ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်
ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်

ဇလုံကြီး_ပုစွန်ခရမ်းချဥ်သီးငပိချက်

🍅 လျှာဖျားပေါ်ကတောင့်တလို့
ခရမ်းချဥ်သီးငပိချက်လေးစားချင်ပေမယ့် 🍅

အလုပ်ကမအားတော့ ချက်ဖို့အချိန်မရှိတဲ့သူတွေအတွက် 🤔

"ဇလုံကြီး" ရဲ့ ခရမ်းချဥ်သီးငါးပိချက်လေးရှိတယ်နော်

🍅 ခရမ်းချဥ်သီးလေးတွေကို
🍾 ဆီလေးနဲ့လိပ်နေအောင် လှိမ့်ထားပြီးတော့
🌶 ငရုပ်သီးစပ်စပ်လေးနဲ့
🍚 ငါးပိပါလေကာလေးထည့်ထားတဲ့

ချဥ်ငံစပ် "ဇလုံကြီး" ခရမ်းချဥ်သီးငါးပိချက်လေးစားလိုက်ရင် လျှာလည်သွားစေရမယ်နော်

ထမင်းကို ဇလုံထဲအပြည့်ထည့် 🍚
ငပိချက်အနှစ်ကို ဖောက်ပြီးနယ် 🍛
တို့စရာ အသီးအရွက်တွေပါပါရင်တော့ 🥦🥒
ထမင်း နှစ်ဇလုံလောက်ကအေးဆေးပဲ 🤤

နောက်တနည်းအနေနဲ့ ...
🥩🥚 အသား၊ ငါး၊ ကြက်ဥ ကိုယ်အဆင်ပြေတာနဲ့‌ ရောချက်စားလို့လည်းရသေးတယ်

🧅 ကြက်သွန်ဆီသပ်စရာမလိုဘဲ အနှစ်တခါတည်းထည့်ပြီး လုံးချက်ချက်ရတာဆိုတော့
⏰ အချိန်ကုန်၊ အလုပ်ရှုပ်သက်သာ
🗨️ လွယ်ကူလျင်မြန်စွာနဲ့ ချက်စားလို့ရတဲ့ ဟင်းတစ်ခွက် ဖြစ်ပြီပေါ့ . . .

ထမင်းလေးနဲ့ ဒီတိုင်းနယ်စားရင်တောင် ပြည့်စုံတဲ့ "ဇလုံကြီး" ရဲ့ 🍅ပုစွန်ခရမ်းချဥ်သီးငါးပိချက်🍅အနှစ်ထုပ်လေးကို

😍 လူမျိုးဘာသာမရွေးစားလို့ရပါတယ်

🌿 သဘာဝနည်းပညာကိုအခြေခံပြီးထုတ်လုပ်ထားတာကြောင့် အနည်းဆုံး ၆လ လောက်ထိအထားခံလို့ ရုံးမှာပဲစားစား၊ အိမ်မှာပဲစားစား စားချင်တဲ့အချိန် လွယ်လွယ်ကူကူစားလို့ရအောင် များများဝယ်ထားလဲအဆင်ပြေတယ်နော်

🥰 ပြည်ပသယ်ဆောင်သွားမယ့်သူများအတွက်လဲ အဆင်ပြေပါတယ်

🇲🇲 မြန်မာပြည်တွင် တိုင်းရင်းသားလုပ်ငန်းရှင်မှ ထုတ်လုပ်သော မြန်မာ့ထုတ်ကုန်စစ်စစ်ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ


# ဇလုံကြီး_အသင့်စား ဟင်းအနှစ်ထုတ်
# ProductofMyanmar


-------------------------------------------------------

👩‍🍳 “ကြက်သားခရမ်းသီးလိပ် ခရမ်းချဉ်သီးရှူးရှဲချက်” ဟင်းပွဲ

👩‍🍳 ပါဝင်ပစ္စည်းများ
▪️“ဇလုံကြီး” အနှစ်ထုပ် - ၂ထုပ်
▪️ကြက်သား အသားသီးသန့် - ၁၀သား
▪️ခရမ်းသီး - ၂လုံး
▪️ငြုပ်သီးစိမ်း - ၆တောင့်
▪️နံနံပင် အနဲငယ်
▪️ကြက်သွန်မိတ် သို့မဟုတ် ကျူ့ဆိုင် အနဲငယ်
▪️ကော်မှုန့် လက်ဖက်ရည် ဇွန်း ၁ဇွန်း
▪️အကြော်မှုန့် ထမင်းစားဇွန်း ၃ဇွန်းကို
ရေအနဲငယ်နှင့် မပျစ်မကျဲ ဖျော်ထားပါ
▪️ဆီ ( ခရမ်းသီးကြော်ရန်လိုသလိုသုံးပါရန် )
▪️ငြုပ်ဆီ လက်ဖက်စားဇွန်း ၁ဇွန်း
▪️ဆား၊ ငြုပ်ကောင်းမှုန့်၊ ဟင်းခတ်မှုန့်၊ အနဲငယ်

