🥣 ငါးပိချက်တစ်ခွက်ရှိရင်
🍚 ထမင်းတစ်အိုးလုံးပြောင်အောင် စားတဲ့သူတွေအတွက်
"ဇလုံကြီး" ရဲ့ 🐟 ငါးရွှေငရုတ်သီးရခိုင်ချက် 🐟 လေးကမေ့ထားလို့မရတဲ့ အနှစ်ထုတ်လေးပါနော် 👩🍳
🐟 ငါးရွှေဆိုတာ ရခိုင်ဒေသဘက်မှာ အစားများတဲ့ ငါးတစ်မျိုးပဲဖြစ်ပါတယ် 🐟
🐟 အခြားငါးတွေထက် အချိုအရသာကဲတာကြောင့် ဒေသအစားစာဖြစ်တဲ့
♨️ အာပူလျှာပူ
♨️ မုန့်ဟင်းခါး စတာတွေမှာအသုံးများတာပေါ့
"ဇလုံကြီး" ရဲ့ "ငါးရွှေငရုတ်သီးရခိုင်ချက်" လေးက
ငါးအချိုဓါတ်လေးကိုအပြည့်အဝခံစားနိုင်အောင်
🐟 ငါးရွှေစစ်စစ်ကိုသုံးထားတဲ့အပြင်.....
✨️စနစ်တကျနဲ့ သန့်သန့်ရှင်းရှင်း ချက်ပြုတ်ထားလို့
🌶 ငရုတ်သီးကြောင့် ဗိုက်နာတာမျိုးတွေမဖြစ်စေနိုင်ဘူးနော်
အရသာကလဲ မြန်မာပါးစပ်နဲ့ အစပ်အဟပ်တည့်တာမို့ ပြည်တွင်းစားသုံးသူတွေတင်မကပဲ ပြည်ပကသူတွေပါ အရမ်းကြိုက်ကြတာမို့ 🤤
"ဇလုံကြီး"ရဲ့ 🐟 ငါးရွှေငရုတ်သီးရခိုင်ချက်လေးကို တစ်ခါလောက် မြည်းကြည့်ကြဦးနော်
✅️ ဖွယ်ဖွယ်ရာရာချက်စားဖို့ အချိန်မရှိတဲ့သူတွေ
✅️ ငါးပိချက် ချက်ရတာကရိကထများလို့ ခဏခဏချက်မစားနိုင်တဲ့သူတွေအပြင်
✅️ အိမ်ချက်လက်ရာလေးလွမ်းနေပေမယ့် 🧑🍳 ဟင်းမချက်တတ်တဲ့သူတွေအတွက်
အနှစ်ထုပ်လေးကိုဖောက် ✔️
ထမင်းလေးနဲ့နယ် ✔️
အတို့အမြှုပ်လေးနဲနဲကူလိုက်ရုံနဲ့ ✔️
ထမင်းဝိုင်းစည်သွားစေမှာဖြစ်လို့ 🤤🤤
"ဇလုံကြီး" ငါးရွှေငရုတ်သီးရခိုင်ချက်ကလေးကို
ဝယ်ထားပါ ဆောင်ထားပါ 🫶
🚫 အထားမခံမှာလဲ လုံးဝစိတ်ပူစရာမလိုဘူး
‼️ သဘာဝ နည်းပညာကိုအခြေခံပြီးထုတ်လုပ်ထားလို့ အနည်းဆုံး ၆လ လောက်ထိအထားခံတာကြောင့်
✅ များများဝယ်ထားချင်သူတွေ
✅ ပြည်ပသယ်ဆောင်သွားမယ့်သူတွေတွက်လဲ အဆင်ပြေပါတယ်
🇲🇲 မြန်မာပြည်တွင် တိုင်းရင်းသားလုပ်ငန်းရှင်မှ ထုတ်လုပ်သော မြန်မာ့ထုတ်ကုန်စစ်စစ်ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျ
# ဇလုံကြီး_အသင့်စား ဟင်းအနှစ်ထုတ်
# ProductofMyanmar
---------------------------------------------
"ဇလုံကြီး" ရဲ့ ငါးရွှေငရုတ်သီးရခိုင်ချက်အနှစ်ထုတ်လေးကို ပုစွန်လေးနဲ့ချက်တဲ့
🦐 "ပုစွန်ရခိုင်မဆလာချက်" ချက်နည်း 🦐
ပါဝင်ပစ္စည်းများ
🦐 ပုစွန် ( ၅/ ၆ ကောင်ခန့် )
🦐 ဇလုံကြီးအနှစ်ထုတ် (၂ / ၃ ထုပ်)
🦐 ကြက်သွန်ဖြူ (အနည်းငယ်)
🦐 ကြက်သွန်နီ (အနည်းငယ်)
🦐 ငရုတ်သီးအစိမ်းမှုန့် (အနည်းငယ်)
🦐 ကြက်ဥ (၂လုံး)
.......ချက်နည်း.......
