image
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix
Happy_Instant Coffeemix

Happy_Instant Coffeemix

$5.55

ထိမိငြိမိစေမယ့် 😊 Happy 😊 ချိုဆိမ့်ကော်ဖီ

☕ တချို့က ကော်ဖီအေးအေးလေး သောက်လိုက်ရမှ အကြည်ဓာတ်တွေပိုင်ဆိုင်ပြီး လန်းဆန်းတက်ကြွသွားသလို...

🥃 တချို့တွေကျ ကော်ဖီပူပူလေးတစ်ခွက်မှမသောက်လောက်ရရင် တနေကုန် နေမထိထိုင်မသာတွေကို ဖြစ်လွန်းလို့။

"ကိုယ်တွေအတွက်တော့ ပူပူ၊ အေးအေး ကော်ဖီဆို ဟက်ပီးကော်ဖီဖြစ်နေဖို့ပဲလိုတယ်"

🤍 ဟက်ပီးကော်ဖီကို ခရင်(မ်)အလွှာလေးတွေနဲ့အတူ စွဲမက်ဖွယ် အ‌ရောင်၊ အနံ့၊ အရသာ တို့နဲ့ပြည့်စုံနေအောင်ဖန်တီးထားမှတော့ ဟက်ပီးချိုဆိမ့်ကော်ဖီဆို ပူပူ၊ အေးအေး လာထားပဲ။

🤍 မွှေးပျံတဲ့ရနံ့၊ ချိုဆိမ့်အရသာ၊ ခရင်(မ်) အလွှာမှ
ရတဲ့ အဆိမ့် အရသာလေးနဲ့ အားလုံးပေါင်းစပ်လိုက်တော့ ဟက်ပီးချိုဆိမ့်ကော်ဖီရဲ့ ထိမိငြိအရသာတွေကို ကောင်းကောင်းကြီး ခံစားနိုင်ပြီပေါ့။


😊 အားလုံးအားလုံးပျော်ဖို့ဟက်ပီး 😊

# Happy_Coffeemix
# ProductofMyanmar


🥃🥃🥃🥃🥃🥃🥃🥃🥃🥃🥃🥃

ကော်ဖီဂျယ်လီလုပ်နည်း

လိုအပ်တဲ့ပစ္စည်းများ
----------------------
ရေနွေးပူ ၂ခွက်
ဟက်ပီးကော်ဖီမှုန့် ၁ဇွန်းခွဲ
သကြား ၂ဇွန်း
ဂျယ်လီပေါင်ဒါအကြည် ၃ဇွန်း
ဘက်စုံသုံးခရင်မ် (all-purpose Cream) ၅၀၀ မီလီ
နို့ဆီ ၇ဇွန်းမှ ၁၀ဇွန်း

ပြုလုပ်နည်းကတော့
----------------------

အဆင့် ၁ - အနေတော်အိုးတစ်လုံးထဲမှာ ရေထည့်ပြီး
ဂျယ်လီပေါင်ဒါကို ပျော်သည်အထိမွှေပြီး ဆူလာရင်
သကြား၊ ကော်ဖီမှုန့်တို့ကိုထည့်ကာ ပျော်သည့်အထိ
ဆက်မွှေပေးပါ..

အဆင့် ၂ - ဖျော်ထားတဲ့ ကော်ဖီဂျယ်လီများကို
လင်ဗန်းထဲတွင်ထည့်၍ အအေးခံပြီး ရေခဲသေတ္တာထဲတွင် ၃နာရီခန့် ထားပါ။ ကော်ဖီဂျယ်လီလေးများ မာသွားပြီဆိုရင်တော့ အနေတော် အတုံးလေးများ တုံးထားပေးပါနော်..

အဆင့် ၃ - နောက်ဆုံးအဆင့်အနေနဲ့ အိုးတစ်လုံးထဲမှာ ဘက်စုံသုံးခရင်မ်နဲ့ နို့ဆီတို့ကို ရောမွှေပြီး အအေးခံထားတဲ့ ဂျယ်လီတုံးလေးများနဲ့ ရေခဲများကို ရောမွှေလိုက်ရုံနဲ့ အရသာရှိလှတဲ့ ကော်ဖီဂျယ်လီ အေးအေးလေးကို သုံးဆောင်နိုင်ပါပြီ....


