Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး
Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး

Black Horse_ပုဂံညောင်ဦး ပုန်းရည်ကြီး

" မြန်မာ့ရိုးရာဒေသထွက်
ပုန်းရည်ကြီးဆို မြင်းနက် "

ပုန်းရည်ကြီးလို့ ‌‌ပြောလိုက်တာနဲ့ ဘုရား‌စေတီ
ပုထိုးတွေရယ်၊ ရှေးဟောင်း အမွေအနှစ်တွေ
ပြည့်နှက်‌နေတဲ့ ပုဂံ ကိုတွဲမြင်နေမိတာအမှန်ပါပဲ

ပုဂံ အကြောင်း‌ကို‌ပြောရင်လည်း ပုဂံညောင်ဦး‌
‌ဒေသထွက်ကုန် အစားအစာ တစ်ခုဖြစ်တဲ့
ပုန်းရည်ကြီး အကြောင်းက မပါမဖြစ်ပါပဲ...

ပုဂံ​​မှာ ​ဒေသတွင်း ပုန်းရည်ကြီး လုပ်ငန်းက ပုန်းရည်ကြီး ထိုး​​နေတဲ့အညာသား ဦး​လေးကြီးတွေနဲ့ ပဲပိစပ်​​ရွေး​နေတဲ့ က​​လေး​တွေရဲ့ မြင်ကွင်း ဆိုတာကလည်းမစိမ်းပါဘူး။ အညာနေ့လယ်ခင်း ​နေပြင်း​နေတဲ့အချိန် တချက်တချက် တိုက်ခတ်လာတဲ့ လေအေးအေးလေးကိုခံရင်း ပုန်းရည်ကြီးကို ကြက်သွန်စိမ်း​​လေး နဲ့ ဆီလေးဆမ်းပြီး ထမင်းဖြူ​လေး အကြမ်းရည်လေးနှင့် တွဲစားရတာ ဆိုတာကလည်း အညာမင်းစည်းစိမ်ပါပဲ။ ပြည်ပခရီးသည်တွေကတောင် အညာက ပုန်းရည်ကြီး နှင့် အောက်ပြည်က မုန့်ဟင်းခါးစားရပြီးမှ မြန်မာပြည်က ပြန်လို့မှတ်ယူတဲ့ အထိ ပုန်းရည်ကြီးအစွမ်းကလည်းမသေးပါဘူး။

➤ ပုန်းရည်ကြီးဟာ ဟိုးအရင် ရှေးမြန်မာမင်းတွေ
လက်ထပ်ကနေ ယခုချိန်ထိတိုင် လူမျိုးမရွေးဘာသာမရွေး ကလေး၊ လူကြီး မရွေး ကြိုက်နှစ်သက်ကြတဲ့ မြန်မာ့ရိုးရာ အစားအစာ
တစ်ခုလည်း ဖြစ်ပါတယ်။

➤ ပုန်းရည်ကြီး ဆိုတာ အထက်အညာဒေသဘက်ကထွက်တဲ့ ပဲပိစပ်တစ်မျိုးကို အချဉ်ဖောက်လုပ်ထားပြီး မြန်မာလူမျိုးတွေ မြိန်ရေယှက်ရေ နဲ့ သုပ်စားကြ၊ ချက်စားကြတဲ့ ထမင်းနဲ့တွဲဖက်စားသုံးလို့ရတဲ့ ဒေသထွက် မြန်မာ့ရိုးရာအစားအသောက်တစ်မျိုးဖြစ်ပါတယ်။

➤ အထက်အညာဒေသထွက် ပဲပိစပ်စစ်စစ်ကို
အချဉ်‌ဖောက် ပြုလုပ်ထားပြီး ဓါတု‌ဗေဒဆိုး‌ဆေးများ လုံးဝမပါဝင်တဲ့ ပုန်းရည်ကြီးရဲ့ မူလ အရသာစစ်စစ်ကိုမှ စားသုံးချင်တဲ့ သူတွေအတွက်

𝑃𝑟𝑒𝑚𝑖𝑢𝑚 𝑄𝑢𝑎𝑙𝑖𝑡𝑦 အဆင့်မှီ မြင်းနက် ရဲ့
ကြာရှည်အထားခံတဲ့ ‌တော်၀င်ပုန်းရည်ကြီး

➤ ခေတ်မှီနည်းပညာကို အသုံးပြုထားပြီး
သဘာဝနည်းဖြင့် ပိုးသတ်ပေါင်းခံထားသည့်
အတွက် တစ်နှစ်အတွင်း မှိုတက်သွားခြင်း
မရှိဘဲ ကြာရှည်အထားခံအောင် အထူး စီမံ
ထုပ်လုပ်ထား‌သော‌ကြောင့် နိုင်ငံရပ်ခြားကို
လက်ဆောင်ပေးချင်သူတွေ နယ်ဝေးသို့
လက်ဆောင်ပေးပို့ချင်သူတွေအတွက်လည်း
အထူးသင့်လျော်ပါသည်။

