image

Genius_Drip Coffee

$5.55

အရသာရှိရှိ ကော်ဖီတစ်ခွက်ရဖို့ ခွက်တွေ၊ ကရားတွေ လုံးဝမလိုတဲ့ Genius ရဲ့ Drip coffee

🖤 Drip Coffee ဆိုလို့ စစ်ရ၊ နှပ်ရနဲ့ အလုပ်ရှုပ်မလားလို့ စိတ်မပူနဲ့

🖤 Genius ရေစစ်ကော်ဖီကိုဖျော်ဖို့ဆိုရင် ရေနွေးပူပူနဲ့ အချိန် ၁မိနစ်ပဲ လိုပါတယ်လို့

🖤 Genius Drip Coffee က ကော်ဖီမှုန့်တွေကို စစ်ထုတ်ပေးနိုင်တဲ့ စက္ကူအိတ် (filter)လေးပါ တွဲပါလို့ ကော်ဖီတစ်ခွက်ကို မြန်မြန်လေးသောက်ဖို့ အကောင်းဆုံးပဲ သိလား ☺️

🖤 Drip Coffee က အချဉ်အရသာ ခပ်ပျော့‌ပျော့၊ အခါးပေါ့ပေါ့နဲ့ ကဖိန်းဓာတ် မျှတလို့ စွဲမက်စရာအရသာရှိပြီး ကော်ဖီကိုတစ်ခွက်ပြီးတစ်ခွက် သောက်ချင်သူတွေအတွက်လည်း အဆင်ပြေတယ်လေ။

အနံ့၊ အရသာနဲ့ ပြည့်စုံတဲ့ ရေစစ်ကော်ဖီကို လွယ်လွယ်ကူကူ ဘယ်လိုဖျော်ရမလဲ

၁။ ပထမဆုံး Drip Bag ကို ဖောက်ပြီး ခွက်ထဲ ထည့်ပါ။
၂။ လက်ကိုင်လေးကို ခွက်မှာ ချိတ်ပါ။
၃။ ရေနွေးကို စက္ကူအိတ် (Drip Filter) ပေါ်ကို စက်ဝိုင်းပုံစံ ဖြည်းဖြည်းချင်းလောင်းချပြီး ၁ မိနစ်ခန့် နှပ်ထားရုံနဲ့ ကော်ဖီကောင်းတစ်ခွက်ကို အသင့်သောက်သုံးနိုင်ပါပြီ။

ဒီလို ဖျော်ရလွယ်ပြီး စွဲမက်ဖွယ်အရသာနဲ့ ရေစစ်ကော်ဖီကို ကြိုက်တဲ့သူ ဘယ်နှစ်ယောက်ရှိကြလဲဟင် :D

ပြည်တွင်းထုတ်ကော်ဖီမှုန့်စစ်စစ် သဘာဝကော်ဖီစစ်စစ်ဖြစ်တဲ့ Genius ရှမ်းတောင်မြင့်ကော်ဖီကတော့

☕ အနံ့၊ အရသာ၊ အရည်အသွေးပိုင်းမှာ နိုင်ငံတကာနဲ့ ပခုံးချင်းယှဉ်နိုင်တဲ့ ဂုဏ်ယူစရာ ပြည်တွင်းထုတ်ကုန်အနေနဲ့ ဈေးကွက်မှာ ရပ်တည်နေပြီး

☕ ကိုယ်ပိုင်စိုက်ခင်း၊ ကိုယ်ပိုင်စက်ရုံရှိတာကြောင့် ပစ္စည်းပြတ်လပ်သွားမှာ၊ အရသာ မတူတာတွေကို စိတ်ပူစရာမလိုပါဘူး

☕ ဒီအချက်တွေအပြင် ကိုယ်ရွေးချယ်ချင်တဲ့ ကော်ဖီစေ့အမျိုးအစား၊ အနံ့၊ အရသာကို တစ်ခုချင်းစီ စိတ်တိုင်းကျတဲ့အထိ ထုတ်လုပ်ပေးနိုင်တယ်

☕ ထုပ်ပိုးတဲ့အဆင့်မှာလည်း အရည်အသွေးမြင့် ထုပ်ပိုးမှုပုံစံကြောင့် ကော်ဖီမှုန့်ကို အကောင်းမွန်ဆုံး အနံ့၊ အရသာရရှိအောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။


# Genius_Coffee
# ProductofMyanmar