🥃🥃🥃🥃🥃🥃🥃🥃🥃🥃🥃🥃

ကော်ဖီအရသာ ကူဖီး

ကော်ဖီအရသာ ကူဖီးလေး လုပ်ဖို့အတွက် ပါဝင်တဲ့ပစ္စည်းလေးတွေကတော့...

1. Happy ကော်ဖီ - ၁ထုပ် (အထုပ်သေး)
2. နို့ဆီ - ၂ဇွန်း (ဟင်းစားဇွန်း)
3. နို့စိမ်း - ၅ဇွန်း (ဟင်းစားဇွန်း)
4. ပေါင်မုန့် - ၁ချပ် (ဘေးအနားသားလေးတွေဖယ်ဖို့ မမေ့နဲ့နော်)

ပြုလုပ်နည်းကတော့..

(၁) Blender ထဲကို ဘေးအနားသား ဖယ်ထားတဲ့ ပေါင်မုန့်ကိုထည့်ပြီး ကြိတ်ပါ။

(၂) နို့ဆီနဲ့ နို့စိမ်းကို အပေါ်မှာ ဖော်ပြထားတဲ့ အချိုးအစားအတိုင်း Blender ထဲထည့်ပါ။

(၃) Happy ကော်ဖီ ကို Blender ထဲထည့်ပါ။

(၄) Blender ထဲထည့်ကြိတ်ပြီးရလာတဲ့ အရည်ကို ပုံစံခွက်လေးထဲထည့်ပြီး ရေခဲသေတ္တာရဲ့
ခဲတဲ့အကန့်မှာထည့်ထားပေးပါ။

ပြီးရင်တော့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့
ကော်ဖီအရသာ ကူဖီးလေးကို သုံးဆောင် နိုင်ပါပြီနော်...


🥃🥃🥃🥃🥃🥃🥃🥃🥃🥃🥃🥃

ဟက်ပီးကော်ဖီ ပန်ကိတ်

ပါဝင်ပစ္စည်းတွေက…
- ဟက်ပီးချိုဆိမ့်ကော်ဖီ - တစ်ခါသောက် အထုပ်သေး (၁) ထုပ်
- ဂျုံမှုန့် - လက်ဖက်ရည် ပန်းကန်လုံး (၂) လုံး
- မုန့်ဖုတ်ဆော်ဒါ - လက်ဖက်ရည်ဇွန်း (၂) ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
- ကြက်ဥ - (၂) လုံး
- နွားနို့ - လက်ဖက်ရည် ပန်းကန်လုံး (၂) လုံး
- သကြား - အနည်းငယ် (နှစ်သက်သလောက်)
- ထောပတ်/ ထောပတ်ဆီ - အနည်းငယ်
ပြုလုပ်နည်း…
ဟက်ပီးချိုဆိမ့်ကော်ဖီကို နွားနို့ပူပူနဲ့ ရောဖျောလိုက်ပါ။ ထို့နောက်... ကြက်ဥ၊ ဂျုံမှုန့်၊ မုန့်ဖုတ်ဆော်ဒါ၊ ဆား၊ သကြား တို့ကိုပါ ထပ်ပေါင်းထည့်ပြီး သမအောင် မွှေကာ အဆင်သင့်ပြင်ထားလိုက်ပါ။
အိုးမကပ်တဲ့ ဒယ်ပြားကို မီးဖိုပေါ် အပူပေးပြီးနောက် ဒယ်အိုးအတွင်းပတ်လည်ကို ထောပတ်ဆီ သုတ်လိုက်ပါ။ အိုးပူလာရင် ရောမွှေထားတာတွေကို ဇွန်းခွက်ကြီးနဲ့ ခပ်ပြီး လိုချင်သလောက် ဆိုဒ်အတိုင်း ပန်ကိတ်လေးတွေ ပြုလုပ်လို့ရပါပြီ။
ပန်ကိတ် တစ်ဖက် တစ်ချပ်စီကို မီးအနေတော်နဲ့ (၂) မိနစ် စီ အပူပေးပေးပါ။ ပြီးရင်တော့ အရသာရှိတဲ့ ဟက်ပီးချိုဆိမ့်ကော်ဖီ ပန်ကိတ်လေး ရပါပြီနော်။


