ပိတ်ရက်မှာ🍝 မာလာရှမ်းကောလုပ်စားဖို့အတွက် "ဇလုံကြီး" ရဲ့ မာလာရှမ်းကောအနှစ်ထုတ်လေး
😍 ကြိုဝယ်ပြီးသားလား...?
🤔 အခုမှ သတိတရနဲ့ပြေးဝယ်မှာလား...ပြော...?
ထုံစပ်မွှေးအရသာလေးနဲ့ “ဇလုံကြီး” ရဲ့
”မာလာရှမ်းကောအနှစ်” လေးက
✅️ မာလာရှမ်းကော
✅️ မာလာမောက်ချိုက်
✅️ မာလာအကင်သုတ်
✅️ မာလာဟော့ပေါ့
ဒါမှမဟုတ်
🍟 အာလူးလေးကြော် ~ မာလာနှစ်လေးရောပြီး မာလာအာလူးကြော်လေးပဲလုပ်စားစား
🍖 အကင်လေးတွေနဲ့ပဲရော ပြီး မာလာအကင်သုပ်လေးလုပ်စားစား
🥬 အိမ်မှာရှိတဲ့အသီးအရွက်လေးတွေ၊ အသားငါးလေးတွေကို ခေါက်ဆွဲနဲ့ရောပြီး မာလာရှမ်းကောလေးပဲချက်စားမလား.....?
🍜 ရေနွေးပူပူလေးထဲ အနှစ်ထုတ်လေးဖောက်ထည့်ပြီး မာလာဟော့ပေါ့အိုးလေးပဲလုပ်စားမလား.....?
🦀 တစ်ဆင့်မြှင့်ပြီး ပင်လယ်စာအစုံနဲ့ ပင်လယ်စာမာလာချက်လေး ချက်စားဦးမလား....?
အများကြီးလုပ်စားလို့ရပါတယ် 🫶
✅ စျေးနှုန်းကလဲ ချိုသလို
✅ လွယ်လွယ်ကူကူလုပ်စားလို့ရတယ်
✅ ၆လအထိအထားခံပြီး
✅ သဘာဝနည်းလမ်းတွေအသုံးပြုထုတ်လုပ်ထားတာဖြစ်လို့ လူမျိုးဘာသာမရွေးစားလို့ရတယ်နော်
မာလာ မှ မာလာဆိုတဲ့သူတွေဆိုရင်
"ဇလုံကြီး" မာလာရှမ်းကောအနှစ်ထုတ်လေးကို
ဝယ်ထားဖို့မမေ့နဲ့နော် 🌶
# ဇလုံကြီး_အသင့်စား ဟင်းအနှစ်ထုတ်
# ProductofMyanmar
--------------------------------------------------------
✨ ဝက်မာလာ ပေါက်စီ ပြုလုပ်နည်း ✨
ကျွန်တော်တို့အိမ်မှာ လုပ်စားလေ့ရှိတဲ့ ဝက်မာလာပေါက်စီနဲ့ ဝက်မာလာ ပေါက်စီဘာဂါ လုပ်နည်းလေး ပြောပြပေးမယ်နော်။
ပေါက်စီလုပ်ဖို့က မခက်ခဲလွန်းပါဘူး
- ဂျုံ - တစ်ခွက် (၂၄၀ ဂရမ်)
- yeast - ထမင်းစားဇွန်း ၁ဇွန်း
- သကြား - ထမင်းစားဇွန်း ၂ဇွန်း
- Baking Powder - လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဆား - အနည်းငယ်
- ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
- နွားနို့ - 70g
👨🍳 အရင်ဆုံး yeast + သကြားကို နွားနို့မပူတပူနဲ့ ဖျော်ပီး ၅မိနစ်ခန့် အဖုံးအုပ်ထားပါ
- yeast ပွလာလျှင် ဂျုံ + Baking powder + ဆား အရောထဲသို့ အပွခံထားတဲ့ yeast ထည့်နယ်ပါ
