မြင့်မြင့်ခင်_ဒူးရင်းမုန့်ကမ္ဘာ
မြင့်မြင့်ခင်_ဒူးရင်းမုန့်ကမ္ဘာ
မြင့်မြင့်ခင်_ဒူးရင်းမုန့်ကမ္ဘာ
မြင့်မြင့်ခင်_ဒူးရင်းမုန့်ကမ္ဘာ
မြင့်မြင့်ခင်_ဒူးရင်းမုန့်ကမ္ဘာ
မြင့်မြင့်ခင်_ဒူးရင်းမုန့်ကမ္ဘာ
မြင့်မြင့်ခင်_ဒူးရင်းမုန့်ကမ္ဘာ

မြင့်မြင့်ခင်_ဒူးရင်းမုန့်ကမ္ဘာ

🍈 ဒူးရင်းချစ်သူများအတွက် မြင့်မြင့်ခင်ရဲ့
ဒူးရင်းမုန့်ကမ္ဘာ

ဘယ်သူတွေဘာပြောပြော ဒူးရင်းသီးတော့ အရူးအမူးကြိုက်တတ်ကြတဲ့ ဒူးရင်းချစ်သူတွေအတွက် မြင့်မြင့်ခင်ရဲ့ ဒူးရင်းအရသာမုန့်မျိုးစုံကိုလည်း မြည်းစမ်းကြည့်ဖို့တော့ လိုပါလိမ့်မယ် 😉😍

❤ ဒူးရင်းပဲမလိုင်လမုန့် ❤

ဒူးရင်းသီးဆို မစားရမနေနိုင်တဲ့သူလေးတွေအတွက်...😋
စွဲမက်ဖွယ်ရာအနံ့နဲ့ စားချင်စဖွယ် အရသာအသစ် မြင့်မြင့်ခင်ရဲ့ ဒူးရင်းပဲမလိုင်လမုန့် 🥧

ပဲလမုန့်ချိုချို မုန့်သားကျစ်ကျစ်လေးနဲ့အတူ
ဒူးရင်းသီးအစစ်နဲ့ ပြုလုပ်ထားတာဆိုတော့...
အတွင်းမှာ ဒူးရင်းသီးအဖက်ကလေးတွေ မလိုင်အနှစ်ကလေးတွေနဲ့ တစ်ကိုက် ကိုက်လိုက်တာနဲ့ လျှာပေါ်ကို ကျလာတဲ့ ဒူးရင်းအနှစ်လေးရဲ့ ချိုမြိန်မှုလေးတွေနဲ့အတူ...

ပဲလမုန့်ရဲ့ ခပ်ကျစ်ကျစ် မုန့်သားလေးတွေပေါင်းထားတဲ့ အရသာက သင်ရဲ့ စိတ်ကို ဖမ်းစားသွားမှာ အသေအချာပါပဲ...

ဒူးရင်းပဲမလိုင်လမုန့် က (၅)ရက်အထားခံပါတယ်


💛 ဒူးရင်းပေါက်ပေါက်ကရေကရာ 💛

ဒူးရင်းသီး ကြိုက်သူတို့အတွက်
ရွှေညာက ကရေကရာမုန့်လေးကို ရာသီပေါ်ချိန်
​​လတ်ဆတ်တဲ့ ဒူးရင်းသီးနဲ့ ပေါက်ပေါက်ပွင့် သုံးမျိုးစပ် အဆင့်မြင့်မြင့် တွဲဖက်ထုတ်လုပ်ထားတဲ့ မြင့်မြင့်ခင် ရဲ့ "ဒူးရင်းပေါက်ပေါက်ကရေကရာ"

❇️ သူ့ချည်းပဲ စားလို့ကောင်းသလို

🍞🍪 ပေါင်မုန့်၊ ဘီစကစ်တို့နဲ့ တွဲဖက်စားသုံးရင်လည်း လိုက်ဖက်ပါတယ်ရှင့်

🥛အာဟာရပြည့်ဝတဲ့ နို့စိမ်းနဲ့ လုပ်ထားတာကြောင့် နေ့ချင်းစား ပိုအဆင်ပြေပါတယ်ရှင့်


💙 ဒူးရင်းရွှေကြည် 💙

မြန်မာ့ရိုးရာမုန့်တွေထဲက တစ်ခုဖြစ်တဲ့ ရွှေကြည်ကို မြင့်မြင့်ခင်ကနေ ရာသီပေါ် ဒူးရင်းသီးနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့အတွက် ဒူးရင်းသီး ကြိုက်သူများအတွက် စားကြည့်သင့်တဲ့ ရိုးရာမုန့်တစ်ခုပါပဲ🥧 😋

