မွှေး_ကောက်ညှင်းမှုန့်
မွှေး_ကောက်ညှင်းမှုန့်
မွှေး_ကောက်ညှင်းမှုန့်
မွှေး_ကောက်ညှင်းမှုန့်
မွှေး_ကောက်ညှင်းမှုန့်
မွှေး_ကောက်ညှင်းမှုန့်
မွှေး_ကောက်ညှင်းမှုန့်
မွှေး_ကောက်ညှင်းမှုန့်
မွှေး_ကောက်ညှင်းမှုန့်
မွှေး_ကောက်ညှင်းမှုန့်
မွှေး_ကောက်ညှင်းမှုန့်
မွှေး_ကောက်ညှင်းမှုန့်
မွှေး_ကောက်ညှင်းမှုန့်

မွှေး_ကောက်ညှင်းမှုန့်

"‌လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ မုန့်ဖြဲသိပ်"😍

မုန့်ဖြဲသိပ်လေးကတော့ မြိတ်ဒေသဘက်ကဆင်းသက်လာတဲ့မုန့်လေးဖြစ်ပြီး မုန့်ပဲသိပ်၊
ပဲသိပ်မုန့်၊ ခွဲသိပ်မုန့် ဆိုပြီးအမျိုးမျိုး​ခေါ်ဆိုကြပါတယ်ရှင်။

လိုအပ်တဲ့ ပါ၀င်ပစ္စည်းလေးတွေက​တော့ မွှေးကောက်ညှင်းမှုန့် (150g)၊ ဆား၊ သကြား၊ မြေပဲ၊ နှမ်း၊ နှမ်းဆီတို့ပဲဖြစ်ပါတယ်။

👉🏻 ပထမဦးဆုံး အနေနဲ့ မွှေးကောက်ညှင်းမှုန့်လေးတွေကို ရေ၊ ဆားတို့နဲ့အတူရောပြီး ​ကောက်ညှင်းလုံးကို ပြုလုပ်ထားရပါမယ်။
👉🏻 ကောက်ညှင်းလုံးလေးတွေကို နည်းနည်းစီ ဖဲ့ပြီး အနေတော် ကောက်ညှင်းပြားပုံစံလုပ်ပေးပါ။
👉🏻 ပြီးရင်တော့ ပွက်ပွက်ဆူနေတဲ့ ရေထဲကို တစ်ခုဆီထည့်ပေးရပါမယ်။
👉🏻 မြေပဲလေးတွေကိုငရုတ်ဆုံထဲမှာထည့် ​ကြေညက်အောင်ထောင်းပြီး နှမ်းရယ်သကြားရယ်ကို ရောမွှေပေးရပါမယ်။
👉🏻 ကောက်ညှင်းပြားလေးတွေအိလာပြီဆိုရင်တော့ အိုးထဲကဆယ်ယူပြီး ရေစစ်ထားရပါမယ်။
👉🏻 ရေစစ်ပြီးအအေးခံထားတဲ့အချိန်လေးမှာ နှမ်းဆီလေးအနည်းငယ်နဲ့လူးထားပေးရပါမယ်။

နောက်ဆုံးအဆင့်မှာတော့ ထောင်းထားတဲ့မြေပဲ၊ နှမ်း၊ သကြား နဲ့ ကောက်ညှင်းပြားလေးတွေကို အပေါ်ကနေ သိပ်ပေးပြီး အရသာရှိတဲ့ မုန့်ဖြဲသိပ်လေးကို အချိန်တိုတိုနဲ့ လွယ်လွယ်ကူကူ ပြုလုပ်လို့ရပါပြီ။💁🏻‍♀️

မုန့်ဖြဲသိပ်အပြင် မွှေးကောက်ညှင်းဆန်မှုန့်‌လေးနဲ့ တခြားမုန့်မျိုးစုံကိုလုပ်လို့ရတာဖြစ်လို့ မွှေး page မှာ recipe တွေလည်း အလွယ်ရှာကြည့်လို့ ရပါတယ်။