🌶 ပထမဦးစွာ ပုစွန်ထုပ်လေးတွေကို လက်ချောင်းလေးတွေ အမွှေးလေးတွေညှပ်ပြီး သေချာသန့်စင်အောင် ရေဆေးထားပါမယ်
🌶 သန့်စင်ထားတဲ့ပုစွန်လေးတွေကို အရသာလေးနယ်ထားပါ
🌶 ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးလေးကိုဆီသတ်ဖို့အနည်းငယ်ထောင်းထားပေးပါမယ်
(ဒီအဆင့်မှာ ဇလုံကြီး ဆီပြန်ဟင်းအနှစ်ထုပ်လေးလဲ ထည့်သုံးလို့ရပါတယ်)
🌶 ထောင်းထားတာလေးတွေကို ဆီနည်းနည်းလေးထည့်ပြီး ဆီသတ်ပါမယ်
🌶 ဆီလေးမွှေးလာပြီဆိုရင် “ဇလုံကြီးငါးရွှေငရုတ်သီးရခိုင်ချက်” အနှစ်ထုပ်လေးရယ် ၊ ကြက်ဥရယ် ၊ မဆလာလေးနဲ့ ရေလေးအနည်းငယ်ထည့်ပြီး မွှေပါမယ်
🌶 အနှစ်လေးတွေပွက်ပွက်ဆူလာရင် သန့်စင်ထားတဲ့ပုစွန်လေးတွေထည့်ပါ
🌶 ပုစွန်အနီရောင်လေးပြောင်းလာပြီး ဆီပြန်လာရင် အိုးလေးချပြီးသုံးဆောင်နိုင်ပါပြီ
🌿 "ဇလုံကြီး" အနှစ်ထုတ်ထဲမှာ အရသာတွေပါပြီးသားမို့ အရသာမှုန့်တွေထပ်ထည့်စရာမလိုဘူးနော်
----------------------------------------------------
✨ ငါးရွှေ ငပိချက် ပဲကြာဆံသုပ်နည်း ✨
♡ ချက်ပြုတ်နည်း ♡
◇ ပါဝင်ပစ္စည်းများ ◇
- ဇလုံကြီး ငါးရွှေ ငရုတ်သီး ရခိုင်ချက်အနှစ်ထုတ်
- ယိုးဒယားပဲကြာဆံ
- ပုဇွန်နည်းနည်း
- ငါးဖယ်ဆုပ်
- ကြက်သွန်နီ
- နံနံပင်
- သံပုရာသီး
- ဆား အသားမှုန့်နည်းနည်း
◇ပြုလုပ်ပုံ◇
- ပထမဦးစွာ ပဲကြာဆံကို ပြုတ်ရပါမည်
- ပြုတ်ပီးရေစစ်ထားပါ ပုဇွန်များကိုဆား အသားမှုန့်နည်းနည်းနဲ့ရေနည်းနည်းပဲထည့်ပီးလှော်ပါ
- ငါးဖယ်နည်းနည်းကြော်ထားပါမည်
- ကြာဆံပြုတ်ထားတုန်း ကြက်သွန်နီ နံနံပင်များအဆင်သင့်လုပ်ထားပါ
- အဆင်သင့်ဖြစ်ပီဆိုပါက ပဲကြာဆံကို ခွက်ထဲထည့်ငါးရွှေငပိချက်အနှစ်ထုပ်ဖောက်ထည့်ပီး ငါးဖယ်လေးများညှပ်ထည့်ပါ
- ဆားမဆိုစလောက်လေးထည့်ပီး သံပုရာသီးလေးနည်းနည်းညှစ်ထဲ့ လှီးထားတဲ့ကြက်သွန်နီနည်းနည်းထဲ့ကာသုပ်ပီးသုံးဆောင်နိုင်ပါပီ ပုဇွန် ကျန်နေတဲ့ကြက်သွန် နံနံပင်လေးများအလှဆင်လိုက်ပါက လုပ်ရလဲလွယ်ကူပီး အလွန်လှပစားချင်စဖွယ် ငါးရွှေ ငပိချက် ပဲကြာဆံသုပ်လေးတစ်ပွဲရပါပီ