➤ ဓါတုဗေဒဆိုးဆေးများ ထည့်သွင်းအသုံးပြုထားခြင်း လုံးဝမရှိတဲ့အတွက် အနံ့၊ အရသာ ပြောင်းလဲသွားခြင်း မရှိဘဲ ပုန်းရည်ကြီးရဲ့ မူလအရသာ စစ်စစ်ကိုသာလျှင် ရရှိစေမှာပဲဖြစ်ပါတယ်။

➤ ဓါတုဗေဒဆိုးဆေးများ မပါဝင်ဘဲ သဘာဝနည်းများဖြင့်သာ သေချာပိုးသတ်ပေါင်းခံကာ အထူးစီမံ
ထုပ်လုပ်ထားသောကြောင့် စားသုံးသူ မိဘပြည်သူ
များအနေဖြင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါသည်။

➤ အညိုရောင်အဆင်းရှိပြီး အဆိမ့်အရသာရှိတဲ့
ပုန်းရည်ကြီးမှာ ပရိုတင်း၊ ကယ်လ်လိုရီ၊ အဆီ၊
ဆိုဒီယမ်၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊
သကြားဓာတ်၊ ကယ်ဆီယမ်၊ သံဓာတ် စတဲ့
အဟာရဓာတ်တွေများစွာ ပါဝင်တဲ့အပြင်
ပုန်းရည်ကြီးဟာ ကျန်းမာရေးကို များစွာ
အထောက်အကူ ပြုပါသေးတယ်။

ပုန်းရည်ကြီးကို အသားနဲ့ရောချက်စားကြသလို ကြက်သွန်နီလေးလှီးပြီးလည်း သုပ်စားကြပါတယ်

ဘယ်လိုပဲစားစား ခံတွင်းတွေ့တာမို့လို့ လူကြိုက်လည်းများကြပါတယ်

မြန်မာ့ရိုးရာဒေသထွက်အစားအစာ
ဖြစ်တဲ့ ပုန်းရည်ကြီးကိုစားသုံးခြင်းဖြင့်
ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူး
တွေလည်း ရရှိစေပါသေးတယ်။

ပုန်းရည်ကြီးက ကျန်းမာရေးအတွက်
ဘယ်လို အကျိုးကျေးဇူးတွေရရှိစေနိုင်လည်း ဆိုတော့

ပုန်းရည်ကြီးကပေးတဲ့ကျန်းမာရေး

~

🔻သွေးတွင်း သကြားဓာတ် ကျစေခြင်း။

🔻 သွေးပေါင်ချိန် ထိန်းညှိပေးခြင်း။

🔻 နှလုံးကျန်းမာရေးကို အထောက်အကူ
ပြုစေခြင်း။

🔻 Antioxidant ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝခြင်း။

🔻 Vitamin B ကြွယ်ဝခြင်း။

🔻 အစာခြေလွယ်စေခြင်း။

🔻 ဝိတ်ကျစေခြင်း။

🔻 ကိုလက်စထရောကျစေခြင်း။

🔻 ခုခံအားတိုးစေခြင်း။

🔻 အစာချေစနစ်ကို ကျန်းမာစေခြင်း။

🔻 ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း။

🔻 ကိုယ်ခံအား ကောင်းစေခြင်း။

အစာလည်းဆေး ဆေးလည်းအစာ ဆိုသလို

𝑃𝑟𝑒𝑚𝑖𝑢𝑚 𝑄𝑢𝑎𝑙𝑖𝑡𝑦 အဆင့်မှီ မြင်းနက် ရဲ့
‌တော်၀င် ပုန်းရည်ကြီးကို ယုံကြည်စိတ်ချ
စွာစားသုံးနိုင်ပြီး သင့်ကျန်းမာရေး အတွက်
လည်း လိုအပ်တဲ့ အာဟာရ အထောက်
အကူရရှိ ‌စေနိုင်ပါတယ်။

