မြန်မာ့ထုတ်ကုန်စစ်စစ် ဝါးကော်ဖီစစ် ☕🇲🇲
နိုင်ငံခြားက တင်သွင်းတဲ့ ကော်ဖီစစ်တွေသုံးနေတုန်းပဲလား 🥲
𝐆𝐨𝐨𝐝 𝐆𝐨𝐨𝐝 𝐂𝐨𝐟𝐟𝐞𝐞 နဲ့ အင်းလေးဒေသမှာရှိတဲ့ဝါးပညာရှင်ကြီးတွေ ပူးပေါင်းဖန်တီးဆန်းသစ်ထားတဲ့ မြန်မာ့လက်ရာစစ်စစ် ဝါးကော်ဖီစစ်နဲ့ ကော်ဖီချစ်သူတွေကို မိတ်ဆက်ပေးပါရစေ 🤝
ဝါးကော်ဖီစစ်ဟာ သဘာဝအတိုင်း ဝါးကိုဖြာ၍ ကော်ဖီမှုန့်စစ်ရန် အထူးပြုပြင်ရက်လုပ်ထားတာဖြစ်ပြီး ကော်ဖီမှုန့်ဆိုဒ်ပေါ်မူတည်ပြီး ကော်ဖီစစ် (၂) မျိုးထုတ်လုပ်ထားပါတယ်။
သာမန်အသုံးပြုနေကျ စက္ကူကော်ဖီလိုမျိုး သုံးပြီးလွှတ်ပစ်လိုက်တာရမျိုးမဟုတ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပြီးသား ဖြစ်စေတယ်။ နေ့စဉ်အသုံးပြုရင်တောင် (၈) လကနေ (၁) နှစ်အထိအသုံးပြုနိုင်ပါတယ်။ ပြီးတော့စတီးလ်စစ်ဇကာတွေလိုမျိုး သံချေးကိုက်တာမျိုးလည်း လုံးဝမရှိလို့ ကျန်းမာရေးအတွက် စိတ်ချယုံကြည်စွာသုံးစွဲနိုင်တယ်လေ 😌
ဝါးကော်ဖီစစ်အသုံးပြုနည်း ☕
1. ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်း (၃) ဇွန်းခန့် (၅- ၇ ဂရမ်) ကို ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ (၃) မိနစ်ခန့် နှပ်ထားပြီး ဝါးကော်ဖီစစ်ဇကာဖြင့် စစ်၍ ဘလက်ကော်ဖီ (ကော်ဖီကြမ်း) အဖြစ် သောက်သုံးနိုင်ပါတယ်။
2. ထန်းလျက်(သို့)သကြား၊ ခရင်မာ (သို့) နွားနို့ တို့နဲ့လည်း ဖျော်စပ်ပြီး သောက်သုံးနိုင်ပါတယ်။
ဝါးကော်ဖီစစ်ကိုဘယ်လိုထိန်းသိမ်းမလဲ✅
1. အသုံးပြုပြီးလျှင် ဆေးကြောပြီး လေသလှပ်၍ အခြောက်ခံထားပါ။
2.နေရောင်ခြည်ဖြင့် တိုက်ရိုက်မထိတွေ့သော နေရိပ်ထဲတွင်သာထားပါ။
3. ဆပ်ပြာဖြင့်ဆေးကြောခြင်း မပြုလုပ်ပါနဲ့။
4. ဘရက်ရှ် အကြမ်းဖြင့် တိုက်ခြင်းမပြုလုပ်ပါနဲ့။
5. ဝါးကော်ဖီစစ် အရောင်ပြောင်းပြီး နီတာ၊ မဲတာမျိုးဖြစ်လာတဲ့အချိန်ကျရင်တော့ အသစ်တစ်ခုလဲလှယ်ပေးဖို့လိုအပ်ပါတယ်။
ဒါဆိုရင် သဘာဝကိုလည်းထိန်းသိမ်း၊ ကျန်းမာရေးနဲ့လည်းညီ၊ ဝါးပညာရှင်တွေကိုလည်းကူညီရာရောက်တဲ့ မြန်မာ့လက်ရာစစ်စစ်ဝါးကော်ဖီစစ်လေးတွေကို စမ်းသုံးကြည့်ဖို့အသင့်ပဲဟုတ် 😊
# GoodGood_Coffee
# ProductofMyanmar