DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee
DTH Coffee

DTH Coffee

✅️ Organic ကော်ဖီ စစ်စစ်ကိုမှ သောက်ချင်တယ် ။
✅️ အာရေဘီကား ကော်ဖီမှ သောက်ချင်တယ် ။
✅️ ရွာငံကော်ဖီလဲဖြစ်ရမယ် ။

ဒါဆိုရင်တော့ DTH Coffee ကို သတိရလိုက်ပါ ။ Export Quality ပြည့်မှီစွာစနစ်တကျထုတ်လုပ်ထားတဲ့ ကော်ဖီများကို စျေးတန်တန်နဲ့ သောက်သုံးခွင့်ရမှာမလို့ လက်မလွှတ်ဖို့တိုက်တွန်းလိုက်ပါရစေ ။

ကော်ဖီစစ်စစ် အရောအနှောမပါတာကို သောက်ချင်သူများ
ကော်ဖီကို ဇိမ်ခံပြီး အရသာခံ သောက်တတ်သူများ
Quality ကောင်းတာကိုမှ သောက်သုံးချင်သူများ
အတွက် DTH Coffee ရဲ့ ကော်ဖီ အမျိုးအစား (၃) မျိုး

(1) Natural
ဒီကောင်လေးက အခါးဓါတ် ပိုရပါမယ်

(2) Fully Washed
သူကတော့ အချဥ်ဓါတ်အနည်းငယ် ရပါမယ်

(3) Honey
သူကတော့ အချိုဓါတ်အနည်းငယ် ရပါမယ်

ရွာငံဒေသထွက် အာရေဘီကား ကော်ဖီ များကို စနစ်တကျ သန့်စင်ပြီး Quality ပြည့်မှီစွာ ထုတ်လုပ်ထားတဲ့ DTH Coffee ထုတ်ကုန်အသစ်ကို မြည်းစမ်းသောက်ကြည့်ဖို့ တိုက်တွန်းပါရစေ။

အနံ့အရသာပြည့်စုံလွန်းတာကြောင့် တစ်ကြိမ်သောက်ပြီးတိုင်း အသည်းလေးထဲထိ စွဲလမ်းသွားစေမှာပါ 😗

ရွာငံဒေသထွက် အာရေဘီကား ကော်ဖီ များကိုဝယ်ယူ သောက်သုံး လိုသူများအနေနဲ့

၁၅ ကျပ်သားထုပ် (250 gram)
၉ ကျပ်သားထုပ် (120 gram)
၄ ကျပ်သားထုပ် (70 gram)

Size မျိုးစုံ ထုပ်ပိုးရောင်းချပေးနေပါတယ် ။




🍒♨️ 🍒♨️ 🍒♨️ 🍒♨️ 🍒♨️ 🍒♨️ 🍒♨️ 🍒♨️

DTH Coffee ရဲ့ Fully Washed Processing ဘယ်လို သန့်စင်ထုတ်လုပ်သလဲ ဆိုတာ ပြောပြပေးမှာ ဖြစ်ပါတယ်။ အဆင့်ပေါင်းများစွာဖြတ်ကျော်ပြီးမှ DTH ရဲ့ သောက်သုံးရန်အသင့် ကော်ဖီမှုန့်အဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

လေ့လာကြရအောင်ပါ ကော်ဖီ ချစ်သူတို့ရေ ..........

အဆင့်လေးတွေနဲ့ဖော်ပြပေးပါမယ်
(၁) Coffee Cherry ရွေးချယ်သန့်စင်ခြင်း
(၂) ရေပေါ်သီး ခွဲထုတ်ခြင်း
(၃) ကော်ဖီ အခွံချွတ် ကြိတ်ခွဲခြင်း
(၄) ကော်ဖီ အချဥ်ဖောက်ခြင်း
(၅) ရေဆေးသန့်စင် ဆေးကြောခြင်း
(၆) နေလှန်းခြင်း (sun dry)
(၇) အခွံချွတ်ခြင်း (parchment)
(၈) size ခွဲခြင်း
(၉) ကော်ဖီ စက်ခုတ်များသန့်စင်ခြင်း (defect)

(၁) Coffee Cherry သန့်စင်ခြင်း
ကော်ဖီ Cherry ကုန်ကြမ်း ဝယ်ယူတဲ့အခါမှာ အစိမ်းသီး အဝါသီး အခြောက်သီး အနီသီး ဆိုပီး ရောနှောပြီး လာကြပါတယ် ။ အစိမ်းသီး အဝါသီး နဲ့ အခြောက်သီးတို့ကို လက်ဖြင့်ရွေးချယ် သန့်စင်ပါတယ် ။ ကော်ဖီ quality ကောင်းကောင်းရရှိစေဖို့ ရွေးချယ်ဖို့လိုအပ်ပါတယ် ။ ရွေးချယ်သန့်စင်ခြင်းအားဖြင့် အချဥ်ဖောက်တဲ့ အချိန်မှာ ကောင်းမွန်စွာ ညီညာနေစေမှာ ဖြစ်ပါတယ် ။