𝑀𝑎𝑘𝑒 𝑌𝑜𝑢𝑟 𝐹𝑜𝑜𝑑 𝑌𝑜𝑢𝑟 𝑀𝑒𝑑𝑖𝑐𝑖𝑛𝑒
𝐴𝑛𝑑 𝑁𝑜𝑡 𝑌𝑜𝑢𝑟 𝑀𝑒𝑑𝑖𝑐𝑖𝑛𝑒 𝑌𝑜𝑢𝑟 𝐹𝑜𝑜𝑑

'' မြန်မာ့ရိုးရာ ​ဒေသထွက်
ပုန်းရည်ကြီးဆို မြင်းနက် '' လို့
​ကြွေး​ကြော်နိုင်​အောင် မြင်းနက်ကယခုအချိန်မှာ ထိုင်းနှင့်ကိုရီးယား ကနေ၀င်လာနေတဲ့ ပဲပိစပ် ဆားရည်စိမ် ပုလင်းတွေ နဲ့ ပဲအနှစ် ဒီဇိုင်းမျိုးစုံကိုတောင် ယှဥ်လို့ ရနိုင်​အောင် မြန်မာပြည်က ပုန်းရည် ကြီးကို နိုင်ငံတကာအထိ ရင်ဘောင်တန်းနိုင်​အောင် ဂုဏ်ယူစွာနဲ့ ပဲထုတ်လုပ်ထားပါတယ်။

အထမ်းတောင်းကြီးတွေ နဲ့ အညာသား ဦး​လေးတွေ ပုန်းရည်ကြီး​တွေ လာမရောင်းပေးတော့တဲ့အချိန်မှာ အညာပုန်းရည်ကြီးကို မှ အာသိအာသ ဖြစ်​နေတဲ့သူ​တွေအတွက် သန့်ရှင်းလတ်ဆတ်ပြီးလွယ်လင့်တကူစားလို့ရတဲ့ ထုတ်ပိုးမှုပုံစံ နှင့်ထုတ်လုပ်ပေးထားပါတယ်။

လတ်ဆတ် ​ကောင်းမွန်တဲ့ အညာဒေသ ထွက်ကုန်ကြမ်း​တွေကိုအသုံးပြုပြီး ပါးကွက်ကြားကြီးတွေနှင့် အညာသူတွေ ကိုယ်တိုင် ရိုးရာနည်းအတိုင်း စနစ်တကျ ကျန်းမာရေးနှင့် ညီညွှတ်စွာပြုလုပ် ထားပါတယ်။ အညာစာ မြန်မာစာ လို့ လက်ညှိုးထိုးပြလို့ ရတဲ့ ရင်ပေါင်တန်းလို့ရတဲ့ အနေအထားတစ်ခုဖြစ်အောင် ကြိုးစားထုတ်လုပ်ပေးထားပါတယ်။ ထမင်းနှင့်ပဲနယ်စားစား သုပ်စားစား ချက်စားစား အဆင်ပြေတဲ့ အပြင်လူကြီး မိဘ မိတ်ဆွေ သင်္ဂဟတွေ ကို လက်ဆောင်ပေးရင်တောင် မှ မျက်နှာပန်းလှစေအောင်ကို မြင်းနက်က ​စေတနာ ​ရှေ့ထား ပြီး ပြုလုပ်​ပေးထားတဲ့အညာပုန်းရည်ကြီးပါ။

ပုဂံ ရောက်သွားတုန်းကစားခဲ့သလို ခံစားရမဲ့ အညာဟင်းပွဲ စစ်စစ်ကို မှ စားချင်သပ ဆိုရင်တော့ မြင်းနက်ပုန်းရည်ကြီး ကိုသာမြည်းစမ်းကြည့်လိုက်ပါ။
ပုန်းရည်ကြီးကောင်းကောင်းစားချင်ပြီး အညာသူကိုလည်းအိမ်မ​ခေါ်ထားချင်ဘူး ဆိုရင်တော့ မြင်းနက် အညာပုန်းရည်ကြီးစစ်စစ်ကိုသာပြေး၀ယ်လိုက်ပါ။

အညာဒေသထွက် အစားအစာ
အမျိုးမျိုး အတွက်ဆို “မြင်းနက်” ကို သတိရပါ။


# မြင်းနက်_စားသောက်ကုန်လုပ်ငန်း
# ProductofMyanmar



------------------------------------------------

" မြန်မာ့ ပုန်းရည်ကြီးရဲ့ စတင်မှု"