--------------------------------------------------------

🌧 မိုးအေးအေး ရာသီဥတုလေးမှာ အချိုပွဲပူပူလေးစားချင်ရင်တော့ ကိုယ့်ရဲ့အိမ်မှာပဲ မုန့်ကြာစိလေးကို အလွယ်တကူ လုပ်စားနိုင်ပါတယ်နော်။🤩

💫 ထန်းလျှက်မွှေးမွှေး၊ အုန်းသီးစိမ့်စိမ့် နဲ့ ပူပူနွေး‌နွေး မုန့်ကြာစိလေးကို အိမ်မှာအလွယ်တကူလုပ်စားဖို့အတွက်လည်း "မွှေး" လေးရှိနေမှဖြစ်မှာပေါ့။

ဒါကြောင့် "မွှေး"ကောက်ညှင်းမှုန့်၊ "မွှေး"ဆန်မှုန့်၊ ထန်းလျှက်အညို ၊ အုန်းသီး လိုအပ်တဲ့ ပါဝင်ပစ္စည်းအကုန်ရှိနေမယ်ဆိုရင်တော့ မုန့်ကြာစိလေးစလုပ်လို့ရပါပြီ။💁‍♀️

✨အရင်ဆုံး ထန်းလျှက်ခဲလေးတွေကိုအရင်ကြိုပြီး ဇကာနဲ့စစ်၊ အအေးခံထားပါ။
✨ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆားအနည်းငယ်ကိုရောမွှေပြီး သမအောင်နယ်ပါ။
✨ရေနွေးနွေးလေးထည့်ပြီး မုန့်သားစီးစီးလေးဖြစ်တဲ့အခါ မိနစ်အနည်းငယ်လောက်နှပ်ပြီး မုန့်လုံးလေးတွေ လုံးထားပေးပါ။
✨မုန့်လုံးနေတဲ့အချိန်မှာ ရေနွေးဆူအောင်တည်ထားပေးပါ။
✨ရေနွေးဆူတဲ့အချိန်မှာ မုန့်လုံးလေးတွေကိုပစ်ထည့်ပြီး ခဏနေတဲ့အခါ ပြန်ဆယ်ပေးပါ။
✨ပြီးရင် ရေအေးဇလုံထဲထည့်ပြီး ခဏရေစိမ်ရပါမယ်။
✨နောက်တစ်ကြိမ် ဇကာလေးထဲထည့်ပြီး ရေစစ်ပါမယ်။
✨အုန်းသီးလေးတွေကိုခြစ်ထားပြီးရင်တော့ အပေါ်ကနေလိုအပ်သလို ဖြူးစားလို့ရပါပြီရှင်။

ကဲ ဒါဆိုရင်တော့ ပူပူနွေးနွေး မုန့်ကြာစိလေးကို "မွှေး" Product လေးတွေနဲ့ အလွယ်တကူအိမ်မှာလုပ်စားလိုက်တော့နော်။😋🥰


--------------------------------------------------------

အတာ တန်ခူး နှစ်သစ်ကူး သင်္ကြန် အချိန်အခါမှာ ကောင်းမှု ကုသိုလ်အလှူအဖြစ် စတုဒီတာ ကျွေးတော့မယ်ဆိုရင် မုန့်လုံးရေပေါ်လေးက မပါမဖြစ်ပါပဲနော်။💦🤩

ဒါကြောင့် သင်္ကြန်မှာ စတုဒီတာ ကျွေးတော့မယ်ဆိုရင် အလွယ်တကူ အဆင်သင့် လုပ်စားလို့ရအောင် "မွှေး" ရဲ့ 'ကောက်ညှင်းမုန့်'လေးကိုသာ ဆောင်ထားလိုက်ပါရှင်။🥰

