ပုန်းရည်ကြီးလေးတစ်ဗူးနှင့် မြန်မာ့ရိုးရာဟင်းလျာတွေအဖြစ် အရသာရှိအောင် ပုံစံအမျိုးမျိုးနှင့် ချက်ပြုတ်စားသောက်လို့ရပြီနော်
🏵 ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ငရုတ်သီး အလှော်မှုန့်၊ ဆီ၊ ဆား စတာတွေနဲ့ ရောသုပ်ရင် ထမင်းမြိန်သလို
🏵 ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးကို ဆီသတ်ပြီး ထည့်ကြော်စားရင်လည်း အရသာရှိပြီး ထမင်းမြိန်စေတဲ့ အညာ အရသာ စစ်စစ် ပုန်းရည်ကြီးကို ကြိုက်ကြလား။
🏵 သတ်သက်လွတ်ပဲ စားစား၊
🏵 ကြိုက်နှစ်သက်ရာ ဝက်သား၊ ကြက်သား၊ ကြက်ဥ၊ ဘဲဥ စတာတွေနဲ့ပဲ ရောချက်ချက်
🏵 ကိုရီးယားတွေလို ခေါက်ဆွဲလေးနဲ့ပဲ သုတ်သုတ်
ခံတွင်းတွေ့စေတဲ့ ပုန်းရည်ကြီးလေးက ထမင်းမြိန်စေတာအပြင် ကျန်းမာရေးအတွက် အကျိုးပြု သလို အာဟာရလည်း ဖြည့်ပေးပါသေးတယ်။
🍲 ခပ်ညိုညိုလေးနဲ့ အရသာရှိတဲ့ ပုန်းရည်ကြီးမှာ
✅ ပရိုတင်း
✅ ကယ်လ်လိုရီ
✅ အဆီ
✅ ဆိုဒီယမ်
✅ ကာဗိုဟိုက်ဒရိတ်
✅ အမျှင်ဓာတ်
✅ သကြားဓာတ်
✅ ကယ်လ်ဆီယမ်
✅ သံဓာတ် စတာတွေ ပါဝင်နေပါတယ်။
အခုလိုအဟာရဓာတ်တွေပါဝင်နေတဲ့ ပဲပိစပ်စစ်စစ်နှင့်ပြုလုပ်ထားတဲ့ ပုန်းရည်ကြီးလေးကို ကလေးသူပုန်းရည်ကြီးမှာ မှာယူလို့ရပါပြီရှင့်
ပုန်းရည်ကြီးကို
🏵 ကြက်သွန်၊ ငြုပ်သီးစိမ်းလေးနဲ့ သုတ်မလား
🏵 ဝက်သားနှင့်ချက်မလား
🏵 ဘဲဥလေးနှင့်ချက်မလား
🏵 ထမင်းနှင့်သုတ်စားမလား
🏵 ခေါက်ဆွဲနှင့်သုတ်စားမလား
ကြိုက်သလိုစား ဟင်းတစ်ခွက်ဖြစ်မှာတော့အသေအချာပါပဲရှင့်
🍛 ပုန်းရည်ကြီးရဲ့ အနံ့၊ အရသာ၊ လတ်ဆတ်မှု၊သဘာဝအရသာလေး လေးနက်ပေါ်လွင်နေအောင် ပဲပိစပ်စစ်စစ်ကို ဆားတစ်မျိုးတည်းနှင့်သာ ကျိုချက်ထားပါတယ်
❌ တာရှည်ခံဆေး နဲ့ဓာတုဆေးဝါးလုံးဝမပါဝင်ပဲ စားဖူးသူတိုင်းကကြိုက်ကြလို့ ကလေးသူပုန်းရည်ကြီးလေးကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်ရှင်။
🔷 သဘာဝအပူချိန်အတိုင်း ကြာရှည်အထားခံတာမို့ အသီးအရွက်၊ အသားငါးတွေလို ရေခဲသေတာထဲလဲ အထူးသိမ်းဆည်းနေစရာမလိုပါဘူးနော်။
🔷 ဘယ်နှစ်လအထိထားချင်လဲ?
