မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်
မွှေး_ဆန်စိမ်းမှုန့်

မွှေး_ဆန်စိမ်းမှုန့်

အခါမဟုတ်တဲ့ မြန်မာမုန့်အစုံ အချိန်မရွေး ကိုယ်တိုင်လုပ်စားချင်ရင်တော့ “မွှေး” ဆန်စိမ်းမှုန့်
ရှိတယ်နော် 🥮

အကုန်အကျသက်သာပြီး “မွှေး”ဆန်အစိမ်းမှုန့် တစ်ထုပ်ထဲနဲ့ မြန်မာမုန့် (၁၀) မျိုးကျော်ကို စိတ်ကြိုက်လုပ်စားလို့ ရပါပြီရှင့်

✨ မုန့်ဦးနှောက်
✨ မုန့်ဗိုင်းတောင့်
✨ မုန့်ပြားသလပ်
✨ မုန့်လုပ်ဆောင်းဖတ်
✨ မုန့်ကျွဲသဲ
✨ ထန်းသီးမုန့်
✨ ဘိန်းမုန့်
✨ မုန့်စိမ်းပေါင်း
✨ မုန့်လင်မယား
✨ လမ်းသရဲမုန့် (မုန့်ရေပါး)

စသည့် မြန်မာ့မုန့်အမျိုးမျိုးကို အချိန်တိုတိုနှင့်ချောမွေ့လွယ်ကူအဆင်ပြေစွာ ပြုလုပ်နိုင်ရန် မွှေး မှထုတ်လုပ်ဖြန့်ဖြူးထားပါတယ်။


------------------------------------------------------------

"စားချင်စဖွယ် ကန်စွန်းဥမုန့်ပေါင်း"🍠

ပူပူမွှေးမွှေး ကန်စွန်းဥ မုန့်ပေါင်းလေးကို မွှေး ဆန်အစိမ်းမှုန့်လေးနဲ့ ဘယ်လိုလုပ်စားကြမလဲ❓

အရသာရှိရှိ ပူပူနွေးနွေး မွှေးမွှေးလေးနဲ့ စားချင်စဖွယ် ကန်စွန်းဥမုန့်ပေါင်းလေးကို မွှေးဆန်စိမ်းမှုန့်လေးနဲ့ လုပ်စားလို့ ရပါတယ်နော်။

•• ပါဝင်ပစ္စည်းများ ••

မွှေး ဆန်အစိမ်းမှုန့် (၁၅၀ ဂရမ်) ၁ ထုပ်
ကန်စွန်းဥ ၃၀ ကျပ်သား
သကြား ၂၀ ဂရမ်
နို့ဆီ ( ဇွန်းကြီး ) ၃ဇွန်း

•• ပြုလုပ်ပုံ အဆင့်ဆင့် ••

🍠ပထမဆုံး ကန်စွန်းဥကို အခွံခွာပြီး အနေတော် ပါးပါးလေးတွေ လှီးပေးပါ။

🍠လှီးပြီးရင်တော့ မိနစ် (၂၀) ခန့် ခဏပေါင်းပေးရပါမယ်။

🍠ခဏကြာတဲ့အချိန်မှာ ခုနကပေါင်းထားတဲ့ ကန်စွန်းဥလေးတွေကို ထုတ်ပြီး ပန်းကန်တစ်ခုထဲမှာ ဇွန်း နဲ့ သမအောင် ကြိတ်ချေပေးပါ။

🍠ပြီးရင်တော့ တစ်ဝက်စီခွဲပြီး ပန်းကန် နှစ်ခု ထဲကိုထည့်ပေးပါ။

🍠ပထမတစ်ဝက်အတွက် သကြား တစ်ဇွန်း၊ နို့ဆီ သုံးဇွန်းထည့်ပြီး သမအောင်မွှေပေးရပါမယ်။
နောက်ထပ် ကန်စွန်းဥ ဒုတိယတစ်ဝက်ပန်းကန်ထဲကိုတော့ မွှေးဆန်အစိမ်းမှုန့် ၁၅၀ ဂရမ် တစ်ထုပ်ကို ထည့်ပြီး နယ်ပေးပါ။ပြီးရင်တော့ အမှုန့်တွေရအောင် ဇကာနဲ့ ပြန်စစ်ပေးပါ။

🍠ဒီအဆင့်တွေပြီးသွားရင်တော့ ပန်းကန်ခွက်တစ်ခုထဲမှာ ဒုတိယတစ်ဝက် ကန်စွန်းဥအမှုန့်တွေကိုအရင်ထည့် ပြီးရင် အပေါ်မှာ ပထမတစ်ဝက်ကိုထည့်ပြီး ညီအောင်ညှိပေးပါ။