--------------------------------------------------------

✨ အားလုံးကြိုက်ကြတဲ့ ထိုးမုန့်ကို မွှေးကောက်ညှင်းမှုန့်သုံးပြီး အိမ်မှာ လွယ်လွယ်လုပ်စားလို့ရတယ်နော် မေမေတို့ရေ.. 😋
💁‍♀️ လုပ်နည်းလေးပါ တစ်ခါထဲ အလင်းပြသွားမှာမို့ ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေးမနေဘဲ လိုက်လုပ်စားကြည့်လိုက်တော့နော် 🍣

✨ ပါဝင်ပစ္စည်းတွေကတော့.. 🍣
ကောက်ညှင်းမှုန့်၊
သကြား၊
ရေ၊
ထောပတ်ရည်၊
ပဲဆီ၊
မြေပဲထောင်း
ဖရုံယို၊
သီဟိုဠ်စေ့၊
ဆား
အုန်းသီးကြော်

🚫 သတိ။ ။ ထိုးမှုန့်မလုပ်ခင် သုံးမယ့် ယောင်းမနှစ်ချောင်းကို ဆီစိမ်ထားမယ်နော်။ 🍽

◻ ပထမဆုံး မွှေးကောက်ညှင်းမှုန့်ကို ရေနဲ့ဖျော်ပါမယ်။
◻ ကောက်ညင်းမှုန့်တွေ ပျော်ပြီး ပျစ်နှစ်လာပြီဆိုရင် သကြား၊ ဆား၊ ဆီ၊ ထောပတ်၊ မြေပဲ၊ အုန်းသီးတို့ကို ထည့်ပြီး သမအောင်မွှေပါ။
◻ မကပ်အောင်မွှေရင်း မီးအေးအေးထားပြီး တည်ထားပါ။ ခနကြာရင် ဖရုံယိုနဲ့ ထောပတ်နည်းနည်း ထပ်ထည့်ပါ။
◻ တဖြည်းဖြည်းစေးကပ်လာပြီဆိုရင် ကျန်တဲ့ထောပတ်အကုန်ထည့်ပြီးဆက်မွှေပါ။
◻ ထောပတ်ထည့်ပြီး (၁၅) မိနစ်လောက်နေလို့ ကောက်ညှင်းလုံးက ထိုးမုန့်အရောင်ပြောင်းလာပြီဆိုရင် မီးဖိုပေါ်ကချပါ။
◻ ပြီးရင် ဆီသုတ်ထားတဲ့ စတီးဗန်းထဲ လှယ်ထည့်ပြီး အအေးခံပါမယ်။
◻ ထိုးမုန့်လေးအေးပြီးခဲလာပြီဆိုရင်တော့ အုန်းကြော်မွှေးမွှေးလေးဖြူးပြီး လိုသလိုလှီးယူ စားသုံးနိုင်ပါပြီ။

🍂 ကဲ.. နည်းလမ်းလေးသိသွားပြီဆိုရင်တော့ အိမ်မှာနေရင်း ထိုးမုန့်လုပ်စားဖို့ အဆင်သင့်ပဲလားမေမေတို့ရေ။ 👀

မွှေးကောက်ညှင်းမှုန့်လေးတစ်ထုတ်ရှိရုံနဲ့ ဘိုးဘိုးဘွားဘွား၊ သားသားမီးမီးတို့ အားလုံးကြိုက်တဲ့ ထိုးမုန့်ချိုချိုလေး အိမ်မှာတစ်နိုင်တစ်ပိုင် လုပ်စားလိုက်ကြအောင်နော် မေမေတို့ရေ.. 😋

😉 မမေ့နဲ့နော်.. မွှေးကောက်ညှင်းမှုန့် .. 🧏‍♀️

--------------------------------------------------------

🌊 အတာသင်္ကြန်ရဲ့ အဓိပ္ပာယ်ကို ပိုမိုပြည့်စုံစေဖို့ဆို ရာသီစာ မြန်မာမုန့်လေးတွေရဲ့ အခန်းကဏ္ဍကို ချန်ထားခဲ့လို့ မရဘူး။ 🧀

