✅ နံပါတ် (1) ရောင်းအားအကောင်းဆုံးပြည်တွင်းဖြစ် မြဘုရင်နို့မှုန့် 🥛🥛🥛🥛🥛
✅ နွားနို့ကို အသွင်ပြောင်းထားတဲ့ မြဘုရင် နို့မှုန့်လေးကတော့ စားသုံးသူတွေ အကြိုက်ပါပဲရှင့်
✅ အစဉ်အလာကောင်းခဲ့တဲ့ ပြည်တွင်းဖြစ် မလိုင်ပြည့်နို့အရသာစစ်စစ် မြဘုရင်နို့မှုန့်ကို မြန်မာပြည်မှာ ရှားပါး Spray Drying Method နဲ့ချက်လုပ်ထားလို့ပါပဲ
✅ တနည်းအားဖြင့် မူရင်းနွားနို့ကို အမှုန့်အဖြစ်ပြောင်းလဲပေးထားတာဖြစ်တဲ့အတွက် အမှုန့်ကိုပြန်ဖျော်လိုက်ရင် မူလနွားနို့အရသာတိုင်းပဲဖြစ်နေမှာပါ
✅ မြဘုရင်နို့မှုန့်ကို ရေနွေးလေးနဲ့ဖျော်လိုက်ရင် မလိုင်ဖတ်တွေတက်လာပြီး နွားနို့စစ်စစ်ကို ကျိုထားတဲ့အတိုင်းပဲမို့ မလိုင်ပြည့် နို့မှုန့်လို့ နာမည်ပေးထားတာပေါ့
✅ ကျမ်းမာရေးအတွက် နေ့စဉ်နွားနို့တစ်ခွက် သောက်ချင်တယ်ဆိုရင် မြဘုရင် မလိုင်ပြည့် နို့မှုန့်လေးကို သတိရလိုက်ပါနော်
✅ Coffee လေးထဲထည့်ဖျော်ပြီးအရသာကဲစေချင်လား???
✅ ဒီတိုင်းလျှာပေါ်တင်ပြီး နို့မှုန့်စစ်စစ်အရသာကိုတစိမ့်စိမ့်ခံစားမလား??
✅ ဘယ်လိုပဲလုပ်လုပ်ကောင်းမွန်တဲ့အရသာကို ခံစားလို့ရပါတယ်နော်
✅ နွားနို့စစ်စစ်အရသာအတိုင်းထပ်တူကျလို့သုံးစွဲဖူးသူတိုင်းအသည်းစွဲပါပဲရှင့်
💙 သားသား မီးမီးတွေရော ဖိုးဖိုးဖွားဖွားတွေပါ ကြိုက်တဲ့ မြဘုရင်နို့မှုန့် အပြာ (15g)
💚 ဆီးချိုသမားများ၊ အချိုရှောင်လိုသူများ၊ အားကစားသမားများ၊ ကျန်းမာရေးလိုက်စားသူများအတွက် သကြားမပါတဲ့ သီးသန့် မလိုင်ပြည့် နို့မှုန့် အစိမ်း (13g) (သကြားမပါ)
🥛🥛🥛အထုတ်ကြီး တစ်ထုတ်မှာ အသေးလေး အထုတ် 20 ပါပါတယ်နော်
# Mya Bayin_Diary Products
# ProductofMyanmar
---------------------------------------------
♥ မြဘုရင်သမိုင်းကြောင်း တစေ့တစောင်း ♥
မြဘုရင်နို့ချက်စက်ရုံဟာ ဒီလိုသမိုင်းကြောင်းရှိတဲ့စက်ရုံတစ်ခုဖြစ်ပါတယ်..
စတင်တည်ထောင်သည့်ခုနှစ် ၁၉၈၉ ခုနှစ်
(မိရိုးဖလာလုပ်ငန်းအနေဖြင့် လုပ်ငန်းစတင်သည်မှာ ၁၉၈၃ ခုနှစ်ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် စက်ရုံအဖြစ်စတင်တည်ထောင်သည်)
ရရှိထားသည့်ဆုများ-
တန်ဖိုးမြင့်ထုတ်ကုန်အကောင်းဆုံးထုတ်လုပ်ရောင်းချနိုင်သည့်စီးပွားရေးလုပ်ငန်းရှင်ဆု ၂၀၁၃ ခုနှစ်
အကောင်းဆုံးမွေးမြူရေးထုတ်လုပ်မှုလုပ်ငန်းရှင်ဆု ၂၀၁၄ ခုနှစ်
ရရှိထားသည့်လက်မှတ်များ-
မြန်မာနိုင်ငံ FDA လက်မှတ် (စ ၃/ ၁၉၀၄၁/ ထလ)
နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ် (QM 4859)
အဓိကထုတ်ကုန်များ -
နို့ဆီ၊ နို့မှုန့်၊ နွားနို့၊ သကြား
နို့ချက်စက်ရုံတည်ရှိရာနေရာ -
မြဘုရင်နို့ချက်စက်ရုံ (ကျောက်ဆည်မြို့)
သကြားစက်တည်ရှိရာနေရာ-
မြဘုရင်သကြားစက်(ရွှေညောင်မြို့၊ တောင်လေးလုံး)
---------------------------------------------
♥ မြဘုရင်နို့မှုန့် ဘယ်လိုဖြစ်လာသလဲ ♥
ကိုယ်နေ့စဥ်စားသုံးနေတဲ့ အစားအစာတွေကိုဘယ်လိုပုံစံနဲ့ထုတ်လုပ်ပြီး ကုန်ကြမ်းတွေကဘာတွေလဲဆိုတာလူတိုင်းလိုလိုစဉ်းစားဖူးကြမှာပါ ..