- ဆီထည့်ပီး နွားနို့ကို လိုသလောက်ဖြည်းဖြည်းထည့်ပါ။လက်ဖနောင့်ဖြင့် ၁၅ မိနစ်ခန့် ဖိနယ်ပေးပါ- အဝတ်ဖြင့် ၁နာရီခွဲခန့်အုပ်ပီး ဂျုံသား၂ဆဖြစ်အောင် အပွခံပါ။အပွခံနေချိန် မိမိနှစ်သက်ရာ အသားကို တောက်တောက်စင်းပီး ကြက်သွန်နီတောက်တောက်စင်း ကြက်သွန်မြိတ်ပါးပါးလှီး ဆား ပဲငံပြာရည်အကြည် သကြား တရုတ်မဆလာ ၊ ငရုပ်ကောင်းမှုန့် ၊ ကော်မှုန့် ၊ ဆီ အနည်းငယ် ၊ ရေအနည်းငယ်တို့ဖြင့် အသားကို အရသာသွင်းကြော်ထားပါ။အသားနူးလာလျှင် ဇလုံကြီး မာလာရှမ်းကောအနှစ်ထည့်၍ မွှေပေးပါ
- ဂျုံပွလာလျှင် ဒလှိမ့်ဖြင့်ဖြန့်ခင်းပီး အလိပ်လိပ်ပါ
ဒါမှ ပေါက်စီအသားက အလွှာလေးတွေဖြစ်မှာပါ။ မိမိလိုချင်သလောက် ဂျုံဒိုးဖြတ်ပီး အဝိုင်းပြားပါ
- ဝက်သားမာလာ ၊ ဝက်အူချောင်း ၊ ကြက်ဥပြုတ်တစ်စိတ်ထည့်ပီး အစာလုံအောင်ပိတ်ပီး ဆီစိမ်စက္ကူပေါ်တင်ပီး မိနစ်၂၀ခန့် ထပ်အပွခံပါ။ရေနွေးတည်ပီး ပေါင်းဇကာပေါ်တင်၍ မိနစ်၃၀ခန့်ပေါင်းပီး မီးပိတ်ကာ နောက်ထပ် ၁၀မိနစ်ခန့် အဖုံးမဖွင့်ဘဲ ထားပါ။ အရသာရှိသော ဝက်မာလာပေါက်စီရပါပြီ။
👨🍳 ဝက်မာလာ ပေါက်စီဘာဂါ အတွက် ဂျုံဒိုးကို ဘဲဥပုံ လှိမ့်ပီး မျက်နှာပြင်ကို ဆီသုတ်ကာ ခေါက်ပေးပါ။အထက်ပါ နည်းအတိုင်းပေါင်းပေးပါ။ပေါက်စီဘာဂါသား ရပြီဆိုရင် အစောနက ကြော်ထားတဲ့ မာလာဝက်သားကို ဂေါ်ဖီရွက်ခင်းပြီး ထည့်ပါ။ ကြက်သွန်မြိတ် နှင့် နှမ်းဖြူးပေးပြီး ပေါက်စီဘာဂါအတွင်းသို့ ထည့်ပေးပါ။ စားနေကျအစာသွပ်ပေါက်စီ အမျိုးအစားတွေနဲ့ မတူတာလေးတစ်ခုကို
ရရှိပါပြီ။အဲ့ဒါကတော့ ဝက်မာလာ ပေါက်စီဘာဂါ ပါ ။
- ဒီစားဖွယ်လေးကတော့ ဒီနိုင်ငံမှာ အတွေ့ရနည်းနေသေးပေမယ့် စင်ကာပူ မလေးရှား ထိုင်ဝမ် အစရှိတဲ့နိုင်ငံတွေမှာတော့ လူကြိုက်များတဲ့ Street food အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ် ။ ပေါက်စီဖြစ်တာက တစ်ကြောင်း ၊ ဘာဂါပုံစံဖြစ်တာက တစ်မျိုးမို့
မနက်စာ ၊ နေ့ခင်းစာ ၊ ဒါမှမဟုတ် အဆာပြေ snack အနေပဲဖြစ်ဖြစ် သုံးဆောင်နိုင်မှာပါ ။
ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့ ဇလုံကြီး အနှစ်ထုတ်လေးနဲ့ နိုင်ငံတကာအစားအသောက်ကို ဖန်တီးလို့ရတာမို့ ဇလုံကြီးအနှစ်ထုတ်လေးတွေက ကျွန်တော်ရဲ့ လက်စွဲပေါ့ 👨🍳
--------------------------------------------------------
