ကို အသုံးပြုထားပါသည်။ ၅။ အချိုမှုန့် နှင့် အသားမှုန့်များ ပါ၀င်မှုလုံး၀မရှိလို့ အဆင့်တန်းမြင့်သော အထက်တန်းစား လက်ဖက်အရသာကို ခံစားရမှာဖြစ်ပါတယ် ။ ၈၀ g နဲ့ တစ်ခါစား ၃၀ g အထုပ်သေးလေးများကို စားသုံးသူတို့ ​​တောင်းဆိုတဲ့အတိုင်းထပ်မံထုတ်လုပ်လိုက်ပြီးနော်။😍😍 ဦးကာကဒေါ်စိန်လက်ဖက်ဆိုတာ 👉အထူးသန့်ရှင်းစွာထုတ်လုပ်ထားတဲ့လက်ဖက် 👉ကျန်းမာ​ရေးနဲ့ကိုက်ညီတဲ့လက်ဖက် 👉အရသာထူးခြား​ကောင်းမွန်တဲ့လက်ဖက် 👉ဆီမပါ၀င်တဲ့လက်ဖက် 👉၁နှစ်အထားခံတဲ့လက်ဖက် 👉ဇယန်းလက်ဖက်ညွန့်​လေးများနဲ့သာပြုလုပ်ထားတဲ့ လက်ဖက် 👉 ISO, FDA, HACCP အသိမှတ်ပြုလက်မှတ်များရရှိထားတဲလက်ဖက်

$5.55

U Kar Ka_အကြော်စုံ

လက်ဖက်စားရင် အကြော်စုံကလည်းကောင်းနေမှ လိုက်ဖက်မှုက 💯% ဖြစ်တာပါ။ လက်ဖက်သုပ် သုပ်စားရင် လက်ဖက်တစ်မျိုးတည်းကဘဲ ကောင်းနေရုံနဲ့ ပြီးပြည့်စုံတာ မဟုတ်ဘူးနော် တခြားပါဝင်တဲ့ ပါဝင်ပစ္စည်းလေးတွေ ကောင်းနေဖို့ကလည်း လိုသေးတယ်နော်။ အထူးသဖြင့် ပါဝင်တဲ့ အကြော်စုံလေးကလည်း ကောင်းနေမှ စားလိုက်ရတဲ့ လက်ဖက်သုပ်လေးရဲ့ အရသာက ပြီးပြည့်စုံသလို ခံစားရစေမှာပါ။ ဒီလိုပြီးပြည့်စုံတဲ့ အရသာလေးကို ရချင်တယ်ဆိုရင်တော့ ဦးကါကဒေါ်စိန် လက်ဖက်ရဲ့ အကြော်စုံထုတ်လေးတွေ ရှိနေပါပြီနော်။ ဒီအကြော်စုံလေးတွေကို သန့်ရှင်းတဲ့ဆီသန့်သန့်နဲ့ ကြော်ထားတာမို့ ကျန်းမာရေးနဲ့ မကိုက်ညီမှာကိုလည်း စိတ်ပူစရာမလိုပါဘူးနော်။ ✅ဆီသန့်ပြီး အကြော်စံမွမွလေးမှကြိုက်တတ်ရင် ဦးကာက⭐ဒေါ်စိန်အကြော်စုံကို ရွေးစားကြည့်လိုက်နော်။ လက်ဖက်နဲ့ သုပ်စားမလား၊ သူ့ချည်းသီးသန့် သုပ်စားမလား❓ ဘာလိုပဲစားစား စားလို့ကောင်းတဲ့ ဦးကာက⭐ ဒေါ်စိန် အကြော်စုံ။ “ဦးကာက ဒေါ်စိန်” နှစ်ပြန်ကြော်က ပုံမှန် စားနေကျ နှစ်ပြန်ကြော်တွေနဲ့ တူလား? ဘာကြောင့် စားလို့ကောင်းတာလဲ၊ ဘာတွေ ပါဝင်တာလဲ? 🥰နူးညံ့ ကြွပ်ရွတဲ့ “ဦးကာက ဒေါ်စိန်” နှစ်ပြန်ကြော် 😋မွမွလေး နဲ့ စားလို့ကောင်း၊ အရသာ ကောင်းတဲ့ “ဦးကာက ဒေါ်စိန်” နှစ်ပြန်ကြော် စားလိုက်ရင် လျှာပေါ်မှာ နူးညံ့ပြီး ဝါးလိုက်ရင် ကြွပ်ရွတဲ့ နှစ်ပြန်ကြော်လေး 🫘လက်ဖက်ပွဲတိုင်းမှာ ပြီးပြည့်စေဖို့အတွက် ထောပတ်ပဲ ပဲစိမ်း နဲ့ ကြက်သွန်ဝိုင်းကြော်တို့ အမျိုးအစား အစုံအလင်ပါဝင်တဲ့ နှစ်ပြန်ကြော်လေး နှစ်ပြန်ကြော် (၁၆၀ဂရမ်) နှစ်ပြန်ကြော် (၅၀ဂရမ်) #ဦးကာကဒေါ်စိန် #နှစ်ပြန်ကြော်

$5.55

U Kar Ka_ချမ်းသာသုခ လက်ဖက်​နှပ်

ဦးကာက⭐ဒေါ်စိန် မှ အသစ်ထွက်ရှိထား​သော ချမ်းသာသုခလက်ဖက်အနှစ်ထုတ်များ 🌶အစပ်ကြိုက်တဲ့မမတွေအတွက် 💜ခရမ်းရောင်အထုတ်လေး အစပ်မစားနိုင်တဲ့ 👦ကိုကိုတွေအတွက် 💖ပန်းရောင်အထုတ်လေး 🤗အရသာကောင်းမွန်တာကြောင့် လူတိုင်း အကြိုက် တွေ့မယ့် ဦးကာကရဲ့ ချမ်းသာသုခ လက်ဖက်နှပ်နဲ့ ချမ်းသာသုခ ချဥ်စပ်ချဥ်စပ်လက်ဖက်နှပ်။ ချမ်းသာသုခ လက်ဖက်ထုတ် လေးများကို ဦးကာကလက်ဖက်စက်ရုံတွင် ဂျပန်နည်းပညာ Retort Sterilization Process ဖြင့်ထုတ်လုပ်ထားပြီး သန့်ရှင်းမှု၊ အရသာ ကောင်းမွန်ခြင်းများကိုအထူးဦးစားပေးထုတ်လုပ်ထားပါသည်။ Quality အပိုင်းကိုလဲ အပြည့်အဝ အာမခံနိုင်လို့ ၁နှစ်အထိအထားခံပါတယ်။ ဦးကါက⭐ဒေါ်စိန် လက်ဖက်လုပ်ငန်းကထုတ်တဲ့ ``ချမ်းသာသုခလက်ဖက်နှပ်''လေးကလည်း ချမ်းသာခြင်းနဲ့ သုခကို ပေါင်းစပ်ထားသလို စားသုံးသူတွေအတွက် ကောင်းမွန်တဲ့ အရည်အသွေးနဲ့ ပြည့်စုံတဲ့ အရသာကို ရောယှက်ထားတာကြောင့် လက်ဖက်နှပ်လေးကို စားလိုက်တဲ့အချိန်မှာ ချမ်းသာသလို ခံစားသွားရစေပါတယ်။ #Ukarka #premiumexportquality #ProductOfMyanmar

$5.55

U Kar Ka_ထိထိမိမိ လက်ဖက်နှပ်

🫶သန့်ရှင်းလတ်ဆတ်မှု၊အရသာပြည့်ဝမှုတို့နဲ့ “ထိထိမိမိ”လက်ဖက်နှပ်လေး 😋“ဦးကာက + ဒေါ်စိန်“ ရဲ့ လက်ဖက်အရသာကို ရှယ်စပ်သော ငရုတ်သီးနဲ့ ပေါင်းစပ်လိုက်သောအခါ Spicy အရသာစစ်စစ်ကို ခံစားရရှိစေမှာအမှန်ပါပဲ။ 😍အစပ်အရသာချည်းခံစားရမှာမဟုတ်ဘဲ လက်ဖက်အရသာအချဥ်ဓာတ်ကိုလည်း လေးလေးပင်ပင် တပြိုင်တည်းအရသာရှိရှိသုံးဆောင်နိုင်ကြောင့် ချဥ်ငန်စပ်ကြိုက်သူများအတွက် ခံတွင်းမြိန်စေပါတယ်ရှင် 😋စားလိုက်တိုင်းချဥ်ချဥ်စပ်စပ်အရသာကြောင့် အအီပြေလို့ ထမင်းပွဲတိုင်းရဲ့ မရှိမဖြစ်လေးဆိုလည်းမမှားပါဘူး။ 🫶တစ်ထုပ်တည်းနဲ့အများကြီးပါလို့ ၂ခါတောင်စားလို့ရပါတယ်ရှင် 💁‍♀️အထုပ်သေးသေးလေးနဲ့အလွယ်တကူသယ်ဆောင်သွားလို့ရတဲ့ “ထိထိမိမိ” လက်ဖက်လေးပါပဲ။ #ukarkafermantedtealeaf #ဦးကာကဒေါ်စိန် #ထိထိမိမိလက်ဖက်နှပ်

$5.55

Smile_Black Coffee

Black coffee ကြိုက်သူများ ဝိတ်ချချင်သူများ သွေးတိုးသမားများ...... အတွက် အသင့်သောက် Smile Black Coffee လေး

$5.55

MayMyo_Fresh Coffee &Tea

MayMyo Fresh coffee &Tea 🌠သဘာဝ နှပ်ကော်ဖီ စစ်စစ် (organic) 🌠သဘာဝ နှပ်လက်ဖက်ရည်စစ်စစ် (organic)