🍠ပြီးရင်တော့ အပေါ်ကနေ ဒုတိယတစ်ဝက် ကျန်တဲ့ အမှုန့်လေးတွေကို ထပ်ဖြူးလိုက်ပါ။

💕နောက်ဆုံးအဆင့်အနေနဲ့ ပေါင်းအိုးထဲထည့်ပေါင်းလိုက်ရင်တော့ ပူပူနွေးနွေး ကန်စွန်းဥ မုန့်ပေါင်းလေးကို ရရှိနိုင်ပါပြီရှင်။💁🏻‍♀️

ပြုလုပ်ပုံ လုပ်နည်းအဆင့်ဆင့် Video လေးကိုလည်း comment မှာမန့်ထားပေးလို့ အလွယ်တကူကြည့်ပြီး လိုက်လုပ်လို့ရပါတယ်နော်။🤗


--------------------------------------------------------------------------

သားသားမီးမီးတို့ကို Takoyaki (သို့) ဂျပန်ရေဘဝဲလုံး လုပ်ကျွေးကြမယ် 🐙

အိမ်မှာ မြန်မာမုန့်တွေပဲ လုပ်စားရတာရိုးအီနေပြီဆိုရင်တော့ မေမေတွေအနေနဲ့ သားသားမီးမီးတို့ကို Takoyaki (သို့) ဂျပန်ရေဘဝဲလုံး လုပ်ကျွေးလိုက်ပါနော်။ Takoyaki (သို့) ‌ဂျပန်ရေဘဝဲလုံး ကို " မွှေး " ကိုအသုံးပြုပြီး အိမ်မှာဘယ်လိုပြုလုပ်ရမလဲဆိုတာ သေချာလေးပြောပြပေးမယ်နော်။

ပါဝင်ပစ္စည်းတွေကတော့...
- မွှေး ဂျုံမှုန့်
- မွှေး ဆန်မှုန့်
- ရေဘဝဲ
- ကွကျဥ
- Baking Powder
- ပဲငံပြာရည်အကြည်
- သကြား
- ဆား
- ထောပတ် (သို့) ဆီ
- ရေ
- Sauce
- Mayonnaise တို့ လိုအပ်ပါတယ်။

ပထမဆုံး Takoyaki မှာ ထည့်သွင်းရမှာလေးတွေ ပြင်ဆင်ကြမယ်နော် 🍳
မွှေး ဂျုံမှုန့် 20g ကို ရေ 30ml နဲ့ရောပြီး ပြစ်သွားတဲ့အထိမွှေပေးရပါမယ် ပြီးရင်တော့ ဆီပွက်ပွက်ဆူတဲ့ ဒယ်အိုးထဲကို မုန့်နှစ်ကို အစက်ပုံစံမျိုးဖြင့် သေးသေးလေးတွေ ကြော်ပေးရပါမယ်။ ဒုတိယအနေနဲ့ ရေဘဝဲ ကိုသေချာသန့်စင်အောင်ဆေးကြောပြီး ခေတ္တပြုတ်ထားရပါမယ်။ ပြီးရင်တော့ ရေဘဝဲကို အတုံးလေးတွေ လှီးပါမယ်... ကြက်သွန်မြိတ်ကိုလည်း ပါးပါးတွေလှီးထားဖို့လိုပါမယ်။

ဒါတွေပြီးရင်တော့ Takoyaki အတွက် မုန့်နှစ်ပြုလုပ်ဖို့ပြင်ဆင်ရအောင်နော်။
🥄ဇလုံထဲကို ရေ 250 ml, ကြက်ဥ (၁) လုံး ၊ သကြား (၁) ဇွန်း၊ ဆား ဇွန်းရဲ့ (၄) ပုံ (၁) ပုံ ခန့်နဲ့ ပဲငံပြာရည်အကြည် ဇွန်းဝက်ခန့် ထည့်ပြီး သမအောင်မွှေပေးပါမယ်။
🥄 သမအောင်မွှေထားတဲ့ထဲကို Baking Powder (၁) ဇွန်း၊ မွှေး ဂျုံမှုန့် 90g, မွှေးဆန်မှုန့် 10g တို့ကို ဇကာနဲ့ စစ်ပြီး ထပ်မံမွှေပါမယ်။ အားလုံးမွှေပြီးရင်တော့ ဇကာနဲ့ နောက်တစ်ကြိမ် ထပ်မံစစ်ဖို့လိုပါတယ်၊ ဒါမှအခဲလေးတွေ မဖြစ်နေအောင်လို့ပါ။

