🍂 သင်းမွှေးကြည်တဲ့ "သဘာဝ" အိန္ဒိယနံ့သာနီ 🍂
Pterocarpus Santalinus
ပါဠိလိုဆိုရင် "လောဟိတ စန္ဒန"
မြန်မာလိုတော့ "အိန္ဒိယ နံ့သာနီ"
Indian Sandalwood မှာမှ
နံ့သာဖြူ White Sandalwood နဲ့
နံ့သာနီ Red Sandalwood ဆိုပြီး 2 မျိုး ရှိပါတယ်။
အိန္ဒိယကဝင်လာတဲ့ အိန္ဒိယနံ့သာနီကိုမှ
စိုက်ပျိုးရေးအပင်နဲ့ နှိုင်းယှဥ်ရင်
"သဘာဝ အိန္ဒိယ နံ့သာနီ" က မြန်မာကြက်လိုပဲ
အပင်ဆိုဒ်သေးတယ်၊ ကျစ်လစ်တယ်၊ အာနိသင်ပိုရှိတယ်၊ ပိုပြီး ဆေးဖက်ဝင်တယ်။
အိန္ဒိယနံ့သာနီကို အိန္ဒိယမှာ "Rakt Chandan"
"Lall Chandana" လို့ ခေါ်ကြပါတယ်။
အကာအခေါက် အညိုရောင်နဲ့ အမြင့် 8-9 မီတာထိ ပေါက်ရောက်နိုင်ပြီး မိခင်မြေ အိန္ဒိယအရှေ့တောင်ဖက် တောင်တန်းတွေပေါ် မှာပဲတွေ့နိုင်တဲ့ အပင်မျိုးဖြစ်ပါတယ်။
အိန္ဒိယနံ့သာနီ အစစ်ရဲ့ မွှေးရနံ့ဟာ
တခြားနံ့သာတွေလို အီမွှေးပျံ့နေတဲ့ ရနံ့မျိုးမရှိဘူး။
သူ့အနံ့က power ရှိတယ်။
အေးပြီး သင်းသင်းပေါ့ပေါ့လေး စိမ့်မွှေးနေတဲ့ ရနံ့မျိုးဖြစ်တယ်။
🍂 အသားအရည်အတွက်ဆိုရင် 🍂
နံ့သာတွေထဲမှာ အိန္ဒိယနံ့သာနီက
မြန်မာနိုင်ငံက သနပ်ခါးလိုပဲ အိန္ဒိယမှာနာမည်ကြီးတယ်။
အလှအပ ထုတ်ကုန်တွေမှာ မပါမဖြစ်တွေ့ရတဲ့ နံ့သာ တစ်မျိုးဖြစ်ပါတယ်။
အသားအရေကိုလှပစေတဲ့ အအေးမြဆုံးဓာတ်ရှိတဲ့ နံ့သာတစ်မျိုးပဲ ဖြစ်ပါတယ်။
သူနဲ့မတည့်တာမျိုးက မရှိသလောက်ကို ရှားပါတယ်။
- မျက်နှာချွေးပေါက် ဂျီး နဲ့အညစ်အကြေးတွေကို
သန့်စင်စေလို့ မျက်နှာကိုဖွေးသန့်လာစေတယ်။
- သွေးလိုက်ရင် အနှစ်လေးက ညက်နေပြီး
လူးပြီးရေဆေးလိုက်တာနဲ့ မျက်နှာကို ရှင်းသန့်သွားသလို ခံစားရစေတယ်။
- နေလောင်ဒဏ်ကို သက်သာစေပြီး
မျက်နှာလေးကို သိသိသာသာဖြူလာစေပါတယ်
အသားအရည်ကို နူးညံ့ချောမွေ့စေပါတယ်ရှင်။
- အပူလောင် အနာများကို လူးပေးနိုင်ပြီး ဒဏ်ရာ
အနာကို အမြန်ကျက်စေတဲ့ အာနိသင်ရှိပါတယ်ရှင်။
- အိန္ဒိယနံ့သာနီဟာ Bacteria တွေကို ကာကွယ်နိုင်တယ်။
- အမဲစက်နဲ့ အမာရွတ်တွေအတွက် very effective ဖြစ်စေတယ်။
နံ့သာနီနဲ့ ဆနွင်း ဆတူရောစပ်ပြီး လူးပေးခြင်းကလည်း မျက်နှာအသားအရေကို ဖွေးပြီးသန့်လာစေပါတယ်။
အရေပြားထဲက အပူအပုပ် အခိုးအငွေ့တွေကို
စုပ်ယူသွားစေတယ်။
- ဝက်ခြံနဲ့ အဆီဖုတွေကို ကုသပေးနိုင်တယ်။
နံ့သာနီနဲ့ ဒိန်ချဉ်နဲ့ရောလူးပြီး ဝက်ခြံကုသခြင်းကအထိရောက်ဆုံးပါပဲတဲ့ရှင်။
- Sensitive ဖြစ်နေတဲ့ အသားအရေတွေကိုတောင်
Healing လုပ်ပေးနိုင်တဲ့ အိန္ဒိယနံ့သာနီ ပါပဲရှင်။
🍂 သွေးသားရောဂါအတွက်ဆိုရင် 🍂
- အိန္ဒိယနံ့သာနီက သွေးရောဂါတွေအတွက် အကောင်းဆုံးမို့ သွေးကိုလည်း သန့်စင်စေတယ်။
သွေးမသန့်လို့ အင်ပြင်ထ Allergic ဖြစ်ရင် သွေးပြီး သောက်ရုံဖြင့် ချက်ချင်းသက်သာပျောက်ကင်းစေပါတယ်။