$5.55

Morning_Instant Coffee

ချစ်သောတို့ရေ 💛 ပြင်ဦးလွင်ဒေသထွက် Morning Coffee ☕ 3 in 1 အသင့်ဖျော် (ချိုဆိမ့်) ☕ 3 in 1 အသင့်ဖျော် (ခါးဆိမ့်) ☕ ဆီးချိုသမားအတွက် Sugar Free (ချိုဆိမ့်) ☕ ဆီးချိုသမားအတွက် Sugar Free (ခါးဆိမ့်) ☕ သံပုရာ ဘလက်ကော်ဖီ (Normal) ☕ သံပုရာ ဘလက်ကော်ဖီ (Strong) ☕ Cuppachino (Original) ☕ Cuppachino (Cheese) ☕ 100% Pure Ground Coffee Powder ကုန်းမြေမြင့်ကော်ဖီ စစ်စစ်ဖြင့် သန့်ရှင်းလတ်ဆတ်စွာထုတ်လုပ်ထားပါသည်။ # Morning_Coffee # ProductofMyanmar

$5.55

Favorite Coffee

ပြင်ဦးလွင်ဒေသထွက် Favorite Coffee

$5.55

ထူဗျန်းဘီး_မက်ခါမှုန့်

🍩 မက်ခါသီး (တရုတ်အခေါ် _ဝှားကျောက် ) (မြန်မာအခေါ် _ မာလာရှမ်းကော😂) "မက်ခါမှုန့်"ဆိုတာကတော့ ✅ကယန်းဒေသ အရပ်အခေါ် "လျှာထုံမှုန့်” ✅ယနေ့ခေတ်အစားဆုံးစကားနဲ့ပြောရရင် “မာလာမှုန့်” ✅ကယားဝက်အူချောင်းနဲ့ တို့စားရတဲ့မက်ခါမှုန့် ✅တောင်ယာက ရတဲ့သီးရွက်စုံတွေနဲ့ ရောကြော်လိုက်ရင် မာလာရှမ်းကော ✅တရုတ်လို ဟွာကျောင်း ✅အပြည်ပြည်ဆိုင်ရာအခေါ် စီချွမ်ငရုတ်ကောင်းလို့လည်းဆိုကြပါတယ် "စားတဲ့အခါ ခပ်ထုံထုံအရသာကို ပေးစွမ်းပြီး ဆွဲဆောင်နိုင် သူလေး" "ဟင်းကို အနံ့ကော အရသာပါ တိုးစေမယ့် အရာလေး" "ထူဗျန်းဘီး" အမှတ်တံဆိပ်ရဲ့ မက်ခါမှုန့် လေးကတော့ သဘာ၀အတိုင်းပေါက်တဲ့ မက်ခါသီးများ မှ ထုတ်လုပ်ထားတာဖြစ်ပါတယ် ရှင် မာလာရှမ်းကော ချက်ရင်ဖြစ်ဖြစ်၊ မာလာရှမ်းကော အနှစ်ချက်တဲ့နေရာမှာပဲ ဖြစ်ဖြစ် အနံ့ကော အရသာ ပါ ကောင်းစေပါတယ် နေမကောင်းတဲ့အခါ ဆန်ပြုတ် ထဲ ထည့်စားရင် တော့ ပွင့်ထွက်သွားပြီး လုံး၀ နေပြန်ကောင်းစေမှာပါ အကင် ကင်စားမလား အမွှေးအကြိုင်အဖြစ် နယ်နပ်ပြီးကင်လို့ရသလို ငါးကင်မလား မက်ခါမှုန့်​လေးကို ဆီမွှေးသပ်ပြီး ငါးကင်မှာသုတ်ပေးလိုက်ရင်ဖြင့် 😋 အရမ်းကို လျှာလည် ခံတွင်းပွင့်ပြီးလုံး၀ ကွက်စတိဖြစ်သွားစေမှာပါနော် ခပ်ထုံထုံ ခပ်မွှေးမွှေး ဖြစ်တဲ့ "ထူဗျန်းဘီး"ရဲ့ မက်ခါသီးလေးမှာ- ❇️ဓာတ်တိုးဆန့်ကျင်ပစ္စည်း ❇️ပိုတက်ဆီယမ် ❇️ဗီတာမင် A ❇️သံဓာတ် ❇️manganes ❇️ဇင့် ❇️copper ❇️phosphorous တို့အပြင် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ သတ္တုဓာတ် များစွာ ပါဝင်နေပါသေးတယ်။ 🟩လန်းဆန်းစေတယ် မက်ခါသီးက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးတာပါ။ မက်ခါသီးမှာ ပါတဲ့ ဒြပ်ပေါင်းတွေက စပါးလင်မှာပါတဲ့ ဒြပ်ပေါင်းတွေလိုပဲ လန်းဆန်းတဲ့ မွှေးရနံ့နဲ့ စိတ်ကြည်လင်လန်းဆန်းစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ 🟩အစာခြေစနစ် ကို ကျန်းမာစေတယ် အခြားသော ဟင်းခတ် အမွှေးအကြိုင်တွေ နည်းတူ မက်ခါသီးက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ လေပွတာ၊ ဗိုက်အောင့်တာကို သက်သာစေသလို ဝမ်းတွင်းက အပူအပုပ်တွေကို ကင်းစေနိုင်ပါတယ်။ 🟩သွေးတိုး သက်သာစေတယ် မက်ခါသီးမှာ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ သွေးတိုး သက်သာစေသလို နှလုံး ကျန်းမာစေဖို့လည်း အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ မက်ခါသီးက နှလုံးသွေးကြောကျဉ်းတာ၊ ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ 🟩အစားစားချင်စိတ် ဖြစ်ပေါ်စေတယ် မာလာရှမ်းကောကို အနံ့ရတာနဲ့ စားချင်နေတယ်ဆိုတာ မက်ခါသီးလေးရဲ့ အစွမ်းပါ။ မက်ခါသီးက ခံတွင်းပျက်နေသူတွေကို အစားစားချင်စိတ် ဖြစ်စေပြီး ခံတွင်းမြိန်စေဖို့ လုပ်ဆောင်ပေးပါတယ်။ အစားပျက်နေရင် မက်ခါသီးလေးရဲ့ အကူအညီ ယူလို့ရပါတယ်။ 🟩အမြင်အာရုံ ကျန်းမာစေတယ် beta-carotene ပါဝင်တာကြောင့် အမြင်အာရုံကောင်းစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးပါတယ်။ မျက်ကြည်လွှာ ကျန်းမာစေသလို အမြင်အာရုံ ကျန်းမာစေပြီး မျက်စိပြဿနာ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ငရုတ်မက်ခါ ဖရုံတို့ရဲ့ပုံရိပ်တို့နှင့်အတူ မိုးတွင်းလေးကို ဖြတ်သန်းရင်း အချမ်းပြေ ဟင်းရည်ပူပူလေးမှာ ငရုတ်မက်ခါမွှေးမွှေးလေး ခပ်ကြပါစို့လား ...😘😘😘 #ထူဗျန်းဘီး #မက်ခါသီး #မက်ခါမှုန့်

$5.55

မွှေး_တို့ဖူးနွေးမှုန့်

✨တို့ဟူးကြော်ပူပူလေးလား ✨တို့ဟူးသုပ်ထွေးထွေးလေးလား ✨တို့ဟူးနွေးအိအိလေး လား 🤔 ဘယ်လို ပုံစံပဲဖြစ်ဖြစ် တို့ဟူးကြိုက်သူလေးတွေအတွက်ဆို လွယ်ကူ အဆင်ပြေစေဖို့အတွက် မွှေးကနေ တို့ဟူးကြော် တို့ဟူးသုပ် အတွက် 'ရှယ်တို့ဟူးမှုန့်' နဲ့ တို့ဟူးနွေး အတွက် 'တို့ဟူးနွေးမှုန့်' ဆိုပြီး အမျိုးအစား (၂) မျိုး ထုတ်ထားပေးပါတယ်ရှင် 😍 အမှုန့်ထုတ်လေးတွေကို အိမ်မှာအမြဲဆောင်ထားပြီး ဘယ်ချိန်ဖြစ်ဖြစ် အလွယ်တကူ လုပ်စားလို့ရတာကြောင့် အရသာလည်းရှိ အာဟာရလည်းပြည့်စေမှာ အသေအချာပါပဲရှင်။🥰 -------------------------------------------------------- "အသည်းထိအောင် နွေးထွေးစေမယ့် ရှမ်းတို့ဟူးနွှေး" 🥰 ရှမ်းအစားအစာကောင်းကောင်းလေးကို ကိုယ်တိုင်လုပ်စားချင်သူတွေအတွက်~ ရှမ်းမလေးကိုယ်တိုင် ပူပူနွေးနွေးချက်ကျွေးနေသလို ခံစားရစေဖို့မွှေးတို့ဟူးနွေးလေးရှိရုံနဲ့အဆင်ပြေစေပါတယ်နော်။💁🏻‍♀️ ✔️ တို့ဟူးနွေးအမှုန့် ( 150)gကို အမှုန့်တစ်ဆ ရေတစ်ဆနဲ့ ရောပြီး ဆား၊ နနွင်းမှုန့်၊ သကြားအနည်းငယ်ထည့်ဖျော်ပေးပါ။ ✔️အရင်ဆုံး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်တို့ကို ညက်အောင်ထောင်းထားရပါမယ်။ ✔️ဆီပူပူထဲမှာ မိမိကြိုက်နှစ်သက်ရာ အသား/ ငါး (သို့) သတ်သတ်လွတ်အသားတုတွေထည့်ပြီး ခုန ထောင်းထားတဲ့ ကြက်သွန်အဖြူ၊ အနီ၊ ငရုတ်သီးတို့နဲ့အတူ ဆီသတ်ပါ။ ✔️အိုးထဲကို ရေ (1) Literထည့်ပြီး ဆူအောင်တည်ပေးပါ။ ✔️ဆူလာရင် မီးအရှိန်လျှော့ပြီးဖျော်ထားတဲ့ တို့ဟူးနွေးအရည်ကို ပဲစိမ်းနံ့ပျောက်တဲ့အထိ အဆက်မပြတ်မွှေပြီး ကြိုပေးပါ။ ✔️မပျစ်မကျဲအနေအထားရတဲ့အခါ မီးနွေးနွေးဖြင့် တည်ပြီးမွှေပေးပါ။ ✔️ပြုတ်ထားတဲ့ ဆန်စီးခေါက်ဆွဲပေါ် တို့ဟူးနွေးလေးလောင်းထည့်ပေးပါ။ ✔️နံနံပင်၊ ကြက်သွန်မြိတ်၊ မြေပဲလှော် ထောင်းထားပြီး နှမ်း၊ ပဲငံပြာရည်အကြည်၊ ကြာညို့နဲ့ ဆီသတ်ထားတဲ့ဟင်းအနှစ်တို့ကို ထည့်ပြီး သုံးဆောင်လို့ရပါပြီရှင်။ မနက် ရုံး၊ ကျောင်းမသွားခင်၊ အလုပ်မသွားခင် လုပ်စားလို့ အဆင်ပြေအောင် ညတည်းက အနှစ်ချက်ထားပြီး မနက်မှ မွှေးတို့ဟူးနွေးအမှုန့်ထုပ် ၁၅၀ ဂရမ်အထုပ်ကို ကျို ၊ ဆန်စီးကိုပြုတ်ပြီးတော့ အလွယ်တကူစားလို့ရပါပြီ။ # မွှေးစားသောက်ကုန်လုပ်ငန်း # ProductofMyanmar

