ကင်ဆာရောဂါအတွက်လား...
နာတာရှည်အသည်းရောင်ရောဂါအတွက်လား...
Superfruit ဆိုတဲ့ Blueberry ရှိပါတယ်...
💜💜 Blueberry (ဘလူးဘယ်ရီဆေး) 💜💜
ဘာတွေစွမ်းလဲ လေ့လာကြည့်ရအောင်...
Blueberry ရဲ့ အစွမ်းက
💜 Proanthocyanidins (PAC) ပါဝင်ပြီး အစွမ်းထက် Antioxidant ဖြစ်လို့ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်တွေကထွက်လာတဲ့ ဓါတ်တိုးပစ္စည်း (Free Radicals) တွေကို ထိထိရောက်ရောက် ရှင်းလင်းပေးတဲ့အတွက် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေ ပွားများပြန့်နှံ့တာကိုလည်း တားဆီးကာကွယ်ပေးပါတယ်။
💜 ကင်ဆာရောဂါရှင်တွေမှာ ရောင်ရမ်းစေတဲ့ဓါတ်ပစ္စည်းတွေကို လျှော့ချပေးပြီး ကင်ဆာဆဲလ်များ ပွားများပြန့်နှံ့တာကိုလည်း တားဆီးကာကွယ်ပေးတယ်...
💜 အသည်းရောင်၊ အသားဝါစီပိုးရဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ နာတာရှည်အသည်းရောင်ရောဂါ၊ အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာရောဂါတွေ ဆက်မဖြစ်အောင် ဟန့်တားပေးတယ်...
💜 အသည်းရောင်ခြင်းကြောင့်ဖြစ်တဲ့ အသည်းအင်ဇိုင်းမြင့်တက်တာကိုလည်း လျှော့ချပေးနိုင်ပါတယ်...
💜 အသည်းရောင်လို့ အသည်းအင်ဇိုင်းမြင့်တက်တာကိုလည်း လျှော့ချပေးပါတယ်။ ဒါကြောင့် နာတာရှည်အသည်းရောင်ရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရောဂါတွေအတွက် အကျိုးရှိပါတယ်။
💜 ဗိုက်နဲ့ ခါးမှာရှိတဲ့အဆီပိုတွေ ချေဖျက်ပေးပြီး ဗိုက်ပူ၊ ခါးတုတ်တာကို အလျင်မြန်ဆုံး လျှော့ချပေးနိုင်ပါတယ်ရှင်။
💜 နှလုံးကျန်းမာရေး၊ မှတ်ဉာဏ်တွေအတွက် အကျိုးရှိတဲ့ ဖြည့်စွက်ဆေးဝါးတစ်ခုလည်း ဖြစ်ပါတယ်။
✅ တစ်ဘူး (အလုံး ၆၀) ✅
# Fame_Pharmaceuticals
# ProductofMyanmar
==============================
ဘလူးဘယ်ရီသီးက ခါးသေးသွယ်စေနိုင်သလား❓❓
🫐 ဘလူးဘယ်ရီသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများကို ဖတ်ရှုလေ့လာရင်း တွေ့ရှိရသော သုတေသနစာစောင် တစ်ခုအကြောင်းကို အလျဉ်းသင့်၍ မျှဝေပေးချင်ပါသည်။ ထိုစာတမ်းမှာ လူများတွင်ပြုလုပ်ထားသော သုတေသနများကို စုပေါင်းသုံးသပ်ထားသည့် သုတေသနစာစောင် (Systematic review and meta-analysis) တစ်ခုဖြစ်ပါသည်။
🫐 ဘလူးဘယ်ရီသီး (သို့) ဘလူးဘယ်ရီ ပါဝင်သော ဖြည့်စွက်ဆေးဝါးများကို ရက်သတ္တပတ် ၆ ပတ်ကျော်ကြာ မှီဝဲလျှင် ခါးလုံးပတ်အကျယ် (Waist circumference) ကို (၇) စင်တီမီတာကျော် လျော့နည်းသွားစေကြောင်း တွေ့ရသည်။ သုတေသန (၁၁) ခုမှ ထွက်ပေါ်လာသော အချက်အလက်များပေါ် မူတည်၍ ကောက်ချက်ချထားသော ရလဒ်များဖြစ်ပါသည်။ ကိုယ်အလေးချိန် (Body weight) ကို ပျမ်းမျှခြင်း (၀.၃၂) ကီလိုဂရမ် ကျဆင်းစေပြီး Body Mass Index (BMI) ကို (၀.၁၉ kg/m2) ကျဆင်းစေပါသည်။
🫐 အဆိုပါတိုင်းတာမှုများအနက် ခါးလုံးပတ်ကျဆင်းစေသော အာနိသင်မှာ အသိသာဆုံးဖြစ်ပါသည်။ ကိုယ်အလေးချိန်သာမက သွေးအတွင်း ကိုလက်စထရောဓာတ်များကိုပါ လျော့နည်းစေနိုင်ပါသည်။ မကောင်းသော ကိုလက်စထရောဓာတ်များဖြစ်သည့် (TC, TG, LDL) တို့ကို ကျဆင်းစေပြီး ကောင်းမွန်သော HDL ကိုလက်စထရောကို များလာစေသည်။ HDL ကိုများစေသော အာနိသင်မှာ ပိုမိုထင်ရှားပါသည်။
🫐 ဘလူးဘယ်ရီ၏ အထက်ဖော်ပြပါအာနိသင်ကို အလျဉ်းသင့်၍ ဖော်ပြထားခြင်း ဖြစ်သော်လည်း ကိုယ်အလေးချိန် ကျဆင်းစေရန်နှင့် သွေးတွင်း ကိုလက်စထရောဓာတ်များ ကျဆင်းစေရန်အတွက် ဘလူးဘယ်ရီတစ်မျိုးတည်းအပေါ် အားကိုးမည့်အစား အဆီနှင့် ကယ်လိုရီဓာတ်များ လျှော့စားခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစား ပုံမှန်ပြုလုပ်ပေးခြင်းနှင့် အခြားသော အဆီကျပြီး ပိန်စေသည့် ဆေးဝါးများကို တွဲဖက်မှီဝဲပေးသင့်ပါသည်။
🫐 ဘလူးဘယ်ရီသီးမှာ အစားအစာတစ်မျိုးဖြစ်ပြီး အန္တရာယ်လည်း ကင်းသောကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများ၊ ခါးသေးသွယ်လိုသူများနှင့် ကိုလက်စထရောဓာတ်များ လျှော့ချလိုသူများအတွက် နည်းလမ်းတစ်ခုအနေနှင့် အကျိုးရှိပါစေကြောင်း တင်ပြလိုက်ရပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)