ကလေးသူပုန်းရည်ကြီး_ဆပ် ဆန်
ကလေးသူပုန်းရည်ကြီး_ဆပ် ဆန်
ကလေးသူပုန်းရည်ကြီး_ဆပ် ဆန်
ကလေးသူပုန်းရည်ကြီး_ဆပ် ဆန်
ကလေးသူပုန်းရည်ကြီး_ဆပ် ဆန်
ကလေးသူပုန်းရည်ကြီး_ဆပ် ဆန်

ကလေးသူပုန်းရည်ကြီး_ဆပ် ဆန်

ဆပ်ဆန်ဆိုတာဘာလဲ?

ငယ်ငယ်တုန်းက
ဆန်၊ ပြောင်း၊ ပဲ၊ အာလူး၊ ဆပ်၊ လူးဆိုတာတွေကို သင်ခဲ့ရတယ်ဟုတ်

ဆန်၊ ပြောင်း၊ ပဲတွေကိုသိပေမယ့် ဆပ်ဆိုတာဘာမှန်း မသိခဲ့ပါဘူး။

ဆပ်ဆိုတာချင်းပြည်နယ်ရဲ့ အဓိက အစားအစာတစ်မျိုးဖြစ်ပါတယ်။

တစ်ချို့ချင်းပြည်နယ်တစ်ချို့တွေမှာ ဆန်ကိုမမြင်ဖူးကြပါဘူး။

ဆပ်ဆန်ကိုတော့ ရိုးရိုးဆန်ထမင်းချက်သလို ချက်စားရပါတယ်။

ဆပ်ယာဂု နေနှင့်လည်းလုပ်စားကြပါတယ်။

ကမ္ဘာပေါ်မှာ ဆပ်ဆန်အမျိုးမျိုးရှိပေမယ့် ချင်းပြည်နယ်မှာတော့ ဆပ်ဝါနှင့်ဆပ်နီ ၂မျိုးရှိပါတယ်။

ဆပ်ဝါကိုတော့ အစားအစာအဖြစ်စားသုံးကြပြီး ဆပ်နီကိုတော့ ဝိုင်အရက်ဖောက်လုပ်ရာမှာသုံးကြပါတယ်။

တကယ်တော့ ဆပ်ဆန်ဆိုတာ ဟိုးအရင်နှစ်ပေါင်း တစ်သောင်းလောက်ကတည်းက ရှေးဦးလူသားဘိုးဘွားတွေ စားလာကြတဲ့ အဓိကအစားအစာဖြစ်ပါတယ်။

အခု အဓိကအစားအစာဆန်ထက် သမိုင်းကြောင်းရှေးကျပါတယ်။

သမိုင်းမတွင်မှီခေတ်ကတည်းက ဆပ်ဆန်ကို တရုတ်၊ ကိုရီးယားကျွန်းဆွယ်တွေမှာ စိုက်ပျိုးခဲ့တဲ့အထောက်အထားတွေလဲ သမိုင်းသုတေသီတွေ တွေ့ရှိခဲ့ကြပါတယ်။

အဲ့ဒီကနေမှ ဥရောပ အရှေ့ဒေသတွေကို ဆပ်စိုက်ပျိုးရေး ပျံ့နှံ့သွားပြီး ခုခေတ် ပြင်သစ်လိုရှရှားနိုင်ငံတွေရဲ့ ရိုးရာအစားအစာအဖြစ်စားသုံးလျက်ရှိပါတယ်။

👉 ကျန်းမာရေးအကျိူးကျေးဇူးများ

ဆပ်ဆန်ဟာ Gluten free grain ဖြစ်ပါတယ်။

Gluten ဆိုတာဆန်တို့ ဂျုံတို့မှာ တွေ့ရတဲ့ အသားဓာတ်တစ်မျိုးဖြစ်ပြီး Gluten နဲ့မတဲ့သူတွေ စားမိရင် ဝမ်းဗိုက်ပိုင်းပြသနာတွေဖြစ်ပေါ်တတ်ပါတယ်။

ဒါကြောင့်မို့ Glutenနဲ့မတည့်သူတွေ ဆန်အစားထိုးစားလို့ရပါတယ်။

ဆပ်ဆန်မှာပါဝင်တဲ့ အမျှင်ဓာတ်နဲ့အသားဓာတ်ဟာ သွေးတွင်းအဆီကိုကျစေတဲ့အကျိုးကျေးဇူးတွေ ရှိပါတယ်။

ဒါကြောင့်မို့လို့ အဝလွန်သူတွေ၊ဝိတ်ချနေသူတွေ၊ဆီးချိုရောဂါရှိသူတွေ စားသုံးဖို့သင့်တော်တဲ့ ဆပ်ဆန်ဖြစ်ပါတယ်ရှင်။

ဆပ်ဆန် တစ်ထုတ် (240g)


# ကလေးသူ_မြန်မာ့စားသောက်ဖွယ်စုံ
# ProductofMyanmar
$5.55