----------------------------------------------------
🐔 ကြက်သားလုံး ငရုတ်သီးရခိုင်ချက် 🐔
👩🍳 ပါဝင်ပစ္စည်းများ
- ကြက်သား၊ အကြော်မှုန့်၊ ကြက်ဥ၊ ဇလုံကြီးငါးရွှေငရုတ်သီးရခိုင်ချက် အနှစ်ထုပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့် ငရုတ်ကောင်းမှုန့်
👩🍳 ချက်ပြုတ်နည်း
🍛 ကြက်သားကို သေးသေးလေးတွေညှပ်ပီး အကြော်မှုန့် ကြက်ဥ ကြက်သွန်ဖြူထောင်းပီးသား ဆား၊ ဟင်းခတ်မှုန့် ငရုတ်ကောင်းမှုန့်တို့ထည့်၍ နယ်ပါ
🍛 ကြက်သားနယ်ထားတာကို လိုသလောက်အလုံးအတိုင်းအတာလောက်ယူပီးကြော်ပါ
🍛 ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ဇလုံကြီးငါးရွှေငရုတ်သီးရခိုင်ချက်အနှစ်ထုပ်ထည့်ပီး ဆီသတ်ပါ (အစပ်ကြိုက်လျှင် ငရုတ်သီးထောင်းကိုလိုသလောက်ထပ်ထည့်နိုင်ပါတယ်)
🍛 ထို့နောက် ကြော်ထားသော ကြက်သားလုံးကြော်များကို ထည့်ပီး နံနံရွက် အုပ်ပီးလျှင် ချက်ရလွယ်ကူ၍ အရသာရှိသော ကြက်သားလုံးငရုတ်သီးရခိုင်ချက် ကိုရရှိသွားပီ ဖြစ်ပါတယ်ရှင်
--------------------------------------------------
⛈️ “ဇလုံကြီး” ရဲ့ ငါးရွှေငရုတ်သီးရခိုင်ချက်နဲ့ အာပူလျှာပူသုတ် 🌶️🌶️
“ဇလုံကြီး” ရဲ့အနှစ်ထုတ်တွေထဲမှာ
💥 ငါးရွှေငရုတ်သီးရခိုင်ချက်က အစပ်ဆုံးနဲ့ အရသာထိထိမိမိအရှိဆုံးပဲ
အရသာရှိဆို ...
ငါးရွှေ (သင်ပေါင်းထိုး) ကြပ်တိုက်နံ့လေးကလဲ မွှေး၊ ရခိုင်မျှင်ငပိနဲ့ ငရုတ်သီးရဲ့ အစပ်အဟပ်ကလဲ ရှယ်မိနေတာကိုး...🤤
ငါးရွှေအနှစ်ထုပ်ကို
မုန့်တီဖတ်လေးတစ်ထုံး နှစ်ထုံးလောက်နဲ့
နံနံပင်၊ သံပုရာသီးလေးညှစ်ပြီး သုပ်စားလိုက်ရင်တော့ ... အားပါးပါး စားကောင်းလိုက်မယ့်ဖြစ်ခြင်း 🤤🤤
ကိုယ်က ပူပူစပ်စပ်လေးကြိုက်တတ်တယ်ဆိုရင်
✅ နေ့ခင်းနေ့လည်အဆာပြေစာအတွက် “ဇလုံကြီး” ရဲ့ ငါးရွှေငရုပ်သီးရခိုင်ချက်ကို အမြဲမပြတ်အောင်ဆောင်ထားလိုက်တော့နော်
--------------------------------------------------
🌞 "ဇလုံကြီး နဲ့ ကင်းမွန်သောက်စမ်း ချက်နည်း
.......... ပါဝင်ပစ္စည်းများ ..........