🥥 မုန့်လုံးရေပေါ် အိအိလေးနဲ့ မုန့်ဖက်ထုပ်ပူပူလေးတွေကတော့ အတာနှစ်ကူးရဲ့ ဇာတ်လိုက်ကြီးတွေပါပဲ။ 😋

🎇 မွှေးကောက်ညှင်းမှုန့်လေးနဲ့ ရာသီစာ မုန့်ဖက်ထုပ်ပူပူလေး လုပ်စားရင်း သင်္ကြန်ရဲ့ အရသာကို ကိုယ်တိုင်ဖော်ဆောင်လိုက်ပါ။ 💧

✨ ပါဝင်ပစ္စည်း

◻ မွှေးကောက်ညှင်းမှုန့် 75 ဂရမ်ထုပ်
◻ ခြစ်ထားသော အုန်းသီးတစ်စိတ်စာ
◻ သကြားအနည်းငယ်
◻ ငှက်ပျောရွက်

🍥 မုန့်ဖက်ထုပ်ပူပူလေး အတူတူလိုက်လုပ်စားကြည့်ရအောင် မေမေတို့ရေ.. 🥥

◾ ခွက်တစ်ခုထဲ မွှေးကောက်ညှင်းမှုန့်တွေဖောက်ထည့်ပါ။ မုန့်နှစ်လေးတွေ စေးလာပြီး နယ်လို့ရရုံအနေအထားလောက်ထိ ရေရောပြီး နယ်ပါ။
◾ အုန်းသီးတစ်ခြမ်းကို ခြစ်ထားပေးပါ။
◾ ငါးကြင်းဖန်ခွက်အသေး ခွက်တစ်ဝက်ခန့်ထဲ သကြား (လိုသလောက်) ထည့်ကာ မီးဖိုပေါ်တင်ပြီး သကြားရည်ကျိုပါမယ်။
◾ ရေနွေးဆူလာရင် ခြစ်ထားတဲ့ အုန်းသီးဖက်တွေ ထည့်မွှေပါ။
◾ ရေခန်းသလောက်ရှိလာပြီး အုန်းသီးနဲ့သကြားတို့ အနှစ်ကျလာပြီဆိုရင် မီးဖိုပေါ်ကချပြီး အအေးခံထားပါ။
◾ အုန်းသီးဖက်လေးတွေ နွေးသလောက်ရှိလာပြီဆိုရင် အသင့်ပြင်ထားတဲ့ မုန့်နှစ်ထဲ အုန်းသီးတွေ ဌာပနာပြီး သုံးမြှောင့်ပုံစံ လုံးထားပါ။
◾ ငှက်ပျောရွက်ကို နွမ်းသွားအောင် အပူချိန်လေးနည်းနည်းနဲ့ ခနကင်ပါ၊
◾ ငှက်ပျောရွက်အနွမ်းကို မုန့်ထုပ်မယ့်ဖက်ကို ဆီသုတ်ပါ။
◾ မုန့်လုံးလေးတွေထည့်ထုပ်ပြီး သွားကြားထိုးတံနဲ့ ပိတ်ပါ။
◾ မုန့်ဖက်ထုပ်လေးကို နာရီဝက်လောက် ပေါင်းပေးရုံနဲ့ အရသာရှိတဲ့ ရာသီစာမုန့်ဖက်ထုပ် ပူပူလေးတွေ ရပါပြီ။

🍂 မွှေးကောက်ညှင်းမှုန့်နဲ့ မုန့်ဖက်ထုပ်ပူပူလေး လုပ်စားရင်း ငယ်ဘဝကို ခပ်ရေးရေးလေး ပြန်ဆွေးကြည့်လိုက်ကြစို့နော်..🌊🤍


--------------------------------------------------------

😎 "ပြောင်ပြောင်လုံးလုံး မုန့်ကတုံး ရေတွေရွှဲလို့ပုန်း" ဆိုတဲ့အတိုင်း သူမပါရင် ပွဲမပြီးတဲ့ သင်္ကြန်မင်းသားကြီးတစ်လက်ရှိပါတယ်။ ⛲

💦 သင်္ကြန်ရောက်တိုင်း ကျီစားနေကျ၊ အားလုံးနဲ့မခွဲ အမြဲတသားတည်းရှိတဲ့ သင်္ကြန်မင်းသားကြီးက ဘယ်သူဖြစ်မလဲ ??