✔️ Ready အနေအထားပြင်ဆင်ပြီးရင် Takoyaki ပြုလုပ်တဲ့အိုးထဲကို ထောပတ်ဆီ (သို့) ဆီ သုတ်ထားပြီး မုန့်နှစ်ထည့်ပါမယ်။ ရေဘဝဲ နဲ့ ဂျုံလုံးကြော်၊ ကြက်သွန်မြိတ်တို့ကိုလည်း ထည့်လိုက်ပါမယ်။

ပုံမှန်အပူချိန်နဲ့ (၅) မိနစ်ခန့်ထားပြီး ကျက်တဲ့အနေအထားရောက်ရင် (၂) ခြမ်းကိုပေါင်းပြီး လှည့်လှည့်ပေးလိုက်ပါမယ်။ နောက်ဆုံးမှာတော့ Sauce, Mayonnaise တို့နဲ့ လိုသလို တွဲဖက်စားသုံးနိုင်ပါပြီ 😋

အိမ်မှာပဲ သားသားမီးမီးတို့အတွက် Takoyaki ကိုအရသာရှိရှိလုပ်စားလို့ရပြီနော် 🥰

--------------------------------------------------------------------------

မွှေးကနေ မုန့်လင်မယားချစ်သူတွေအတွက် အိမ်မှာ ကိုယ်တိုင် မုန့်လင်မယားလုပ်စားလို့ရအောင် အလွယ်ကူဆုံးနည်းလမ်းလေးကို ပြောပြပေးသွားမှာပါ။

ပါဝင်ပစ္စည်းအနေနဲ့
မွှေးဆန်အစိမ်းမှုန့် ပန်းကန် ၁ လုံး
ရေ ပန်းကန် ၁ လုံးခွဲ
မွှေးဂျင်းမှုန့်
ကြက်သွန်မြိတ်အနည်းငယ်
စားတော်ပဲပြုတ်
ဆား၊ သကြား
နှမ်းထောင်း၊ ဆီ

ပြုလုပ်နည်းအနေနဲ့ ဆန်မှုန့်ကို အရည်ဖျော်ပါ။ ရေအကျဲအပျစ်ကို မိမိစိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဂျင်းကို အနည်းငယ်ခြစ်ပြီး အရည်ကို မှုန့်ရည်နှစ်ထဲ ညှစ်ထည့်ပါ။ ကြက်သွန်မြိတ်ကို ပါးပါးလေး လှီးထည့်ပါ။ ဆား၊ သကြား၊ အနည်းငယ်စီထည့်ပြီး အားလုံးကို သမအောင် မွှေပေးပါ။

ဆီကို ပန်းကန်လုံးဖြင့်ထည့်ပြီး ဆီစုတ်တံလေး ပြုလုပ်ထားပါ။ မုန့်လုပ်မည့်အိုးကို ဆီသုတ်ပါ။ မီးပူလာလျှင် မုန့်နှစ်ကိုထည့်ကာ ဖြည်းဖြည်းချင်း ကြော်လို့ရပါပြီ။ ပဲပြုတ်လေးထည့်ပြီး ဆီလေးနည်းနည်းဖြန်းပါ။ မုန့်သားကျက်ရင် မုန့်တစ်ခုနှင့် တစ်ခုထပ်အုပ်ပေးလိုက်ပါ။

ပြီးရင် နှမ်းလေးဖြူးပြီး စားသုံးလို့ရပါပြီ။


--------------------------------------------------------------------------

မြန်မာမုန့်ကြိုက်တဲ့ တို့မိသားစု မွှေးက ဆန်အစိမ်းမှုန့်လေးနဲ့ ပူပူနွေးနွေး မုန့်‌ဗိုင်းတောင့်လေး လုပ်စားမယ်ကွယ်။👩🏻‍🍳✨

မုန့်လုပ်နည်းကို မပြောပြခင် ပါဝင်ပစ္စည်းလေးတွေဖြစ်တဲ့
ပဲလွန်း - (၅) ကျပ်သား
မွှေးဆန်အစိမ်းမှုန့် - (၁၅၀) ဂရမ်
မွှေးကောက်ညှင်းမှုန့် - (၃၅) ဂရမ်
ရေ - (၁၇၀) မီလီ ဂရမ်
ဆား - အနည်းငယ်
ဆီ - ဇွန်းကြီး (၁) ဇွန်း
ပေါင်းအိုးအကန့် ပြင်ဆင်ထားရပါမယ်။
ပဲလွန်းကိုတော့ တစ်ညကြိုပြီး ရေစိမ်ထားလိုက်ပါနော်။