🦑ကင်းမွန် ( ၂၅ ကျပ်သား )
🍁ဇလုံကြီးငါးရွှေငရုတ်သီးရခိုင်ချက် ( ၂ထုပ် )
🧅ကြက်သွန်နီ ( ၂လုံး )
🥕မုန်လာဥနီ ( ၁လုံး )
🍅ခရမ်းချဥ်သီး ( ၁လုံး )
🧂ဆား ( စားပွဲတင်ဇွန်း ၁ဇွန်း )
🥫နနွင်းမှုန့် ( စားပွဲတင်ဇွန်း ၁ဇွန်း )
🍶ဆီ ( အနည်းငယ် )
🌿နံနံပင် ( အနည်းငယ် )
.......... ပါဝင်ပစ္စည်းလေးတွေကို ဒီလိုလေးအသင့်ပြင်ထားရအောင် ..........
🍄 ခရမ်းချဥ်သီးကို အနေတော်လေးတွေစိပ်ထားပါမယ်
🍄 ကြက်သွန်နီလေးတွေကိုလဲ ၄စိပ်, စိပ်ပါမယ်
🍄 မုန်လာဥနီလေးတွေကို မထူမပါး လက်တစ်ဆစ်အနေအထားလေး တုံးထားပါမယ်
🍄 ကင်းမွန်လေးတွေကိုလဲ သေချာပြောင်စင်အောင် ဆေးကြော သန့်စင်ထားပါမယ်နော်
...............ဟင်းချက်နည်း ..........
🐙 ဆေးကြောသန့်စင်ထားတဲ့ ကင်းမွန်လေးတွေကို ဆား ၊ နနွင်း ၊ ဇလုံကြီး ငါးရွှေငရုတ်သီးရခိုင်ချက်တို့နဲ့နယ်ပြီး အရသာနှပ်ထားပေးပါမယ်
🐙 အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ဆီပူလာရင် ပါဝင်ပစ္စည်းအားလုံးနဲ့တူတူ ခုနက နှပ်ထားတဲ့ ကင်းမွန်လေးတွေကိုထည့်ပြီး လုံးချက်လေးချက်ပေးပါ
🐙 ကင်းမွန်လေးအနည်းငယ် တင်းလာပြီဆိုရင် ရေအနည်းငယ်ထည့်ပါ
🐙 ဟင်းအိုးဆူလာရင် နံနံပင်လေးအုပ်လိုက်ရုံနဲ့ ကင်းမွန်အရသာချိုချို ငရုတ်သီးနံ့မွှေးမွှေးနဲ့ ပူစပ်ပူစပ် ကင်းမွန်သောက်စမ်းချက် လေးရပါပြီ
🫶 ကင်းမွန်နေရာမှာ ကြက်သား ၊ ငါး အစားထိုးပြီး ကြက်သောက်စမ်း ၊ ငါးသောက်စမ်း တို့ကိုလဲချက်လို့ရတယ်နော် 🫶
🫶 ပါဝင်ပစ္စည်း အနည်းငယ်လေးနဲ့ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ချက်ပြုတ်လို့ရတာကြောင့် လိုက်ချက်စားကြည့်ကြပါဦးနော် 🫶
--------------------------------------------------
“ပုစွန် ခရမ်းကစော့သီး ပူစပ်အနှစ်ချက်“
ပါဝင်ပစ္စည်းများ 🌶️
✅ ဇလုံကြီး (2 ထုပ်)
✅ ပုစွန်ထုပ် (20 ကျပ်သား)
✅ ခရမ်းသီး (1 လုံး)
✅ ကစော့သီး (အနည်းငယ်)
✅ ငရုတ်သီးစိမ်း အနီ (5တောင့်)
✅ ပင်စိမ်းရွက် (အနည်းငယ်)
✅ ကြက်သွန်နီ (1 လုံး)