✨ အာလူးမာလာသုတ်နဲ့ မာလာအကင်မျိုးစုံ ✨
👨🍳 အာလူးမာလာအတွက်ကတော့ 🥔
- အာလူးကိုအခွံနွှာရေးဆေးပြီး အချောင်းတွန့်လေးတွေလှီးပါတယ်
- လှီးထားတဲ့အာလူးလေးတွေကိုဆီပူပူထဲထည့်ကြော်ပါ
- အားလူးချောင်းလေးတွေတင်းပြီးညိုလာရင်ဆယ်ပြီးဆီစစ်ထားပါ
- ပြီးရင်တော့ အိုးထဲကိုဇလုံကြီးမာလာရှမ်းကောအနှစ်ထုတ်လေးထည့်ပြီး
- ပူလာရင် ကြော်ထားတဲ့အားလူးလေးတွေထည့်ပါ
- ကြက်သားမှုန့်နည်းနည်းထည့်ပြီး သမအောင်မွှေပါ
- အကြာကြီးကြော်စရာမလိုပါဘူးနေ်
- ရတာနဲ့ မီးဖိုပေါ်မှချပြီးမြေပဲထောင်းလေးနဲ့နှမ်းလေးတွေထည့်လိုက်ရင် အရမ်းစားကောင်းတဲ့ အာလူးမာလာလေးရပါပြီ
👨🍳 မာလာအကင်လေးလုပ်ဖို့အတွက်တော့ 🍢🍡
- ကြိုက်နှစ်သက်ရာအသားကိုအသုံးပြုလို့ရပါတယ်နော်
- ဇလုံကြီးမာလာအနှစ်လေးနဲ့ ကိုယ်ကင်မယ့် အသားအစုံကို အရသာလေးတွေနည်းနည်းစီထည့်ပြီးအရင်ကင်ရပါမယ်
- အသားတွေကျက်ခါနီးမှာ ဇလုံကြီးမာလာရှမ်းကောအနှစ်ကို အသားရဲ့မျက်နှာပြင်၂ ဖက်လုံးကိုသုတ်ပေးပါ
- ပြီးရင်တော့ အသားကို တဖတ်ကိုလှန်ပေးရပါမယ်
- တစ်မိနစ်လောက်နေရင် မာလာနံ့လေးမွှေးပြီးအရသာရှိတဲ့မာလာအကင်လေးရပါပြီ 😍
--------------------------------------------------------
👩🍳 ဂဏန်းမာလာ 🦀
▪ ပထမဆုံး -
ဂဏန်းကိုအခွံခွာရေစင်အောင်ဆေးကြောမယ်
▪ ပြီးရင်ေတာ့ -
မာလာအနစ်တထုတ်နဲ့ရေနည်းနည်းထည့်ပီးဂဏန်းထည့်ပြီးတည်ထားမယ်
▪ ဆူလို့ရေနည်းနည်းခမ်းစပြုရင် နောက်ထပ်အနစ်တထုပ်ထပ်ထည့်ပီးမွှေပေးမယ်
▪ ဂဏန်းမာလာဟင်းကိုဆလပ်ရွက်လေးနဲ့ထည့်ပီးပန်းကန်ထဲအလှဆင်မယ်
▪ ဂဏန်းမာလာဟင်းရပါပီ
👩🍳 ဇလုံကြီးရဲ့မာလာရှမ်းကောအနှစ်နဲ့ချက်ထားတာပါ
👩🍳 ၂ထုတ်ထည့်ရပါတယ်ေနာ်
သူအနံ့နဲ့မွှေးပီးသားမို့ဘာအရသာဘာအနံ့မှထပ်မထည့်ထားပါဘူးရှင့် 🥰
--------------------------------------------------------
👩🍳 အသားလုံး မာလာသုပ် 😋
- မိမိ နှစ်သက်ရာ အသားလုံးကို ဇလုံကြီး မာလာရှမ်းကောအနှစ်သုံးပြီး သုပ်ပါ
👩🍳 ဦးစွာ အသားလုံးများကို ပြုတ်ပါ (သို့) ကြော်ပါ
👩🍳 ပြီးနောက် ဇလုံကြီး မာလာရှမ်းကောအနှစ်ကို ပြောင်းကော်မှုန့်အနည်းငယ်၊ နှမ်းဆီမွှေး၊ ရေအနည်းငယ်တို့ဖြင့် မီးဖိုပေါ်တင်၍ မာလာဆော့စ်ချက်ပါ