မုန်ဗိုင်းတောင့် လုပ်နည်း

မုန့်သားအတွက် မွှေးဆန်အစိမ်းမှုန့်၊ မွှေးကောက်ညှင်းမှုန့်၊ ဆားနှင့် ရေကို ထည့်ပြီး မကျစ်မမာလေးနယ်ပေးပါ။

ရလာတဲ့မုန့်သားကို (၁၀) မိနစ်လောက်ပြုတ်ကာ အအေးခံထားပြီး ဆီလေးနဲ့ နောက်တစ်ခေါက် ထပ်နယ်ပေးရပါမယ်။

မုန့်သားတစ်ဝက်ကိုတော့ အဖြူထည် ကျန်တစ်ဝက်ကို ပဲလွန်းနဲ့ ရောနယ်ပေးရမှာ ဖြစ်ပါတယ်နော်။

နောက်ဆုံးအနေနဲ့ မုန့်‌ဗိုင်းတောင့် ပုံစံလေးဖော်၊ ပဲဆီမွှေးမွှေးလေးကို သုတ်ပြီး မိနစ် (၃၀) ပေါင်းရုံပါပဲ။

ပေါင်းပြီးရင်တော့ အရမ်းလိုက်ဖက်တဲ့ နှမ်းထောင်းအုန်းသီးခြစ်လေးနဲ့ တွဲဖက်စားသုံးလို့ရပါပြီ။

ဒီလုပ်နည်းလေးအတိုင်း လုပ်စားပြီးသွားကြရင် လက်ရာလေးတွေလာကြွားကြဦးနော်။🤤🤤

--------------------------------------------------------------------------

အညာသူအညာသားတွေလည်း ကြိုက်တဲ့အပြင် မြို့ပေါ်မှာ လူတိုင်းကြိုက်ကြတဲ့ မုန့်ပြားသလပ်။ တစ်လုပ်စားလိုက်တာနဲ့ မွေးရပ်မြေ မြန်မာပြည်ရဲ့ ကျေးလက်အငွေ့အသက်လေးတွေကို တစ်ဝကြီးခံစားမိစေမယ့် မုန့်ပြားသလပ်။ မွှေးနဲ့အတူ လုပ်စားလိုက်ရအောင်။🥰🥰

📌 ပါဝင်ပစ္စည်းများ 📌

(၁) မွှေးဆန်မှုန့် အစိမ်းထုပ်
(၂) မုန့်ဖုတ်ဆိုဒါ
(၃) ရေ
(၄) ဆား
(၅) ကွကျဥ
(၆) ပဲပြုတ်
(၇) ကြက်သွန်မိတ်

📌 ပြုလုပ်နည်းအဆင့်ဆင့် 📌

(၁) မွှေးဆန်မှုန့်၊ မုန့်ဖုတ်ဆိုဒါအနည်းငယ်နဲ့ ဆားအည်းငယ်တို့ကို ရေအတော်အသင့်ထည့်ပြီး သမအောင်မွှေပေးပါ။

(၂) မုန့်ပြားသလပ်ထဲထည့်မည့် အဆာပလာတွေ ဖြစ်တဲ့ ပဲပြုတ်နဲ့ ကြက်သွန်မိတ်ကို ပါးပါးလှီးပြီး ရောထားပါ။ ကြက်ဥကိုလည်း ခေါက်ထားပါ။

(၃) မုန့်ပွလာအောင် ၄-၅ နာရီခန့်စောင့်ပြီးလျှင် ကြော်မည့် ဒယ်အိုးကို အပူပေးပါ။

(၄) ထို့နောက် ဒယ်အိုးကို ဆီသုတ်ပြီး မုန်နှစ်ထည့် အဆာပလာထည့်ပြီး အဖုံးပိတ်စောင့်လိုက်ရင်တော့ လူတိုင်းကြိုက် မုန့်ပြားသလပ်လေး သုံးဆောင်လို့ရပါပြီ။

(၅) နှမ်းထောင်းအတွက် နှမ်းရယ်၊ ဆားရယ်၊ ပဲဆီမွှေးနည်းနည်းရယ်ကို ကျေညက်အောင်ထောင်းပေးပြီး ပြင်ဆင်လို့ရပါတယ်။

မုန့်ပြားသလပ်လေးစားရင်း ကျေးလက်ဘက် မတော်တဆရောက်သွားရင် မွှေးကတော့ ပြန်လာမခေါ်ဘူးနော်။😝✌🏻

