လာဘ်ဖွင့် နတ်ချစ် နံ့သာအမွှေးတိုင်
သံဝေဂတွေဖြစ်တိုင်း ဗုဒ္ဓ ဓမ္မ အနှစ်သာရတွေကို
ပိုသိခွင့်ရတော့ ဘုရားရှင်ရဲ့ မဟာဂရုဏာ၊မေတ္တာ ကို ရင်ထဲက အကြိမ်ကြိမ် ရှိခိုးဝတ်ပြုမိပါတယ်။
၃၁ ဘုံမှာ မရှိတော့တဲ့ ဘုရားရှင်အား ပူဇော် အထွဋ်မြတ်ထားရာ အိမ်ရဲ့သရဖူ ဘုရားကျောင်းဆောင်မှာ
တင့်တယ် ရိုးရှင်း သန့်စင်လှတဲ့ ဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီးများနဲ့ ပူဇော်ကြမှာပါ။
မြလေးရဲ့ အမွှေးတိုင်ရနံ့ က ကျောက်ပြင်ကြီးကြီးမှာ နံ့သာအဆီတုံးကြီးအားရပါးရ ပြစ်နှစ်နေအောင်သွေးရင်း
အနှစ်က ရနံ့တွေလှိုင်တက်၊ အတုံးလေး နှာဖျားကပ်ရှူရင် ရင်ထဲကိုအေးစိမ့် မွှေးငြိမ်းစေ မယ့်ရနံ့မျိုးလေးပါ။
ပြာမကြွေ၊ အထွန်းခံလို့ ဘုရားခန်းလေးသန့်ရှင်းမှု
မပျက်သလို
နံ့သာရနံ့ သင်းတငွေ့တငွေ့က ပန်းတွေမြိုင်နေတဲ့ ဘုရားခန်းနဲ့ သိပ်ကို ပနံသင့်ကာ ရိုးရှင်းလှတဲ့ ရနံ့လေးပါ။
လက်တွေ့အကျိုးကတော့
အရဟံ ဆိတ်ကွယ်ရာအရပ်တွင်ပင် မကောင်းမှုဟူသမျှ ပြုတော်မမူသော မြတ်စွာဘုရား.... ဆိုပြီး မျက်လုံးလေးမှိတ်ရင်း
ဘုရားရှင်ရဲ့ မေတ္တာအအေးဓာတ်ကို နံ့သာအမွှေးတိုင်းရနံ့ကြား
တစိမ့်စိမ့် ပီတိဖြစ်ရင်းကုသိုလ်စုဘူးလေး ဖြည့်နိုင်တာကပဲ ကောင်းမှုတစ်ခုနေ့စဥ်ပြုနေရသလိုပါပဲ။
ဗုဒ္ဓ ရဲ့ အဆုံးမနဲ့ ရည်မှန်းပူဇော်ရတဲ့ ဒီကုသိုလ်အကျိုးဆက်ကပဲ လောကဓံတွေကြား လဲကျပြန်ထလို့
နတ်ကောင်း နတ်မြတ်နဲ့ ပဌာန်းဆက် ပုဂ္ဂိုဟ် ၊မမြင်နိုင်တဲ့ ၃၁ ဘုံသားတွေကို အမျှပေးဝေတဲ့အခါလဲ
သူတို့နဲ့ ချိတ်ဆက်နိုင်မယ့် ရနံ့ ၊ ကြားနိုင်လောက်
မယ့်ကြေးစည်သံနဲ့
အမျှဝေကာ နံ့သာအမွှေးတိုင်ကိုထွန်းညှိ ပေးဖြစ်တာမျိုးတော့ရှိပါတယ်။
ကုန်ပစ္စည်း တံဆိပ်ကို မြလေးတို့မိသားစု ရတနာ သမီးလေး ပီတိဦး နာမည် နဲ့ထုတ်ထားပါတယ်။
အကျိုးမမျှော်ပဲ ဘုရားရှင်အား ပူဇော်ချင်သူများအတွက် ပီတိဦး နံ့သာအမွှေးတိုင်ပါရှင်။🙏
နံ့သာတိုင်ကိုမှ ရနံ့တုမပါဝင်သော........
နံ့သာရနံ့သင်းသင်းလေးသာ ကြိုက်သောသူများအတွက်
🌿 နံ့သာငါးပါးနံ့သာတိုင်
(နံ့သာဖြူ နံ့သာနီ တောင်နံကတိုး ကရမက် တောင်နံကြီး)
🌿 နံ့သာဖြူနံ့သာတိုင်
🌿 ကရမက်နံ့သာတိုင်
🌿 သနပ်ခါးနံ့သာတိုင်
တထုပ်စီမှာ အတိုင် ၅၀ ပါဝင်ပြီး တတိုင်ကို
မိနစ် ၄၀-၄၅ ကြားအထွန်းခံပါတယ်ရှင်။
# မြကြည်သာ_သဘာဝရဲ့ထုတ်ကုန်
# ProductofMyanmar