💚 အိအိထွေးထွေး လက်ဖက်ညွန့်လေးတွေနဲ့မှ စားတတ်သူတွေအတွက် ပွဲတော်အုပ်ရဲ့
“လက်ဖက်ညွန့်နှပ် နှင့် ပဲစုံနှစ်ပြန်ကြော်” 🍃
ပွဲတော်အုပ်မှာ သေချာအချိန်ပေးနှပ်ထားတဲ့ လက်ဖက်ညွန့်နှပ်သီးသန့်ကို ကြွပ်ရွမှုအပြည့်နဲ့ နှစ်ပြန်ကြော်ပဲစုံရယ်နဲ့ တွဲဖက်ပြီး “လက်ဖက်ညွန့်နှပ်နှင့် ပဲစုံနှစ်ပြန်ကြော်” အသင့်စားအထုပ်အဖြစ် ထုတ်လုပ်ပေးထားပါတယ် 😍
လက်ဖက်ညွန့်ရဲ့ နူးနူးညံ့ညံ့ အရသာလေးရယ်၊ မွှေးမွှေးပျံ့ပျံ့ လက်ဖက်အနံ့လေးရယ်၊ အကြော်စုံကြွပ်ကြွပ်ရွရွလေးရယ်ကြောင့် အမောပြေစေမှာကတော့ ပွဲတော်အုပ်ရဲ့ “အမောပြေလက်ဖက်ညွန့်နှပ်နှင့် ပဲကြော်စုံ” ပဲဖြစ်ပါတယ် 💚
ဒီလိုမျိုး ပွဲတော်အုပ်ရဲ့ နူးညံ့တဲ့ လက်ဖက်အညွန့်လေးတွေကို ဆီလေးဆမ်းပြီး ကြွပ်ကြွပ်ရွရွ ပဲကြော်စုံလေးနဲ့ လွေးလိုက်မယ်ဆိုရင် ခံတွင်းမြိန် ထူးရှယ်အရသာကို ခံစားရစေမှာ အမှန်ပါပဲ 😋
ဒါကြောင့် လက်ဖက်အညွန့်လည်းကြိုက်ပြီး အပျင်းပြေအိမ်မှာသုပ်စားဖို့ဆို ပွဲတော်အုပ်ရဲ့ “လက်ဖက်ညွန့်နှပ်နှင့် ပဲစုံနှစ်ပြန်ကြော်” ကိုသာ ဝယ်ထားလိုက်တော့နော် 🤗
# ပွဲတော်အုပ်_လက်ဖက် နှင့် အကြော်စုံ
# ProductofMyanmar