"အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်" ဆိုတာ တခြားမဟုတ်ဘူး...
မူလလက်ဟောင်း "မြင့်မြင့်ခင်" ထိုးမုန့်ကို ပြောတာ
ရွေးချယ်စရာ မုန့်အသစ်တွေ ဘယ်လောက်ပဲများများ ဆိုင်ကိုရောက်တာနဲ့ သေချာပေါက်ရွေးချယ်ဖြစ်တာကတော့ အချစ်ဦးလို့ ခေါ်ရမယ့် ထိုးမုန့်ပဲဟုတ်။
ဇွန်းလေးနဲ့ဖိလိုက်တော့ အိအိလေးနဲ့ ဆီလေးတွေ စိမ့်ထွက်လာတယ် 😋
ပါးစပ်ထဲကိုလည်းထည့်လိုက်ရော ချိုချိုလေးနဲ့
သီဟိုဌ်စေ့လေးတွေ ကိုက်မိရော 😋
ရေနွေကြမ်းလေးနဲ့သာသောက်လိုက်ရင် အရာရာပြည့်စုံသွားပြီ 😋
"မြင့်မြင့်ခင်" ထိုးမုန့်ဆိုရင်လဲ ဘာရွေးရမှန်းမသိလို့ ရွေးရခက်နေပြီလား၊ ဘာမှစိတ်မညစ်ပါနဲ့...
ထိုးမုန့်မှာဆို "မြင့်မြင့်ခင်" ဆိုတဲ့အတိုင်း လူမျိုးဘာသာမရွေး သုံးဆောင်နိုင်တဲ့ နူးညံ့အိစက် ထိုးမုန့်မျိုးစုံ ကို သန့်ရှင်းလတ်ဆတ်စွာ ထုတ်လုပ်ထားတာ လူတိုင်းအသိပါ 💖
မြင့်မြင့်ခင်ရဲ့ ထိုးမုန့်အမျိုးအစားပေါင်း ၁၀ မျိုးကနေ...
ထိုးမုန့်ချစ်သူတွေ ရွေးရလွယ်အောင် အရသာတစ်ခုချင်းစီအလိုက် သေချာလေးရွေးပြီး ခွဲထုတ်ပေးထားပါတယ်လို့ 😊
ရွှေမန်းမြေရဲ့ ကျက်သရေဆောင် "မြင့်မြင့်ခင်" ရဲ့ လူကြိုက်အများဆုံး ထိုးမုန့်တွေကတော့
🥥 မူလလက်ဟောင်းအရသာနဲ့ အုန်းကြော်ထိုးမုန့်
🍮 ထန်းလျက်ထိုးမုန့်
ထန်းလျက်ကြိုက်သူများအတွက် အညာဒေသထွက် ထန်းလျက် နှင့် ရွှေမန်းမြို့ရဲ့ အထင်ကရ ထိုးမုန့်တို့ ပေါင်းစည်းပြီး
💥ထူးခြားသောအရသာ
💥ကွဲပြားသော ဆန်းသစ်မှုဖြစ်တဲ့ မြင့်မြင့်ခင်ကနေ ထုတ်လုပ်ထားတဲ့ ထန်းလျက်ထိုးမုန့်
💓 ဘူးအဖုံးလစ်ဟလိုက်တာနဲ့ တစ်ပြိုက်နက်
ပျံ့လွင့်လာတဲ့ ထောပတ်နို့မလိုင်အနံ့သင်းသင်းလေး
💓 ဝါးလိုက်တိုင်း နူးညံ့အိစက် စေးထုတ်ထုတ်ဖြစ်နေသော မဟူရာရောင်ထန်းလျက်ထိုးမုန့်ရဲ့ တစိမ့်စိမ့်တိုးဝင်လာသော ချိုမြိန်မှုအရသာနဲ့အတူ
💓 ကြွပ်ကြွပ်ရွရွဖြစ်စေတဲ့ ရွှေဝါရောင်သမ်းနေသော အုန်းကြော်လေးနဲ့ပါ တွဲစားမယ်ဆိုရင် အရသာကတော့ ထိမိဂွီ✨ပါဘဲရှင်
💓 ကျန်းမာရေးအတွက် များစွာအထောက်အကူပြုစေတဲ့ ထန်းလျက်မှာ အစာခြေစနစ်ကောင်းမွန်စေလို့ ထမင်းစားပြီးရင် အချိုတည်းဖို့အတွက် 💁♂️💁မြင့်မြင့်ခင်ရဲ့ ထန်းလျက်ထိုးမုန့်က အသင့်ရှိနေပါတယ်
💓 လေးရက်တာအထားခံနိုင်တာဖြစ်တဲ့အတွက် မြန်မာတို့အကြိုက် မြင့်မြင့်ခင် ထန်းလျက်ထိုးမုန့်ကို လွယ်လင့်တကူ မှာယူအားပေးလို့ရပါပြီ 🛍️🛒
🧀 Cheese ထိုးမုန့်
နူးညံ့အိစက်တဲ့ ထိုးမုန့်သားချိုချိုလေးပေါ်မှာ…
ငံငံဆိမ့်ဆိမ့် Cheese မျှင်လေးတွေ တွဲဖက်ထားပြီး…ထူးခြားတဲ့ ချိုငံဆိမ့်အရသာလေးကြောင့်…
တစ်လုတ်စားပီးတာနဲ့ မရပ်တမ်းစားချင်နေစေမဲ့
ချိစ်ထိုးမုန့်
🫐 စပျစ်ခြောက်၊ သီဟိုဠ်စေ့ နဲ့ အခြားအစေ့အဆံတွေ ချိုချဉ်ဆိမ့်အရသာလေးနဲ့ သီးစုံထိုးမုန့်
🧈 ထောပတ်နံ့မွှေးမွှေးနဲ့ မလိုင်ထောပတ်ထိုးမုန့်
🍯 မလိုင်ဖတ်အပြည့်ပါလို့ လူကြိုက်များတဲ့ ချိုဆိမ့်အရသာ"စပါယ်ရှယ်"မလိုင်ထောပတ်ထိုးမုန့်
🍓 သီဟိုဠ်စေ့၊ စပျစ်ခြောက်၊ အုန်းသီးစိတ်၊ မြေပဲ စတဲ့ အစေ့အဆံအစုံပါဝင်ပြီး မွှေးကြိုင်နေတဲ့ ထောပတ်နံ့နဲ့ မလိုင်အရသာကိုပါ ပေါင်းစပ်ထားလို့ စားမိသူတိုင်း နှစ်ခြိုက်စေမဲဲ့ အထူးစပါယ်ရှယ်သီးစုံမလိုင်ထောပတ်ထိုးမုန့်
# မြင့်မြင့်ခင်_မြန်မာ့ရိုးရာသရေစာ
# ProductofMyanmar