SHWE Sandalwood ရဲ့
ကြပ်ထုပ်လေးတွေ ရောက်ပါပီရှင်။
နံ့သာငါးပါး အမှုန့်တွေကို ထိုင်း နန်းတွင်းနည်း ဆေးဖက်ဝင် အပင် (၅) မျိုးအပြင် တခြားပါဝင်ပစ္စည်းလေးတွေနဲ့ ထုတ်ထားပါတယ်။
"နံ့သာ ငါးပါး ကြပ်ထုတ်" လို့ ခေါ်လို့ရပါတယ်။
နံ့သာ ငါးပါး အမှုန်အစတွေအပြင် ဘာတွေပါသေးလဲဆိုရင်
Bai Nad, Khontiso, Wan Nam, Yellow Phlai,
Thai Copper Pod (falk medicine of thailand)
Kaffir Lime Leaf, White Tumeric, Black Tumeric, Yellow Tumeric, Sea Salt and Sandalwood oil
ပါဝင်ပစ္စည်း အစုံအလင်နဲ့ နံ့သာရနံ့တွေထက် ဆေးနံ့ဖက်ကို ပိုသွားပါတယ်။
ဝယ်သူတွေကို အကောင်းဆုံး ဆိုတာတွေပဲ
ပေးချင်တဲ့အတွက် ချည်ပိတ်စအစစ်
(100% unbleached cotton) နဲ့
သေသေသပ်သပ်ထုတ်ပိုးထားတာမို့
အရောင်လုံးဝမကျ လုံးဝမစွန်းထင်စေဘူးနော်
အရောင်ကွာတာ ဘာကွာလဲဆို
ပန်းတစ်မျိုးစီ ထပ်ထည့် ထားသေးတာ ကွာတာပါ။
နာကျင်နေတဲ့ ကြွက်သားတွေနဲ့ နဖူး၊ ဇက်၊ မျက်ရိုးတွေကို နှိပ်နယ်ပေးတဲ့ နေရာမှာ အသုံးပြုနိုင်ပါတယ်။ အဆစ်အမြစ်နာတာ၊ ယောင်တာတွေ၊ လက်ပြင်ကြောညပ်တာတွေအပြင် မျက်ရိုးကိုက်၊ ဇက်ကျောတက်၊ ကျီးပေါင်း အတွက်ပါ ချက်ချင်းအကြောပြေ အခိုးတွေပွင့်ထွက်သွားစေပါတယ်။
ဒါလေးက ၂/၃ ခါ သုံးလို့ရတယ်။
သုံးခါနီး ဒီကြပ်ထုတ်လေးကို
microwave ထဲ ထည့်ပြီးဖြစ်စေ၊
ရေနွေးပူပူ ပက်ဖြန်းပြီးဖြစ်စေ
အပူပေးပြီး နာတဲ့၊ ယောင်တဲ့၊ အကြောတက်တဲ့ နေရာတွေကို ပုံမှန် ကြပ်ထုပ် ထိုးသလို ဖွဖွလေး လက်ယာရစ်ဖိပြီး နှိပ်နယ်ပေးပါ။
တစ်ကြိမ် သုံးပြီးရင် အထုတ်ကိုဖြေ အမှုန့်တွေကို
ဖြန့်ပီးအခြောက်ခံရပါတယ်။ စိုထိုင်းတဲ့ရနံ့ မကျန်အောင်၊ ပင်ကိုယ်ရနံ့ မပျောက်အောင် သန့်ရှင်းတဲ့နေရာမှာ အခြောက်ခံရပါတယ်။
အခြောက်ခံပီး ရေခဲသေတ္တာထဲထည့်သိမ်းလို့ရသလို အခန်းအတွင်း သာမာန်အပူချိန်မှာလည်း
သိမ်းဆည်းနိုင်ပါတယ်။
Refill အဖြစ်ထပ်ထည့်သုံးဖို့ နံ့သာအမှုန့် အလတ်တစ်ထုတ်ပါ လက်ဆောင်ထည့်ပေးပါမယ်ရှင့်။
မိတ်ဟောင်း၊ မိတ်သစ်များ စိတ်ချမ်းသာခြင်း
ကိုယ်ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေ။
ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
အတွေးအကြံသစ် စိတ်ကူးသစ်များ ရရှိနိုင်ကြပါစေ။
လုပ်ကိုင်ကြံစည်သမျှအောင်မြင်ကြပါစေ။
ခိုင်မာကြပါစေ လို့ SHWE Sandalwood မှ
ဆုတောင်းမေတ္တာပို့ပါတယ်ရှင်။
# Shwe Sandalwood_သဘာဝ နံ့သာထုတ်ကုန်
# ProductofMyanmar