image

Shwe Sandalwood_နံ့သာဖြူ

$5.55

❤ "အိန္ဒိယ" နံ့သာဖြူ
ဘုရားအဆူဆူပွင့်ရာ ကမ္ဘာ့အလယ်ဗဟို
မဇ္ဇျိမဒေသ အိန္ဒိယတွင်စိုက်ပျိုးဖြစ်ထွန်းသည်

💛 "အိန္ဒိယမျိုး" မြန်မာနံ့သာဖြူ
အိန္ဒိယမျိုးအား မြန်မာပြည်တွင်စိုက်ပျိုးဖြစ်ထွန်းသည်

🌟 ဘုရားသမိုင်းတွေထဲမှာ နတ်တို့ချစ်တဲ့အပင်၊
နတ်တို့ဖွက်ထားတဲ့အပင်၊ နတ်တို့သယ်ဆောင်လာခဲ့တဲ့အပင်အဖြစ်တွေ့နိုင်တာ နံ့သာဖြူပင်ပါပဲ။

🌟 ကောင်းတဲ့အစောင့်အရှောက်များသာ
စောင့်ရှောက်နိုင်တဲ့ မွှေးပျံ့သောရနံ့နဲ့ သဘာဝ တော၊ တောင်မှ အပင်များဖြစ်တဲ့အတွက်
သုံးစွဲရသူသည် သုံးစွဲ ထိုက်သူဖြစ်တဲ့အတွက် သုံးရတာပါ။

🌟 ဒီအပင်အတုံးတွေကို သုံးစွဲရသူတို့သည်လည်းဘုန်းကံမြင့်မားစေပြီး ကိုယ့်စိတ်စေတနာအတိုင်းနတ်မြတ်နတ်ကောင်းတို့၏ စောင့်ရှောက်ခြင်းကို
ခံစားရစေပါတယ်ရှင်။

🍃 နံ့သာဖြူ အတုံးသေး အတုံးလှ လုံးချောလေးတွေ

အရည်အသွေးကောင်း ကျပ်သား အတုံးသေးလေးတွေမို့

✅ စမ်းသုံးချင်တဲ့သူတွေ
✅ အနံ့ကွဲ စုထားတတ်တဲ့
ဝယ်သူတွေအတွက် အဆင်ပြေပါတယ်။

🔆 ကျစ်လျစ်ခြောက်သွေ့နေတဲ့နံ့သာဖြူမို့
သွေးလူးလို့ အရမ်းကောင်းပါတယ်။

🍃သွေးလူးရင်လည်း သနပ်ခါးထက်လှတယ်။
🍃 သနပ်ခါးထက် တာရှည်ခံတယ်။
🍃 သနပ်ခါးထက် သင်းပီးမွှေးပါတယ်။
🍃 သနပ်ခါးထဲကို ပေါင်ဒါ ထည့်လူးသလို
အနှစ်မျိုးရတာ ပိုညက်တယ်။
🍂 သနပ်ခါးနဲ့ မတူတာက အေးမြမနေဘူး သူ့မှာ အပူဓာတ်လေး နည်းနည်းပါတယ်။

❤ "အိန္ဒိယနံ့သာဖြူ" ဆိုရင် အဆီအသွေးက ရဲတဲ့ဖက်ရောက်ပြီး သူ့ရဲ့မွှေးရနံ့ကလည်း အထူးကောင်းမွန်ပါတယ်။

✅ လေးလေးပင်ပင် သင်းမွှေးနေတဲ့ Strong ဖြစ်တဲ့ရနံ့မျိုးနဲ့ နံ့သာဖြူကိုကြိုက်တာဆိုရင် အိန္ဒိယ နံ့သာဖြူ ယူပါ…

🔸အိန္ဒိယ နံ့သာဖြူ အဓိကဆေးဖက်ဝင်ပုံ

အဖျားရောဂါ၊ ကိုယ်အပူကြီးခြင်း၊ အပူလောင် ခြင်း၊ မိတ်ထွက်ခြင်း၊ အပူကန်ခြင်း၊ ယားယံခြင်း၊ ပွေး၊ မိတ်၊ ဒက်၊ ဗောက်၊ အနာစက်ပေါက်ခြင်း၊ ကြို့ထိုးခြင်း၊ အဆစ်အမျက်များရောင်ခြင်း၊ အရေပြားရောင်ရောဂါ၊ နှလုံးပူသောရောဂါ၊ ရေငတ် ရင်ပူရောဂါ၊ သွေးကျသော ရောဂါများအတွက်ဆေးဖက်ဝင်သည်။