$5.55

မွှေး_ကောက်ညှင်းမှုန့်

"‌လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ မုန့်ဖြဲသိပ်"😍 မုန့်ဖြဲသိပ်လေးကတော့ မြိတ်ဒေသဘက်ကဆင်းသက်လာတဲ့မုန့်လေးဖြစ်ပြီး မုန့်ပဲသိပ်၊ ပဲသိပ်မုန့်၊ ခွဲသိပ်မုန့် ဆိုပြီးအမျိုးမျိုး​ခေါ်ဆိုကြပါတယ်ရှင်။ လိုအပ်တဲ့ ပါ၀င်ပစ္စည်းလေးတွေက​တော့ မွှေးကောက်ညှင်းမှုန့် (150g)၊ ဆား၊ သကြား၊ မြေပဲ၊ နှမ်း၊ နှမ်းဆီတို့ပဲဖြစ်ပါတယ်။ 👉🏻 ပထမဦးဆုံး အနေနဲ့ မွှေးကောက်ညှင်းမှုန့်လေးတွေကို ရေ၊ ဆားတို့နဲ့အတူရောပြီး ​ကောက်ညှင်းလုံးကို ပြုလုပ်ထားရပါမယ်။ 👉🏻 ကောက်ညှင်းလုံးလေးတွေကို နည်းနည်းစီ ဖဲ့ပြီး အနေတော် ကောက်ညှင်းပြားပုံစံလုပ်ပေးပါ။ 👉🏻 ပြီးရင်တော့ ပွက်ပွက်ဆူနေတဲ့ ရေထဲကို တစ်ခုဆီထည့်ပေးရပါမယ်။ 👉🏻 မြေပဲလေးတွေကိုငရုတ်ဆုံထဲမှာထည့် ​ကြေညက်အောင်ထောင်းပြီး နှမ်းရယ်သကြားရယ်ကို ရောမွှေပေးရပါမယ်။ 👉🏻 ကောက်ညှင်းပြားလေးတွေအိလာပြီဆိုရင်တော့ အိုးထဲကဆယ်ယူပြီး ရေစစ်ထားရပါမယ်။ 👉🏻 ရေစစ်ပြီးအအေးခံထားတဲ့အချိန်လေးမှာ နှမ်းဆီလေးအနည်းငယ်နဲ့လူးထားပေးရပါမယ်။ နောက်ဆုံးအဆင့်မှာတော့ ထောင်းထားတဲ့မြေပဲ၊ နှမ်း၊ သကြား နဲ့ ကောက်ညှင်းပြားလေးတွေကို အပေါ်ကနေ သိပ်ပေးပြီး အရသာရှိတဲ့ မုန့်ဖြဲသိပ်လေးကို အချိန်တိုတိုနဲ့ လွယ်လွယ်ကူကူ ပြုလုပ်လို့ရပါပြီ။💁🏻‍♀️ မုန့်ဖြဲသိပ်အပြင် မွှေးကောက်ညှင်းဆန်မှုန့်‌လေးနဲ့ တခြားမုန့်မျိုးစုံကိုလုပ်လို့ရတာဖြစ်လို့ မွှေး page မှာ recipe တွေလည်း အလွယ်ရှာကြည့်လို့ ရပါတယ်။ -------------------------------------------------------- 🌧 မိုးအေးအေး ရာသီဥတုလေးမှာ အချိုပွဲပူပူလေးစားချင်ရင်တော့ ကိုယ့်ရဲ့အိမ်မှာပဲ မုန့်ကြာစိလေးကို အလွယ်တကူ လုပ်စားနိုင်ပါတယ်နော်။🤩 💫 ထန်းလျှက်မွှေးမွှေး၊ အုန်းသီးစိမ့်စိမ့် နဲ့ ပူပူနွေး‌နွေး မုန့်ကြာစိလေးကို အိမ်မှာအလွယ်တကူလုပ်စားဖို့အတွက်လည်း "မွှေး" လေးရှိနေမှဖြစ်မှာပေါ့။ ဒါကြောင့် "မွှေး"ကောက်ညှင်းမှုန့်၊ "မွှေး"ဆန်မှုန့်၊ ထန်းလျှက်အညို ၊ အုန်းသီး လိုအပ်တဲ့ ပါဝင်ပစ္စည်းအကုန်ရှိနေမယ်ဆိုရင်တော့ မုန့်ကြာစိလေးစလုပ်လို့ရပါပြီ။💁‍♀️ ✨အရင်ဆုံး ထန်းလျှက်ခဲလေးတွေကိုအရင်ကြိုပြီး ဇကာနဲ့စစ်၊ အအေးခံထားပါ။ ✨ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆားအနည်းငယ်ကိုရောမွှေပြီး သမအောင်နယ်ပါ။ ✨ရေနွေးနွေးလေးထည့်ပြီး မုန့်သားစီးစီးလေးဖြစ်တဲ့အခါ မိနစ်အနည်းငယ်လောက်နှပ်ပြီး မုန့်လုံးလေးတွေ လုံးထားပေးပါ။ ✨မုန့်လုံးနေတဲ့အချိန်မှာ ရေနွေးဆူအောင်တည်ထားပေးပါ။ ✨ရေနွေးဆူတဲ့အချိန်မှာ မုန့်လုံးလေးတွေကိုပစ်ထည့်ပြီး ခဏနေတဲ့အခါ ပြန်ဆယ်ပေးပါ။ ✨ပြီးရင် ရေအေးဇလုံထဲထည့်ပြီး ခဏရေစိမ်ရပါမယ်။ ✨နောက်တစ်ကြိမ် ဇကာလေးထဲထည့်ပြီး ရေစစ်ပါမယ်။ ✨အုန်းသီးလေးတွေကိုခြစ်ထားပြီးရင်တော့ အပေါ်ကနေလိုအပ်သလို ဖြူးစားလို့ရပါပြီရှင်။ ကဲ ဒါဆိုရင်တော့ ပူပူနွေးနွေး မုန့်ကြာစိလေးကို "မွှေး" Product လေးတွေနဲ့ အလွယ်တကူအိမ်မှာလုပ်စားလိုက်တော့နော်။😋🥰 -------------------------------------------------------- အတာ တန်ခူး နှစ်သစ်ကူး သင်္ကြန် အချိန်အခါမှာ ကောင်းမှု ကုသိုလ်အလှူအဖြစ် စတုဒီတာ ကျွေးတော့မယ်ဆိုရင် မုန့်လုံးရေပေါ်လေးက မပါမဖြစ်ပါပဲနော်။💦🤩 ဒါကြောင့် သင်္ကြန်မှာ စတုဒီတာ ကျွေးတော့မယ်ဆိုရင် အလွယ်တကူ အဆင်သင့် လုပ်စားလို့ရအောင် "မွှေး" ရဲ့ 'ကောက်ညှင်းမုန့်'လေးကိုသာ ဆောင်ထားလိုက်ပါရှင်။🥰 -------------------------------------------------------- ✨ အားလုံးကြိုက်ကြတဲ့ ထိုးမုန့်ကို မွှေးကောက်ညှင်းမှုန့်သုံးပြီး အိမ်မှာ လွယ်လွယ်လုပ်စားလို့ရတယ်နော် မေမေတို့ရေ.. 😋 💁‍♀️ လုပ်နည်းလေးပါ တစ်ခါထဲ အလင်းပြသွားမှာမို့ ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေးမနေဘဲ လိုက်လုပ်စားကြည့်လိုက်တော့နော် 🍣 ✨ ပါဝင်ပစ္စည်းတွေကတော့.. 