Ambrosia_လူချောကြီးမုန့်
Ambrosia_လူချောကြီးမုန့်
Ambrosia_လူချောကြီးမုန့်
Ambrosia_လူချောကြီးမုန့်
Ambrosia_လူချောကြီးမုန့်
Ambrosia_လူချောကြီးမုန့်
Ambrosia_လူချောကြီးမုန့်
Ambrosia_လူချောကြီးမုန့်
Ambrosia_လူချောကြီးမုန့်
Ambrosia_လူချောကြီးမုန့်
Ambrosia_လူချောကြီးမုန့်
Ambrosia_လူချောကြီးမုန့်
Ambrosia_လူချောကြီးမုန့်
Ambrosia_လူချောကြီးမုန့်
Ambrosia_လူချောကြီးမုန့်

Ambrosia_လူချောကြီးမုန့်

နတ်သုဒ္ဓါ ရဲ့
အိမ်အလွမ်းပြေလေး မြန်မာပြည် အလွမ်းပြေလေး

လူချောကြီးမုန့်ဆိုတာမြန်မာလူမျိုးတွေရဲ့အသည်းစွဲရိုးရာမုန့်တမျိုးဖြစ်တဲ့ မုန့်ပျားသလက်ကို
လူစိတ်ဝင်စားအောင်အကွန့်အညွန့်လေးနဲ့
ကြေငြာလိုက်တာပါ

လူချောကြီးမုန့်ဆိုတာ
အချိုအငံ အစပ်အဟပ်တည့်နေတဲ့
ဆီဝဝကြွပ်ရွနေတဲ့မုန့်သားပေါ်မှာ
စားတော်ပဲပြုတ်အိအိလေးရဲ့စိမ့်နေတဲ့အရသာ
လတ်လတ်ဆတ်ဆတ်နံနံပင်နဲ့ကြက်သွန်မြိတ်တို့ရဲ့
မွှေးလွန်းတဲ့အနံ့အရသာ
ဖိုပေါ်ကချပူပူနွေးနွေးလေး
တချပ်လောက်သာစားချလိုက်
ရေနွေးကြမ်းပူပူလေးမှုတ်သောက်
အမလေး
အာဂပါးစပ်လူဖြစ်ရကြိုးနပ်ပဟဲ့လို့
ဖြစ်သွားကြရမယ့်
မုန့်ပျားသလက်လို့ခေါ်ကြတဲ့
မြန်မာ့ရိုးရာအဆာပြေမုန့်ပဲ......ဖြစ်ပါတယ်

လူချောကြီးမုန့်ပြုလုပ်ရန်အတွက် ဘူးထဲကအမှုန့်များကိုအကုန်ထည့်၍ ရေ ၃၀၀gထည့်ပီး ပြင်ပအပူချိန်တွင်၂နာရီခန့်ထားပါ

ဒယ်ပြားလေးထဲဆီထည့် ဆီပူလာလျှင်
အချဥ်ဖောက်ထားသောမုန့်နှစ်ရည်ကိုမွှေပီးထည့်ပါ

အချိုအငံအရသာများပါပီးဖြစ်ပါသည်
ပဲပြုတ်နှင့်နံနံပင်ကြက်သွန်မြိတ်ငရုတ်သီးစိမ်းနှင့်
ကြိုက်နှစ်သက်ရာအသီးအရွက်များ
စိတ်တိုင်းကျထည့်ပီးပြုလုပ်ပါ
မုန့်နံ့လေးမွှေးလာပီးကြွပ်လာရင် စားသုံးနိုင်ပါပီ

ကြိုက်တဲ့နေရာကြိုက်တဲ့အချိန် တရေးနိုးထပီးပူပူနွေးနွေးလေး ပြုလုပ်စားသုံးနိုင်ပါပီ

အသုံးမပြုဖြစ်လျှင်အမှုန့်ဘူးကို လေလုံအောင်ပိတ်ထားပါရန်

မုန့်၁၀ချပ်စာခန့်ပါဝင်ပါတယ်
ထုတ်လုပ်သည့်နေ့မှစ၍၆လအထားခံပါသည်

ဘူးခွံအပါ အလေးချိန် ၁၇၀g ဝန်းကျင်ရှိပါတယ်
ရာနှုန်းပြည့်သက်သက်လွတ်ဖြစ်ပါတယ်
ကြာရှည်ခံဆေးများလုံးဝမပါဝင်ပါ

"Lu Chaw Gyi" Burmese rice pancake is a beloved traditional snack of the Myanmar people which is also known as “Mont Pyar Thalet." The name is designed to capture people's interest with its delightful presentation and unique flavors. This rice pancake is a must-try for anyone looking to experience authentic Myanmar snack!
To make the rice pancake, add all the flour from the container and 300 grams of water, then let it sit at room temperature for about 2 hours.
Add oil to the pan, and when the oil is hot, add the ferment liquid batter while stirring. It already contains sweet and savory flavors.
You can prepare by using boiled yellow peas, coriander, green onion, fresh chili, and your choice of vegetables.
Once the rice pancake smell fragrant and become crispy, you can enjoy them hot.
After use, make sure to seal the bottle tightly to keep it airtight.
It can be stored for 6 months from the date of production.
The total gross weight is 170 grams, and it's 100% vegetarian.No added preservatives.


# Ambrosia_မြန်မာ့ရိုးရာ သရေစာ
# ProductofMyanmar

$5.55