✅ ကြက်သွန်ဖြူ (1လုံး)
✅ ပုစွန်လေးတွေကို ရေဆေး အခွံချွတ် ထားပါမယ် ( မင်မင်ကတော့ အမြှီးနေရာလေးတွေချန်ပြီး ဟင်းပွဲလှအောင်ထားပါတယ် )
✅ အသီးအရွက်တွေ အကုန်လုံးကို ဆားရည်စိမ်ပြီး ရေတစ်ထပ်ပြန်ဆေးထားနော်
✅ ခရမ်းသီးကို အခွံနဲ့ကပ်ပြီးခပ်ပါးပါးလှီးထားပါမယ် ခရမ်းသီးရဲ့အလည်ပိုင်းတွေကိုတော့ ဓားနဲ့စင်းထားမယ်
✅ ငရုတ်သီးစိမ်းအနီတောင့်တွေကို ခပ်စွေစွေလေး လှီးထားမယ်
✅ ပင်စိမ်းရွက်ကို အရွက်သင်ထားမယ်
✅ ကြက်သွန်နီ ကြက်သွန်ဖြူ ရောထောင်းထားမယ်
✅ “ဇလုံကြီး ငါးရွှေငရုပ်သီးရခိုင်ချက်အနှစ်ထုပ်” လေးတွေဖောက်ပြီး အသင့်ပြင်ထားပါမယ်
စချက်ကြရအောင် 🌶️
- အရင်ဆုံး ထောင်းထားတဲ့ ကြက်သွန်အနှစ်တွေကို ဆီသတ်ပါမယ် 🧅
- အနံ့မွှေးပြီးကြက်သွန်လိပ်လာရင် နနွင်းထည့် ပုစွန်ထည့်ပြီး ကြော်ပါ 🦐
- ပုစွန်လေးတွေကွေးလာပြီး ကြက်သွန်ဆီသတ်နံ့လေးနဲ့ သမသွားပြီဆိုရင် ပုစွန်တွေကိုအိုးထဲကနေဆယ်ထားပါမယ် 🧄
- ကြက်သွန်ဆီသတ်ထားတဲ့အိုးထဲကို ငရုတ်အရောင်တင်မှုန့် ၊ စင်းထားတဲ့ခရမ်းသီးအလည်ပိုင်း လေးတွေထည့်ပြီး အနှစ်ကျေသွားအောင် ရေအနည်းငယ်ထည့် လုံးပါ 🍆
- ခရမ်းသီးတွေအိကြေလာပြီဆိုရင် “ ဇလုံကြီး ငါးရွှေငရုတ်သီးရခိုင်ချက်အနှစ် “ တွေထည့်ပြီးသမအောင်မွှေပါ 🌶️
- ခပ်ပါးပါးလှီးထားတဲ့ ခရမ်းသီးနဲ့ ကစော့သီးလေးတွေထည့် ရေအနည်းငယ်ထည့်ပြီး ခရမ်းသီးအိလာတဲ့အထိတည်ထားပေးပါ 🍆
- အရသာထပ်ဖြည့်ဖို့ ဆားအနည်းငယ်ထည့်ပါ (“ဇလုံကြီး ငါးရွှေငရုတ်သီးရခိုင်ချက်” အနှစ်မှာ အရသာပါဝင်ပြီးသားဖြစ်တာရယ် ပါဝင်ပစ္စည်းတွေကလဲ နဂို အချိုဓာတ်ရှိပြီးသားမို့ ဟင်းချိုမှုန့်မသုံးလဲ ဟင်းအရသာကောင်းပါတယ်)
- ခရမ်းသီးတွေအိလာရင် ငရုတ်သီးစိမ်းအနီလေးတွေထည့်ပါ 🌶️
- ဆယ်ထားတဲ့ ပုစွန်တွေပြန်ထည့်ပြီး ပင်စိမ်းရွက်လေးတွေအုပ်လိုက်ပါ 🍃
ဒါဆိုရင် အနံ့မွှေးမွှေး ဟင်းအနှစ်များများ ခပ်စပ်စပ်လေးရယ် ဝါးလိုက်တိုင်း ကစော့သီးအရသာ ခါးရှိန်းရှိန်း လေးနဲ့ ထမင်းမြိန်စေမယ့် ဓာတ်စာဟင်းလေးတစ်ခွက် ရပါပြီ 🍃