👩🍳 ဆော့စ် အနည်းငယ် ပျစ်လာလျှင် ရပါပြီ။နောက်ဆုံးအနေဖြင့် ဇလုံတစ်ခုထဲမှာ အသားလုံးများကို မာလာဆော့စ်ထည့်၍ သမအောင်နယ်ပေးပါ
👩🍳 ဇလုံကြီး မာလာရှမ်းကောအနှစ်ထုပ်မှာ အနံ့ အရသာပြည့်စုံပီးသားမို့ အရသာအနေတော်ဖြစ်ပြီဆိုတော့ အပေါ်ကနေ နှမ်းလှော်လေးဖြူး နံနံပင်လေးဖြူးလိုက်ရင် အရသာရှိတဲ့ အသားလုံး မာလာသုပ် ရပါပြီရှင်
--------------------------------------------------------
👩🍳 သက်သတ်လွတ် မာလာအရွက်စုံသုပ် ပြုလုပ်နည်း
👩🍳 မိမိကြိုက်နှစ်သက်တဲ့ အရွက် အမျိုးစုံထည့်လို့ ရပါတယ်
- ပဲ ညွန့်
- ဘူးရွက်ညွန့်
- Baby corn
- ပန်းဂေါ်ဖီ ပွင့်
- မုန်လာဥနီ
- ထိုင်ဝမ်မုန်ညှင်းပေါက်
- ကြွက်နားရွက် မှို
- အပ်မှို လေးကို ရေနွေး လေးနဲ့ အရင်ဆုံးပြုတ်ပါတယ်
ပြီးရင် ဇလုံကြီးကထုတ်တဲ့ မာလာရှမ်းကောအနှစ်လေးနဲ့ ရောနယ်ပြီး မြေပဲနဲ့နှမ်း အနည်းငယ် ဖြူးပြီးရင်တော့ ဆိုင်အရသာ ကဲ့သို့ ထိထိမိမိ ရှိတဲ့ မာလာ ရွက်သုပ်လေး ရပါပြီရှင့်
--------------------------------------------------------
ထုံစပ်မွှေးတဲ့...
🌶️🌶️ စီချွမ်စတိုင်လ် မာလာကြက်တုံးခြောက်စပ်ကြော် လုပ်နည်းလေး 😍😍
ပါဝင်ပစ္စည်းများ
-ဇလုံကြီးမာလာရှမ်းကောအနှစ်
-ကြက်သား
-ငါးမျိုးစပ်မဆလာ
-ဆား
-သကြား
-ပဲငံပြာရည်အကျဲ
-ဆီမွှေး
-ကြက်သွန်မြိတ်
-ဂျင်း
-ကြက်သွန်ဖြူ
-နှမ်း
-ငရုတ်သီးခြောက်
•••• 🥬 ဟင်းချက်ဖို့အသင့်ပြင်ကြမယ် 🥬••••
-ဂျင်းလေးတွေကိုပါးပါးရှည်ရှည်လေးတွေလှီးထားပေးပါ
-ကြက်သွန်ဖြူကို အတုံးသေးသေးလေးတွေလှီးထားပါမယ်
-ကြက်သွန်မြိတ်လေးတွေကို လှီးပြီး အဖျားသပ်သပ် အရင်းပိုင်းသပ်သပ် ဖယ်ထားမယ်နော်
-ငရုပ်သီးခြောက်တွေကို အညှာချွေပြီး လက်တစ်ဆစ်စာလောက်လေးတွေဖျတ်ပြီး ရေသန့်နဲ့ မိနစ်၃၀လောက်စိမ်ထားပါမယ်
-ငါးမျိုးစပ်မဆလာ + ဆား + သကြား + ပဲငံပြာရည်အကျဲ + ဆီမွှေး နဲ့ ကြက်သားတုံးလေးတွေကို နှံ့သွားအောင် နယ်ပြီးတစ်နာရီလောက်နှပ်ထားပေးပါ
-အရသာနှပ်ပြီးသား ကြက်သားတုံးလေးတွေကို ကော်မှုန့်နဲ့နှံ့အောင်အသာလေးရောမွှေပြီး
တစ်တုံးနှင့်တစ်တုံးစေးကပ်မနေတော့ဘူးဆိုကြော်ဖို့အဆင်သင့်ဖြစ်ပါပြီ
(အကြော်မှုန့်သုံးလိုက်ရင် ကြက်သားကြော်တွေကလိုတာထက်ပိုပွသွားစေနိုင်လို့ စီချွမ်ကြက်တုံးခြောက်စပ်ကြော် စတိုင်ပြောက်သွားတတ်ပါတယ် )