မှိုတက် အရသာပျက်သွားမှာမဟုတ်လို့စိတ်မပူပါနဲ့ရှင်။
🔷 ကိုယ့်မိသားစုစားဖို့အတွက်လား...။
ချစ်ရတဲ့သူငယ်ချင်းမိတ်ဆွေတွေကို အညာလက်ဆောင်ပေးချင်လို့လား...။
ပုန်းရည်ကြီးဗူး (320g)
ပုန်းရည်ကြီးဗူး (250g)
ပုန်းရည်ကြီးထုတ် (250g)
ပုန်းရည်ကြီးကြော် အဆိမ့်ထုတ် (50g)
ပုန်းရည်ကြီးကြော် အစပ်ထုတ် (50g)
စားသောက်ကုန်လိုင်စင်၊ဓာတ်ခွဲခန်းအဖြေတို့ကို ရရှိပြီးပြီဖြစ်လို့ကလေးသူရဲ့ ပုန်းရည်ကြီးကို ယုံကြည်စိတ်ချစွာစားသုံးလို့ရပါတယ်ရှင့်
# ကလေးသူ_မြန်မာ့စားသောက်ဖွယ်စုံ
# ProductofMyanmar
-------------------------------------------
`` ကိုရီးယား ပဲခေါက်ဆွဲ လုပ်နည်း နှင့်
.....................................................
ပုန်းရည်ကြီး ဖြင့် ပဲခေါက်ဆွဲ ကြော်နည်း
ပါ၀င်သောပစ္စည်း
၀က်သား - အနည်းငယ်
ပုန်းရည်ကြီး - တစ်ထုတ်
ဆီ - စားပွဲတင်ဇွန်း ၄ဇွန်း
သကြား - စားပွဲတင်ဇွန်း ၂ဇွန်း
ခရုဆီ - စားပွဲတင်ဇွန်း ၁ဇွန်း
ပြောင်းဖူးဖလာမှုန့် - စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်နီ - ၂လုံး
Zucchini - ၁လုံး
အာလူး - ၂လုံး
ဂျပန်သခွားသီး - အနည်းငယ်
ရေ - အနည်းငယ်
ပဲခေါက်ဆွဲ ပြုလုပ်နည်း
ပထမဆုံး ဒယ်အိုးထဲကိုဆီထည့်ပါ။ ကြက်သွန်နီတစ်လုံးကို ပါးပါးလှီးပြီး ကြက်သွန်နီ နီရဲပြီးကျွမ်းသွားတဲ့ အထိဆီသတ်ပေးပါ (အနံ့ပဲယူတာဖြစ်ပါတယ်)။ ကြက်သွန်နီအဖတ်များကို ဆယ်ထုတ်ပြီးလွင့်ပစ်လိုက်ပါ။ ပြီးနောက် ဆီထဲကို ကိုရီးယားပဲအမဲရောင်အနှစ် စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပြီး မီးအေးအေးနဲ့ နှံ့အောင်မွှေပေးပါ။ ပြီးရင်တော့ အိုးထဲက ဆီတွေကိုဇွန်းနဲ့အသာခပ်ထုတ်ပြီး ပန်းကန်လုံးတစ်ခုထဲ ထည့်ထားပါ။ အဲဒီနောက် ဒယ်အိုးထဲကို ပဲအနှစ်ထဲပြီး သကြားစားပွဲတင်ဇွန်း ၂ဇွန်းထည့် နှံ့အောင်မွှေပေးပြီး မီးပိတ်ထားပေးပါ။ ၀ကျသားကိုလဲ သေးသေးလေးတွေတုံးပြီး ဖယ်ထားတဲ့ဆီကြာ်ပါ။ ဆီနည်းလျှင် ဆီထပ်ထည့်ပြီးကြော်ပေးပါ။ အသားနူးသွားပါက ပါ၀င်တဲ့ပစ္စည်းတွေဖြစ်တဲ့ (ကြက်သွန်နီ၊ Zucchini၊ အာလူး) တို့ကို အတုံးသေးလေးတွေတုံးပြီး အသားနဲ့ရောနယ်ပါ။ ခရုဆီ စားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ ပြီးနောက် ပြောင်းဖူးဖလာမှုန့် (ပြောင်းဖူးပုံပါတဲ့ အကြော်မှုန့်) မရှိပါက အခြားဂျုံမှုန့် ၂ဇွန်းကို ရေ ၃ ဇွန်းဖြင့် ဖျော်ပြီးထည့်ပေးပါ။ နောက်ဆုံးမှာ ဆီသတ်ထားတဲ့ ကိုရီးယားပဲအနှစ်ကို ရောထည့်ပြီးမွှေပေးပါ။ ရေအနည်းငယ်ထည့်ပြီး အရသာမြည်းကြည့်လို့ အာလူးနဲ့အသီးအနှံများနူးတာနဲ့ ပြုတ်ထားတဲ့ခေါက်ဆွဲပေါ်ကိုလောင်းထည့်ပြီး အသင့်စားသုံးနိုင်ပြီ ဖြစ်ပါတယ်။
ခေါက်ဆွဲကို မိမိကြိုက်နှစ်သက်တဲ့ ခေါက်ဆွဲအသုံးပြုနိုင်သလို ၀က်သားအစား ကြက်သား သုံးလို့ရသလို အသားမပါဘဲ သတ်သတ်လွတ်လုပ်စားသုံးလို့လည်းရပါတယ်။
ပုန်းရည်ကြီး ဖြင့် ပဲခေါက်ဆွဲ ကြော်နည်း
--------------------------------------------------------------
ပါဝင်ပစ္စည်းများ (၄ပွဲစာ)
- ပုန်းရည်ကြီး ၄ထုပ်
- ကြက်သား သို့ ဝက်သား ၁၀သားခန့်
(အတုံးသေးသေးလှီးထားပါ)
- ဂေါ်ဖီတစ်စိတ် (ထူထူလှီးထားပါ)
- မုန်လာဥနီ ဥကြီးတစ်ဥ
(အတုံးသေးသေးလှီးထားပါ)
- ရွှေပဲသီး ၇တောင့်ခန့် (အရွယ်တော် ဖြတ်ထားပါ)
- ကြက်သွန်နီ တစ်ဥ (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၃တက် (နုပ်နုပ်စဉ်းထားပါ)
- သကြား ထမင်းစားဇွန်း ၃ဇွန်း
- ကြက်သားမှုန့် ၂ဇွန်း
- ခရုဆီ ၂ဇွန်း
- ကော်မှုန့်အနည်းငယ်
- ငရုတ်ကောင်းမှုန့် အနည်းငယ်
- တရုပ်မဆလာ လက်ဖက်စားဇွန်း ၂ဇွန်း
- ရွှေမျှား ခေါက်ဆွဲ တစ်ထုပ် (သို့)
လက်ကီးခေါက်ဆွဲ ၄ထုပ်
ပြုလုပ်နည်း
- ခေါက်ဆွဲများကိုရေဆူဆူတွင် ထည့်ပြုတ်ထားပါ (၅မိနစ်ခန့်)
- နူးလျှင် ရေခဲရေဖြင့် ဆေးချပါ (ရေအေးဖြင့်မဆေးပါက ခေါက်ဆွဲများ ကပ်ထွေးသွားတတ်သည်)
- ပြီးလျှင်ရေစစ်ထားပါ။
- ထို့နောက် ဆီပူထဲသို့ သကြားအရင်ထည့်ရ၍ဆီသတ်ပါ ညိုလာလျှင် ကြက်သွန် နီ/ဖြူ ထည့်၍ဆီသတ်ပါ။
- နွမ်းသွားလျှင် အသားများကိုထည့်ပါ
ခရုဆီ ထည့်ပါ
တရုတ်မဆလာ ထည့်ပါ
ကြက်သားမှုန့်ထည့်ပါ
- အသားများနူးအောင် ရေအနည်းငယ်ထည့်၍တည်ထားပေးပါ
- အသားများနူးသွားလျှင် ပုန်းရည်ကြီးများဖောက်ထည့်၍ သမအောင်မွှေပေးပါ
- သမသွားလျှင် ဂေါ်ဖီ၊ပဲသီး၊မုန်လာဥနီ ထည့်ပြီး မွှေပေးပါ
- ပြီးနောက် ခေါက်ဆွဲများ ထည့်လိုက်ပါ
- သမအောင် ခပ်ဖွဖွမွှေပြီးနောက် ကော်မှုန့်ကို ရေအနည်းငယ်ဖြင့်ဖျော်၍ထည့်ပေးပါ
- ခပ်စေးစေးလေး ဖြစ်လာလျှင် ပန်းကန်ထဲသို့ လှဲ ထည့်၍ ငရုတ်ကောင်းအနည်းငယ်ဖြူးကာ သုံးဆောင်နိုင်ပြီရှင်။
