image

Shwe Sandalwood_ကရမက်

$5.55

ကရမက်ဆိုတာ ဟောင်းလေ ကောင်းလေ
ဆွေးလေ မွှေးလေပါ

🍃 နတ်သတ် ပိုးထိုး ကတိုးကျ ကရမက် 🍃

လူခုတ်ထားတဲ့ အပင်မဟုတ်ပဲ၊
ရင့်၊ ​ခြောက်၊ ပိုးတွေထိုးပြီး သက်တမ်းစေ့လို့
သူ့အလိုလို သေသွားပြီး ပိုးမကျနိုင်တော့တာကို ကတိုးကျ "နတ်သတ်" လို့ ခေါ်ပါတယ်။

နတ်သတ်ပိုးထိုးမို့ မွှေးလိုက်တာမှ အီစိမ့်ပြီး ချိုနေအောင်မွှေးတဲ့ မွှေးမွှေးချိုချို အနံ့လေး။

လိမ်းထားပြီးရင် ရေချိုးချလိုက်တာတောင်
မွှေးကျန်ခဲ့လို့ "ရေချိုးခံကရမက်" လို့လည်းခေါ်ကြပါတယ်။

ချွေးစို့လေလေ သူ့သဘာဝအတိုင်း ချိုခါးအနံ့လေးနဲ့ မွှေးအီတတ်လာလေလေပါ…

🌟 ကရမက်မှာ အရောင်လှပြီး မွှေးအီတာကရှားတယ်

အရောင်လေးတွေလည်း လှတယ်။
လူးလိုက်ရင် မဲမသွားတဲ့

💛 "ရွှေဝါသွေး" အရောင် “အဝါ” ဆိုမှ “အဝါလေး”

🤎 "ညိုဝါသွေး" ရောင် "အညို" ကိုမှ "အဝါ" ဖောက်တဲ့ ကရမက်လေးတွေပါရှင်

💯 ဘာပရဆေးနံ့မှမပါ၊
ဘာအဆီ၊ အရည်မှ သုတ်လိမ်းထားခြင်းမရှိတဲ့၊
မီးဖုတ်ထားခြင်းမရှိတဲ့ သဘာဝကရမက်စစ်စစ်တွေပါပဲ။

နတ်သတ်မှ မွှေးတာလားဆိုရင်
✅ လူသတ် အတုံးလည်း မွှေးပါတယ်။
🤔 နတ်သတ်ဆို​​ပေမဲ့ ပိုးအထိုးလွန်ပီး သုံးစားမရတဲ့
အတုံးတွေလည်း အများကြီးပါ။

ကရမက်က ဥတုအစုံလူးလို့ရတဲ့
နံ့သာမျိုးဖြစ်တယ်။
ကရမက်က အပူကိုစုပ်တယ်။
အသားအရေတင်မက ကိုယ်တွင်းကိုပါ အေးမြစေတယ်။

မျက်နှာမှာ အဆီဖုတွေ ရှိတယ်ဆိုရင်
အပူများပြီး အသားအရေ (ညစ်) နေတယ်
ကြည်မနေဘူးဆိုရင် ကရမက်သာစွဲစွဲမြဲမြဲ
လူးပါ…

ကရမက်က န္ဓာကိုယ်တွင်းက အပူ အခိုးတွေကို
စုပ်ယူနိုင်လို့ အဆီဖုရှိရင် အဆံပါထွက်မယ်…ခန္ဓာကိုယ် အပူ အအေးမျှပြီး အသားအရေလေး သိသိသာသာကြည်လင်ပြီး ရှင်းသန့်လာပါလိမ့်မယ်…။

ကိုယ်က Skin ကို ပိုဖြူလာချင်တယ် အသားသန့်ချင်တယ် ဆိုရင် ကရမက် နဲ့ အိန္ဒိယနံ့သာနီသာ လူးပါ။
အဆီဖု ဝက်ခြံသမားသီးသန့်အတွက်ဆို Honestly ထပ်ပြောရရင် စျေးသက်သာတဲ့ ကရမက် နဲ့တင် လုံးဝအဆင်ပြေနေပါပြီနော်။