🔸အိန္ဒိယ နံ့သာဖြူ အသုံးပြုပုံ

ဖျား၍ အပူကြီးခြင်း၊ ကိုယ်သားကိုယ်ရေပူခြင်း၊ အပူလွန်သောရောဂါများတွင် နံ့သာဖြူကိုသွေးပြီး ပရုတ်ရည်နှင့်ရော၍ ဦးခေါင်းတွင် လိမ်းပေးပါက အပူခိုးများထွက်သွားလိမ့်မည်ဟု အာယုဗေဒဆေးကျမ်းမှ ဆိုသည်။

ခန္ဓာကိုယ်ယားယံခြင်း၊ သွေးယားခြင်းတို့ဖြစ်လျှင် နံ့သာဖြူအဆီနှင့် သံပရာရည်ရောစပ်၍ လိမ်းပေးပါ။ သို့မဟုတ် နံ့သာဖြူတုံးကို သံပရာရည်နှင့်ရောသွေးပြီးလိမ်းပေးပါက သက်သာ ပျောက်ကင်းစေနိုင်သည်။

ဆီးကျင်၊ ဆီးပူဝေဒနာ၊ ဆီးအောင့်ရောဂါဖြစ်လျှင် နံ့သာဖြူကိုသွေး၍ ဆန်ဆေးရည်နှင့်ရောပြီးတိုက်ပေးလျှင် ကောင်းစွာဆီးသွားစေနိုင်သည်။

ဝမ်းသွားရောဂါဖြစ်လျှင် ဆန်ဆေးရည်နှင့်နံ့သာဖြူ ရောသွေး၍ ပျားရည် သို့မဟုတ် သကြားနှင့်သင့်လျော် အောင်ရောစပ်ပြီး တိုက်ပေးပါက အပူဝမ်းသွားရောဂါများ ပျောက်ကင်းစေနိုင်သည်။

ဦးခေါင်းတွင် ဒက်ပေါက်ခြင်း၊ အပူကန် အနာစက် ပေါက်ခြင်းများဖြစ်ပါက နံ့သာဖြူသွေးလိမ်းပေးလျှင် ပျောက်ကင်းစေနိုင်သည်။

လေပူအထက်ဆန်ခြင်း၊ လေအကျဉ်းကျခြင်း၊ ကြို့ထိုးခြင်းများဖြစ်လျှင် ဆန်ဆေးရည်နှင့် နံ့သာဖြူကိုသွေးပြီး သကြားခဲနှင့် ရော၍သောက်ပါက ပျောက်ကင်းစေနိုင်သည်။

ချွေးထွက်များခြင်း၊ ချွေးနံ့ဆိုးခြင်းတို့ကို
နေ့စဉ်ပုံမှန် သွေးလူးပေးခြင်းဖြင့် သက်သာစေပြီး
နံ့သာဖြူ ရနံ့က ကိုယ်နံ့လို စွဲမြဲလာစေပါတယ်။

💛 အိန္ဒိယမျိုး "မြန်မာနံ့သာဖြူ" ဆိုရင် အဆီအသွေးက ဖြူနှစ်ပြီး အဝါသမ်းပါတယ်။
✅ အိန္ဒိယနံ့သာဖြူလို​တော့ အနံ့မပြင်းပဲ သင်းပြီးမွှေးနေတာပါရှင်။
✅ ဝယ်သူတွေနားလည်အောင်ပြောပြရရင်
နံ့သာဖြူမွှေးတာက တောင်နံကတိုး မွှေးသလို creamy မဖြစ်ပါဘူး။
✅ သူမွှေးတဲ့ရနံ့က နူးညံ့ပြီးသင်းနေတာပါ။

💠 နံ့သာဖြူက နှလုံးအတွက် အားဆေးပဲနော်။
နှလုံးသွေးကြောကျဉ်း၊ နှလုံးအဆီဖုံး၊ နှလုံးအားနည်းတဲ့ရောဂါတွေအတွက် မြန်မာ့တိုင်းရင်းဆေးတွေဖော်စပ်တဲ့အခါ နံ့သာဖြူက အဓိက ပါဝင်ပစ္စည်းဖြစ်နေပါတယ်ရှင်။

💠 နံ့သာဖြူက အမူးအမော်ကိုပြေစေတယ်။
နှလုံးတုန် မူးဝေခြင်းတွေကို သက်သာစေတယ်။
နံ့သာဖြူရဲ့ရနံ့ဟာ စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်ရှင်။

