ကိုယ်တွေထက်မြင့်တဲ့ ဘုံလောကကိုပဲဖြစ်ဖြစ်
ကိုယ်တွေထက်နိမ့်တဲ့ ဘုံလောကကိုပဲဖြစ်ဖြစ်
မမြင်ရတဲ့ ဘုံလောကတွေနဲ့ ဆက်သွယ်နိုင်ဖို့
စကြာဝဠာထဲထိရောက်နိုင်တာ အငွေ့တွေပဲ ရှိတယ်။
ဘုရားရှင်ကို ရည်မှန်းပြီး
နံ့သာဖြူ ရနံ့လေးတွေနဲ့ ပူဇော်ချင်တယ်ဆိုရင်
နံ့သာရနံ့တွေကို နတ်ကောင်းနတ်မြတ်တွေကလဲ နှစ်သက်တာကြောင့် မိမိရဲ့ အိမ်၊ ခြံ နဲ့ ဆိုင်ခန်းတို့မှာထွန်းညှိပေးခြင်းဖြင့် လာဘ်လာများကိုတိုးပွါးစေ
ပြီး မကောင်းတဲ့ အခိုက်အညံ့များကို ဖယ်ရှားပေးစေချင်တယ်ဆိုရင်
SHWE Sandalwood ရဲ့ နံ့သာစေတီခဲလေးတွေနဲ့ပူဇော်နိုင်ပါတယ်ရှင်။
ဘုရားကိုပူဇော်ဖို့အတွက်
💛 နံ့သာဖြူ သဘာဝ အမှုန့်
❤ အိန္ဒိယ နံ့သာနီ သဘာဝ အမှုန့်
တို့နဲ့ ပြုလုပ်ထားတဲ့ စေတီခဲလေးတွေဖြစ်ပါတယ်ရှင်။
နံ့သာအစစ်အမှန်နဲ့ ပြုလုပ်ထားတဲ့ သဘာဝစေတီခဲလေးတွေဆိုတာ ထွန်းညှိကြည့်လိုက်တာနဲ့အနံ့က သိသာပါတယ်နော်။
တစ်ခဲထွန်းညှိရုံနဲ့ တစ်အိမ်လုံးမွှေးပျံ့နေတဲ့ ရနံ့ကြောင့်စိတ်ကို ကြည်လင်စေပါတယ်။
🙏🏻မြတ်စွာဘုရားကို သက်ရှိထင်ရှား
ဖူးမျှော်နေရသလို ဘုရားဝတ်ပြုမယ်ဆိုရင်
ဘုရားဝတ်မပြုမှီ တစ်ကိုယ်ရေ သန့်ရှင်းအောင် ရေချိုးသန့်စင်ခြင်း၊ နံ့သာ ဒါမှမဟုတ် အမွှေးနံသာတို့ကို လိမ်းကျံခြင်း၊ ဆီမီး၊ နံ့သာ တို့ကို ထွန်းညှိ ပူဇော်ခြင်းဖြင့် နတ် များနဲ့ မမြင်ရတဲ့ ပုဂ္ဂိုလ်တို့ကို
တရားနာကြွရောက်ရန် ဖိတ်ခေါ်ရာမှာ ထူးခြားမှုတွေရရှိစေပါတယ်။
🙏🏻နတ်ကောင်းနတ်မြတ်၊ ပုဂ္ဂိုလ်ထူးများနဲ့
အစောင့်အရှောက်ကောင်းများ တို့သည်လဲ
သန့်ရှင်းသောနေရာမွှေးပျံ့သောနေရာတို့မှာသာ နေနိုင်ကြပါတယ်။
မိမိကိုယ်ကိုယ် သန့်ရှင်း မွှေးပျံ့အောင်နေထိုင်ခြင်း
မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်းမွှေးပျံ့နေစေခြင်းတို့ကလဲ ဘုန်းကံကြီးစေတဲ့ လုပ်ကိုင်ကြံစည်သမျှ အောင်မြင်စေတဲ့ အကျိုးထူးများကို သိသိသာသာခံစားရစေပါတယ်။🙏🏻
🗼နံ့သာစေတီခဲ🗼 လို့ ဘာကြောင့် နာမည်ပေးခဲ့တာလဲဆိုရင် ဘုရားဝတ်ပြုတဲ့အခါ ရင်ထဲမှာ စေတီ တည်ရသလို သဒ္ဓါစိတ်နဲ့ ကုသိုလ်ပြုရအောင်ပါနော်။🙏🏻
အဲဒါကြောင့်လည်း ဒီနံ့သာခဲလေးတွေကို
နာမည်နဲ့လိုက်ဖက်ပြီး စေတီပုံစံနဲ့တူအောင်
သေသေသပ်သပ် ညီညီညာညာလေးဖြစ်အောင်
handmade ပြုလုပ်ထားတာပေါ့ရှင်။
ဖုထစ်၊ စောင်းရွဲ့ ပုံပျက်နေတာမျိုးတွေ မပါအောင် ကျွမ်းကျင်တဲ့ သူများနဲ့သာ ပြုလုပ်ခိုင်းတဲ့
တန်ဖိုးထားရတဲ့ စေတီပုံစံ နံ့သာခဲလေးတွေဖြစ်ပါတယ်။
🙏🏻မြတ်စွာဘုရားကို သဘာဝအတိုင်း ပြုလုပ်ထားတဲ့ နံ့သာအမွှေးတို့ဖြင့် ကပ်လှူပူဇော်ရတဲ့ အကျိုးကြောင့်
