😏 အားသာချက်က အဆီဓာတ်အလွန်နည်းတယ်
ရွှေဗိုက်က ဆာနေလည်း ဝမှာစိုးလို့ စိတ်ကိုအလိုမလိုက်ရဲဘူး ဖြစ်နေလား 😒
🌽 အဆီဓာတ်အလွန်နည်းတဲ့ ချင်းဒေသထွက် စစ်စစ် တောင်ယာပြောင်းကို အခြေခံထားတဲ့ ဆာဗူးသီး အသင့်ထုတ်လေးရှိတယ်နော်။
🥘 ကြိုက်တဲ့ အသားပြုတ် /ကြော်နဲ့ တွဲစား ။
🌶 ငရုတ်သီး စပ်ပြဲလန်ထောင်းနဲ့ တစ်ဝတီးမယ် 😍 အစားငတ်ခံ ဝိတ်ချစရာမလိုတော့ဘူးပေါ့
🍜 ချင်းရိုးရာ ဆာဗူးသီးပြောင်းဆန်ချက်ပြုတ်နည်း
လေးက ဒီလိုပါ 💁
1) ပြောင်းဆန်ကို မချက်ခင် တစ်ည (8 နာရီခန့်) ရေကြိုတင်စိမ်ပါ။
2) သန့်စင်စွာ ဆေးကြောထားသော ပြောင်းဆန်နှင့် နှစ်သက်ရာ ကြက်၊ ဝက်၊ အမဲ၊ ဆိတ် အသား/ အူ / ကလီဆာ / အရိုးများကို ဆား ငံပြာရည်အနည်းငယ်ထည့်၍ ဆန် နှင့် အသားများနူးအိလာသည်ထိ ပြုတ်ပါ။
-ပုံမှန်ကြာချိန် 2နာရီ 45 မိနစ် ခန့်
-ထမင်းအိုး (Rice cooker) ဖြင့် 1နာရီ 45 min
-ဟင်းပေါင်းအိုး (Pressure cooker) အသုံးပြုပါက အချိန် 45 မိနစ် ခန့် ပေါင်းပါ။
3) ဟင်းခတ်အမွှေးအကြိုင် နှစ်သက်ပါက အသား/ အူ / ကလီဆာ/ အရိုးများကို ဆား (သို့ ) အရသာမှုန့် ဖြင့် သမအောင်နယ်ပြီး ဂျင်း၊ ကြက်သွန် ဖြူ၊ နီ များဖြင့် ဆီသတ်၍သီးသန့်ပြုတ်နိုင်ပါသည်။
🌽🥗 ဆာဗူးသီးနှင့် တွဲဖက်စားရန် အရံဟင်း
🥗 အူသုတ် (သို့) အသားသုတ်
ပြုတ်ထားပြီး အူ (သို့)အသားကို ဂေါ်ဖီ၊ နံနံ၊ သံပုရာရည်၊ ငရုတ်သီးသုတ်နှင့် ရောနယ်ပြီး အရံဟင်းတစ်ပွဲအဖြစ်ပြင်ဆင်နိုင်ပါသည်။
🌶 ချင်းငရုတ်သီးသုတ်
-ချင်းငရုတ်သီးကို (ဆီအနည်းငယ်ဖြင့်) လှော်ပါ။
-ငရုတ်သီးလှော်တောင့်များကို ထောင်း၍ ဆီ၊ ရေ၊ ဆား၊ ကြက်သွန်နီ၊ သံပုရာရည်ညှစ်၍ သုတ်ပါ။
အစပ်ကြိုက်သူများ ဆာဗူးသီးပြုတ်ထဲထည့်မွှေ စားသောက်ရန်ဖြစ်ပါသည်။
🥓 အသားပြုတ်ကြော်
ပြုတ်ရည်မှ ဆယ်ယူထားသော အသားတုံးများကို ဆီပူပူဖြင့်ပြန်ကြော်ပြီး ကြက်ကြော်၊ ဝက်ကြော် ၊ အမဲကြော်အဖြစ် တွဲဖက် စားသုံးနိုင်ပါသည်။
မှတ်ချက်။ ပြောင်းဆန် 250 g ခန့် (နို့ဆီ ၁ဗူး) ကို ၄/၅ ယောက် အဝ စားနိုင်ပါသည်။
လေစုပ်အိတ်နှင့် စနစ်တကျထုတ်ပိုးထားတာမို့
တပြည်တရွာပါးချင်လည်း အလွယ်တကူနော်။
အစားအစာ အထုပ်ငယ်များကို တကြိမ်ဖွင့် လှစ် အသုံးပြုပြီးပါက လေလုံဗူးများ၊ ပုလင်းများ အတွင်းထည့်ထားခြင်းဖြင့် ဆန်ပိုးတက်ခြင်းမှ ကာကွယ်နိုင်ပြီး ကြာရှည်စွာ အသုံးပြုနိုင်ပါတယ်ရှင့်။
# ဆာဗူးသီး_ချင်းရိုးရာ အစားအစာ
# ဝေးဝေးကြီးကဒေသစာတွေကို နီးနီးလေးမှာထား
ပြီးစားရအောင်
# ProductofMyanmar