Bluepond_Specialty Coffee
Bluepond_Specialty Coffee

Bluepond_Specialty Coffee

နေ့ရက်တိုင်းကို Premium Coffee တစ်ခွက်ရဲ့ ကြည်လင်လန်းဆန်းစေသော ခံစားသက်ဝင်မှုနှင့်အတူ စိတ်ကူးအိပ်မက်များကို အကောင်းဆုံးဖန်တီးလိုက်ပါ ...√

Bluepond Specialty Coffee မှ ထုတ်လုပ်လိုက်သော Portable Brew Coffee သည်
Drip Coffee အမျိုးအစားတစ်ခုဖြစ်ပြီး အရေအတွက်အနည်းငယ်သာရနိုင်သော Microlots Specialty Coffee များကိုအသုံးပြုထားတာဖြစ်ပါသည်။

Regions အားဖြင့် ရွာငံ၊ ဖယ်ခုံ၊ ဟိုပုန်း၊ ပင်းတယ၊ ငဖဲ တို့ကိုရွေးခြယ်မှာယူနိုင်မည်ဖြစ်ပါသည်။

ကော်ဖီစေ့ ကောင်းမှ ကော်ဖီကောင်းတစ်ခွက် ဖြစ်သတဲ့။ ဒါကြောင့် Genius က

🌱 စိုက်ပျိုးခြင်း
ကော်ဖီပင်တွေကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော်က ကုန်းမြင့်ဒေသတွေမှာ စိုက်ပျိုးပြီး ကော်ဖီစစ်စစ်အရသာရဖို့ ရင့်မှည့်ချိန်နှေးစေတဲ့ အရိပ်ရအပင်တွေ​အောက်မှာ စိုက်ပျိုးတယ်။

🧤 ခူးဆွတ်ခြင်း
ကော်ဖီစေ့တွေ ရင့်မှည့်လာပြီဆိုရင်လည်း အနာအဆာကင်းတဲ့ ကော်ဖီစေ့တွေ ရရှိအောင် စက်အကူအညီမယူဘဲ စိုက်ပျိုးသူတွေကိုယ်တိုင် လက်နဲ့ သေသေချာချာ ခူးဆွတ်တယ်။

🛍️ ထုပ်ပိုးခြင်း
ကော်ဖီကောင်းတစ်ခွက်ကို သောက်စေချင်တာ Genius ရဲ့ စေတနာမို့ ထုပ်ပိုးတဲ့အချိန်မှာလည်း ကော်ဖီအိတ်ထဲ လေဝင်တာ၊ မှိုတက်တာတွေ မရှိအောင် ကော်ဖီကုန်ရင်တောင် ပြန်သုံးလို့ရတဲ့ အိတ်မျိုးကို အသုံးပြုတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းဖို့ ရည်ရွယ်ပြီး စက္ကူအိတ်ကိုပဲ အသုံးပြု ထုပ်ပိုးပေးတယ်လေ။

ဒီလိုအချက်တွေကြောင့် Genius ဆို ကော်ဖီစေ့ပဲ ဝယ်မလား၊ ကော်ဖီမှုန့် (အနု၊အကြမ်း) ပဲ ဝယ်မလား၊ အရသာထူးတဲ့ ကော်ဖီကောင်းတစ်ခွက်ကို ဖျော်သောက်နိုင်တာပေါ့။


# Genius_Coffee
# ProductofMyanmar
$5.55