Limited Edition Set
Full Size & Mini Sandalwood Soaps
ဆပ်ပြာ (7) မျိုးစလုံးဟာ နံ့သာတစ်ခုချင်းစီရဲ့
ရနံ့ကုထုံးနှင့် အာနိသင်များကိုအသုံးပြုပြီး ရေချိုးခြင်းဖြင့် Body&Mind ကို Detox လုပ်ပေးမယ့် နံ့သာဆပ်ပြာတွေဖြစ်တဲ့အပြင်
စမ်းလဲ သုံးကြည့်ချင်တယ်၊ စျေးကြီးတယ်၊ ဝယ်သုံးကြည့်ပြီးမှ ပေးရတဲ့စျေးနှင့်တန်ပါ့မလားလို့
ပူမနေရအောင်ပါရည်ရွယ်ပြီး Limited Edition အနေနှင့် Mini Sandalwood Soap လေးတွေကို ထုတ်လုပ်ပေးလိုက်ပါတယ်။
Full Size ဆပ်ပြာတစ်တုံးကို 100g ရှိပြီး
Mini Soap လေးတွေဟာ တစ်တုံးကို 50g ရှိတာမို့ 7မျိုးလုံးစမ်းသုံးကြည့်ချင်သူများအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
ရေချိုးဆပ်ပြာလေးတွေက (7) မျိုးရှိပြီး
နံ့သာတစ်ခုချင်းစီရဲ့ အာနိသင်ကို နူးညံ့တဲ့ ဆပ်ပြာအမြှုပ်လေးတွေဟာ ချွေးပေါက်ကနေတစ်ဆင့် စိတ်ရောကိုယ်ပါ လန်းဆန်းနေအောင်လုပ်ပေးနိုင်ပြီး ရနံ့ကုထုံးအနေနှင့်လဲ မတူညီတဲ့ ရနံ့ 7မျိုးနှင့် စိတ်ကိုပေါ့ပါးလန်းဆန်းသွားအောင် ကုသပေးနိုင်တဲ့ Luxury Sandalwood Soap တွေဖြစ်ပါတယ်။
1. တော်ဝင်ကတိုး
တောင်နံကတိုးစစ်စစ်နှင့် ပြုလုပ်ထားပြီး
အင်္ဂလိပ်လို( Australian Sandalwood) လို့လဲခေါ်ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ ရနံ့ကုထုံးအနေနှင့် အသုံးပြုရတဲ့အထိနာမည်ကြီးတဲ့ ရနံ့ကြောင့်ပါ။ ခေါင်းကိုက်တတ်တဲ့သူ၊အမြဲခေါင်းထဲနောက်ကျိနေတတ်တဲ့သူ၊အာရုံကြောတွေအားနည်းနေတဲ့သူ၊ထိုင်းမှိုင်းနေတဲ့သူ၊ကိုယ်ကတစ်နေ့တာမှာ တောင်နံကတိုး စစ်စစ်နှင့် ပြုလုပ်ထားတဲ့ တော်ဝင်ကတိုးဆပ်ပြာနှင့်ရေချိုးအရမ်းကိုအာရုံစိုက်မှုအပြည့်ထားပြီးအလုပ်လုပ်နေရတဲ့သူဆိုရင်ခြင်းဖြင့် အာရုံကြောတွေနှင့်စိတ်ရဲ့ကြွက်သား တင်းမာမှုတွေကို ဖြေလျော့ပေးပါလိမ့်မယ်။
2. နံ့သာဖြူဖြူ
နာမည်လေးအတိုင်းပဲ နံ့သာဖြူစစ်စစ်နှင့်လုပ်ထားတဲ့ ဆပ်ပြာဖြစ်ပြီး အင်္ဂလိပ်လို