💬 အဖြေလေးကို ဒီပို့စ်အောက်မှာ comment မန့်ပြီး ကိုယ့်ရဲ့ သင်္ကြန်စကေး‌တွေ ထုတ်ကြွားခဲ့လိုက်တော့နော်.. 💦

🍥 ထန်းလျက်လေးနဲ့ ချိုချိုအိအိလေးစားမလား။ ငရုတ်သီးလေးမြှုပ်ပြီး ဂျင်းထည့်မလား? 🌶

👀 ဒီလောက်ဆို သင်္ကြန်ဇာတ်လိုက်ကျော်ကြီးကို ခန့်မှန်းမိလောက်ကြပါပြီ.. 🎁

🎉 ဟုတ်ပါတယ်။ သူမပါရင် ပွဲမပြီးတဲ့ သင်္ကြန်စာ မုန့်လုံးရေပေါ်လေးပါပဲ။ 💯

💁‍♀️ သင်္ကြန်မုန့်လုံးလေးကို မွှေးကောက်ညှင်းမှုန့်၊ ဆန်မှုန့်လေးတွေသုံးပြီး အားလုံးလုပ်စားကြမယ်နော် ..🍡💦

✨ ပါဝင်ပစ္စည်းလေးတွေကတော့ ..

◻ မွှေးဆန်မှုန့်၊ မွှေးကောက်ညှင်းမှုန့်
◻ စားထန်းလျက်ခဲ
◻ ခြစ်ထားတဲ့ အုန်းသီးဖက် 🥥
◻ ထုံးရည်ကြည်နှစ်ဇွန်း

💧 စားထန်းလျက်ကို အစိတ်သေးသေးလေးတွေ စိတ်ပြီး အသင့်ပြင်ထားပါ။
💧 ကောက်ညှင်း မှုန့် ၃ ဆ ဆန်မှုန့် ၁ ဆ (၃း၁) ကို ရေနွေးနွေး ၂ဆ နဲ့ရောပြီး မုန့်နှစ်နယ်ပါမယ်။ အမှုန့်ထဲ ရေထည့်တဲ့အခါမှာ ရေနွေးကို ဖြည်းဖြည်းချင်းလောင်းထည့်ရင်း နယ်ပေးရပါမယ်နော်..🥣
💧 ရလာတဲ့ မုန့်နှစ်ထဲ ထန်းလျက်ခဲလေးတွေမြှုပ်ပြီး အလုံးလေးတွေ လုံးပါမယ်။
💧 ကျီစားချင်ရင်တော့ တချို့အလုံးလေးတွေကို ထန်းလျက်နေရာမှာ ငရုတ်သီးလေးပိုင်းထည့်ပေါ့နော် 😜
💧 မုန့်လုံးပြီးပြီဆို ရေများများနဲ့ ရေနွေးအိုးတည်ပါမယ်။
💧 ရေနွေးဆူခါနီးမှာ ထုံးရေည်ကြည်လေး နှစ်ဇွန်းလောက် ကပ်တိုးလေး ထည့်ထားပါ။
💧 ရေဆူလာရင်တော့ ရယ်ဒီဖြစ်နေတဲ့ မုန့်လုံးလေးတွေကို ရေနွေးအိုးထဲ ထည့်ပါမယ်။
💧 မုန့်လုံးရေပေါ်ရဲ့ သဘောအရ ထည့်ထည့်ချင်းမှာမြုပ်သလောက် မုန့်သားကျက်သွားတဲ့အခါမှာတော့ ရေပေါ်ပြန်ပေါ်လာပါတယ်။
💧 ရေပေါ်ပြန်ပေါ်လာတဲ့ မုန့်လုံးလေးတွေကိုဆယ်ပြီး ရေအေး ခနစိမ်ထားပေးပါ။
💧 ရေထဲက မုန့်လုံးလေးတွေကို ရေစစ်ပြီး ဆယ်လိုက်ပါ။
💧 ခြစ်ထားတဲ့ အုန်းသီးလေးတွေ ဖြူးပြီးသွားရင်တော့ စားချင်စဖွယ် မုန့်လုံးရေပေါ်လေးရပါပြီ။