ပဲ ဆိုတာကလည်း အာရှနိုင်ငံ​တော်​တော် များရဲ့ အဓိကထားပြီးစား​သောက်ကြတဲ့ စားစရာ​တွေထဲက တခုပါ။
ပဲ အစားများကြတဲ့အတွက်​ကြောင့် အချဥ်​ဖောက် ပဲ အနှစ် ​တွေကလည်း နိုင်ငံ​ပေါင်းစုံမှာ ပုံစံမျိုးစုံ အသီးသီး ရှိကြပါတယ်။
ဂျပန်မီဆို ပဲ အနှစ် တရုတ်ဒိုချီ ပဲ အနှစ် ​တွေ အပြင် ကိုရီးယား ပဲ အနှစ် ​တွေ ထိုင်း ပဲပိစပ် ဆားရည်စိမ်​တွေ အမျိုးမျိုးရှိကြပါတယ်။
မြန်မာပြည် မှာ နာမည်ကြီး အချဥ်​ဖောက်ပဲ အနှစ်က​တော့ ပုန်းရည်ကြီး​ပေါ့။ ဆို​တော့ ပုန်းရည်ကြီး ဟာ ​တော်​တော် ကို သက်တမ်းရှည်ကြာပြီး ဝါရင့် ​နေပြီဖြစ်တဲ့ ရိုးရာ စားစရာ တမျိုးပါ။ သမိုင်းမှတ်တမ်း ​တွေအရ​တော့ ပုန်းရည်ကြီးရဲ့ အဓိကကုန်ကြမ်း ဖြစ်တဲ့ ပဲပိစပ်ကို အိန္ဒိယ နိုင်ငံမှာ ၂၅၀၀ ဘီစီ လောက်ကတည်း က စတင် စိုက်ပျိုးခဲ့ တာပါ။
ပုဂံပြည်ကြီးရဲ့ ​ရွှေ​ခေါတ် ​ရောက်လာတဲ့အချိန် နိုင်ငံတကာ ကုန်သွယ်မှုတွေရှိလာတဲ့အခါမှာ အိန္ဒိယ ပြည်နှင့် ကုန်သွယ်မှုလုပ်ရာက​နေပြီး​တော့မှ ပဲပိစပ်​တွေက မြန်မာနိုင်ငံကို စတင်၀င်​​ရောက်လာခဲ့တာဖြစ်နိုင်ပါတယ်။
ပုဂံပြည်ကြီး အခုလို မပူပြင်း​ခြောက်သွေ့​သေး ချိန်
ရာသီဥတုသမ မျှတ နေတုန်းက အ​ရည်အ​သွေး ကောင်းဆုံး စပါး​တွေ စိုက်ပျိုး​​နေကတည်းက ပဲပိစပ် ကိုစတင် စိုက်ပျိုး​နေ​လောက်ပါပြီ။ အချဥ်ဖောက် ပဲ အနှစ် ​တွေက​တော့ ပထမ ဦးဆုံး
အ​နေနဲ့ မှတ်တမ်း​တွေ အရ ၁၆၅ ဘီစီ ​လောက်မှာ တရုတ် ပြည်မ မှာ စတင်ပြုလုပ်ခဲ့ ကြတာပါ။
soybean ပဲပုပ်နှင့် အများဆုံးပြုလုပ်ခဲ့ ပါတယ်။ အခြားပဲ အမျိုးမျိုးနှင့်လည်းပြုလုပ်ခဲ့ကြပါ​သေးတယ်။ ပဲပိစပ် နှင့် အချဥ်ဖောက် ပဲ အနှစ်
တနည်းအားဖြင့် ပုန်းရည်ကြီး ပြုလုပ်တဲ့ ပုံစံက​တော့ ပုဂံပြည် က စတင်ပြုလုပ် ခဲ့တာပါ။
ဒီ​နေရာမှာ မြန်မာ အများစု မသဲကွဲ ဖြစ်​နေတာက ပဲပုပ် Soybean နှင့် ပဲပိစပ် Horse gram ပါ။ သူတို့နှစ်ခုက တူသလိုလို ရှိ ​နေ​ပေမဲ့ ပဲပုပ် soybean က နို့​ရော ဆီ​ရော ထုတ်လို့ ရတဲ့ပဲအမျိုး အစားပါ။ ပဲပိစပ် Horse gram က​တော့ ဆီထုတ်လို့မရပါဘူး။
ပုန်းရည်ကြီးလုပ်ဖို့ပဲ အဓိက သုံးပါတယ်။ ပဲ ပိစပ် ရဲ့ မိခင်​ဒေသ ဖြစ်တဲ့ အိန္ဒိယ ပြည်မှာ​​တော့ ပဲပိစပ် ကို ဟင်းလျာ အ​နေနဲ့ပုံစံ မျိုးစုံချက်ပြုတ်ခဲ့​ပေမဲ့ အချဥ်​ဖောက် ပဲအနှစ် ပုံစံမျိုးလုပ်ခဲ့တာ မျိုးက​​တော့
ပုဂံပြည်ကစတင်ပြုလုပ်ခဲ့တာပါ။ ဒါ​ကြောင့် ပုန်းရည်ကြီး ဆိုတာ ပုဂံ​ခေတ်ကတည်း ကမြန်မာ့ မူပိုင် ဖြစ်ခဲ့တယ်လို့​ ပြောလို့ ရပါတယ်။
​ဆို​တော့ ပုန်းရည်ကြီးက ပထမမြန်မာ နိုင်ငံ​တော် ပုဂံ​ခေတ် တပ္မဒီပ (ပုဂံမြို့) တည် ကတည်း ကစရှိခဲ့တဲ့ မြန်မာ့ အစားစား တခုပါ။ မြန်မာ့ အစားစာ​ ​တွေထဲမှာမှ မြန်မာ အဆန်ဆုံး မြန်မာ​သွေး အစစ်ဆုံး စားစရာ တခုလည်းဖြစ်ပါတယ်။ ဒီလိုလွန်ခဲ့တဲ့ နှစ်​ပေါင်းများစွာ ကတည်းက စတင် ဖြစ်​ပေါ် လာခဲ့တဲ့အရာဖြစ်သည့် တိုင် ​ခေတ် အဆက်ဆက် လူမျိုး​ပေါင်းများစွာ ကို ဖြတ်သန်းလာပြီး​တောင်မှ
မ​ပျောက် မပျက်ပဲ ရှိ​နေတဲ့ စားစရာ တခုပါ။ မြန်မာအရသာ စစ်နဲ့ မြန်မာစားစရာအရသာ ဆိုတာ ဘယ်လိုမျိုး လည်း ဆိုတာကို ပြ​ပေးနိုင်တဲ့ စားစရာ တခု ဆိုလည်း မမှား​လောက်ပါဘူး။