--------------------------------------------------
👩🍳 “ဇလုံကြီး” ရဲ့ “ကြက်ခြေထောက် ကန်ဇွန်းရွက် ငါးရွှေငရုပ်သီးအစပ်ကြော် ”
👩🍳 ပါဝင်ပစ္စည်းများ
✓ “ဇလုံကြီး” ငါးရွှေငါးရုပ်သီးရခိုင်ချက်အနှစ်ထုပ်
✓ ကြက်ခြေထောက်
✓ ကန်ဇွန်းရွက်
✓ ငရုတ်သီးစိမ်း
✓ ကြက်သွန်ဖြူ၊ ဆီ၊ အရသာမှုန့်
👩🍳 ချက်ပြုတ်ပြင်ဆင်ပုံ
- ကြက်ခြေထောက်များဆေးကြောသန့်စင်ပြီး နူးသည်အထိပြုတ်ပါမယ်။နူးပြီဆိုဆယ်ထားပါမယ်။
- ကြက်သွန်ဖြူ၊ငရုပ်သီးစိမ်းများကြိတ်ထားပါမယ်။
- “ဇလုံကြီး” ငါးရွှေငရုတ်သီးအနှစ်ထုပ်ကိုဖောက်ထားပါမယ်။
- အိုးထဲဆီထည့် ဆီပူလာရင် ကြိတ်ထားတဲ့ ငရုပ်သီးကြက်သွန်ဖြူကိုထည့် ဇလုံကြီး အနှစ်ထုပ်လေးလဲထည့်ပါမယ်။
- မွှေးလာပြီဆို ကြက်ခြေထောက်ပြုတ်ထားတာထည့်ပါမယ်။
- ခဏတာနှံ့စပ်အောင်မွှေပြီးတဲ့အခါ ကြက်ခြေထောက်များ ခဏဆယ်ထားပြီး ကန်ဇွန်းရွက်ထည့်ကြော်ပါမယ်။
- အရသာမှုန့်လိုအပ်သလိုထည့်ပါမယ်။ကန်ဇွန်းရွက် အိပြီဆိုရင်တော့ ဆယ်ထားတဲ့ ကြက်ခြေထောက်များပါထည့်ပါ။
- နှံ့စပ်အောင်မွှေပြီးရင်တော့ ဆန်းသစ်တဲ့အရသာနဲ့ အလွယ်တကူဖန်တီးနိုင်တဲ့ ဇလုံကြီးရဲ့ ကြက်ခြေထောက်ကန်ဇွန်း ကြော်လေးရပါပြီ။
--------------------------------------------------
👩🍳 “ဇလုံကြီး” ရဲ့ “ရခိုင်မုန့်ဖတ်သုပ်”
👩🍳 ပါဝင်ပစ္စည်းများ
- ဇလုံကြီး အနှစ်ထုပ် (၂) ထုပ်
- မုန့်ဖတ် (၁၅) ကျပ်သား
- ကြက်သွန်နီ အနေတော် (၃) လုံး
- ဆားအနည်းငယ်၊ အရသာမုန့်အနည်းငယ်
- ကြက်သွန်ဖြူ ဆီချက်အနည်းငယ်
- နံနံပင် (၃) ပင်
👩🍳 ချက်ပြုတ်ပြင်ဆင်ပုံ
- ဇလုံတခုထဲသို့ ငါးရွှေအနှစ်ထုပ်နှင့်မုန့်ဖတ်တို့ကိုထည့်ပါပြီးလျှင်ပါဝင် ပစ္စည်းလေးတွေကိုလိုသလောက်ထည့်၍နှံ့စပ်အောင်ရောနယ်ပါ။
- အကြော် (သို့မဟုတ်) ငါးဖယ်နဲ့လဲတွဲ၍စိတ်ကြိုက်သုံးဆောင်နိုင်ပါရှင့်။
- ဒီလိုမျိုး လွယ်ကူပြီး အရသာ ရှိတဲ့ အဆာပြေမျိုး လုပ်စားမယ်ဆို “ဇလုံကြီး” ရဲ့ ငါးရွှေငရုတ်သိီးရခိုင်ချက်လေးကို သတိရလိုက်ပါနော် ...