_
(၁) အသုံးပြုမယ့် ကုန်ကြမ်းနွားနို့ ဘယ်ကရသလဲ? 🤔
ကျွန်တော်တို့မှာ ကိုယ်ပိုင်နွားခြံရှိပါတယ် ..
ကိုယ်ပိုင်နွားခြံတင်မကပါဘူး
မြန်မာပြည်အထက်ပိုင်းမှာ နို့ကောက်စခန်းအသီးသီးထားရှိပြီးလည်းသိမ်းဆည်းပါတယ်
ရလာတဲ့နွားနို့တွေကိုအအေးခံ ဘောက်ဆာကားတွေနဲ့စက်ရုံရှိရာကျောက်ဆည်မြို့ကိုသယ်ယူလာပါတယ်
(ညသိပ်ဖို့လိုအပ်ပါက) Cooling Tankတွေထဲမှာသိုလှောင်သိမ်းဆည်းပါတယ် ..
(၂) ကုန်ကြမ်းအဝင်စစ်ဆေးခြင်း
ချက်လုပ်မည့် နွားနို့များကို ဓာတ်ခွဲခန်းမှာ
နို့အရည်အသွေး၊ လတ်ဆတ်မှု၊ အဆီပါဝင်မှု၊ အရောအနှောပါဝင်နေခြင်းရှိ/မရှိ စတဲ့ဓာတ်ခွဲခန်းဆိုင်ရာကိစ္စရပ်တွေကို ISO procedure တွေနဲ့အညီစစ်ဆေးပြီး မှတ်တမ်းတင်ပါတယ်
(ISO= International Standardization for Organization)
_
(၃) Spray Drying Method ဖြင့်ချက်လုပ်ခြင်း
ရရှိလာတဲ့နွားနို့တွေကို Evaporator မှာလိုချင်တဲ့အပူချိန်၊ နို့အပျစ်အကျဲရလာသည်အထိကျိုချက်ပါတယ်
(Evaporator ဆိုတာအောက်ကပုံမှာပြထားတဲ့စက်ကြီးဖြစ်ပါတယ်)
လိုချင်တဲ့အပူချိန်၊ အပျစ်အကျဲရရှိပြီဆိုပါက
High Pressure Pump တွေနဲ့ Drier အိုးရဲ့ထိပ်ဆုံးကိုတင်ပေးပါတယ်
Drier အိုးရဲ့ထိပ်ဆုံးမှာ အပ်ပေါက်လောက်အဝရှိတဲ့ နော်ဇယ်ခေါင်းလေးတွေကနေတဆင့် Drier အိုးထဲကိုနွားနို့အရည်တွေကိုဖျန်းချပေးပါတယ်
အလွန်ကိုသေးငယ်တဲ့ နော်ဇယ်ခေါင်းအဝပေါက် ကနေပြန်ကျနေချိန်မှာ အိုးအတွင်းရှိ အပူချိန် + လေဝင်လေထွက်တွေကြောင့်နွားနို့အရည်ကနေ သေးငယ်တဲ့နို့အမှုန်တွေအဖြစ်ပြောင်းလဲသွားပါတယ် ..
တစ်နည်းအားဖြင့် လူကြီးမင်းတို့အခုလက်ရှိဝယ်ယူသုံးစွဲနေကြတဲ့ #မြဘုရင်နို့မှုန့် အဖြစ်သို့ရောက်ရှိလာပါတယ် ..
ထို့ကြောင့်
#မြဘုရင်နို့မှုန့်သည်နွားနို့အစစ်မှလာသည် ပေါ့ဗျာ ..
"We give you the Profits and the Pride."
“We give you the Authentic Quality.”
#မြဘုရင်နို့မှုန့်
#နွားနို့အစစ်မှထုတ်လုပ်သည်
#အရည်အသွေးမှန်လျှင်မြဘုရင်