ကော်မှုန့်အထူကြီးကပ်စရာမလိုဘူးနော်
•••• 🥬 ဒါဆို စချက်ကြရအောင်နော် 🥬 ••••
🌶 အရင်ဆုံးဆီအပူပေးပါမယ်
🌶 ဒယ်အိုး ဆီဝသွားပြီဆိုရင် ကော်မှုန့်ကပ်ထားတဲ့ကြက်သားတုံးတွေထည့်ကြော်မယ်နော်
🌶 ပြီးရင်ကြက်သားကြော်ထားတဲ့ဆီနဲ့ ငရုပ်သီးခြောက်လေးတွေကို ရေခြောက်ပြီး အနံ့မွှေးလာအောင် ၃/ ၄ မိနစ်လောက်ကြော်ပေးပါမယ်
🌶 ကြော်ထားတဲ့ကြက်သားတုံးလေးတွေကို ဗန်းအသန့်လေးထဲ တစ်ရှူးလေးတွေ ဖြန့်ခင်းထားတဲ့အပေါ်မှာ ဆီစစ်ထားလိုက်ပါ
🌶 အမွှေးအကြိုင်အတွက် ကြက်သွန်ဖြူ၊ ဂျင်း နဲ့ ကြက်သွန်မြိတ်အရင်းပိုင်းလေးတွေ ထပ်ထည့်ပြီး ငရုပ်သီးထဲ ရောမွှေကြော်လိုက်ပါ
🌶 အမွှေးအကြိုင်လှော်တာနှံ့လောက်ပြီဆိုရင် အရသာပိုပြည့်စုံသွားအောင် "ဇလုံကြီး မာလာရှမ်းကောအနှစ်" ထည့်ပါမယ်
🌶 အားလုံးပြည့်စုံပြီဆိုရင် စီစစ်ထားတဲ့ ကြက်တုံးကြော်လေးတွေထည့်ပါမယ်
🌶 အမွှေးအကြိုင်ငရုပ်သီးကြော်တွေနဲ့ကြက်တုံးကြော်တွေကို တစ်သားတည်းဖြစ်အောင်မီးရှိန်မြှင့်ပြီးကြော်ပေးပါ
🌶 ကြက်သားတုံးတွေထဲအနှစ်အရသာတွေစိမ့်ဝင်သွားလောက်ပြီဆိုရင် ကြက်သွန်မြိတ်ထိပ်ပိုင်းလေးတွေ နှမ်းလေးတွေဖြူးပြီး ရောမွှေပြီးရင်မီးပိတ်လိုက်လို့ရပါပြီ
ဒါဆို စားသောက်ဆိုင်တွေမှာ စျေးကြီးပေးဝယ်စားရတဲ့ စီချွမ်စတိုင်မာလာကြက်တုံးခြောက်စပ်ကြော် တစ်ပွဲရပါပြီ 😍
--------------------------------------------------------
🍟 မာလာအာလူးချောင်းကြော် 🍟
ပါဝင်ပစ္စည်းလေးက ( 2 ) မျိုးပဲလိုတယ်နော်
✅ အာလူး (2လုံး)
✅ ”ဇလုံကြီး” မာလာရှမ်းကော အနှစ် (1 ထုတ်)
🥔 ပထမဦးစွာ အာလူးလေးတွေကိုအခွံခွာပြီး အချောင်းလေးတွေလှီးပါမယ်
🥔 အာလူးချောင်းလေးတွေကို ရေ ( 2 ) ခေါက်လောက်ဆေးပြီး ရေစစ်ထားပါ
🥔 အာလူးကြော်ဖို့ ဆီအိုးကိုအပူပေးပြီး ဆီပူလာရင် လှီးထားတဲ့အာလူးချောင်းတွေကိုထည့်ကြော်ပါမယ်
🥔 အာလူးချောင်းလေးတွေ ရွှေဝါရောင်သမ်းလာရင် ဆယ်ထားပြီး အိုးထဲဆီအနည်းငယ်ချန်ကာ "ဇလုံကြီး"မာလာရှမ်းကောအနှစ်ကို ဆီသတ်ပါမယ်
🥔 ဆီသတ်ထားတဲ့အနှစ်နဲ့ အာလူးချောင်းလေးတွေကို ရောလိုက်တာနဲ့ မာလာအာလူးချောင်းကြော် စပ်စပ်မွှေးမွှေးလေးရပါပြီနော်