--------------------------------------------------
👩🍳 “ဇလုံကြီး” ရဲ့ “ငါးအိုးကပ်ဟင်းညံ့”
👩🍳 ပါဝင်ပစ္စည်းများ
• အိုးကပ်ငါး - 15 ကျပ်သား
• ဆီ ထမင်းစားဇွန်း - 2 ဇွန်း
• ဟင်းခတ်အသားမှုန့် အနည်းငယ်
• ဟင်းညံ့ တစ်စီး
• ငရုတ်သီးအနီ - 5 တောင့်
• နံနံပင် တစ်စီး
• ကြက်သွန်ဖြူ 2 မွှာ၊ ကြက်သွန်နီ 2 လုံး
• ဇလုံကြီးတံဆိပ် ငါးရွှေ ငရုတ်သီး ရခိုင်ချက် အထုပ် (2) ထုပ်
• နနွင်းမှုန့် အနည်းငယ် စတာတွေလိုအပ်ပါတယ်
👩🍳 ချက်ပြုတ်ပြင်ဆင်ပုံ
✓ ငါးကိုရေစင်အောင်ဆေးပြီး အရသာမှုန့်နဲ့ နနွင်းအနည်းငယ်ဖြင့်နယ်ထားပေးပါ
✓ ကြက်သွန်ဖြူ နဲ့ကြက်သွန်နီကို အခွံသင်ပြီးရောထောင်းထားပါ
✓ ငရုတ်သီး ကိုလည်းအညှာသင် ရေဆေးပြီးရောထောင်းပါ
✓ ဟင်းညံ့ ကို သင်ထားပါ၊ ရေစင်အောင်ဆေးထားပါ
✓ အားလုံးအဆင်သင့်ဖြစ်ပါက မီးဖိုပေါ်ဆီအိုးတည်ပါ
✓ ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးတိူ့ကိုထည့်ဆီသတ်ပါ
✓ “ဇလုံကြီး” ငါးရွှေငရုတ်သီးရခိုင်ချက်အနှစ်ထုပ်ကို ထည့်ပါ၊ ပြီးလျင်ငါးထည့်ပါ၊ ဟင်းညံ့ ထည့်ပါ
✓ အရသာအတွက် ဟင်းခတ်အသားမှုန့်ထည့်ပါ၊ လုံးရေ နဲနဲထည့်ပြီးတည်ပါ
✓ အိုးချခါနီးမှ နံနံပင်အုပ်ပါ၊ အရသာရှိပြီး ထမင်းမြိန်တဲ့ ဟင်းလေးတစ်ခွက်ရပါပြီရှင်...
--------------------------------------------------
👩🍳 “ဇလုံကြီး” ရဲ့"မြေပဲခရမ်းချဥ်သီးရခိုင်ချက်" 🥜🍅
👩🍳 ပါဝင်ပစ္စည်းများ
- ခရမ်းချဥ်သီး
- “ဇလုံကြီး” ငါးရွှေ ငရုတ်သီး ရခိုင်ချက် အနှစ်ထုပ်(၂)ထုပ်
- ငရုတ်သီးစိမ်း
- ကြက်သွန်ဖြူ/ကြက်သွန်နီ
- မြေပဲအစိမ်း
- နံနံပင်
✨ ပြုလုပ်ပုံအဆင့်ဆင့်
- ခရမ်းချဉ်သီး အမှည့်လေးတွေကို ရေပြောင်စင်အောင်ဆေးပြီး သေးသေးလေးတွေညှပ်ပါ
- မြေပဲအစိမ်းလေးကိုညှပ်အောင်ထောင်းပါ
- ငရုတ်သီးစိမ်းလေးတွေကို သေးသေးလေးတွေညှပ်ပါ
- ကြက်သွန်နီ /ကြက်သွန်ဖြူလေးတွေကို နွှာပြီး ညပ်နေအောက်ထောင်းပါ။
- နံနံပင်လေးတွေကို ရေစင်အောင်ဆေးပြီး ညှပ်ထားပါ
👩🍳 ချက်နည်းအဆင့်ဆင့်
- ကြက်သွန်နီ /ကြက်သွန်ဖြူလေးကိုဆီသပ်ပါ
-နနွင်းမှုန့်/အရောင်တင်အနည်းငယ်ထည့်ပါ
- လှီးထားတဲ့ခရမ်းချဥ်သီးလေးတွေကို ကြေညပ်အောင်ဆီသပ်ပါ
-ငံပြာရည် /ဆား/အချိုမှုန့်ထည့်ပါ