🍣 ကောက်ညှင်းမှုန့်၊ သကြား၊ ရေ၊ ထောပတ်ရည်၊ ပဲဆီ၊ မြေပဲထောင်း ဖရုံယို၊ သီဟိုဠ်စေ့၊ ဆား အုန်းသီးကြော် 🚫 သတိ။ ။ ထိုးမှုန့်မလုပ်ခင် သုံးမယ့် ယောင်းမနှစ်ချောင်းကို ဆီစိမ်ထားမယ်နော်။ 🍽 ◻ ပထမဆုံး မွှေးကောက်ညှင်းမှုန့်ကို ရေနဲ့ဖျော်ပါမယ်။ ◻ ကောက်ညင်းမှုန့်တွေ ပျော်ပြီး ပျစ်နှစ်လာပြီဆိုရင် သကြား၊ ဆား၊ ဆီ၊ ထောပတ်၊ မြေပဲ၊ အုန်းသီးတို့ကို ထည့်ပြီး သမအောင်မွှေပါ။ ◻ မကပ်အောင်မွှေရင်း မီးအေးအေးထားပြီး တည်ထားပါ။ ခနကြာရင် ဖရုံယိုနဲ့ ထောပတ်နည်းနည်း ထပ်ထည့်ပါ။ ◻ တဖြည်းဖြည်းစေးကပ်လာပြီဆိုရင် ကျန်တဲ့ထောပတ်အကုန်ထည့်ပြီးဆက်မွှေပါ။ ◻ ထောပတ်ထည့်ပြီး (၁၅) မိနစ်လောက်နေလို့ ကောက်ညှင်းလုံးက ထိုးမုန့်အရောင်ပြောင်းလာပြီဆိုရင် မီးဖိုပေါ်ကချပါ။ ◻ ပြီးရင် ဆီသုတ်ထားတဲ့ စတီးဗန်းထဲ လှယ်ထည့်ပြီး အအေးခံပါမယ်။ ◻ ထိုးမုန့်လေးအေးပြီးခဲလာပြီဆိုရင်တော့ အုန်းကြော်မွှေးမွှေးလေးဖြူးပြီး လိုသလိုလှီးယူ စားသုံးနိုင်ပါပြီ။ 🍂 ကဲ.. နည်းလမ်းလေးသိသွားပြီဆိုရင်တော့ အိမ်မှာနေရင်း ထိုးမုန့်လုပ်စားဖို့ အဆင်သင့်ပဲလားမေမေတို့ရေ။ 👀 မွှေးကောက်ညှင်းမှုန့်လေးတစ်ထုတ်ရှိရုံနဲ့ ဘိုးဘိုးဘွားဘွား၊ သားသားမီးမီးတို့ အားလုံးကြိုက်တဲ့ ထိုးမုန့်ချိုချိုလေး အိမ်မှာတစ်နိုင်တစ်ပိုင် လုပ်စားလိုက်ကြအောင်နော် မေမေတို့ရေ.. 😋 😉 မမေ့နဲ့နော်.. မွှေးကောက်ညှင်းမှုန့် .. 🧏‍♀️ -------------------------------------------------------- 🌊 အတာသင်္ကြန်ရဲ့ အဓိပ္ပာယ်ကို ပိုမိုပြည့်စုံစေဖို့ဆို ရာသီစာ မြန်မာမုန့်လေးတွေရဲ့ အခန်းကဏ္ဍကို ချန်ထားခဲ့လို့ မရဘူး။ 🧀 🥥 မုန့်လုံးရေပေါ် အိအိလေးနဲ့ မုန့်ဖက်ထုပ်ပူပူလေးတွေကတော့ အတာနှစ်ကူးရဲ့ ဇာတ်လိုက်ကြီးတွေပါပဲ။ 😋 🎇 မွှေးကောက်ညှင်းမှုန့်လေးနဲ့ ရာသီစာ မုန့်ဖက်ထုပ်ပူပူလေး လုပ်စားရင်း သင်္ကြန်ရဲ့ အရသာကို ကိုယ်တိုင်ဖော်ဆောင်လိုက်ပါ။ 💧 ✨ ပါဝင်ပစ္စည်း ◻ မွှေးကောက်ညှင်းမှုန့် 75 ဂရမ်ထုပ် ◻ ခြစ်ထားသော အုန်းသီးတစ်စိတ်စာ ◻ သကြားအနည်းငယ် ◻ ငှက်ပျောရွက် 🍥 မုန့်ဖက်ထုပ်ပူပူလေး အတူတူလိုက်လုပ်စားကြည့်ရအောင် မေမေတို့ရေ.. 🥥 ◾ ခွက်တစ်ခုထဲ မွှေးကောက်ညှင်းမှုန့်တွေဖောက်ထည့်ပါ။ မုန့်နှစ်လေးတွေ စေးလာပြီး နယ်လို့ရရုံအနေအထားလောက်ထိ ရေရောပြီး နယ်ပါ။ ◾ အုန်းသီးတစ်ခြမ်းကို ခြစ်ထားပေးပါ။ ◾ ငါးကြင်းဖန်ခွက်အသေး ခွက်တစ်ဝက်ခန့်ထဲ သကြား (လိုသလောက်) ထည့်ကာ မီးဖိုပေါ်တင်ပြီး သကြားရည်ကျိုပါမယ်။ ◾ ရေနွေးဆူလာရင် ခြစ်ထားတဲ့ အုန်းသီးဖက်တွေ ထည့်မွှေပါ။ ◾ ရေခန်းသလောက်ရှိလာပြီး အုန်းသီးနဲ့သကြားတို့ အနှစ်ကျလာပြီဆိုရင် မီးဖိုပေါ်ကချပြီး အအေးခံထားပါ။ ◾ အုန်းသီးဖက်လေးတွေ နွေးသလောက်ရှိလာပြီဆိုရင် အသင့်ပြင်ထားတဲ့ မုန့်နှစ်ထဲ အုန်းသီးတွေ ဌာပနာပြီး သုံးမြှောင့်ပုံစံ လုံးထားပါ။ ◾ ငှက်ပျောရွက်ကို နွမ်းသွားအောင် အပူချိန်လေးနည်းနည်းနဲ့ ခနကင်ပါ၊ ◾ ငှက်ပျောရွက်အနွမ်းကို မုန့်ထုပ်မယ့်ဖက်ကို ဆီသုတ်ပါ။ ◾ မုန့်လုံးလေးတွေထည့်ထုပ်ပြီး သွားကြားထိုးတံနဲ့ ပိတ်ပါ။ ◾ မုန့်ဖက်ထုပ်လေးကို နာရီဝက်လောက် ပေါင်းပေးရုံနဲ့ အရသာရှိတဲ့ ရာသီစာမုန့်ဖက်ထုပ် ပူပူလေးတွေ ရပါပြီ။ 🍂 မွှေးကောက်ညှင်းမှုန့်နဲ့ မုန့်ဖက်ထုပ်ပူပူလေး လုပ်စားရင်း ငယ်ဘဝကို ခပ်ရေးရေးလေး ပြန်ဆွေးကြည့်လိုက်ကြစို့နော်..🌊🤍 -------------------------------------------------------- 😎 "ပြောင်ပြောင်လုံးလုံး မုန့်ကတုံး ရေတွေရွှဲလို့ပုန်း" ဆိုတဲ့အတိုင်း သူမပါရင် ပွဲမပြီးတဲ့ သင်္ကြန်မင်းသားကြီးတစ်လက်ရှိပါတယ်။ ⛲ 💦 သင်္ကြန်ရောက်တိုင်း ကျီစားနေကျ၊ အားလုံးနဲ့မခွဲ အမြဲတသားတည်းရှိတဲ့ သင်္ကြန်မင်းသားကြီးက ဘယ်သူဖြစ်မလဲ ?? 💬 အဖြေလေးကို ဒီပို့စ်အောက်မှာ comment မန့်ပြီး ကိုယ့်ရဲ့ သင်္ကြန်စကေး‌တွေ ထုတ်ကြွားခဲ့လိုက်တော့နော်.. 💦 🍥 ထန်းလျက်လေးနဲ့ ချိုချိုအိအိလေးစားမလား။ ငရုတ်သီးလေးမြှုပ်ပြီး ဂျင်းထည့်မလား? 🌶 👀 ဒီလောက်ဆို သင်္ကြန်ဇာတ်လိုက်ကျော်ကြီးကို ခန့်မှန်းမိလောက်ကြပါပြီ.. 🎁 🎉 ဟုတ်ပါတယ်။ သူမပါရင် ပွဲမပြီးတဲ့ သင်္ကြန်စာ မုန့်လုံးရေပေါ်လေးပါပဲ။ 💯 💁‍♀️ သင်္ကြန်မုန့်လုံးလေးကို မွှေးကောက်ညှင်းမှုန့်၊ ဆန်မှုန့်လေးတွေသုံးပြီး အားလုံးလုပ်စားကြမယ်နော် ..🍡💦 ✨ ပါဝင်ပစ္စည်းလေးတွေကတော့ .. ◻ မွှေးဆန်မှုန့်၊ မွှေးကောက်ညှင်းမှုန့် ◻ စားထန်းလျက်ခဲ ◻ ခြစ်ထားတဲ့ အုန်းသီးဖက် 🥥 ◻ ထုံးရည်ကြည်နှစ်ဇွန်း 💧 စားထန်းလျက်ကို အစိတ်သေးသေးလေးတွေ စိတ်ပြီး အသင့်ပြင်ထားပါ။ 💧 ကောက်ညှင်း မှုန့် ၃ ဆ ဆန်မှုန့် ၁ ဆ (၃း၁) ကို ရေနွေးနွေး ၂ဆ နဲ့ရောပြီး မုန့်နှစ်နယ်ပါမယ်။ အမှုန့်ထဲ ရေထည့်တဲ့အခါမှာ ရေနွေးကို ဖြည်းဖြည်းချင်းလောင်းထည့်ရင်း နယ်ပေးရပါမယ်နော်..