🍂 မျက်စိရောဂါအတွက်ဆိုရင် 🍂
- မျက်သားတက်ရင်၊ မျက်စိနာရင် သွေးလူးချက်ချင်းသက်သာပါတယ်။
မျက်စိမှာကွင်းလူးပေးမယ်ဆို မျက်သားကို ကြည်စေပြီး မျက်စိကိုအေးစေပါတယ်
မျက်မှန်ပါဝါကျချင်တဲ့ သူတွေအတွက်လည်း
chemical မပါ ဆေးတစ်မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်။
❤ အိန္ဒိယနံ့သာနီ အမှုန့် ❤
indian red sandalwood powder
သူ့ရဲ့အစွမ်းတွေကများလွန်းလို့
အလှအပအတွက် မျိုးစုံသုံးကြပါတယ်။
ဒိန်ချဉ်နဲ့ရောပီး မျက်နှာကို mask လို လူးကြတယ်
သုံးနေကျ scrub နဲ့ ရောတိုက်လို့ရတယ်။
organic scrub ကိုယ့်ဘာကိုယ် လုပ်လို့ရတယ်။
အိန္ဒိယနံ့သာနီအမှုန့်ကို
သူ့ချည်းရေနဲ့ သွေးလူးရင်ဖြစ်ဖြစ်
အသီးအနှံ တစ်မျိုးမျိုးအနှစ်နဲ့
mask လို ပေါင်းတင်ရင်ဖြစ်ဖြစ်
သူ့အမှုန့်က ကြမ်းတဲ့အတွက်
(သူ့အသားကိုက အရမ်းမာကျစ်တဲ့အတွက်
အမှုန့်ကလည်း အနုအချော မရပါဘူး)
scrub လို ဂျေးချွတ်ရင်လည်း
ဂျေးဂျွတ်အကုန်ပြောင်စေပါတယ်။
အိန္ဒိယနံ့သာနီ အမှုန့်က
- အသားအရည်ကို စိုပြေပီးတောက်ပစေပါတယ်
- အသားအရည်အတွက်
လိုအပ်တဲ့ vitamin တွေကိုပြည့်ဝစေနိုင်ပါတယ်
- ညစ်နွမ်းစေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်
- နေလောင်တာတွေကို သက်သာစေပီး
နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့
အရေပြားမဲညိုခြင်းတွေကို ဖယ်ရှားနိုင်ပီး
အသားအရည်ကို အရောင်ညီစေတဲ့
အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်ရှင်။
နံ့သာနီက အအေးဓာတ်ရှိလို့မတည့်တာမျိုး မရှိပါ
ဘူးရှင်။
အိန္ဒိယ နံ့သာနီမှာ အဆိုးအညံ့နဲ့
အတိုက်အခိုက်တွေကို ဖယ်ရှားပေးတဲ့၊
တန်ပြန်သွားစေတဲ့ အစွမ်းသတ္တိမျိုးရှိတယ်လို့
အိန္ဒိယမှာ လက်ခံထားကြလို့
အဆောင်အဖြစ် ဆောင်ထား ကြပါတယ်။
အဆောင်အဖြစ်ပုတီး သီဝတ်ကြပါတယ်။
အိန္ဒိယနံ့သာနီရဲ့အသားက ကျစ်လစ်မာကြောလွန်းတဲ့အတွက် ရုပ်ထု ထုခြင်းကိုတော့ သိပ်ပြီးမတွေ့ရပါဘူးရှင်။
အိန္ဒိယ နံ့သာနီ စစ်/မစစ် သိချင်ရင်
အရက်ပြန်နဲ့ ပွတ်ကြည့်တဲ့အခါ
အနီ/လိမ္မော်နီဖက်ကိုအရောင်ပြောင်းသွားပါတယ်။
အိန္ဒိယနံ့သာနီရဲ့ ပုံမှန်ရနံ့ဟာ အေးစိမ့်ပြီးသင်းမွှေးတဲ့ ရနံ့မျိုးရှိပါတယ်ရှင်။
ဓားနဲ့ ခြစ်ပြီးမီးရှို့တဲ့အခါ ညှီနံ့ နည်းနည်းပါတဲ့ မွှေးရနံ့ရှိပါတယ်။
🔺 အတုံးတွေက လွှစက်နဲ့ဓားနဲ့ မှန်းခွဲရတာမို့
လိုချင်တဲ့ အလေးချိန် အတိအကျမရတတ်ပါဘူးရှင်။
🔺 ဝယ်သူလိုချင်တဲ့ အလေးချိန်နဲ့ အနီးစပ်ဆုံးဖြစ်အောင်ဆောင်ရွက်ပေးပါမယ်ရှင်။
အိန္ဒိယ နံ့သာနီ (အတုံး)
_
1 ကျပ်သား
2 ကျပ်သား
3 ကျပ်သား
4 ကျပ်သား
5 ကျပ်သား
10 သား
အိန္ဒိယ နံ့သာနီ (အမှုန့်)
_
5 ကျပ်သား
အတုအပ လုံးဝမရောင်းပါ 💯
# Shwe Sandalwood_သဘာဝ နံ့သာထုတ်ကုန်
# ProductofMyanmar