(White Sandalwood )လို့ခေါ်ပါတယ်။ နံ့သာဖြူကတော့ အစဥ်အလာအရ ကိုယ်တိုင်မသုံးဖူးရင်တောင် အမေတို့အဖွားတို့ သုံးလေ့ရှိကြတာမို့ နံ့သာဖြူလို့ပြောလိုက်တာနှင့်နှာဝထဲထိ နံ့သာဖြူနံလေးရလာသလိုမျိုးကို အရှိန်အဝါကြီးပါတယ်။ နံ့သာဖြူက ကိုယ်တွင်းအပူရှိန်မမျှခြင်း၊အပူကြီးခြင်း၊အအေးလွန်ခြင်း၊ ကိုယ်ပူချွဲပူထခြင်း၊အရေပြားယားယံခြင်းနှင့်ခေါင်းကိုက်ခြင်းတို့အတွက် အထူးကောင်းမွန်ပါတယ်။ ဒါအပြင် နံ့သာဖြူရဲ့ ရနံ့က နှလုံးကျန်းမာဖို့အတွက်အထောက်အကူဖြစ်တာမို့ နှလုံးအားနည်းတဲ့သူတွေ ရွေးချယ်သင့်တဲ့ဆပ်ပြာပါ။
3. နံ့သာနီနီ
India Red Sandalwood ဖြင့် ပြုလုပ်ထားတဲ့ နံ့သာနီဆပ်ပြာပါ။ နံ့သာနီကတော့ တခြားသော နံ့သာတွေနှင့်မတူ ကွဲထွက်နေတာက အသားအရေအတွက်အကောင်းဆုံး နံ့သာဖြစ်နေတာပါ။ ကျမတို့ Bodyက နေလောင်ဒဏ်ကြောင့်၊အသက်အရွယ်အကြောင့် အစက်အပြောက်တွေ၊အသားမညီတာတွေ နှင့် အသားရေလျော့ရဲလာတာတွေ ဖြစ်တာမို့ နံ့သာနီက ထိုအရာတွေကို ကုသပေးနိုင်စွမ်းရှိပါတယ်။ အစိုဓာတ်ကိုအပြည့်အဝပေးနိုင်ပြီး နံ့သာနီရဲ့ သဘာဝကိုက Anti-aging effectပါဝင်ကာ ရှိရင်းစွဲအသားအရေကို ကြည်လင်ပြီး
အသားတင်းရင်းလှပစေပါတယ်။
4. မေ့ကရမက်
ဆေးဖက်ဝင်တဲ့ ကရမက်မှုန့်စစ်စစ်နှင့်ပြုလုပ်ထားပြီ အင်္ဂလိပ်အမည်က Myoporum sandwicense ဖြစ်ပါတယ်။
ကရမက်ကတော့ ကလေးအစ လူကြီးအဆုံး ကြီးကြီးငယ်ငယ် ကျားမ မရွေး အသုံးပြုသင့်တဲ့ နံ့သာအမျိုးအစားထဲပါပါတယ်။ ကျမတို့တွေက အပူများတဲ့လူသားတွေပါ။ အအေးဓာတ်လွန်ကဲ ပြီး ရောဂါဖြစ်တာက ရာခိုင်နှုန်းနည်းပေမယ့် အပူများလို့ ရောဂါဖြစ်တာက ပိုများပါတယ်။ ကံ၊စိတ်၊ဥတု၊အာဟာရ ဒီလေးခုထဲက တစ်ခုခုကြောင့် အပူဓာတ်တွေလွန်ကဲပြီဆိုတာနှင့် လူက လေးလံတယ်၊အိပ်မပျော်ဘူး၊ ဒူးနာခါးနာမယ်၊အကြောတွေညောင်းပြီးကိုက်ခဲမယ်၊လေးလံမယ်၊ကြွက်တက်မယ်၊အပူရှပ်မယ်၊ခံတွင်းအပူနာတွေပေါက်တယ်၊ဝမ်းချုပ်တယ်၊ရာသီထိန်မယ်၊ချုပ်မယ်၊လာပြန်တော့လဲ ကိုက်ခဲလိုက်တာမှ အပူတွေကတအားများကြတာကိုး။ကိုယ်နံဆိုးတွေထွက်မယ်၊ဆံပင်တွေကျွတ်မယ်၊ကိုယ်သားကိုယ်ရေမွဲခြောက်မယ်စသဖြင့် အပူများတာနဲ့ အမျိုးသား၊အမျိုးသမီးအလိုက် ဒီအရာတွေကဖြစ်ကြတယ်နော်။ဒါကြောင့်မို့
ဒီလိုအပူတွေကို ရေချိုးပြီး လျှော့ချပေးနိုင်အောင် မေ့ကရမက်လေးကို ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။
5. ဝါရွှေတောင်နံ
သူလေးက ရေတောင်နံ ကြီးနဲ့ ပြုလုပ်ထားပြီး အင်္ဂလိပ်လို Fragrant wood from
Premna integrifolia tree လို့သိရပါတယ်။