🥣 💧 ရလာတဲ့ မုန့်နှစ်ထဲ ထန်းလျက်ခဲလေးတွေမြှုပ်ပြီး အလုံးလေးတွေ လုံးပါမယ်။ 💧 ကျီစားချင်ရင်တော့ တချို့အလုံးလေးတွေကို ထန်းလျက်နေရာမှာ ငရုတ်သီးလေးပိုင်းထည့်ပေါ့နော် 😜 💧 မုန့်လုံးပြီးပြီဆို ရေများများနဲ့ ရေနွေးအိုးတည်ပါမယ်။ 💧 ရေနွေးဆူခါနီးမှာ ထုံးရေည်ကြည်လေး နှစ်ဇွန်းလောက် ကပ်တိုးလေး ထည့်ထားပါ။ 💧 ရေဆူလာရင်တော့ ရယ်ဒီဖြစ်နေတဲ့ မုန့်လုံးလေးတွေကို ရေနွေးအိုးထဲ ထည့်ပါမယ်။ 💧 မုန့်လုံးရေပေါ်ရဲ့ သဘောအရ ထည့်ထည့်ချင်းမှာမြုပ်သလောက် မုန့်သားကျက်သွားတဲ့အခါမှာတော့ ရေပေါ်ပြန်ပေါ်လာပါတယ်။ 💧 ရေပေါ်ပြန်ပေါ်လာတဲ့ မုန့်လုံးလေးတွေကိုဆယ်ပြီး ရေအေး ခနစိမ်ထားပေးပါ။ 💧 ရေထဲက မုန့်လုံးလေးတွေကို ရေစစ်ပြီး ဆယ်လိုက်ပါ။ 💧 ခြစ်ထားတဲ့ အုန်းသီးလေးတွေ ဖြူးပြီးသွားရင်တော့ စားချင်စဖွယ် မုန့်လုံးရေပေါ်လေးရပါပြီ။ ⛲ အတာတန်ခူး သင်္ကြန်နွေဦးမှာ ရာသီစာမုန့်လုံးရေပေါ်လေးကို မွှေးနဲ့တူတူ ကိုယ်တိုင်လုပ်စားလိုက်ကြတော့နော်.. ------------------------------------------------------ 🍯 နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးမရွေးတဲ့ မြန်မာ့ရိုးရာ နေ့ခင်းသွားရည်စာကတော့ မုန့်ကြာစိသာကူပါပဲ။ 😋 ✨ ချိုဆိမ့် ပျစ်နှစ်နေတဲ့ မုန့်ကြာစိသာကူတစ်အိုးကို မွှေးကောက်ညှင်းဆန်မှုန့်နဲ့ လုပ်စားနိုင်ပြီဆိုတဲ့အကြောင်းလေး ဒီနေ့မှာမွှေးက ပြောပြပေးချင်လို့ပါရှင်.. 💗 ✨ ပါဝင်ပစ္စည်းတွေကတော့.. ကောက်ညှင်းဆန်မုန့် သာကူစေ့ ထန်းလျက် ဆားအနည်းငယ် အာလူး အုန်းသီး ◼ သာကူစေ့များရေဆေးပြီး စစ်ထားပေးပါ။ ◼ မွှေးကောက်ညှင်းဆန်မှုန့်ကို ဆားအနည်းငယ်၊ ရေအနည်းငယ်နဲ့နယ်ပြီး အလုံးသေးသေးလေးတွေလုံးထားပါမယ်။ ရေနွေးပွက်ပွက်ဆူတဲ့ အိုးထဲ ထည့်ပြုတ်ပါမယ်။ ◼ မုန့်လုံးတွေ ‌ရေပေါ် ပေါ်လာရင် ပြန်ဆယ်ကာ ရေအေးစိမ်ထားပြီး ထန်းလျက်ရည် ကျိုပါမယ်။ ◼ ရလာတဲ့ ထန်းလျက်ရည်တွေကို အအေးခံကာ ရေစစ်နဲ့ စစ်ချပါမယ်။ ◼ သန့်စင်ထားတဲ့ ထန်းလျက်ရည်တွေကို မီးဖိုပေါ်ပြန်တည်ပါမယ်။ ◼ ပွက်ပွက်ဆူလာတဲ့ ထန်းလျက်ရည်ထဲ သာကူစေ့တွေ ထည့်ကျိုပါမယ်။ ◼ အခွံနွှာထားတဲ့ အာလူးအနည်းငယ်ထည့်ကျိုပါမယ်။ ◼ သာကူစေ့တွေ မျက်ဆန်ပျောက်ပြီဆိုရင် ကောက်ညှင်းလုံးတွေ ထည့်ကာ မီးဖိုပေါ်က ချပေးပါ။ 💢 အုန်းသီးဖွေးဖွေးလေးဖြူးလိုက်ရင်တော့ စားချင်စားဖွယ် မြန်မာ့ရိုးရာ မုန့်ပဲသွားရည်စာ မုန့်ကြာစိသာကူကျိုလေး သုံးဆောင်နိုင်ပါပြီ။ 💁‍♀️ သားသားမီးမီးတို့ကို ဒီလိုမုန့်မျိုး အချိန်မရွေး လုပ်ကျွေးနိုင်အောင် မွှေးထုပ်တွေကို အိမ်မှာ အမြဲသာဆောင်ထားလိုက်တော့နော် မေမေတို့‌ရေ.. 😉 ----------------------------------------------------- 🥡 တော့ပိုကီတစ်အိုးရဲ့ အဓိက လိုအပ်ချက်ကတော့ မွှေးကောက်ညှင်းမှုန့်နဲ့ မွှေးဆန်မှုန့် ထုပ်လေးတွေပဲနော်.. မွှေးနှစ်ထုပ်နဲ့ ဂင်ချီမြေကို အလည်သွားလိုက်ကြရ‌အောင်မေမေတို့ရေ ..😉 ✨ ပါဝင်ပစ္စည်းများ - မွှေးကောက်ညှင်းမှုန့် - မွှေးဆန်မှုန့် - ကိုရီးယားငရုတ်သီးအနှစ်ဗူး - ငရုတ်ကောင်းအမှုန့် - ဆား - သကြား - ခရုဆီ - ပဲငံပြာရည် (အနောက်) - ကြက်အူချောင်း ◻ ကောက်ညှင်းမှုန့် နှစ်ဆ၊ ဆန်မှုန့်တစ်ဆကို ရေနွေးလေးအနည်းငယ်နဲ့ လုံးလို့ရတဲ့အနေအထားရအောင်နယ်ပါ။ ◻ တဖြည်းဖြည်း လုံးလာတဲ့ မုန့်သားလေးတွေကို အချောင်းလေးတွေအဖြစ် ပုံဖော်ပေးပါ။ ◻ အချောင်းရှည်ရင် နှစ်ပိုင်းစီပြန်ဖြတ်ပြီး ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲထည့်ပါမယ်။ ◻ ထည့်ထည့်ချင်း ရေထဲမြုပ်သွားတဲ့မုန့်သားတွေက ကျက်လာပြီဆို ရေပေါ် ပြန်ပေါ်လာပါလိမ့်မယ်။ ◻ အဲ့ဒီအခါ ဆယ်ပြီး ရေ‌အေးထဲ ပြန်စိမ်ထားပေးပါ။ 💁‍♀️ ဒါဆိုရင် အနှစ်စချက်လို့ရပါပြီ။ ◻ အနှစ်ချက်မဲ့ အိုးထဲရေတစ်ဝက်မပြည့်တစ်ပြည့်ထည့်ပါ။ မုန့်သားချောင်းတွေထည့်ပါ။ ◻ ကြက်သွန်နီ၊ ကိုရီးယားငရုတ်အနှစ်၊ ခရုဆီ၊ သကြား၊ ပဲငံပြာရည်၊ ငရုတ်ကောင်း၊ ဆား၊ ကြက်ဥချောင်းတွေ အကုန်ထည့်ပြီး တည်ထားပေးပါမယ်။ ◻ ရေတွေတဖြည်းဖြည်းခန်းလာပြီး အနှစ်ကျလာပြီဆို အပေါ့အငန်မြည်းကြည့်ပါ။ အနှစ်ပျစ်ပျစ်လေးတွေဖြစ်ပြီး အရသာကွက်တိဖြစ်ပြီဆိုရင်တော့ ကြက်သွန်မြိတ်လေးအုပ်ပြီး မီးဖိုပေါ်က ချလို့ရပါပြီ။ ◻ ဒါဆိုရင်တော့ ဂင်ချီမြေရဲ့ နာမည်ကျော်အစားအစာ၊ လူတိုင်းကြိုက်ကြတဲ့ အရသာထိမိဂွိတော့ပိုကီလေးတစ်အိုးကျက်ပါပြီ။ ✨ အိမ်ရှင်မတိုင်းဆောင်ထား မွှေး‌စား‌သောက်ကုန်များ.. # မွှေးစားသောက်ကုန်လုပ်ငန်း # ProductofMyanmar

