🍲 ကြေးအိုး စားချင်လိုက်တာဆိုပြီး...
အိမ်ထဲကနေ မထွက်ချင်ဘဲ စိတ်ထဲကနေ အော်နေတဲ့သူ ဘယ်နှစ်ယောက် လောက်ရှိမလဲ 😜
Shin Shin ရဲ့ ထုတ်ကုန် ကြာစိမ်း ကြက်ကြေးအိုးလေး ကြောင့် ပိုက်ဆံအများကြီး ကုန်စရာမလိုဘဲ အာဟာရပြည့်ဝတဲ့ မနက်စာ ဒါမှမဟုတ် မိသားစုနဲ့ ညစာ ပဲ လုပ်စားကြမလား
အဆင်ကိုပြေလို့ ...😋
သူ့အရသာလေး က အရိုးပြုတ်ရည် ထည့်ထားသလိုမျိုး ချိုချိုလေး တစ်ပွဲချက်စားရင် ပန်းကန်လုံးကြီးနဲ့ တော်တော်စားရတယ်။
ချက်နည်းကလည်း လွယ် ကြာဆံကိုပြုတ်၊ ပါလာတဲ့ အရသာမှုန့် နဲ့ အဆီကို ထည့်၊ ကိုယ်ကြိုက်တဲ့ အသီးအရွက် မှို ပဲပြား အသားတု ငုံးဥ ပင်လယ်စာ ကြိုက်ရာထည့်
ပါဝင်ပစ္စည်းထည့်ဖို့ တန်ဖိုးသင့်/တန်ဖိုးနည်း ဒါတော့ ကိုယ့်အပေါ် မူတည်တာပေါ့ နော်
ကြက်ကြေးအိုးအရသာ ကြာစိမ်းကို အရသာရှိရှိစားဖို့ နည်းတစ်ခုပဲလိုပါတယ်🤗
အဲ့ဒါကတော့ ရေပမာဏ ကို သတ်မှတ်ထားတဲ့အတိုင်း ထည့်ပေးဖို့ပါပဲ💧
သာမန် စိတ်မှန်း နဲ့ ရေထည့်ပြီး ပြုတ်တဲ့အခါ Shin Shin ကြက်ကြေးအိုးအရသာ ကြာစိမ်းလေးက အချိုအရသာဘက်ကို ကဲလေ့ရှိတာဆိုတော့ (450ml) ဆိုတဲ့ သတ်မှတ်ရေပမာဏအတိုင်း ထည့်ပြီးပြုတ်လိုက်ရင် ကြေးအိုးကြိုက်သူတွေအတွက် အရသာကွက်တိဖြစ်သွားပါပြီ 👍👍
အလွယ်ဆိုရင်တော့ 450ml ဆိုတာ 1L ရေသန့်ဘူး ဘူးတဝက်လောက်ပေါ့နော် 🍶
အရွက် နဲ့ အသားလုံးလေးတွေများ ထည့်လိုက်ရင်တော့ Very Good ပေါ့..😋🥬
လျှို့ဝှက်နည်းလမ်းလေးကို ပြောပြပြီးပြီဆိုတော့ ဒီတစ်ခါ ကြက်ကြေးအိုးအရသာ ကြာစိမ်းလေးကိုပြုတ်စားရင် ရေအချိန်အဆ မှန်မှန်ကန်ကန် ထည့်ပြီး ပြုတ်စားကြည့်ကြနော်😘👩🍳
# Shin Shin_Instant Rice Vermicelli
# ProductofMyanmar