👩‍🍳 ချက်ပြုတ်နည်း

✓ ကြက်သား အသားသီးသန့်ကိုကြိတ်ပါ
✓ ဆား ဟင်းခတ်မှုန့် ငြုပ်ဆီ ငြုပ်ကောင်း နံနံပင် ကျု့ဆိုင် ကော်မှုန့် ငြုပ်သီး ၂တောင့်လှီးထဲ့ပြီးသမအောင်ရောနယ်ပါ

✓ ခရမ်းသီးကိုအရှည်လိုက်ပါးပါးလွှာပါ ခရမ်းသီးပေါ် နယ်ထားသောကြက်သား ကိုဖြန့်ခင်းပါ လိပ်ပါ

✓ မပျစ်မကျဲ ဖျော်ထားသော မုန့်နှစ်ထဲ ခရမ်းသီးလိပ် ကို ဆီပူလာရင်မီးလျှော့ပြီး ရွှေဝါရောင်ကြော်ပါ ရရင် ဆယ်ထားပါ

✓ ဇလုံကြီး ပုဇွန် ခရမ်းချဥ်သီး ငပိချက် အနှစ်ထုပ် ကိုဖောက်ပြီးအိုးထဲ ထဲ့ပါ

✓ ဆီ ပါပြီးသားမို့ ဆီထဲ့ရန်မလိုသလို တခြား ဘာမှ ထပ်ထဲ့ဖို့မလိုတဲ့အတွက် အခုလို ရှားပါးနေချိန်မှာ အိမ်ရှင်မတွေအတွက် အားထားစရာ အနှစ်ထုပ်ပါရှင်

✓ အနှစ်ကိုအပူပေးလိုက်ပြီး ရှူးရှဲအစပ်လေး စားချင်လို့ မွှေးကြိုင်ကာအရသာပြည့်စုံနေပြီးသားဖြစ်တဲ့ အနှစ်ထဲ ငြုပ်သီးလေးထပ်ထဲ့ပြီး နွှေးလိုက်ပါတယ်ရှင်

✓ အနံ့နဲ့တင် စားချင်စိတ်က ထိမ်းမရတော့တဲ့ ဇလုံကြီးပုဇွန်ခရမ်းချဥ်သီးငပိချက်ပါရှင်

✓ ရလာတဲ့အနှစ်ကို ကြော်ထားတဲ့ ကြက်သားခရမ်းသီးလိပ် ပေါ် တင် နံနံပင်လေးအုပ်လိုက်တော့တကယ့်ကို ကောင်းလွန်းသော ...

✓ ကြက်သားနဲ့ခရမ်းသီးအရသာချိုဆိမ့်လေးက ဇလုံကြီး ပုဇွန်ခရမ်းချဥ်သီး ငပိချက် အစပ်အရသာနဲ့ အရမ်းကို လိုက်ဖက်နေပါရောလားရှင် ချက်စားကြည့်ပါနော်

✓ ဆန်းသစ်လွယ်ကူအဟာရပြည့်ပြီးအရသာရှိတဲ့ဟင်းပွဲလေးပါရှင်

✓ ဇလုံကြီးဟင်းအနှစ်ထုပ်တွေက ခုလိုချိန်မှာ များများဝယ်ထားရင် ဘယ်သွားသွားသယ်ရလွယ်စားရလွယ် တဲ့အသင့်စားမို့ အိမ်တိုင်းဆောင်ထားရင် ကုန်ကျစရိတ်လဲ သက်သာလို့ တအားအဆင်ပြေပါတယ်ရှင်


-------------------------------------------------------

👩‍🍳 “ဇလုံကြီး” ရဲ့ “အာလူး‌ထောင်း” ဟင်းပွဲ

👩‍🍳 ပါဝင်ပစ္စည်းများ

▪️“ဇလုံကြီး” အနှစ်ထုပ် (2) ထုပ်
▪️အာလူး (4) လုံး
▪️ဂျူးမြစ် (1) ပင်
▪️မုန့်ညင်းအချို (5) ကျပ်သား
▪️ဆီ ထမင်းစားဇွန်း (1) ဇွန်း
▪️ကြက်သွန်မိတ် (1) စီး
▪️အရသာမှုန့်လက်ဖက်စားဇွန်း (1) ဇွန်း
▪️ငရုတ်သီးအကြမ်းမှုန့် ထမင်းစားဇွန်း (၁) ဝက်


