#ဖောင်တိန်
အင်း/စမ များစီရင်ရေးဆွဲရန် အတွက် မှင်အိုးနှင့် မှင်ဖြည့်သုံးနိုင်သော converter ပါ၀င်သည့် ဖောင်တိန်ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များ-
--------------------------------------
ဖောင်တိန်ထိပ်ဖျား ၀.၅ မီလီမီတာရှိပါတယ်။
၀.၅ မီလီမီတာ ထိပ်ဖျားဟာ မိုင်းကိုင်စက္ကူ အထူး အပါး နှစ်မျိုးစလုံးပေါ်တွင် ရေးဆွဲသည့်အခါ အသင့်တော်ဆုံးဖြစ်ပြီး မှင်ပြန့်ခြင်းကို ထိမ်းကွပ်ပေးနိုင်ပါတယ်။ ဒါအပြင် ကြေးထိပ်ခေါင်းဖြစ်တာကြောင့် သံချေးတက်မှာလည်း မပူရပါဘူး။
အနည်းငယ်လုံး၀န်းသော ဘောပင်ထိပ်ဖူးဖြစ်သည့်အတွက် မိုင်းကိုင်စက္ကူ ပေါ်တွင်ရေးဆွဲရာတွင် စက္ကူပေါက်ပြဲမှုဖြစ်ခြင်း အလွန်နည်းစေမှာဖြစ်ပါတယ်။
ဖောင်တိန် အပြင်ဖက်အခွံကို သတ္တုဖြင့်ပြုလုပ်ထားတာကြောင့် မတော်တဆ ဖိမိလို့ ကျိုးမှာလည်း မပူရတော့ပါဘူး။
ရွှေရောင်
ငွေရောင်
အမဲရောင် သုံးမျိုး ရှိပါတယ်ဗျ
မြတ် - လောကီအစီအရင်များ