ပုန်းရည်ကြီး ထမင်းကြော်
--------------------------------------------------------------
ပုန်းရည်ကြီး ချစ်သူတွေအတွက် ထမင်းကြော်နည်း တမျိုးပါ။
ပုန်းရည်ကြီး ထမင်းကြော်ကို ကြက်သားကြော်၊ ပုဇွန်ခြောက်၊ ကြက်သွန်နီ၊ ကြက်ဥကြော်၊ ငရုတ်သီးစိမ်းတို့နှင့် တွဲဖက် သုံးဆောင်ရမှာပါ။
အရသာ ပုန်းရည်ကြီး အရသာ ခါးသက်သက်နဲ့ ချဉ် စပ်အရသာလေးပါ။
ပါ၀င်ပစ္စည်းများ
ချက်ပြီသား ထမင်း – ၂လုံး
ပုန်းရည်ကြီး – ၁ထုပ်
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
သကြား – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ပဲငံပြာရည်(အကြည်) – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
တွဲဖက် ပါ၀င်ပစ္စည်းများ
ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၃ဇွန်းစာ
ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
သံပရာသီး – ၁လုံး ( ပါးပါးလှီးပါ)
ကြက်ဥ – ၂လုံး (ခလောက်ပြီ အပြားကြော်ပြီ ပါးပါးလှီးပါ)
ငရုတ်သီးစိမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
နံနံပင် – အနည်းငယ်
ကြက်ရင်ဗုံသား – ၁ခု (အတုံးသေးတုံးပေးပြီ ဆားနည်းကာ အညှိရောင်သန်းသည်အထိ ကြော်ပေးထားပါ) (သို့) ၀က်ဆီဖတ်ကြော်
ထမင်းကြော်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ပုန်းရည်ကြီးကို ထည့်ပြီ ၁မိနစ်ခန့်မွှေပေးပါ။
၂။ ပြီလျှင် ထမင်းထည့်ပြီ ပုန်းရည်ကြီးနဲ့ ထမင်းများကို ရောမွှေလိုက်ပါ။
၃။ ထို့နောက် အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား နှင့် ပဲငံပြာရည်တို့ကို ထည့်ပေးပါ။
၄။ ပြီလျှင် ပန်းကန်လုံး ထဲသို့ ပုန်းရည်ကြီး ထမင်းကြော်များကို ထည့်ပြီ ပန်းကန်ပြားတစ်ခုထဲသို့ မှောက်ထည့်လိုက်ပါ။
၅။ ပြီမှ ပုန်းရည်ကြီး ထမင်းကြော် ဘေးတွင် တွဲဖက်ပါ၀င်ပစ္စည်းများ ဖြစ်သော (ပုဇွန်ခြောက်၊ ကြက်သားကြော်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ သံပရာသီး၊ ကြက်ဥကြော်၊ နံနံပင် ငရုတ်သီးစိမ်း) တို့ကို စီပေးထားပါ။
၆။ ထို့နောက် အားလုံးကို ရောမွှေလိုက်ပြီ အပေါ်မှ သံပရာသီးလေး ညှစ်ပြီ အရသာရှိစွာ ပုန်းရည်ကြီး ထမင်းကြော်ကို သုံးဆောင်နိုင်ပါပြီ။