ရေတောင်နံလို့ပြောရင် ပူမှာပေါ့လို့ထင်ကြတယ်။ မပူဘူးရှင့် အေးတာမှစိမ့်နေရောပဲ။ တောင်နံကြီး(တောင်တန်ကြီး)လို့ ပြောလိုက်တာနှင့် အပူဓာတ်ရှိတဲ့ တောင်နံကြီးနှင့် အမှတ်မှားကြတယ်ရှင်။ တောင်နံကြီးက နှစ်မျိုးရှိပါတယ်။အများသိကြတဲ့ အပူဓာတ်ရှိတဲ့ တောင်နံကြီးက ကုန်းတောင်နံပါ။ ကျမတို့ ဆီက တောင်နံကြီးက ရေတောင်နံပါ။ အအေးဓာတ်ရှိတယ်၊အစာကြေလေနိုင်တယ်၊မိတ်ဖုကိုပျောက်စေတယ်၊အနံက တအားတအားကိုမှသင်းသင်းမွှေး၊ လက်ထဲရှိနေရင် လက်ကနေကိုမချချင်အောင် ခဏခဏပြေးပြေးရှုနေရတဲ့အထိကိုမွှေးပါတယ်။ဒါ့အပြင် သူက အညောင်းညာကိုက်ခဲလေးလံမှုတွေကို ပြေလျော့စေပြီး လူကိုပေါ့ပါးစေကာ နေလို့ထိုင်လို့ကောင်းစေပါတယ်။
6. ငါးပါးနံ့သာ
အပေါ်ကငါးမျိုးကို ပေါင်းပြီးလုပ်ထားတဲ့ဆပ်ပြာမို့ ငါးပါးနံ့သာလို့ပေးထားပါတယ်။သူ့ရဲ့အထူးခြားဆုံးကတော့ ရှုလိုက်တာနှင့် သင်းထွက်နေတဲ့ရန့ံကိုရမှာဖြစ်ပြီး 5secလောက်ကြာရင် ခပ်အီအီလေးနှင့်
အမောပြေကာ ရင်ကိုငြိမ်အေးကျသွားစေတဲ့ရနံ့မျိုးရှိပါတယ်။ချိုင်းနံ့ဆိုးထွက်တာတွေကို လျှော့ချပေးနိုင်တဲ့ဆပ်ပြာလဲ ဖြစ်ပါတယ်။
7. ရွှေရှင်မတောင်
The secret of Burmese Beauty လို့ ကမ္ဘာ ကတင်စားရတဲ့ ရှင်မတောင်သနပ်ခါးစစ်စစ်နဲ့လုပ်ထားတဲ့့ဆပ်ပြာလေးပါ။စစ်မှန်တဲ့သနပ်ခါးနံ့ သင်းသင်းလေးဖြင့် ရေချိုးပြီးတာနှင့်ကို သနပ်ခါးလူးထားသလိုလေးကိုယ်မှာ ရနံ့စွဲနေစေမယ့် သနပ်ခါးဆပ်ပြာလေးပါ။ သနပ်ခါးကအဆီပြန်တာကိုသက်သာစေပြီး Vitamin- Eပါဝင်မှုများတာကြောင့် နေ့စဥ်ပုံမှန် သနပ်ခါးဆပ်ပြာဖြင့်ရေချိုးခြင်းဖြင့် အသားရေကိုလှစေကာ ညှင်းသိုးသိုးနှင့်ညစ်ပတ်သလိုထိုင်းမှိုင်းနေတဲ့ ခံစားချက်ကြီးကို ရှင်းလင်းပေးနိုင်ပါတယ်။
1 set (7 different pieces) လိုက်စမ်းသုံးကြည့်ချင်သူများအတွက် အရေအတွက်အကန့်အသတ်ဖြင့် ထုတ်လုပ်ထားတာမို့် setလိုက်ပဲ ဝယ်ယူလို့ရပါမယ်ရှင်။
နံ့သာရေချိုးဆပ်ပြားလေးတွေကို အိတ်လေးထဲ
ထည့်ပြီးရေချိုးတာက အမြုပ်ပိုထွက်စေပါတယ်။
Chemical နည်းတာမို့ အမြုပ်ပိုထွက်စေတဲ့ အိတ်ကလေးနဲ့က ပိုအဆင်ပြေပါတယ်။
အသုံးပြုပြီးသည့်အခါ ရေချိုးခန်းထဲ ချိတ်ဆွဲထားပေးပါ။
အခန်းအပူနဲ့သူဘာသာ ခြောက်ပါတယ်။
# မြကြည်သာ_သဘာဝရဲ့ထုတ်ကုန်
# ProductofMyanmar