ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်
ဇလုံကြီး_ဂွေးသီးအညာချက်

ဇလုံကြီး_ဂွေးသီးအညာချက်

ပါဝင်ပစ္စည်းအမျိုးအမည်တူရင်တောင်
နေရာဒေသပေါ်မူတည်ပြီး အရသာတွေပြောင်းလဲသွားနိုင်ပါတယ် 😃😃

🧑‍🍳 အိမ်ချက်လက်ရာစစ်စစ်လေးလဲစားချင်တယ်
ရာသီပေါ်စာလေးလဲစားချင်တယ်ဆိုရင်တော့

ဇလုံကြီး 🫒 "ဂွေးသီးအညာချက်အနှစ်ထုတ်" လေးကိုညွှန်းပါရစေခင်ဗျာ😍😍

"ဇလုံကြီးဂွေးသီးအညာချက်" လေးက

🫒 ရာသီပေါ် ဂွေးသီးလေးတွေကို
🍚 မျှင်ငါးပိ
🌶️ ငရုတ်သီးလေးတွေနဲ့

အညာမှာဂွေးသီးပေါ်ချိန်ချက်စားနေကျ အိမ်ချက်အရသာလေးအတိုင်းထုတ်လုပ်ထားတာဖြစ်လို့ 🤤

🧑‍🍳 အိမ်နဲ့ဝေးနေသူလေးတွေအနေနဲ့ စားချင်တဲ့အချိန် လွယ်လွယ်ကူကူစားနိုင်အောင် အခုပဲ ပါကင်လိုက်ဝယ်ပြီးဆောင်ထားလိုက်တော့နော်


# ဇလုံကြီး_အသင့်စား ဟင်းအနှစ်ထုတ်
# ProductofMyanmar

----------------------------------------------------------------

လွယ်ကူရိုးရှင်းပြီး ခံတွင်းမြိန်စေတဲ့ချက်နည်းလေး

"ဇလုံကြီး ဂွေးသီးအညာချက်အနှစ်ထုတ်"
သုံးပြီး ချက်ထားတဲ့
အရိုးလဲသန်မာ ခံတွင်းလဲမြိန်စေမယ့်
ဆလားဗီးယားဂွေးသီးကြော်ချက်

🌶 ပါဝင်ပစ္စည်းများ 🌶

🐠 ဇလုံကြီးအနှစ်ထုတ် (၂ ထုတ်)
🐠 ဆလားဗီးယားငါး (၁ ကောင်)
🐠 ငရုတ်သီးစိမ်း (အနည်းငယ်)
🐠 ကြက်သွန်ဖြူ (၁၀မွှာ)
🐠 စပါးလင် (၂ပင်)
🐠 ဂျင်း (အနည်းငယ်)

🌶 ပါဝင်ပစ္စည်းပြင်ဆင်နည်း 🌶

ဆလားဗီးယားငါးကို ဆားနဲ့နယ်ပြီး ရေပြောင်အောင်ဆေးပါ

ရေဆေးထားတဲ့ငါးကို ဆား၊ ကြက်သားမှုန့်၊ ငံပြာရည်၊ ခရုဆီ၊ ပဲငံပြာရည်အကျဲ၊ ငရုတ်ကောင်းမှုန့်တို့နဲ့ အနည်းဆုံး နာရီဝက်ခန့် နှပ်ထားပါ

ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်တို့ကို ရောထောင်းထားပါ

🌶 ချက်ပြုတ်နည်းအဆင့်ဆင့် 🌶

🐠 ပထမဆုံး နှပ်ထားတဲ့ငါးကိုကြော်ပါမယ်

🐠 ငါးကြော်ဆီနဲ့ပဲ ထောင်းထားတဲ့ ပါဝင်ပစ္စည်းတွေကို ဆီသတ်ပါ

🐠 ဆီသတ်ပြီးရင် အရသာမှုန့်၊ ငံပြာရည်၊ ဆား၊ သကြား၊ ခရုဆီ၊ တရုတ်ငံပြာရည်အကျဲနဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ "ဇလုံကြီး"ဂွေးသီးအညာချက်ဖောက်ထည့်ပြီး သမအောင်မွှေပေးပါ