- ရေအနဲငယ်ထည့်ပြီး ခနအုပ်ထားပါ
- ရေလေးနဲနဲခမ်းသွားရင် ငရုတ်သီးစိမ်းထည့်ပါ
- “ဇလုံကြီး” ငါးရွှေငရုတ်သီး ရခိုင်ချက်အနှစ်ထုပ်လေးထည့်ပါ
- မြေပဲစိမ်းထောင်းထားတာထည့်ပါ
- ဆီပြန်ပြီဆို နံနံပင်လေးအုပ်လိုက်ပါ
- အရသာကောင်းမွန်တဲ့ “မြေပဲခရမ်းချဥ်သီး ရခိုင်ချက်” ဟင်းပွဲလေးရပါပြီ
--------------------------------------------------
👩🍳 “ဇလုံကြီး” ရဲ့ “ငါးပူစပ် သောက်ဆမ်း ” ဟင်းပွ
👩🍳 ပါဝင်အမယ်များ
✓ “ဇလုံကြီး” အနှစ်ထုပ် (၂) ထုပ်
✓ ငါးကြင်း - 25 ကျပ်သား
✓ ဆီ ထမင်းစားဇွန်း - (၁) ဇွန်း
✓ ခရမ်းချဥ်သီး - (၂) လုံး
✓ ကြက်သွန်နီ - (၄) လုံး
✓ ကြက်သွန်ဖြူ (၅) မွှာ၊ ငရုတ်သီးစိမ်း (၅) တောင့်
✓ ရှမ်းနံနံ (၅) ပင်၊ ပင်စိမ်း (၅) ပင်
✓ ဖက်ဖယ်ရွက် (၅) ပင်
✓ အရသာမှုန့် လက်ဖက်စားဇွန်း - (၁) ဇွန်း
✓ နနွင်းမှုန့် အနည်းငယ်၊ မရမ်းပြားအနှစ် အနည်းငယ်၊ မုန့်ညင်း (၁) ပင် စတာတွေလိုအပ်ပါတယ်ရှင်...
👩🍳 ချက်ပြုတ်ရန်ပြင်ဆင်နည်း
✓ ပထမဆုံး ကြက်သွန်နီနဲ့ကြက်သွန်ဖြူ ကိုအခွံသင်ပြီး ညက်နေအောင်ထောင်းထားပါ၊ ငါးကို ရေစင်အောင်ဆေးထားပြီး အရသာမှုန့်နဲ့ နယ်ထားပေးပါ
✓ ရှမ်းနံနံ ပင်စိမ်း ဖက်ဖယ်ရွက် စတာတွေကို အရွက်ခြွေပြီး ရေစင်အောင်ဆေးပါ၊ နုတ်နုတ် လှီးဖြတ်ထားပါ
✓ ခရမ်းချဥ်သီးကို ရေးဆေးပြီး ထက်ဝက်ခြမ်းထားပါ
👩🍳 ချက်ပြုတ်နည်း ....
- မီးဖိုပေါ်ဆီအိုးတည်ပါ
- ဆီပူလာလျှင် ထောင်းထားတဲ့ ကြက်သွန်ဖြူနီ ကိုဆီသတ်ပါ
- ပြီးလျှင် ခရမ်းချဥ်သီးပါထည့်ပါ၊ ငရုတ်သီးစိမ်းထည့်ပါ
- “ဇလုံကြီး” ငါးရွှေငရုတ်သီးရခိုင်ချက် အနှစ်ထုပ် ထည့်ပါ၊ သမအောင်သေချာလေးမွှေပါ
- အရွက်များအားလုံးရောထည့်ပါ မရမ်းသီးအနှစ်ထည့်ပါ၊ အရသာမှုန့်ထည့်ပါ၊ ရေအနည်းငယ် ထည့်ပြီးမွှေပါ
- ဟင်းရည်ကို ပွက်ပွက်ဆူလာတဲ့အခါ အရသာပေါ့အငန် မြည်းပြီး မီးဖိုပေါ်မှချပါ
- မုန့်ညင်းပြုတ်ပါ.... ပူစပ်စပ်မွှေးမွှေးလေးနဲ့ ချဥ်စပ်လေးမို့ ခံတွင်းရှင်းပြီး ထမင်းစားမြိန်စေပါတယ်
- မုန်ညင်းလေးနဲ့ တို့စားရင် အရသာလေးပိုထူးလို့ တစ်အိမ်လုံး အရမ်းကြိုက်ကြပါတယ်
သာမန်ငါးဟင်းကို ဇလုံကြီးအနှစ်ထုပ်သုံးပြီးချက်လိုက်တော့ အရသာက ထင်မထားလောက်အောင်ကို ထူးခြားပြီး အရသာထူးပါတယ်.....