ဇလုံကြီး_သရက်သီးစိမ်းငပိချက်
ဇလုံကြီး_သရက်သီးစိမ်းငပိချက်
ဇလုံကြီး_သရက်သီးစိမ်းငပိချက်
ဇလုံကြီး_သရက်သီးစိမ်းငပိချက်
ဇလုံကြီး_သရက်သီးစိမ်းငပိချက်
ဇလုံကြီး_သရက်သီးစိမ်းငပိချက်
ဇလုံကြီး_သရက်သီးစိမ်းငပိချက်
ဇလုံကြီး_သရက်သီးစိမ်းငပိချက်

ဇလုံကြီး_သရက်သီးစိမ်းငပိချက်

ချဉ်ချဉ်စပ်စပ် ရာသီစာလေးတွေက
ဘယ်နှစ်ခါစားစား စားလို့အကောင်းဆုံး
ခံတွင်းအမြိန်ဆုံး 🌶️

သရက်သီးပေါ်ချိန်ဆိုရင် သရက်သီးပေါက်စိပ်လေးတွေနဲ့ ချက်ထားတဲ့ ငါးပိချက်လေးများ စားလိုက်ရရင် ဘာပြောကောင်းမလဲ……...အရမ်းအရမ်းရှယ်ပေါ့……… 🥭

🥭🌶️ သရက်သီးနံ့မွှေးမွှေးလေးနဲ့ ချဉ်စပ်အရသာလေးကို တွေးကြည့်ပြီး သွားရည်ကျနေပြီဆိုရင်…..

“ ဇလုံကြီး” ရဲ့ “သရက်သီးစိမ်း ငါးပိချက်” အနှစ်ထုပ်ကို အပြေးလေးဝယ်ပြီး ထမင်းလေးနဲ့ နယ်စားလိုက်တော့ 🤤


# ဇလုံကြီး_အသင့်စား ဟင်းအနှစ်ထုတ်
# ProductofMyanmar

----------------------------------------------------

"ဇလုံကြီး သရက်သီးစိမ်းရှူးရှဲ ငါးပိချက်အနှစ်” အသုံးပြုပြီးချက်ထားတဲ့

🥭 "ငါးဖောင်ရိုးခြောက် သရက်သီးစိမ်း ရှူးရှဲငါးပိချက်" ချက်နည်း 🥭


ပါဝင်ပစ္စည်းလေးတွေကတော့

- "ဇလုံကြီး" အနှစ်ထုတ် (၂ ထုတ်)
- ငါးဖောင်ရိုးခြောက် (၂ ကျပ်ခွဲသား)
- ခရမ်းချဥ်သီး (အနေတော် ၁ လုံး)
- ကြက်သွန်နီ (အနေတော် ၁လုံး)
- ကြက်သွန်ဖြူ (၅မွှာ)
- နနွင်းမှုန့် ၊ အရောင်တင်မှုန့် ၊ ဆား ၊ ဟင်းခတ်မှုန့်
(အနည်းငယ်စီ)
- ဆီ (အသင့်အတင့်)
- ရေအသင့်အတင့်

- ငါးဖောင်ရိုးခြောက်ကို အနေတော်တုံးပြီး
ရေခဏစိမ်ထားပါမယ်
- ခရမ်းချဥ်သီး ပါးပါးလှီးထားပါ
- ကြက်သွန်နီ၊ ကြက်သွန်ဖြူ ညက်အောင်ထောင်းထားပါမယ်

- ဒယ်အိုးတစ်ခုထဲ ဆီသင့်ရုံထည့်ပြီး ထောင်းထားတဲ့ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို နနွင်းမှုန့် ၊ အရောင်တင်မှုန့် အနည်းငယ်ထည့်ပြီး ဆီသတ်ပါ 🧅🧄

- ပြီးရင် ပါးပါးလှီးထားတဲ့ ခရမ်းချဥ်သီးထည့်ပြီးနွမ်းအောင်မွှေပေးပါမယ်🍅

- နွမ်းသွားရင် ခရမ်းချဥ်သီးကျေသွားအောင်ရေအနည်းငယ်ထည့်ပါမယ်💦
- ဆား ၊ ဟင်းခတ်မှုန့်လိုသလောက်ထည့်မယ်နော်

- အနှစ်ကျပြီး ဆီပြန်လာရင်ရေစိမ်ထားတဲ့ ငါးဖောင်ရိုးခြောက်တွေထည့်မွှေပြီး ရေအနည်းငယ်ထပ်ထည့်ပါမယ်နော် 💦

- ငါးဖောင်ရိုးခြောက်တွေနူးသွားပြီဆိုရင်
"ဇလုံကြီး" သရက်သီးစိမ်း ရှူးရှဲငါးပိချက်
အနှစ်ထုတ် ၂ထုတ်ဖောက်ထည့်ပြီး သမအောင်မွှေပေးပါ 🫒

- ဆီပြန်ခါနီးရင် ငရုပ်သီးစိမ်းထည့်ပါ 🌶

- နံနံပင်လေးအုပ်ပြီး ဆီပြန်လာရင် ဟင်းအိုးချလို့ရပါပြီနော်🌿

“ငဖောင်ရိုးခြောက် သရက်သီးရှူးရှဲငါးပိချက်” လေးကို မိမိကြိုက်နှစ်သက်ရာအတို့အမြှုပ်လေးနဲ့တွဲဖက်စားရင် ထမင်းအရမ်းမြိန်စေပါတယ် 🤤

ငါးဖောင်ရိုးခြောက် ( ခေါ် ) အာဗြဲခြောက်လေးတွေက မြန်မာနိုင်ငံအတွင်းမှာ လွယ်လွယ်ကူကူဝယ်လို့ရပြီး စျေးသက်သာတဲ့ငါးခြောက်လေးဖြစ်လို့ စျေးဖိုးနဲနဲရှိရုံနဲ့ အခုဟင်းပွဲလေးကိုချက်စားလို့ရပါတယ်😍

နိုင်ငံခြားကိုရောက်နေတဲ့ သူတွေအနေနဲ့လဲ ငါးဖောင်ရိုးခြောက်အစား အဆင်ပြေရာငါးခြောက်လေးတွေကို အသုံးပြုပြီး ချက်လို့ရတယ်နော် 🤩

" ဇလုံကြီး " အနှစ်ထုပ်တွေသုံးပြီး အရသာရှိတဲ့ ဟင်းကောင်းလေးတစ်ခွက် ဖန်တီးနိုင်ကြပါစေခင်ဗျာ🥰


$5.55