🔸စိတ်ချမ်းမြေ့ကြည်နူးရခြင်း
🔸နံ့သာရနံ့ကဲ့သို့ မွှေးပျံ့သော
ဂုဏ်သတင်းကျောဇော်ခြင်း
🔸ဘေးရန်များ ကင်းကွာစေခြင်း
🔸စီးပွါးလာဘ်လာဘများ တိုးပွါးပြီး
ကြံစည်သမျှ အောင်မြင် ခိုင်မာစေခြင်း
စတဲ့ ကောင်းကျိုး ကုသိုလ်ထူးများကို ရရှိနိုင်ကြပါတယ်ရှင်။
နံ့သာစေတီခဲနဲ့ပူဇော် ထွန်းညှိတဲ့အခါ
🙏🏻 ပြာတွေကြွေကျပြီး လွင့်တာမျိုးလည်း မဖြစ်ဘူး
🙏 ပြာက စေတီပုံ အတောင့်လိုက်လေးပဲ ကျန်ခဲ့ပါတယ်
အိမ် ခြံ ဆိုင်တွေမှာ ဖြစ်တတ်တဲ့ စိုထိုင်းတဲ့အနံ့ မကောင်းတဲ့ အနံ့အသက်များကို လျင်မြန်စွာဖယ်ရှားပေးနိုင်ပြီး နံ့သာရနံ့လေးမွှေးလို့ ဘုန်းကျက်သရေ၊ လာဘ်လာဘများကို တိုးပွါးစေပါတယ်ရှင်။
အခန်းထဲမှာနေပြီး စိတ်တွေနောက်ကျိလာတဲ့အခါ
မီးခြစ်လေးကိုင် နံ့သာစေတီခဲလေးတစ်ခုထွန်းလိုက်ရင် သဘာဝ နံ့သာဖြူရနံ့လေးကြောင့် စိတ်ကို ကြည်လင်သွားရပါတယ်။
SHWE Sandalwood ရဲ့
နံ့သာစေတီခဲ နံ့သာအမွှေးတိုင်တွေရဲ့ အငွေ့တွေကြောင့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်နိုင်သလားဆိုရင် အာမခံနိုင်တာက လုံးဝမထိခိုက်စေနိုင်ပါဘူးနော်။
ဘာလို့အာမခံနိုင်တာလဲဆို လူတွေကို
အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘေးဥပဒ်ဖြစ်စေမဲ့
chemical အဆီ ပါဝင်မှုလုံးဝမပါ၊ ရေမွှေးအနံ့မပါဝင်တဲ့ သဘာဝ နံ့သာရနံ့ နံ့သာစေတီခဲများသာဖြစ်ပါတယ်။
SHWE Sandalwood က နံ့သာစေတီခဲ ထွန်းပြီးမှ
မျက်စိမွှန်ခြင်း၊ စပ်ခြင်းမရှိ၊ ချောင်းဆိုးတာမျိုး ခေါင်းကိုက်တာမျိုး မရှိလို့ ဝယ်သူတွေ မပြတ်အောင် ဝယ်ယူအားပေးကြတဲ့ ပစ္စည်းကောင်းလေးဖြစ်ပါတယ်။
ပန်းနာရင်ကြပ်သမားတွေ၊
ကိုယ်ဝန်နဲ့မို့ ဘာအနံ့မှ ခံလို့မရ၊
အရင်ပုံမှန်အသားနံ့တွေတောင် တအားညှီနံ့တွေရ၊
ခေါင်းတွေမူးပြီး တချိန်လုံး အန်နေတာ
SHWE Sandalwood ရဲ့နံ့သာဖြူစေတီခဲလေး ထွန်းပြီး အဲ့အနံ့ကြောင့် သက်သာလို့၊ ရင်ထဲဆို့နေတဲ့
အလုံးကြီး ကျသွားသလိုပဲ။ အန်လည်း မအန်တော့ဘူး။ ဒါကြောင့် အမြဲထွန်းထားရတယ် ဆိုတဲ့
feedback ကောင်းလေးတွေ အများကြီးရတဲ့အတွက် ထပ်တူ ကျေနပ်ရပါတယ်ရှင်။
ကိုယ်ပိုင်စက်ရုံမှာ ကောင်းမွန် သန့်ရှင်းတဲ့ ကုန်ကြမ်းများနဲ့ သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ နံ့သာထုတ်ကုန်များ ဖြစ်ပါတယ်ရှင်။
သီးသန့်ဆောက်ထားတဲ့ အပေါ်ထပ်မှာ
သန့်ရှင်းစွာနဲ့ အခြောက်ခံထားပါတယ်။
ဝယ်ယူသုံးစွဲတဲ့ ဝယ်သူတွေ သန့်ရှင်းစွာ ဘေးဥပဒ်ကင်းစွာနဲ့ သုံးစွဲနိုင်ပါတယ်နော်။
# Shwe Sandalwood_သဘာဝ နံ့သာထုတ်ကုန်
# ProductofMyanmar