🍃 တောင်နံကြီး 🍃
တောင်နံကြီးက နံ့သာဖြူ တောင်နံကတိုးနဲ့ တန်းတူလူတွေ ကျန်းမာရေးအတွက် ကောင်းစေတာပါ။
အနွေးဓာတ်ပါတဲ့တောင်နံကြီးက
ဘာအတွက်ကောင်းတာလဲဆိုရင်
ချွေးငုတ်ပြီး ညောင်းညာတာ၊
ခြေလက်ကပ်ပီး ထုံကျင်တာတွေကိုသက်သာပျောက်ကင်းစေပါတယ်။
ကိုယ်လက် ရောင်ရမ်းပြီး နာကျင်တာတွေကို သက်သာစေပါတယ်…
အဆစ်အမြစ်နာကျင်တာ ကိုက်ခဲတာ
အကြောအရွတ် ဒဏ်ဖြစ်တာတွေကို
သက်သာပျောက်ကင်းစေတဲ့ အစွမ်းလည်းရှိပြန်ပါရောရှင်။
လေငန်း လေဖြတ် ဝေဒနာရှင်များ လေဖြတ်ပြီး
ပြန်ကောင်းခါစ ဝေဒနာရှင်တွေဆို
တောင်နံကြီးကို စွဲမြဲစွာလူးပေးသင့်ပါတယ်။
ကိုယ်ဝန်ဆောင်တွေလူးဖို့ အသင့်တော်ဆုံး။
မီးဖွားပြီးခါစ မီးနေသည်တွေ
ဘာသုံးရမလဲဆို တောင်နံကြီးကိုပဲ ညွှန်ပေးတာပါ…
မီးယပ်ချမ်း နဲ့ အဆစ်အမြစ် ကိုက်ခဲတာတွေ သက်သာစေဖို့တောင်နံကြီးက ဆေးတစ်လက်ပါပဲ။
တောင်နံကြီး လူးမယ်ဆို နနွင်းလူးဖို့မလိုအောင်ကို
အနွေးဓာတ်ကို ပေးနိုင်ပါတယ်။
တောင်နံကြီးက နံ့သာဖြူလို အနွေးဓာတ်ရှိပါတယ်နွေးနေတော့ နေလို့အရမ်းကောင်းပါတယ်တဲ့။
တောင်နံကြီးက အပူအအေးမျှစေပြီး…လိမ်းလိုက်ရင် ခန္ဓာကိုယ်က အပူအခိုးတွေကို ချွေးအဖြစ်ထွက်သွားစေလို့ အသားအရည်ကို သန့်စင်လှပစေပါတယ်…
မြိတ်ဖက်မှာ မြိတ်သူတွေက
တောင်နံကြီးပဲ လူးတာများကြပါတယ်။
တောင်နံကြီးက အသားကို ဝါဝင်းစေလို့ပါတဲ့။
တောင်နံကြီးက ပြည်တွင်း (မြိတ်) ကထွက်တာမို့
နံ့သာတွေထဲမှာ စျေးအချိုဆုံးဖြစ်နေတာပါနော်…
စျေးကသာ နံ့သာဖြူနဲ့ ဆယ်ဆကျော်လောက် ကွာပေမဲ့ ဆေးဖက်ဝင်အာနိသင်နဲ့ ကောင်းကျိုးကတော့ နံ့သာဖြူအတိုင်းပါပဲ။ အဟုတ်ကို အတူတူပါပဲရှင်။
🤔 budget ချိန်နေရတယ်။
🤔 ခန္ဓာကိုယ်အတွက်လည်း ဆေးက မရှိမဖြစ်လိုနေတယ်ဆို အများကြီးမတွေးနဲ့။
✅ တောင်နံကြီးပဲ ဝယ်သုံးပါရှင်။ သူ့အာနိသင်နဲ့သူ အစွမ်းထက်ပြီး သူ့မွှေးရနံ့သိပ်သိပ်လေးနဲ့သူ အရမ်းကိုမွှေးပါတယ်ရှင်…
(တောင်နံကြီးက အများအားဖြင့် ဓားနဲ့ပဲခွဲလို့
အမှုန့် သိပ်မထွက်ပါဘူး။ ကြမ်းပေါ် ကျတဲ့အမှုန့်ဆို ကိုယ်လည်း မသုံးချင်တဲ့အတွက် သူများကိုလည်း တောင်နံကြီး အမှုန့် မရောင်းပါဘူးနော်)
🔺 အတုံးတွေက လွှစက်နဲ့ဓားနဲ့ မှန်းခွဲရတာမို့
လိုချင်တဲ့ အလေးချိန် အတိအကျမရတတ် ပါဘူးရှင်။
🔺 ဝယ်သူလိုချင်တဲ့ အလေးချိန်နဲ့ အနီးစပ်ဆုံးဖြစ်အောင်ဆောင်ရွက်ပေးပါမယ်ရှင်။
မြိတ် ရေတောင်နံကြီးစစ်စစ်လေးမှ
သုံးချင်သူတွေအတွက်
တောင်နံကြီး (အတုံး)
_
1 ကျပ်သား
2 ကျပ်သား
3 ကျပ်သား
4 ကျပ်သား
5 ကျပ်သား
10 သား
အတုအပ လုံးဝမရောင်းပါ 💯
# Shwe Sandalwood_သဘာဝ နံ့သာထုတ်ကုန်
# ProductofMyanmar