👩‍🍳 ချက်ပြုတ်ပြင်ဆင်ပုံ

- ပထမဆုံးအနေနဲ့ အာလူးပြုတ်ပြီးအခွံသင်ထားပါ
- ဆီအိုးတည်ပြီး ငရုတ်သီး အကြမ်းမှုန့်ထည့်ဆီသတ်ပါ
- “ဇလုံကြီး” ပုဇွန်ခရမ်းချဥ်သီးငပိချက် အနှစ်ထုပ်ထည့်ပါ
- မုန့်ညင်းချိုထည့်ပါ၊ အာလူးထောင်းပြီး ထည့်ပါ
- အရသာမှုန့်ထည့်ပါ၊ သမအောင်မွှေပါ
- ဂျူးမြစ် နံနံပင် ကြက်သွန်မိတ် ထည့်ပါ
🍲 သုံးဆောင်လို့ရပါပြီ 🍲


-------------------------------------------------------

👩‍🍳 “ဇလုံကြီး” ရဲ့ "ပုဇွန်အုန်းနို့ချဉ်စပ်ဟင်းရည်"

👩‍🍳 ပါဝင်ပစ္စည်းများ
- ဇလုံကြီးပုဇွန်ခရမ်းချဉ်သီးငပိချက် ၁ထုပ်
- ပုဇွန်(ဂျော့) ၅ကျပ်သား
- အုန်းနို့ညှစ်ပြီးသားအရည် ၃ ဇွန်း
- မန်ကျည်းမှည့်ရည် ၁ဇွန်း
- ငရုပ်သီးစိမ်း အနည်းငယ်
- ဆီ ၁ဇွန်း
- ဆားအနည်းငယ်
- ကြက်သားမှုန့် အနည်းငယ်
- ကြက်သွန်ဖြူကြီး ၃မွှာ
- စပါးလင် ၂ချောင်း
- ခေါက်ဆွဲအနည်းငယ်
- ဒေသထွက်အလှဆင်ပန်း အနည်းငယ်

👩‍🍳 ဟင်းပွဲချက်ပြုတ်နည်း

- ပထမဆုံးပုဇွန်ကို အခွံသင် ကျောခွဲအစာကျောထုတ်ပါ ရေစင်စင်ဆေးပါ
- စပါးလင်ကို ရေဆေးထုထားပါ
- ကြက်သွန်ဖြူအခွံခွာဒါးပြားထုပြီးလှီးထားပါ
- အုန်းနို့ ကိုဗူးသုံးထားပါ
- မန်ကျည်းမှည့်ကို ရေသန့်နဲ့ဖျော်ထားပါ
- ငရုပ်သီးစိမ်းကို ရေဆေးပြီးလှီးထားပါ
- ဇလုံကြီးအနှစ်ထုပ်ကိုဖောက်ထားပါ

- ဆီအိုးတည်ပါ ဆီပူလာရင် ကြက်သွန်ဖြူနဲ့ စပါးလင်ကို၁မီနစ်လှိမ့်ပါ
- ဇလုံကြီးအနှစ်ထုပ်ကိုဖောက်ထည့်ပါ
- ၂မီနစ်ကြာလို့အရမ်းမွှေးလာတဲ့အခါ အုန်းနို့ထည့်ပါ မန်ကျည်းရည်ထည့်ပါ
- ဟင်းရည်နည်းနည်းပွက်လာရင်ပုဇွန်ထည့်ပြီး ၃မီနစ်ထပ်တည်ပါ
- ပြီးရင်ဟင်းရည်အရသာကိုမြည်းပြီး ဆား ကြက်သားမှုန့်/အရသာမှုန့်ထည့်ပါ(ဆားနဲ့အရသာမှုန့်သိပ်မလိုပါဘူး ဇလုံကြီးဟင်းအနှစ်ကအရသာရှိပြီးသားဖြစ်တယ် ပုဇွန်ကလည်းအချိုတွေထွက်ပါတယ်)
- ပြီးရင်ငရုပ်သီးစီမ်းလှီးထားတာလေးတွေထည့်ပါ အနံ့လေးတွေမွှေးပြီး အရသာအနေတော်ဆိုရင်မီးဖိုမီးပိတ်လို့ရပါပြီ
- တွဲစားဖို့အတွက် ခေါက်ဆွဲပြုတ်ပါ ဒါမှမဟုတ် ထမင်းနဲ့စားလည်းလိုက်ဖက်ပါတယ်ရှင်။
- သူ့အရသာက တုမ့်ယမ်းလိုလို အုန်းနို့ဟင်းရည်လိုလို အရမ်းမွှေးပြီး ချဉ်စပ်လေးနဲ့ လျှာထဲစွဲပြီး ခံတွင်းတွေ့စေပါတယ်။ ချက်စားနေကြပုံစံလေးတွေနဲ့ ကွဲထွက်ထားတဲ့ အလွယ်တကူချက်နိုင်တာမျိုးပါ။ ဇလုံကြီးဟင်းအနှစ်နဲ့ဆို အချိန်ကုန်သက်သာပြီး အရသာ ထိမိနေတာပေါ့

$5.55