$5.55

မွှေး_ဆန်စိမ်းမှုန့်

အခါမဟုတ်တဲ့ မြန်မာမုန့်အစုံ အချိန်မရွေး ကိုယ်တိုင်လုပ်စားချင်ရင်တော့ “မွှေး” ဆန်စိမ်းမှုန့် ရှိတယ်နော် 🥮 အကုန်အကျသက်သာပြီး “မွှေး”ဆန်အစိမ်းမှုန့် တစ်ထုပ်ထဲနဲ့ မြန်မာမုန့် (၁၀) မျိုးကျော်ကို စိတ်ကြိုက်လုပ်စားလို့ ရပါပြီရှင့် ✨ မုန့်ဦးနှောက် ✨ မုန့်ဗိုင်းတောင့် ✨ မုန့်ပြားသလပ် ✨ မုန့်လုပ်ဆောင်းဖတ် ✨ မုန့်ကျွဲသဲ ✨ ထန်းသီးမုန့် ✨ ဘိန်းမုန့် ✨ မုန့်စိမ်းပေါင်း ✨ မုန့်လင်မယား ✨ လမ်းသရဲမုန့် (မုန့်ရေပါး) စသည့် မြန်မာ့မုန့်အမျိုးမျိုးကို အချိန်တိုတိုနှင့်ချောမွေ့လွယ်ကူအဆင်ပြေစွာ ပြုလုပ်နိုင်ရန် မွှေး မှထုတ်လုပ်ဖြန့်ဖြူးထားပါတယ်။ ------------------------------------------------------------ "စားချင်စဖွယ် ကန်စွန်းဥမုန့်ပေါင်း"🍠 ပူပူမွှေးမွှေး ကန်စွန်းဥ မုန့်ပေါင်းလေးကို မွှေး ဆန်အစိမ်းမှုန့်လေးနဲ့ ဘယ်လိုလုပ်စားကြမလဲ❓ အရသာရှိရှိ ပူပူနွေးနွေး မွှေးမွှေးလေးနဲ့ စားချင်စဖွယ် ကန်စွန်းဥမုန့်ပေါင်းလေးကို မွှေးဆန်စိမ်းမှုန့်လေးနဲ့ လုပ်စားလို့ ရပါတယ်နော်။ •• ပါဝင်ပစ္စည်းများ •• မွှေး ဆန်အစိမ်းမှုန့် (၁၅၀ ဂရမ်) ၁ ထုပ် ကန်စွန်းဥ ၃၀ ကျပ်သား သကြား ၂၀ ဂရမ် နို့ဆီ ( ဇွန်းကြီး ) ၃ဇွန်း •• ပြုလုပ်ပုံ အဆင့်ဆင့် •• 🍠ပထမဆုံး ကန်စွန်းဥကို အခွံခွာပြီး အနေတော် ပါးပါးလေးတွေ လှီးပေးပါ။ 🍠လှီးပြီးရင်တော့ မိနစ် (၂၀) ခန့် ခဏပေါင်းပေးရပါမယ်။ 🍠ခဏကြာတဲ့အချိန်မှာ ခုနကပေါင်းထားတဲ့ ကန်စွန်းဥလေးတွေကို ထုတ်ပြီး ပန်းကန်တစ်ခုထဲမှာ ဇွန်း နဲ့ သမအောင် ကြိတ်ချေပေးပါ။ 🍠ပြီးရင်တော့ တစ်ဝက်စီခွဲပြီး ပန်းကန် နှစ်ခု ထဲကိုထည့်ပေးပါ။ 🍠ပထမတစ်ဝက်အတွက် သကြား တစ်ဇွန်း၊ နို့ဆီ သုံးဇွန်းထည့်ပြီး သမအောင်မွှေပေးရပါမယ်။ နောက်ထပ် ကန်စွန်းဥ ဒုတိယတစ်ဝက်ပန်းကန်ထဲကိုတော့ မွှေးဆန်အစိမ်းမှုန့် ၁၅၀ ဂရမ် တစ်ထုပ်ကို ထည့်ပြီး နယ်ပေးပါ။ပြီးရင်တော့ အမှုန့်တွေရအောင် ဇကာနဲ့ ပြန်စစ်ပေးပါ။ 🍠ဒီအဆင့်တွေပြီးသွားရင်တော့ ပန်းကန်ခွက်တစ်ခုထဲမှာ ဒုတိယတစ်ဝက် ကန်စွန်းဥအမှုန့်တွေကိုအရင်ထည့် ပြီးရင် အပေါ်မှာ ပထမတစ်ဝက်ကိုထည့်ပြီး ညီအောင်ညှိပေးပါ။ 🍠ပြီးရင်တော့ အပေါ်ကနေ ဒုတိယတစ်ဝက် ကျန်တဲ့ အမှုန့်လေးတွေကို ထပ်ဖြူးလိုက်ပါ။ 💕နောက်ဆုံးအဆင့်အနေနဲ့ ပေါင်းအိုးထဲထည့်ပေါင်းလိုက်ရင်တော့ ပူပူနွေးနွေး ကန်စွန်းဥ မုန့်ပေါင်းလေးကို ရရှိနိုင်ပါပြီရှင်။💁🏻‍♀️ ပြုလုပ်ပုံ လုပ်နည်းအဆင့်ဆင့် Video လေးကိုလည်း comment မှာမန့်ထားပေးလို့ အလွယ်တကူကြည့်ပြီး လိုက်လုပ်လို့ရပါတယ်နော်။🤗 -------------------------------------------------------------------------- သားသားမီးမီးတို့ကို Takoyaki (သို့) ဂျပန်ရေဘဝဲလုံး လုပ်ကျွေးကြမယ် 🐙 အိမ်မှာ မြန်မာမုန့်တွေပဲ လုပ်စားရတာရိုးအီနေပြီဆိုရင်တော့ မေမေတွေအနေနဲ့ သားသားမီးမီးတို့ကို Takoyaki (သို့) ဂျပန်ရေဘဝဲလုံး လုပ်ကျွေးလိုက်ပါနော်။ Takoyaki (သို့) ‌ဂျပန်ရေဘဝဲလုံး ကို " မွှေး " ကိုအသုံးပြုပြီး အိမ်မှာဘယ်လိုပြုလုပ်ရမလဲဆိုတာ သေချာလေးပြောပြပေးမယ်နော်။ ပါဝင်ပစ္စည်းတွေကတော့... - မွှေး ဂျုံမှုန့် - မွှေး ဆန်မှုန့် - ရေဘဝဲ - ကွကျဥ - Baking Powder - ပဲငံပြာရည်အကြည် - သကြား - ဆား - ထောပတ် (သို့) ဆီ - ရေ - Sauce - Mayonnaise တို့ လိုအပ်ပါတယ်။ ပထမဆုံး Takoyaki မှာ ထည့်သွင်းရမှာလေးတွေ ပြင်ဆင်ကြမယ်နော် 🍳 မွှေး ဂျုံမှုန့် 20g ကို ရေ 30ml နဲ့ရောပြီး ပြစ်သွားတဲ့အထိမွှေပေးရပါမယ် ပြီးရင်တော့ ဆီပွက်ပွက်ဆူတဲ့ ဒယ်အိုးထဲကို မုန့်နှစ်ကို အစက်ပုံစံမျိုးဖြင့် သေးသေးလေးတွေ ကြော်ပေးရပါမယ်။ ဒုတိယအနေနဲ့ ရေဘဝဲ ကိုသေချာသန့်စင်အောင်ဆေးကြောပြီး ခေတ္တပြုတ်ထားရပါမယ်။ ပြီးရင်တော့ ရေဘဝဲကို အတုံးလေးတွေ လှီးပါမယ်... ကြက်သွန်မြိတ်ကိုလည်း ပါးပါးတွေလှီးထားဖို့လိုပါမယ်။ ဒါတွေပြီးရင်တော့ Takoyaki အတွက် မုန့်နှစ်ပြုလုပ်ဖို့ပြင်ဆင်ရအောင်နော်။ 🥄ဇလုံထဲကို ရေ 250 ml, ကြက်ဥ (၁) လုံး ၊ သကြား (၁) ဇွန်း၊ ဆား ဇွန်းရဲ့ (၄) ပုံ (၁) ပုံ ခန့်နဲ့ ပဲငံပြာရည်အကြည် ဇွန်းဝက်ခန့် ထည့်ပြီး သမအောင်မွှေပေးပါမယ်။ 🥄 သမအောင်မွှေထားတဲ့ထဲကို Baking Powder (၁) ဇွန်း၊ မွှေး ဂျုံမှုန့် 90g, မွှေးဆန်မှုန့် 10g တို့ကို ဇကာနဲ့ စစ်ပြီး ထပ်မံမွှေပါမယ်။ အားလုံးမွှေပြီးရင်တော့ ဇကာနဲ့ နောက်တစ်ကြိမ် ထပ်မံစစ်ဖို့လိုပါတယ်၊ ဒါမှအခဲလေးတွေ မဖြစ်နေအောင်လို့ပါ။ ✔️ Ready အနေအထားပြင်ဆင်ပြီးရင် Takoyaki ပြုလုပ်တဲ့အိုးထဲကို ထောပတ်ဆီ (သို့) ဆီ သုတ်ထားပြီး မုန့်နှစ်ထည့်ပါမယ်။ ရေဘဝဲ နဲ့ ဂျုံလုံးကြော်၊ ကြက်သွန်မြိတ်တို့ကိုလည်း ထည့်လိုက်ပါမယ်။ ပုံမှန်အပူချိန်နဲ့ (၅) မိနစ်ခန့်ထားပြီး ကျက်တဲ့အနေအထားရောက်ရင် (၂) ခြမ်းကိုပေါင်းပြီး လှည့်လှည့်ပေးလိုက်ပါမယ်။ နောက်ဆုံးမှာတော့ Sauce, Mayonnaise တို့နဲ့ လိုသလို တွဲဖက်စားသုံးနိုင်ပါပြီ 😋 အိမ်မှာပဲ သားသားမီးမီးတို့အတွက် Takoyaki ကိုအရသာရှိရှိလုပ်စားလို့ရပြီနော် 🥰 -------------------------------------------------------------------------- မွှေးကနေ မုန့်လင်မယားချစ်သူတွေအတွက် အိမ်မှာ ကိုယ်တိုင် မုန့်လင်မယားလုပ်စားလို့ရအောင် အလွယ်ကူဆုံးနည်းလမ်းလေးကို ပြောပြပေးသွားမှာပါ။ ပါဝင်ပစ္စည်းအနေနဲ့ မွှေးဆန်အစိမ်းမှုန့် ပန်းကန် ၁ လုံး ရေ ပန်းကန် ၁ လုံးခွဲ မွှေးဂျင်းမှုန့် ကြက်သွန်မြိတ်အနည်းငယ် စားတော်ပဲပြုတ် ဆား၊ သကြား နှမ်းထောင်း၊ ဆီ ပြုလုပ်နည်းအနေနဲ့ ဆန်မှုန့်ကို အရည်ဖျော်ပါ။ ရေအကျဲအပျစ်ကို မိမိစိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဂျင်းကို အနည်းငယ်ခြစ်ပြီး အရည်ကို မှုန့်ရည်နှစ်ထဲ ညှစ်ထည့်ပါ။ ကြက်သွန်မြိတ်ကို ပါးပါးလေး လှီးထည့်ပါ။ ဆား၊ သကြား၊ အနည်းငယ်စီထည့်ပြီး အားလုံးကို သမအောင် မွှေပေးပါ။ ဆီကို ပန်းကန်လုံးဖြင့်ထည့်ပြီး ဆီစုတ်တံလေး ပြုလုပ်ထားပါ။ မုန့်လုပ်မည့်အိုးကို ဆီသုတ်ပါ။ မီးပူလာလျှင် မုန့်နှစ်ကိုထည့်ကာ ဖြည်းဖြည်းချင်း ကြော်လို့ရပါပြီ။ ပဲပြုတ်လေးထည့်ပြီး ဆီလေးနည်းနည်းဖြန်းပါ။ မုန့်သားကျက်ရင် မုန့်တစ်ခုနှင့် တစ်ခုထပ်အုပ်ပေးလိုက်ပါ။ ပြီးရင် နှမ်းလေးဖြူးပြီး စားသုံးလို့ရပါပြီ။ -------------------------------------------------------------------------- မြန်မာမုန့်ကြိုက်တဲ့ တို့မိသားစု မွှေးက ဆန်အစိမ်းမှုန့်လေးနဲ့ ပူပူနွေးနွေး မုန့်‌ဗိုင်းတောင့်လေး လုပ်စားမယ်ကွယ်။👩🏻‍🍳✨ မုန့်လုပ်နည်းကို မပြောပြခင် ပါဝင်ပစ္စည်းလေးတွေဖြစ်တဲ့ ပဲလွန်း - (၅) ကျပ်သား မွှေးဆန်အစိမ်းမှုန့် - (၁၅၀) ဂရမ် မွှေးကောက်ညှင်းမှုန့် - (၃၅) ဂရမ် ရေ - (၁၇၀) မီလီ ဂရမ် ဆား - အနည်းငယ် ဆီ - ဇွန်းကြီး (၁) ဇွန်း ပေါင်းအိုးအကန့် ပြင်ဆင်ထားရပါမယ်။ ပဲလွန်းကိုတော့ တစ်ညကြိုပြီး ရေစိမ်ထားလိုက်ပါနော်။ မုန်ဗိုင်းတောင့် လုပ်နည်း မုန့်သားအတွက် မွှေးဆန်အစိမ်းမှုန့်၊ မွှေးကောက်ညှင်းမှုန့်၊ ဆားနှင့် ရေကို ထည့်ပြီး မကျစ်မမာလေးနယ်ပေးပါ။ ရလာတဲ့မုန့်သားကို (၁၀) မိနစ်လောက်ပြုတ်ကာ အအေးခံထားပြီး ဆီလေးနဲ့ နောက်တစ်ခေါက် ထပ်နယ်ပေးရပါမယ်။ မုန့်သားတစ်ဝက်ကိုတော့ အဖြူထည် ကျန်တစ်ဝက်ကို ပဲလွန်းနဲ့ ရောနယ်ပေးရမှာ ဖြစ်ပါတယ်နော်။ နောက်ဆုံးအနေနဲ့ မုန့်‌ဗိုင်းတောင့် ပုံစံလေးဖော်၊ ပဲဆီမွှေးမွှေးလေးကို သုတ်ပြီး မိနစ် (၃၀) ပေါင်းရုံပါပဲ။ ပေါင်းပြီးရင်တော့ အရမ်းလိုက်ဖက်တဲ့ နှမ်းထောင်းအုန်းသီးခြစ်လေးနဲ့ တွဲဖက်စားသုံးလို့ရပါပြီ။ ဒီလုပ်နည်းလေးအတိုင်း လုပ်စားပြီးသွားကြရင် လက်ရာလေးတွေလာကြွားကြဦးနော်။🤤🤤 -------------------------------------------------------------------------- အညာသူအညာသားတွေလည်း ကြိုက်တဲ့အပြင် မြို့ပေါ်မှာ လူတိုင်းကြိုက်ကြတဲ့ မုန့်ပြားသလပ်။ တစ်လုပ်စားလိုက်တာနဲ့ မွေးရပ်မြေ မြန်မာပြည်ရဲ့ ကျေးလက်အငွေ့အသက်လေးတွေကို တစ်ဝကြီးခံစားမိစေမယ့် မုန့်ပြားသလပ်။ မွှေးနဲ့အတူ လုပ်စားလိုက်ရအောင်။🥰🥰 📌 ပါဝင်ပစ္စည်းများ 📌 (၁) မွှေးဆန်မှုန့် အစိမ်းထုပ် (၂) မုန့်ဖုတ်ဆိုဒါ (၃) ရေ (၄) ဆား (၅) ကွကျဥ (၆) ပဲပြုတ် (၇) ကြက်သွန်မိတ် 📌 ပြုလုပ်နည်းအဆင့်ဆင့် 📌 (၁) မွှေးဆန်မှုန့်၊ မုန့်ဖုတ်ဆိုဒါအနည်းငယ်နဲ့ ဆားအည်းငယ်တို့ကို ရေအတော်အသင့်ထည့်ပြီး သမအောင်မွှေပေးပါ။ (၂) မုန့်ပြားသလပ်ထဲထည့်မည့် အဆာပလာတွေ ဖြစ်တဲ့ ပဲပြုတ်နဲ့ ကြက်သွန်မိတ်ကို ပါးပါးလှီးပြီး ရောထားပါ။ ကြက်ဥကိုလည်း ခေါက်ထားပါ။ (၃) မုန့်ပွလာအောင် ၄-၅ နာရီခန့်စောင့်ပြီးလျှင် ကြော်မည့် ဒယ်အိုးကို အပူပေးပါ။ (၄) ထို့နောက် ဒယ်အိုးကို ဆီသုတ်ပြီး မုန်နှစ်ထည့် အဆာပလာထည့်ပြီး အဖုံးပိတ်စောင့်လိုက်ရင်တော့ လူတိုင်းကြိုက် မုန့်ပြားသလပ်လေး သုံးဆောင်လို့ရပါပြီ။ (၅) နှမ်းထောင်းအတွက် နှမ်းရယ်၊ ဆားရယ်၊ ပဲဆီမွှေးနည်းနည်းရယ်ကို ကျေညက်အောင်ထောင်းပေးပြီး ပြင်ဆင်လို့ရပါတယ်။ မုန့်ပြားသလပ်လေးစားရင်း ကျေးလက်ဘက် မတော်တဆရောက်သွားရင် မွှေးကတော့ ပြန်လာမခေါ်ဘူးနော်။😝✌🏻 -------------------------------------------------------------------------- ✨ မြန်မာမုန့်လို့ပြောလိုက်ရင် ဘာကို အရင်ဆုံးပြေးမြင်ကြလဲ။ 👀 မနက်စောစော တောင့်တတတ်တဲ့ ထောပတ်ဘိန်းမုန့် ပူပူလေးတစ်ချပ်ကိုတော့ ဘယ်သူမှ ငြင်းနိုင်လိမ့်မယ်မထင်ပါဘူး။ 🍕 🥧 မွှေးဆန်မှုန့်တစ်ထုပ်နဲ့တင် အားလုံးကြိုက်ကြတဲ့ ထောပတ်ဘိန်းမုန့်ချိုဆိမ့်လေးကို အိမ်မှာ လွယ်လွယ်လုပ်စားနိုင်တဲ့အကြောင်း ဘိန်းမုန့်ကြိုက်တဲ့မေမေတို့ကို လက်တို့လိုက်ပြီနော်.. ပါဝင်ပစ္စည်းတွေကတော့.. ◻ မွှေးဆန်မှုနု့်တစ်ထုပ် ◻ ကြက်ဥတစ်လုံး ◻ ထောပတ်သုံးဇွန်း ◻ ထန်းလျက်ရည် လေးဇွန်း ◻ ရေနွေး ခွက်အသေး တစ်ဝက် ◻ ရှာလကာရည်နှစ်ဇွန်း ◻ ဆော်ဒါလက်ဖက်ရည်ဇွန်းတစ်ဝက် 👨‍🍳 အပေါ်ကဖြူးမယ့် အုန်းသီး၊ မြေပဲ၊ ဘိန်းစေ့တွေ အသင့်ပြင်ထားပါ။ ဇလုံတစ်ခုမှာ မွှေးဆန်မှုန့်၊ ဆော်ဒါ မှုန့်တို့ကို ဆားနည်းနည်းထည့်မွှေပါ။ 🥣 ရှာလကာရည်ထပ်ထည့်ပြီး သမအောင်မွှေရင်း ဆန်သားကို အချဥ်ဖောက်ပါမယ်။ 🧉 သမပြီဆို ရေနွေးလေးနည်းနည်းရောမွှေပါ။ မုန့်သားတွေ အချဉ်ပေါက်လာပြီး အမြှုပ်ထွက်လာပါက မုန့်နှစ်ရပါပြီ။ 🥣 ညောင်စေးကျအောင်ကျိုထားတဲ့ ထန်းလျက်ရည်ထဲ ကြက်ဥတစ်လုံးဖောက်ပြီး အချဥ်ဖောက်ထားတဲ့ မုန့်နှစ်ထဲထည့်မွှေပါ။ မီးအေးအေးထားပြီးတည်ထားတဲ့ မီးဖိုပေါ်မှာ မုန့်လုပ်မယ့်အိုး တင်ပါ။ 🍛 မုန့်အိုးထဲ ထောပတ်တစ်ဇွန်းထည့်ပါ။ ထောပတ်တွေပူပြီး အရည်ပျော်လာရင် မုန့်နှစ်တစ်ဇွန်း ဇွန်းခွက်နဲ့ခပ်ပြီး မုန့်သားညီအောင်ဖြန့်ပါ။ 🍪 အဆင်သင့်ပြင်ထားတဲ့ ဘိန်းစေ့၊ မြေပဲ၊ အုန်းသီးဖက်တွေကို အပေါ်ကဖြူးပြီး မုန့်အိုးကို အဖုံးခနအုပ်ပါ။ မုန့်သားတွေကို ဟိုဘက်ဒီဘက်လှန်ပေးပါ။ 👨‍🍳 မုန့်သားကျက်လာပြီဆိုရင်တော့ အနံ့နဲ့တင် သွားရည်ကျရလောက်မယ့် ထောပတ်ဘိန်းမုန့် ပူပူကြွပ်ကြွပ်လေး ရပါပြီ။ 🥧 👀 ထောပတ်ဘိန်းမုန့်လေး စားချင်တဲ့အချိန် အချိန်မရွေး လုပ်စားဖို့ဆို မွှေးဆန်မှုန့်ထုပ်လေး အမြဲဆောင်ထားမှ ဖြစ်မယ်နော်.. 🥧 ✨ အိမ်ရှင်မတိုင်းဆောင်ထား မွှေးစားသောက်ကုန်များ ... # မွှေးစားသောက်ကုန်လုပ်ငန်း # ProductofMyanmar