အပူကန်တာမျိုးတွေ၊ လျှာမှာအပူဖုထွက်တာ၊မျက်စိနာတာ၊ ဝမ်းတွင်းပူလို့ နေထိုင်လို့ မကောင်းတာ၊ ခံတွင်းနံ့ထွက်တာတွေ အတွက် ကရမက်ကို သွေးလူး သွေးသောက်ပေးကြည့်နော်။

ကရမက်ကို ဝမ်းဗိုက်အောက် ဆီးခုံ (သားအိမ်ရှိတဲ့နေရာ) ကို စက်ဝိုင်းပုံလှည့်လူးပေးခြင်းဖြင့် ဓမ္မတာမှန်စေပါတယ်။

ရေအိတ်၊ အကြိတ်တို့ကို မဖြစ်စေတဲ့ ဓာတ်တွေ
ကရမက်မှာရှိလို့ ကရမက်သွေးလူးပြီဆို
ဗိုက်အောက်ပိုင်းကို အမြဲထည့်လူးပါ။

"မိန်းမအသက်ကရမက်" ဆိုတဲ့ လူကြီးတွေစကားက အလကားမဟုတ်မှန်း လက်တွေ့သိရပါမယ်။

ကျန်းမာရေးအတွက် အထူးသင့်တော်ပြီး
အသက်ရှည်ဆေး တစ်မျိုးဖြစ်တဲ့ နတ်သတ်ပိုးထိုး ကတိုးကျ ကရမက်များကို SHWE Sandalwood မှာ
စျေးမှန် ပစ္စည်းမှန် ဝယ်ယူနိုင်ပါတယ်ရှင့်။

🔺 အတုံးတွေက လွှစက်နဲ့ဓားနဲ့ မှန်းခွဲရတာမို့
လိုချင်တဲ့ အလေးချိန် အတိအကျမရတတ် ပါဘူးရှင်။

🔺 ဝယ်သူလိုချင်တဲ့ အလေးချိန်နဲ့ အနီးစပ်ဆုံးဖြစ်အောင်ဆောင်ရွက်ပေးပါမယ်ရှင်။

နံ့သာတုံး​တွေရောင်းတဲ့ကိစ္စကတော့ မပေါ့ဘူး။
✅ အနံ့လည်း မွှေး၊
✅ အရောင်လည်း လှတဲ့အပြင်
✅ ဝယ်သူလိုချင်တဲ့ အလေးချိန်နဲ့ အနီးစပ်ဆုံး အတုံးကို ရှာပြီး ပြပြီးမှ ရောင်းရတာပါ။

တစ်ချို့ရှိသေးတယ်
😂 အချိုးအစားကလည်း လှရမယ်တဲ့
😂 ပိုးပေါက်တွေရင် အတုံးမညီညာရင် မလိုချင်ပါတဲ့
😂 ကိစ္စက တကယ်မပေါ့တာ 😂

ဘယ်လိုဖြစ်ဖြစ် ဝယ်သူတွေစိတ်ကြိုက်ရောင်းပေးနေရရင် စိတ်ချမ်းသာပါတယ်နော်။🙏🏻

ကရမက် အတုံး (ရွှေဝါ/ညိုဝါ)
_
1 ကျပ်သား
2 ကျပ်သား
3 ကျပ်သား
4 ကျပ်သား
5 ကျပ်သား
10 သား

ကရမက် အမှုန့် (​ရွှေဝါ/ညိုဝါ)
_
5 ကျပ်သား

အတုအပ လုံးဝမရောင်းပါ 💯


# Shwe Sandalwood_သဘာဝ နံ့သာထုတ်ကုန်
# ProductofMyanmar