image

မြကြည်သာ_Sandalwood Body Oil

$5.55

ဒီနေ့ အလုပ်နားတယ်။
တကိုယ်ရည် သုခ ခံစားမယ်ဟေ့ ဆို Body Oil မှ Oil ပဲရှင်။

တချို့က Body Cupping နဲ့အတူ သုံးကြတယ် ။

အလွယ် ဖဝါးထဲ နှစ်....သုံးချက် ဆီနှိပ်ထည့် ရွှတ် ရွှတ်နဲ့ ပူသွားအောင်ပွတ်။

နှိပ်ပါလေ့ တင်း...တောင့်.
.ညောင်း ...လေးလံ... ကိုက်ခဲနေတဲ့နေရာတွေ....

အရေပြား အလွှာအောက်မှ သွေးကြော စီးဆင်း လည်ပတ်မှုကို အနွေးဓာတ်နဲ့ လှုံ့ဆော်ပေးလိုက်တယ်။

နှိပ်နယ်လေ ပူနွေးလာလေ အကြောပြေလေပဲ။

စေးကပ်ပြီး ဆီစော်ကြီး နံမှာစိုးလို့ ဆိုရင် မြကြည်သာ Body Oil စမ်းသုံးကြည့်စေချင်မိရဲ့ရှင်။

ခေါင်းကြည် ၊ စိတ်လန်း ၊ အာရုံကြော ဖြေလျော့သလို တင်းနေသမျှ အကြော အချဥ် ပြေကုန်လို့

နိုးလာမှသာ ငါ အိပ်ပျော်သွားပါလားလို့ ရေရွတ်မိသွားမယ်နော်။

မစေးမကပ်နဲ့ သူဌေးရနံ့လေး စွဲနေမယ့်အပြင် ဝက်ခြံ၊ အသားခြောက်၊ ညစ်ထေး ၊ ကြမ်း ၊ အသား ဖောပွ ခြင်းတွေကို သိသာစွာ ပျောက်ကင်းစေ​​တယ်။

အရေပြားအတွက် လိုအပ်တဲ့ အဆီ၊အစိုဓာတ်ဖြည့်ပေးနိုင်တာကြောင့်

မြလေး ကိုယ်ဝန်​ဆောင်စဥ်က အကြောပြတ်ရာသက်သာဖို့ ပုံမှန် စွဲလူးပေးခဲ့တာ မပျောက်ပေမယ့် သူလေး အဆင်ပြေတယ်။

Body Lotion နဲ့ တွဲသုံးနိုင်သလို အိပ်ခါနီး လက် ၊ ခြေ၊ လည်ပင်း ကို အရေးအကြောင်း လျော့ပါး တင်းရင်းချင်ရင်လဲ အသုံးဝင်သေးတယ်ရှင်။


# မြကြည်သာ_သဘာဝရဲ့ထုတ်ကုန်
# ProductofMyanmar