💠 နှာစေး၊ နှာပိတ်၊ ထိပ်ကပ်နာ၊ နှာရည်ယိုခြင်းဖြစ်ရင် နှာခေါင်းရိုးတစ်လျှောက် နံ့သာဖြူ လိမ်းပေးထားရင် သက်သာစေပါတယ်။

💠 နံ့သာဖြူ ဟာ အနွေးဓာတ်ရှိပြီး အပူကိုလည်း နိုင်တယ်။
ကလေးတွေ အပူကြီးနေလို့ အပူငြိမ်းစေချင်ရင်
ချောင်းဆိုး၊ ချွဲကြပ် အပူနာတွေဖြစ်နေရင်
နံ့သာဖြူ သွေးလူးပေးခြင်းဖြင့် သိသိသာသာ သက်သာစေပါတယ်။

🍃နံ့သာဖြူ အမှုန့် အချော (premium)🍃

နုပီး ညက်နေတာကလေ Loose Powder အတိုင်းပဲနော်။ ပေါင်ဒါလို တောင် လူးလို့ရပါတယ်ရှင်။
ဝါဝါ ညက်ညက် ဖုံဖုံလေးပါ။
သနပ်ခါးနဲ့ သွေးလူးလို့လည်း ရပါတယ်။

🍃 နံ့သာဖြူ အစ 🍃

ဘုရားမီးပူဇော်ချင်လို့ဖြစ်စေ
ဘုရားခန်းထဲမှာ မွှေးချင်လို့ ဖြစ်စေ သုံးလို့ရတဲ့
နံ့သာဖြူ အစ လေးတွေပါရှင်။

humidifier ထဲ ထည့်သုံးလို့လည်း ရတယ်နော်။🙈

ရောင်းတန်းဝင် နံ့သာဖြူ အတုံးလေးတွေဖြစ်ဖို့
အကာခုတ်ရတဲ့ အခါ အခုလို နံ့သာဖြူ အစလေးတွေ ထွက်လာပါတယ်။
Grade A နံ့သာဖြူများဖြစ်တဲ့အတွက်
အကာ ခုတ်စလေးတွေတောင်
အဆီပြည့် အရောင်ရဲရဲ လေးဖြစ်နေပါတယ်။

❗️နံ့သာဖြူ စစ်မစစ်သိချင်ရင်
ဓားလေးနဲ့ သေးသေးလေးခြစ်ပီး ဝါးစားကြည့်ပါ

ခါးမယ် ✅
ခံတွင်းတစ်ခုလုံး နံ့သာဖြူအနံ့လေး မွှေးမယ် ✅
အဲဒါဆို နံ့သာဖြူ အစစ်ပါပဲ

🔺 အတုံးတွေက လွှစက်နဲ့ဓားနဲ့ မှန်းခွဲရတာမို့
လိုချင်တဲ့ အလေးချိန် အတိအကျမရတတ် ပါဘူးရှင်။

🔺 ဝယ်သူလိုချင်တဲ့ အလေးချိန်နဲ့ အနီးစပ်ဆုံးဖြစ်အောင်ဆောင်ရွက်ပေးပါမယ်ရှင်။

ဦးရာလူ ရောင်းတာမို့ အရင်ဝယ်တဲ့ ဝယ်သူက
ကျပ်သားတူရင်တောင် မတ်ပိုတာရပါတယ်။
လိုချင်တဲ့ ကျပ်သား ပြောပီးပဲ မှာပေးပါရှင်။


နံ့သာဖြူ အတုံး (အိန္ဒိယ/မြန်မာ)

1 ကျပ်သား
2 ကျပ်သား
3 ကျပ်သား
4 ကျပ်သား
5 ကျပ်သား
10 သား

နံ့သာဖြူ (အမှုန့်) (အိန္ဒိယ/မြန်မာ)

5 ကျပ်သား

နံ့သာဖြူ အစ (အိန္ဒိယ/မြန်မာ)

5 ကျပ်သား

💯 အတုအပ လုံးဝမရောင်းပါ။
📌 ကိုယ်ဝယ်သုံးမဲ့ နံ့သာဖြူက ဘာနံ့သာဖြူလဲ
ဘယ်လို အရည်အသွေးလဲ သေချာလေ့လာပြီးမှ ဝယ်ယူနိုင်ကြပါစေရှင်။


# Shwe Sandalwood_သဘာဝ နံ့သာထုတ်ကုန်
# ProductofMyanmar