🥃🥃🥃🥃🥃🥃🥃🥃🥃🥃🥃🥃

ကော်ဖီကျောက်ကျော

လိုအပ်သောပစ္စည်းများ
- ဟက်ပီးချိုဆိမ့်ကော်ဖီ (400 mg) ကို
- ရေနှစ်ခွက် (470ml) နဲ့‌ ဖျော်ထားပါ
- သကြား (45g)
- ကျောက်ကျောမှုန့် (3 g)

အိုးထဲကို သကြားနဲ့ ကျောက်ကျောမှုန့်ထည့်ပြီး ရောမွှေပါ။ ပြီးရင် ဟက်ပီးချိုဆိမ့်ကော်ဖီကို လောင်းထည့်လိုက်ပါ။ ပြီးရင် ကော်ဖီဂျယ်လီပြုလုပ်မယ့်အိုးထဲကို ထည့်ပြီး သကြားနဲ့ ကျောက်ကျောမှုန့်တွေ ပျော်သွားတဲ့အထိ မီးအေးအေးနဲ့တည်ထားပြီး ဆက်တိုက်မွှေပေးပါ။ ဆူပွက်လာပြီဆိုရင်တော့ ပန်းကန် (သို့) အိုးထဲထည့်ပြီး အအေးခံထားလိုက်မယ်ဆိုရင် အရသာရှိတဲ့ ကော်ဖီကျောက်ကျောလေးကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။


🥃🥃🥃🥃🥃🥃🥃🥃🥃🥃🥃🥃

ဟက်ပီးကော်ဖီရေခဲမုန့်

ပါဝင်ပစ္စည်းများ -
ဟက်ပီးချိုဆိမ့်ကော်ဖီ 200 g
ရေနွေး 200ml
ကြက်ဥအနှစ် ၇ လုံး
ကျိုပြီးနွားနို့ 400 g
သကြား 100 g
ဆား 3 g
နို့အနံ့ 3 g

- ဟက်ပီးကော်ဖီကို ရေနွေးနဲ့ ဖျော်ထားပေးပါ။ ကြက်ဥအနှစ် ၇ လုံးကို နွားနို့ 200 g နဲ့ သမအောင် မွှေပေးပါ။ နောက်ထပ် နွားနို့ 200 g ကိုထည့်ပြီး ထပ်မွှေပေးပါ။
- ဖျော်ထားတဲ့ ဟက်ပီးကော်ဖီကိုပါ ထည့်မွှေပေးပါ။ သကြား၊ ဆားနဲ့ နို့အနံ့တွေကို ရောထည့်ပြီး သမအောင်မွှေပေးပါ။ ရလာတဲ့ မုန့်ရည်တွေကို ဇလုံတစ်လုံးထဲထည့်ပြီး အောက်မှရေခံပြီး ကျိုပေးပါ။ - မုန့်ရည်တွေ ပျစ်လာဆိုရင် ကျိုတာရပ်လိုက်လို့ရပါပြီ။
- အခန်းအပူချိန်မှာ ၁ နာရီခန့်အအေးခံပါ။ ထို့နောက် ရေခဲသေတ္တာရိုးရိုးအကန့်မှာ ၄ နာရီလောက်အအေးခံ၍ မုန့်ရည်ကို Hand Mixer နဲ့ မွှေပေးပါ။
- ထို့နောက် မုန့်ရည်ကို ‌ပလက်စတစ်အပါးလေးနဲ့ထိပြီး အုပ်ထား၍ ရေခဲသေတ္တာအခဲကန့်ထဲမှာ ၂ နာရီလောက် ထပ်အအေးခံပါ။
- ထို့နောက် Hand Mixer နဲ့ အနည်းငယ်ထပ်မွှေပြီး ဘူးထဲထည့်၊ အဖုံးပိတ်ပြီး ရေခဲသေတ္တာအအေးခန်းထဲမှာ ၈ နာရီလောက်ထည့်ထားလိုက်ပြီးရင် အရသာရှိတဲ့ ဟက်ပီးချိုဆိမ့်ကော်ဖီရေခဲမုန့်လေးကို သုံးဆောင်နိုင်ပါပြီ။