------------------------------------------------

ကုန်ကျစရိတ်လည်း သက်သာပြီးလွယ်ကူလျင်မြန်စွာ နဲ့ အာဟာရပြည့်ဝ တဲ့ မြန်မာ့ ရိုးရာ အစားအစာတစ်ခု ဖြစ်တဲ့ ပုန်းရည်ကြီးသုပ်လေးကိုအားလုံး အလွယ်တကူလုပ်စားဖို့အတွက် ပုန်းရည်ကြီးသုပ်ပုံသုပ်နည်းလေး ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ-

မြင်းနက် ပုန်းရည်ကြီး (၁ ထုပ်)

ကြက်သွန်နီ (၁လုံး)

ပုဇွန်ခြောက် သို့ ပုဇွန်ခြောက် မှုန့်
(မိမိ အဆင်ပြေနိုင်မဲ့ ပမာဏ)

ကြက်သွန်ဖြူ (မိမိ အဆင်ပြေနိုင်မဲ့ ပမာဏ)

ခနောကြက်သားမှုန့် သို့မဟုတ် ဆား
(လက်ဖက်ရည်ဇွန်း တစ်ဝက်)

ပဲဆီ သို့မဟုတ် မိမိနှစ်သက်ရာ ဆီ
(ထမင်းစားဇွန်း ၃ ဇွန်း)

ငရုတ်သီးစိမ်း
(မိမိ အဆင်ပြေနိုင်မဲ့ ပမာဏ)

ပုန်းရည်ကြီးသုပ် ပြင်ဆင်ပုံ-

ပထမဦးစွာကြက်သွန်နီ၊ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပါ။

ပုန်းရည်ကြီးအနှစ်တွေကို ပန်းကန်တစ်ခုထဲမှာထည့်ပြီး လှီးထားတဲ့ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း လေးတွေကိုထည့်ပါ။

ပြီးနောက် ပုဇွန်ခြောက်ကိုထည့် ခနောကြက်သားမှုန့်ထည့်ပြီး အားလုံးထည့်ပြီးနောက်ဆုံး မှ ဆီကိုထည့်ကာ လက် နဲ့
သေချာနယ်ပြီး စားသုံးလို့ ရပါပြီ။





$5.55