🎁 ဘူးအဖုံး ဖွင့်လိုက်တာနဲ့
✨ဆွဲဆောင်ထားသော ဒူးရင်းသီးရနံ့နဲ့အတူ ✨သင်းပျံ့သောထောပတ်အနံ့က သင့်နှာခေါင်းဝကို ကလူကျီစယ်နေရုံသာမက
✨စပျစ်သီးခြောက် သီဟိုဠ်စေ့ ပါဝင်တဲ့ မချိုမအီလွန်းသော ဒူးရင်းအရသာစိမ့်စိမ့်လေးက တစ်ခါစားပြီး ထပ်စားကြည့်ချင်တဲ့ သင့်စိတ်ကို အမှန်အကန်ဆွဲဆောင်နိုင်စေမှာပါ 🤩

ဒူးရင်းသီးပေါ်တဲ့အချိန်အတွင်းသာ ရနိုင်မှာဖြစ်တဲ့ဒူးရင်းရွှေကြည်ကို အချိန်မှီ မှာယူလိုက်နော် 🥧

💁သုံးရက်တာ အထားခံနိုင်သည့်အပြင် စနစ်တကျ ထုတ်ပိုးထားလို့ ဒူးရင်းသီးချစ်သူများအတွက် လက်ဆောင်ပေးလို့လည်း သင့်တော်ပါတယ်ရှင့်🤩


💚 ဒူးရင်းသီးဂျယ်လီပူတင်း 💚

"ဒူးရင်းကြိုက်သူများအတွက် ပုံစံအသစ် အရသာအသစ် မြင့်မြင့်ခင် ဒူးရင်းသီးဂျယ်လီပူတင်း"

ဒူးရင်းသီးချည်း စားနေရလို့ ရိုးအီနေပြီလား ???
💁 ကဲ ဒါဆို မြင့်မြင့်ခင်ကနေ အသစ် ထပ်မံ ထုတ်လုပ်ထားတဲ့ ဘယ်တော့မှ ရိုးအီ မသွားစေမဲ့ ဒူးရင်းသီးဂျယ်လီပူတင်းလေး မှာလို့ရပါပြီရှင် 🤤

တုန်တုန်အိအိလေးနဲ့ စားလို့ကောင်းတဲ့ ဂျယ်လီပူတင်းကြားထဲ
ဒူးရင်းသီးဖတ်လေးတွေပါ ပါဝင်ထားတာကြောင့် လျှာပေါ်စွဲသွားစေမဲ့ အရသာကို ခံစားမိစေမှာ အသေအချာပါပဲရှင်😋

🤩ဂျယ်လီကိုပဲ စားမလား?
🤩ပူတင်းကို စားမလား?
🤩ဒူးရင်းသီးပါ ဆွဲမလား?

💓 မြင့်မြင့်ခင်ကနေ စေတနာအရင်းခံပြီး ပုံစံအသစ် အရသာအသစ်နဲ့ထုတ်လုပ်ထားတဲ့ ရနံ့လည်းမွှေး အရသာလည်းရှိတဲ့ မြင့်မြင့်ခင် ဒူးရင်းသီးဂျယ်လီပူတင်းလေးပါ 🍮

💓 ဒူးရင်းသီးပေါ်ချိန်အတွင်းသာ အကန့်အသတ် ထုတ်လုပ်ထားတာကြောင့် ဒူးရင်းကြိုက် ချစ်သူတို့အတွက် စားကြည့်သင့်ပါတယ် 🛍️🛒

မြင့်မြင့်ခင်ရဲ့ ဒူးရင်း Menu တွေဟာ ဒူးရင်းနံ့မွှေးမွှေး အရသာရှိရှိနဲ့ ဒူးရင်းသီးချစ်သူတွေကို အကြိုက်တွေ့စေမှာပါ 💯

ဒါကြောင့် သင်ဟာ ဒူးရင်းသီးအရမ်းကြိုက်တဲ့သူတစ်ယောက်ဆိုရင် ရာသီမကုန်ခင်မှာ ဒူးရင်းအရသာစစ်စစ်နဲ့ မြင့်မြင့်ခင်က မုန့်တွေကို အပြေးလေးဝယ်ပြီး မြည်းစမ်းကြည့်လိုက်တော့နော် 🤗

💁 သန့်ရှင်းလတ်ဆတ်စွာ စနစ်တကျ ထုတ်လုပ်ထားပြီး လူမျိုးဘာသာမရွေး စားသုံးနိုင်တာကြောင့် အလွယ်တကူမှာယူလို့ရပါပြီရှင်🛍️🛒

"ပြောင်းလဲမှုတွေကြားက မပြောင်းလဲတဲ့ မူလအရသာနဲ့…ဓလေ့ရိုးရာမုန့်များစွာ မြင့်မြင့်ခင် မှာ ဝယ်ယူပါ" 🛍️​

# မြင့်မြင့်ခင်_မြန်မာ့ရိုးရာသရေစာ
# ProductofMyanmar