🐠 ဆီသတ်ထားတဲ့အနှစ်အကျက်အနေတော်ဖြစ်ပြီဆိုရင် ကြော်ထားတဲ့ငါးပေါ်ကို ဆမ်းပေးလိုက်တာနဲ့ အရသာလဲရှိပြီး မွှေးကြိုင်တဲ့ဟင်းပွဲတစ်ပွဲ သုံးဆောင်နိုင်ပါပြီနော် 🥰


----------------------------------------------------------------

👩‍🍳 “ဇလုံကြီး” ရဲ့ “ကြက်သားဂွေးသီးချက်”

👩‍🍳 ပါဝင်ပစ္စည်းများ

- “ဇလုံကြီး”‌ ဂွေးသီးအညာချက်အနှစ်ထုပ်
- ကြက်သား
- ကြက်သွန်နီ

👩‍🍳 ချက်ပြုတ်ပြင်ဆင်ပုံ

✓ ကြက်သားပြုတ်ထားတာလေးကိုပြင်ဆင်ထားပါတယ်

✓ ကြက်သွန်နီလေးကိုဆီသတ် ဆီသတ်တာမကျက်တကျက်လေးဖြစ်ချိန်မှာ ဇလုံကြီးဂွေးသီးအညာချက်အနှစ်လေးကိုထည့်ပြီးထပ်ပြီးတော့ဆီသတ်ပါတယ်

✓ နည်းနည်းလေးသမပြီးတာနဲ့ ကြက်သားပြုတ်ထားတာလေးထည့်ပါ

✓ အရည်လေးဆမ်းစားချင်တဲ့အတွက် ရေနွေးလေးနည်းနည်းထည့်ပြီးတစ်မိနစ်လောက်အုပ်ထားပါတယ်

✓ ပြီးတာနဲ့မီးဖိုပေါ်ကချ ဂွေးသီးအနှစ်အနံ့လေးကမွှေးပြီးအရမ်းစွဲဆောင်နေပါပြီ


----------------------------------------------------------------

👩‍🍳 “ဇလုံကြီး” ရဲ့ “ငါးနီတူ ဂွေးသီးအညာချက် ”

👩‍🍳 ပါဝင်အမယ်များ

✓ “ဇလုံကြီး” အနှစ်ထုပ် - (2) ထုပ်
✓ ငါးနီတူ - 5 ကျပ်သား
✓ ဂွေးသီး - 2 လုံး
✓ ငရုတ်သီး - 5 တောင့်
✓ ဆီ အနည်းငယ်
✓ နံနံပင် တစ်စီး
✓ အရသာမှုန့်လက်ဖက်စားဇွန်း - 1ဇွန်းစသည်တို့ လိုအပ်ပါတယ်

👩‍🍳 ချက်ပြုတ်ပြင်ဆင်ပုံ

- ပထမဆုံး ဒယ်အိုးကိုမီးဖိုပေါ်တင်ပါ
- ဆီပူလာပါက “ဇလုံကြီး”ဂွေးသီးအညာချက် အနှစ်ထုပ်ကိုထည့်ပါ

- ဂွေးသီးအစိပ်လေးများကိုထည့်ပါ(ဂွေးသီးကိုအခွံသင် ရေစင်အောင်ဆေးပြီး အစိပ်လေးများစိပ်ထားပါ)

- ငါးနီတူ များထည့်ပါ၊ လုံးရေအနည်းငယ်သာထည့်ပါ၊ အရသာမှုန့်ထည့်ပါ

- ငရုတ်သီး ကို လှီးဖြတ်ပြီးထည့်ပါ၊ နောက်ဆုံးမှာ နံနံပင်အုပ်ပါ

🍲 ချဥ်ချိုလေးနဲ့မို့ ခံတွင်းရှင်းပြီး စားရမြိန်ပါတယ်၊ ချက်ရတာလည်း အဆင့်တွေမများဘဲ လွယ်ကူပါတယ်ရှင်......

$5.55