$5.55

Burmese Dream_Perfume Body Scrub

🧚 ဆပ်ပြာသုံးဖို့ မလိုအပ်ဘဲ မွှေးပျံ့နေစေဖို့ 🧚 ❄️ တနေ့ကုန် မွှေးပျံ့ပြီး ကြည်လင်ဝင်းလက်တဲ့ အသားအရေလေး ဖြစ်စေဖို့ 🌹Perfume Body Scrub ကို သုံးပေးရမယ်နော် 🦋🦋 💙 Burmese Dream ရဲ့ 🌹Perfume Body Scrub က တစ်ပတ်ကို (၂) ကြိမ် ပုံမှန်သုံးပေးရုံနဲ့ (၃) ပတ်အတွင်းမှာ ကြည်လင်ဝင်းလက်တဲ့ ❄️Glass Skin လေး ဖြစ်စေမှာပါ 🏵️ Luxury ဆန်ပြီး သင်းပျံ့တဲ့ မွှေးရနံ့နဲ့ အသားအရေကို (၂) ဆ ဖြူဝင်းစေဖို့ 🍀Perfume Body Scrub ကို ရွေးချယ်ရမယ်နော် 🌹 Perfume Body Scrub က အသားအရေကို စိုပြေစေတဲ့ 🦋 Shea Butter အဆီအနှစ်၊ Vitamin Eနဲ့ သံလွင်ဆီတို့ ပါဝင်တာကြောင့် 🎭အသားအရေ အတွင်းပိုင်း အထိ နက်ရှိုင်းစွာ သန့်စင်ပေးပါတယ် 🌚 ဆဲလ်အသေတွေကို ဖယ်ရှားပေးလို့ 🌤️ နေလောင်ဒဏ်ကြောင့် ဖြစ်တက်တဲ့ အမာရွတ်၊အမဲစက်နဲ့ အကြောပြတ်ရာတွေကို 👌သက်သာပျောက်ကင်း စေပါတယ် 🍀 Perfume Body Scrub လေးက သာမာန် Scrub တွေထက် ထူးခြားတာက 🌹whipped type scrub ဖြစ်လို့ 🚿ရေချိုးဆပ်ပြာ ထပ်သုံးဖို့ မလိုအပ်ပါဘူး 🌤️ တနေ့ကုန် မွှေးပြီး လန်းဆန်းကြည်လင်ဖို့ 🌹Perfume Body Scrub ကို ရွေးကြပါစို့ 📢📢📢 #မြန်မာ့အိပ်မက် သင့်အိပ်မက်

$5.55

Burmese Dream_လှယဥ်ကျေး Amber Facial Scrub

❣️ Dreamer လေးတို့ရဲ့ 🧖 မျက်နှာနုနုလေးတွေကို Scrub တိုက်ဖို့ မဝံ့မရဲ ဖြစ်ဖူးကြတယ် မှတ်လား ? 🍀 Burmese Dream ရဲ့ 👸လှယဥ်ကျေး Amber Facial Scrub က ပုံမှန်အသားရေတွေအပြင် 🍀 🌺Sensitive Skin သမားတွေပါ အသုံးပြုနိုင်တဲ့အထိ နူးညံ့ပါတယ် 🏔️ သဘာ၀ကပေးတဲ့ အဖိုးတန်ပယင်းအမှုန့်လေးတွေနဲ့ 📦ထုတ်လုပ်ထားတော့ 🌺နူးညံ့မှုက 💯 အပြည့်ပေါ့ 💎ပယင်းအမှုန့်က 👰မျက်နှာက 🌚ဆဲလ်အသေတွေကို ‌🍀ဖယ်ရှားပေးတဲ့အပြင် 👸 အသားရေကို ချောမွတ်စေပြီး ဝက်ခြံ၊အမဲစက်တွေပါ ပျောက်ကင်းတော့ 🌝 မျက်နှာလေး လင်းလက် လာပြီပေါ့ 📅 တစ်ပတ်မှာ (၂) ကြိမ်သာ ပုံမှန်သုံးသွားရင် 👸မျက်နှာလေးက ❄️ကြည်တောက်ရှင်း Glass Skin လေးရပြီပေါ့ #မြန်မာ့အိပ်မက် သင့်အိပ်မက်

$5.55

Burmese Dream_Lip Scrub

မျက်နှာလှလှလေးပေါ်မှာ နှုတ်ခမ်းလေးတွေ ကွဲအက် ခြောက်သွေ့နေတာက အလှတွေ လျော့စေတယ်နော် ဒီလို့ ဆဲလ်အသေတွေနဲ့ ပျက်စီးနေတဲ့ နှုတ်ခမ်းလေးတွေ ပြန်လည် ကျန်းမာတဲ့ နှင်းဆီဖူးနှုတ်ခမ်းလေးအဖြစ် အသစ်တဖန် ပိုင်ဆိုင်နိုင်ဖို့က Burmese Dream ရဲ့ Lip Scrub သုံးမှ ဖြစ်မယ်နော် နူးညံ့တဲ့ နှုတ်ခမ်းလေးတွေအတွက် အထူးဂရုစိုက်ထုတ်လုပ်ထားတဲ့ Burmese Dream ရဲ့ Lip Scrub အသားက အရမ်းကို နူးညံ့ပြီးတော့ သူရဲ့ ရနံ့လေးကလည်း ချိုချိုမွှေးမွှေးလေးဆိုတော့ တိုက်ရတာ အဆင်ကိုပြေနေရောပဲ နှုတ်ခမ်းလေးတွေကို (၃) မိနစ်လောက်တိုက် ပြီးရင် တစ်ရှူးနဲ့ သုတ် Dreamer လေးတို့ သုံးနေကျ Lip Oil လေးထပ်ဆိုးလိုက်ရင် နှင်းဆီဖူး နှုတ်ခမ်းလေး ရပြီပေါ့ ဆဲလ်သေတွေ ကင်းပြီး နှင်းဆီဖူးနှုတ်ခမ်းလေး အသစ်တဖန်ဖြစ်ဖို့က Burmese Dream ရဲ့ Lip Scrub သုံးပေးရမှာနော် #မြန်မာ့အိပ်မက် သင့်အိပ်မက်

$5.55

Krystal Glow_Collagen SHIKAKAI

🍀 အသားရေတွေ မဲညစ်နွမ်းခြောက်နေလို့ စိတ်ညစ်နေပြီလား 😓😓 🍀 အကြောပြတ်ရာတွေ✔ အမာရွတ်တွေ✔ အမဲစက်တွေကြောင့်✔ ရောအသားအရေညစ်နွမ်းနေလို့ စိတ်ညစ်နေပြီလား??? 🧖 Body Scrub တွေဘယ်လောက်တိုက်တိုက် ဖြူမလာဘူးလား ❓❓ 🍀အမြဲတမ်းဂရုစိုက်ပြီး💚 Body Scrub တွေ တိုက်နေကြပေမယ့် ဖြူဝင်းမလာတဲ့ အသားရေတွေကို နတ်နေကန်ထဲ ပစ်ချလိုက်သလို့ ပြန်လည် ဖြူဝင်းကြည်လင်စေဖို့ 🌹Krystal Glow ရဲ့ Collagen SHIKAKAI Scrub လေးရှိပါတယ် ✅ Shikakai သဘာဝ ကင်ပွန်းသီးစစ်စစ်အမှုန့်ကြောင့် တစ်ခါဆို တစ်ခါ ချောကြည်သွားမယ်။ ပြင်ပလေထု ကလာတဲ့ ဖုန့်နဲ့ အညစ်အကြေးတွေ အပြင် အသားရေအတွင်းထဲမှာ ပိတ်မိနေတဲ့ ဆဲလ်အသေတွေအထိပါ ဖယ်ရှားပေးနိုင်ပါတယ် Texture လေးက သုံးရအဆင်ပြေတဲ့အပြင် အမဲစက်၊ အမာရွတ်နဲ့ အကြောပြတ်ရာတွေကို သုံးတာကြာလေ မှေးမှိန်သက်သာလာစေတယ် ✅Collagen ပါလို့ အသားအရေ တင်းရင်းသွားမယ် တိုက်လေ တင်းလေ ၊ တိုက်လေ ချောလေ ၊ တိုက်လေ ကြည်လေဖြစ်မယ် 🧖အသားရေ မညီတာ၊ 🌚အမဲစက်၊ အမာရွတ် နဲ့ 😓အသားရေ မဲညစ်ကြမ်းတမ်းတာတွေကို ဖြေရှင်းပြီးသားဖြစ်သွားမှာပါ 🍀 တစ်ပတ်မှာ (၂) ကြိမ်ထက် ပိုမသုံးရဘူးနော် 🍀စိတ်ရှည်ရှည်လေးနဲ့ ပုံမှန်‌လေးသာ သွားရင် 🦋(၁)လ အတွင်းမှာ ပြစ်မျိုးမှဲ့မထင်တဲ့ ဖြူဝင်းကြည်လင်တဲ့ အသားရေကို ပိုင်ဆိုင်စေမှာပါ🌺 #မြန်မာ့အိပ်မက် သင့်အိပ်မက်

$5.55