⛲ အတာတန်ခူး သင်္ကြန်နွေဦးမှာ ရာသီစာမုန့်လုံးရေပေါ်လေးကို မွှေးနဲ့တူတူ ကိုယ်တိုင်လုပ်စားလိုက်ကြတော့နော်..

------------------------------------------------------

🍯 နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးမရွေးတဲ့ မြန်မာ့ရိုးရာ နေ့ခင်းသွားရည်စာကတော့ မုန့်ကြာစိသာကူပါပဲ။ 😋
✨ ချိုဆိမ့် ပျစ်နှစ်နေတဲ့ မုန့်ကြာစိသာကူတစ်အိုးကို မွှေးကောက်ညှင်းဆန်မှုန့်နဲ့ လုပ်စားနိုင်ပြီဆိုတဲ့အကြောင်းလေး ဒီနေ့မှာမွှေးက ပြောပြပေးချင်လို့ပါရှင်.. 💗

✨ ပါဝင်ပစ္စည်းတွေကတော့..

ကောက်ညှင်းဆန်မုန့်
သာကူစေ့
ထန်းလျက်
ဆားအနည်းငယ်
အာလူး
အုန်းသီး

◼ သာကူစေ့များရေဆေးပြီး စစ်ထားပေးပါ။
◼ မွှေးကောက်ညှင်းဆန်မှုန့်ကို ဆားအနည်းငယ်၊ ရေအနည်းငယ်နဲ့နယ်ပြီး အလုံးသေးသေးလေးတွေလုံးထားပါမယ်။
ရေနွေးပွက်ပွက်ဆူတဲ့ အိုးထဲ ထည့်ပြုတ်ပါမယ်။
◼ မုန့်လုံးတွေ ‌ရေပေါ် ပေါ်လာရင် ပြန်ဆယ်ကာ ရေအေးစိမ်ထားပြီး ထန်းလျက်ရည် ကျိုပါမယ်။
◼ ရလာတဲ့ ထန်းလျက်ရည်တွေကို အအေးခံကာ ရေစစ်နဲ့ စစ်ချပါမယ်။
◼ သန့်စင်ထားတဲ့ ထန်းလျက်ရည်တွေကို မီးဖိုပေါ်ပြန်တည်ပါမယ်။
◼ ပွက်ပွက်ဆူလာတဲ့ ထန်းလျက်ရည်ထဲ သာကူစေ့တွေ ထည့်ကျိုပါမယ်။
◼ အခွံနွှာထားတဲ့ အာလူးအနည်းငယ်ထည့်ကျိုပါမယ်။
◼ သာကူစေ့တွေ မျက်ဆန်ပျောက်ပြီဆိုရင် ကောက်ညှင်းလုံးတွေ ထည့်ကာ မီးဖိုပေါ်က ချပေးပါ။

💢 အုန်းသီးဖွေးဖွေးလေးဖြူးလိုက်ရင်တော့ စားချင်စားဖွယ် မြန်မာ့ရိုးရာ မုန့်ပဲသွားရည်စာ မုန့်ကြာစိသာကူကျိုလေး သုံးဆောင်နိုင်ပါပြီ။

