✨တို့ဟူးကြော်ပူပူလေးလား
✨တို့ဟူးသုပ်ထွေးထွေးလေးလား
✨တို့ဟူးနွေးအိအိလေး လား 🤔
ဘယ်လို ပုံစံပဲဖြစ်ဖြစ် တို့ဟူးကြိုက်သူလေးတွေအတွက်ဆို လွယ်ကူ အဆင်ပြေစေဖို့အတွက် မွှေးကနေ
တို့ဟူးကြော် တို့ဟူးသုပ် အတွက်
'ရှယ်တို့ဟူးမှုန့်' နဲ့
တို့ဟူးနွေး အတွက်
'တို့ဟူးနွေးမှုန့်' ဆိုပြီး အမျိုးအစား (၂) မျိုး ထုတ်ထားပေးပါတယ်ရှင် 😍
အမှုန့်ထုတ်လေးတွေကို အိမ်မှာအမြဲဆောင်ထားပြီး ဘယ်ချိန်ဖြစ်ဖြစ် အလွယ်တကူ လုပ်စားလို့ရတာကြောင့် အရသာလည်းရှိ အာဟာရလည်းပြည့်စေမှာ အသေအချာပါပဲရှင်။🥰
--------------------------------------------------------
"အသည်းထိအောင် နွေးထွေးစေမယ့်
ရှမ်းတို့ဟူးနွှေး" 🥰
ရှမ်းအစားအစာကောင်းကောင်းလေးကို ကိုယ်တိုင်လုပ်စားချင်သူတွေအတွက်~
ရှမ်းမလေးကိုယ်တိုင် ပူပူနွေးနွေးချက်ကျွေးနေသလို ခံစားရစေဖို့မွှေးတို့ဟူးနွေးလေးရှိရုံနဲ့အဆင်ပြေစေပါတယ်နော်။💁🏻♀️
✔️ တို့ဟူးနွေးအမှုန့် ( 150)gကို အမှုန့်တစ်ဆ ရေတစ်ဆနဲ့ ရောပြီး ဆား၊ နနွင်းမှုန့်၊ သကြားအနည်းငယ်ထည့်ဖျော်ပေးပါ။
✔️အရင်ဆုံး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်တို့ကို ညက်အောင်ထောင်းထားရပါမယ်။
✔️ဆီပူပူထဲမှာ မိမိကြိုက်နှစ်သက်ရာ အသား/ ငါး (သို့) သတ်သတ်လွတ်အသားတုတွေထည့်ပြီး ခုန ထောင်းထားတဲ့ ကြက်သွန်အဖြူ၊ အနီ၊ ငရုတ်သီးတို့နဲ့အတူ ဆီသတ်ပါ။
✔️အိုးထဲကို ရေ (1) Literထည့်ပြီး ဆူအောင်တည်ပေးပါ။
✔️ဆူလာရင် မီးအရှိန်လျှော့ပြီးဖျော်ထားတဲ့ တို့ဟူးနွေးအရည်ကို ပဲစိမ်းနံ့ပျောက်တဲ့အထိ အဆက်မပြတ်မွှေပြီး ကြိုပေးပါ။
✔️မပျစ်မကျဲအနေအထားရတဲ့အခါ မီးနွေးနွေးဖြင့် တည်ပြီးမွှေပေးပါ။
✔️ပြုတ်ထားတဲ့ ဆန်စီးခေါက်ဆွဲပေါ် တို့ဟူးနွေးလေးလောင်းထည့်ပေးပါ။
✔️နံနံပင်၊ ကြက်သွန်မြိတ်၊ မြေပဲလှော် ထောင်းထားပြီး နှမ်း၊ ပဲငံပြာရည်အကြည်၊ ကြာညို့နဲ့ ဆီသတ်ထားတဲ့ဟင်းအနှစ်တို့ကို ထည့်ပြီး သုံးဆောင်လို့ရပါပြီရှင်။
မနက် ရုံး၊ ကျောင်းမသွားခင်၊ အလုပ်မသွားခင် လုပ်စားလို့ အဆင်ပြေအောင် ညတည်းက အနှစ်ချက်ထားပြီး မနက်မှ မွှေးတို့ဟူးနွေးအမှုန့်ထုပ် ၁၅၀ ဂရမ်အထုပ်ကို ကျို ၊ ဆန်စီးကိုပြုတ်ပြီးတော့ အလွယ်တကူစားလို့ရပါပြီ။
# မွှေးစားသောက်ကုန်လုပ်ငန်း
# ProductofMyanmar