--------------------------------------------------------------------------

✨ မြန်မာမုန့်လို့ပြောလိုက်ရင် ဘာကို အရင်ဆုံးပြေးမြင်ကြလဲ။ 👀
မနက်စောစော တောင့်တတတ်တဲ့ ထောပတ်ဘိန်းမုန့် ပူပူလေးတစ်ချပ်ကိုတော့ ဘယ်သူမှ ငြင်းနိုင်လိမ့်မယ်မထင်ပါဘူး။ 🍕

🥧 မွှေးဆန်မှုန့်တစ်ထုပ်နဲ့တင် အားလုံးကြိုက်ကြတဲ့ ထောပတ်ဘိန်းမုန့်ချိုဆိမ့်လေးကို အိမ်မှာ လွယ်လွယ်လုပ်စားနိုင်တဲ့အကြောင်း ဘိန်းမုန့်ကြိုက်တဲ့မေမေတို့ကို လက်တို့လိုက်ပြီနော်..
ပါဝင်ပစ္စည်းတွေကတော့..

◻ မွှေးဆန်မှုနု့်တစ်ထုပ်
◻ ကြက်ဥတစ်လုံး
◻ ထောပတ်သုံးဇွန်း
◻ ထန်းလျက်ရည် လေးဇွန်း
◻ ရေနွေး ခွက်အသေး တစ်ဝက်
◻ ရှာလကာရည်နှစ်ဇွန်း
◻ ဆော်ဒါလက်ဖက်ရည်ဇွန်းတစ်ဝက်

👨‍🍳 အပေါ်ကဖြူးမယ့် အုန်းသီး၊ မြေပဲ၊ ဘိန်းစေ့တွေ အသင့်ပြင်ထားပါ။
ဇလုံတစ်ခုမှာ မွှေးဆန်မှုန့်၊ ဆော်ဒါ မှုန့်တို့ကို ဆားနည်းနည်းထည့်မွှေပါ။ 🥣
ရှာလကာရည်ထပ်ထည့်ပြီး သမအောင်မွှေရင်း ဆန်သားကို အချဥ်ဖောက်ပါမယ်။
🧉 သမပြီဆို ရေနွေးလေးနည်းနည်းရောမွှေပါ။ မုန့်သားတွေ အချဉ်ပေါက်လာပြီး အမြှုပ်ထွက်လာပါက မုန့်နှစ်ရပါပြီ။

🥣 ညောင်စေးကျအောင်ကျိုထားတဲ့ ထန်းလျက်ရည်ထဲ ကြက်ဥတစ်လုံးဖောက်ပြီး အချဥ်ဖောက်ထားတဲ့ မုန့်နှစ်ထဲထည့်မွှေပါ။
မီးအေးအေးထားပြီးတည်ထားတဲ့ မီးဖိုပေါ်မှာ မုန့်လုပ်မယ့်အိုး တင်ပါ။
🍛 မုန့်အိုးထဲ ထောပတ်တစ်ဇွန်းထည့်ပါ။ ထောပတ်တွေပူပြီး အရည်ပျော်လာရင် မုန့်နှစ်တစ်ဇွန်း ဇွန်းခွက်နဲ့ခပ်ပြီး မုန့်သားညီအောင်ဖြန့်ပါ။ 🍪
အဆင်သင့်ပြင်ထားတဲ့ ဘိန်းစေ့၊ မြေပဲ၊ အုန်းသီးဖက်တွေကို အပေါ်ကဖြူးပြီး မုန့်အိုးကို အဖုံးခနအုပ်ပါ။
မုန့်သားတွေကို ဟိုဘက်ဒီဘက်လှန်ပေးပါ။
👨‍🍳 မုန့်သားကျက်လာပြီဆိုရင်တော့ အနံ့နဲ့တင် သွားရည်ကျရလောက်မယ့် ထောပတ်ဘိန်းမုန့် ပူပူကြွပ်ကြွပ်လေး ရပါပြီ။ 🥧

👀 ထောပတ်ဘိန်းမုန့်လေး စားချင်တဲ့အချိန် အချိန်မရွေး လုပ်စားဖို့ဆို မွှေးဆန်မှုန့်ထုပ်လေး အမြဲဆောင်ထားမှ ဖြစ်မယ်နော်.. 🥧

✨ အိမ်ရှင်မတိုင်းဆောင်ထား မွှေးစားသောက်ကုန်များ ...


# မွှေးစားသောက်ကုန်လုပ်ငန်း
# ProductofMyanmar