💁‍♀️ သားသားမီးမီးတို့ကို ဒီလိုမုန့်မျိုး အချိန်မရွေး လုပ်ကျွေးနိုင်အောင် မွှေးထုပ်တွေကို အိမ်မှာ အမြဲသာဆောင်ထားလိုက်တော့နော် မေမေတို့‌ရေ.. 😉

-----------------------------------------------------

🥡 တော့ပိုကီတစ်အိုးရဲ့ အဓိက လိုအပ်ချက်ကတော့ မွှေးကောက်ညှင်းမှုန့်နဲ့ မွှေးဆန်မှုန့် ထုပ်လေးတွေပဲနော်..
မွှေးနှစ်ထုပ်နဲ့ ဂင်ချီမြေကို အလည်သွားလိုက်ကြရ‌အောင်မေမေတို့ရေ ..😉

✨ ပါဝင်ပစ္စည်းများ

- မွှေးကောက်ညှင်းမှုန့်
- မွှေးဆန်မှုန့်
- ကိုရီးယားငရုတ်သီးအနှစ်ဗူး
- ငရုတ်ကောင်းအမှုန့်
- ဆား
- သကြား
- ခရုဆီ
- ပဲငံပြာရည် (အနောက်)
- ကြက်အူချောင်း

◻ ကောက်ညှင်းမှုန့် နှစ်ဆ၊ ဆန်မှုန့်တစ်ဆကို ရေနွေးလေးအနည်းငယ်နဲ့ လုံးလို့ရတဲ့အနေအထားရအောင်နယ်ပါ။
◻ တဖြည်းဖြည်း လုံးလာတဲ့ မုန့်သားလေးတွေကို အချောင်းလေးတွေအဖြစ် ပုံဖော်ပေးပါ။
◻ အချောင်းရှည်ရင် နှစ်ပိုင်းစီပြန်ဖြတ်ပြီး ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲထည့်ပါမယ်။
◻ ထည့်ထည့်ချင်း ရေထဲမြုပ်သွားတဲ့မုန့်သားတွေက ကျက်လာပြီဆို ရေပေါ် ပြန်ပေါ်လာပါလိမ့်မယ်။
◻ အဲ့ဒီအခါ ဆယ်ပြီး ရေ‌အေးထဲ ပြန်စိမ်ထားပေးပါ။

💁‍♀️ ဒါဆိုရင် အနှစ်စချက်လို့ရပါပြီ။

◻ အနှစ်ချက်မဲ့ အိုးထဲရေတစ်ဝက်မပြည့်တစ်ပြည့်ထည့်ပါ။ မုန့်သားချောင်းတွေထည့်ပါ။
◻ ကြက်သွန်နီ၊ ကိုရီးယားငရုတ်အနှစ်၊ ခရုဆီ၊ သကြား၊ ပဲငံပြာရည်၊ ငရုတ်ကောင်း၊ ဆား၊ ကြက်ဥချောင်းတွေ အကုန်ထည့်ပြီး တည်ထားပေးပါမယ်။
◻ ရေတွေတဖြည်းဖြည်းခန်းလာပြီး အနှစ်ကျလာပြီဆို အပေါ့အငန်မြည်းကြည့်ပါ။ အနှစ်ပျစ်ပျစ်လေးတွေဖြစ်ပြီး အရသာကွက်တိဖြစ်ပြီဆိုရင်တော့ ကြက်သွန်မြိတ်လေးအုပ်ပြီး မီးဖိုပေါ်က ချလို့ရပါပြီ။
◻ ဒါဆိုရင်တော့ ဂင်ချီမြေရဲ့ နာမည်ကျော်အစားအစာ၊ လူတိုင်းကြိုက်ကြတဲ့ အရသာထိမိဂွိတော့ပိုကီလေးတစ်အိုးကျက်ပါပြီ။

✨ အိမ်ရှင်မတိုင်းဆောင်ထား မွှေး‌စား‌သောက်ကုန်များ..


# မွှေးစားသောက်ကုန်လုပ်ငန်း
# ProductofMyanmar