(၂) ရေပေါ်သီး ခွဲထုတ်ခြင်း
အစိမ်းသီး အဝါသီး အခြောက်သီး တို့ကို ရွေးချယ်သန့်စင်ပြီးတဲ့အခါ မှာ ပုံးများအတွင်းသို့ ရေဖြည့်ကာ ကော်ဖီလုံးစိုများ သွန်ချ၍ ရေပေါ် ရေအောက် ခွဲရပါတယ် ။ အစေ့အဆံ ပြည့်ဝသော အသီးများဟာ ရေအောက်တွင် ကျခဲ့၍ အစေ့အဆံ မပြည့်ဝသော အသီးများဟာ ရေပေါ်သို့ ပေါ်လာကြပါတယ် ။ ရေပေါ်သီးများဟာ Quality မကောင်းပါ ။‼️ ထိုအခါမှ ရေပေါ်သီးများကို ဖယ်ဆယ်ယူပြီး သီးသန့်ခွဲထုတ်ထားရပါတယ် ။
ရေအောက်ကျနေသော အသီးများကို အခွံချွတ်ရပါတယ် ။

(၃) ကော်ဖီ အခွံချွတ် ကြိတ်ခွဲခြင်း
ရေပေါ် ရေမြုပ် ခွဲပြီးရရှိလာတဲ့ ရေမြုပ်သီးများကို စက်ဖြင့် အခွံချွတ်ရပါတယ်။ ထိုအခါမှ ကော်ဖီ အစေ့များ (parchment) ရရှိလာပါတယ်။

(၄) ကော်ဖီအချဥ်ဖောက်ခြင်း
ကော်ဖီအခွံချွတ်ပြီး ရရှိလာသော ကော်ဖီ parchment အစိုများအား ပုံးများအတွင်းသို့ မထည့်မှီ ဇကာ တစ်ထပ်ချရပါတယ် ။ (အခွံများမပါသွားစေရန်) ဇကာမှ ကျလာသော ကော်ဖီ parchment အစိုများအား ပုံးအတွင်းသို့ထည့်ကာ ရေဖြည့်ပြီး စိမ်ထားရပါတယ် ။ အချိန်အားဖြင့် ခန့်မှန်းချိန် 24 နာရီ ခန့် ကော်ဖီ အချဥ်ပေါက်မပေါက်ကို စမ်း၍ စောင့်ကြည့်ရပါတယ် ။ အချွဲဓါတ်များ ပြောင်၍ ကြမ်းတမ်းသော အနေအထားရောက်ပါက အချဥ်ပေါက်ပြီ ဖြစ်ပါတယ် ။

(၅) ရေဆေးသန့်စင်ဆေးကြောခြင်း
အချဥ်ပေါက်ပြီးသော ကော်ဖီ parchment များအား ရေဖြင့် အကြိမ်ပေါင်းများစွာ ဆေးကြောရပါတယ်။ (4 ကြိမ် 5 ကြိမ် ခန့် ) သန့်စင် ကြည်လင်နေသော ရေရရှိသည်အထိ အခွံဖတ်များ ပြောင်စင်သွားသည် အထိ ပွတ်၍ ဆေးကြောကြရပါတယ် ။ ရေအားသွန်လိုက် အသစ်ထည့်၍ မွှေလိုက် သွန်လိုက်ဖြင့်အကြိမ်ကြိမ် ဆေးကြောရပါတယ် ။
❗️ (ရေအရမ်းသုံးရပါတယ်)❗️

(၆) နေလှန်းခြင်း (sun dry)
ရေဆေးသန့်စင်၍ ပြောင်စင်သွားသော parchment များအား လှန်းစင်များပေါ်တင်၍ နေလှန်း အခြောက်ခံရပါတယ်။ အမြဲ ၁ နာရီ ခြား တစ်ခါ အပေါ်အောက် လှန်၍ သမအောင် လက်ဖြင့် လိုက်မွှေကြရပါတယ်။ (အခြောက် မြန်စေရန် နဲ့ တစ်သားထဲ ညီညာရစေရန်အတွက်ပါ) နေပြင်းသောအချိန် နေ့လည်ဘက် ၁၁ နာရီ နောက်ပိုင်း ကို အပေါ်မှ အစိမ်းအကာများဖြင့် ခပ်လှမ်းလှမ်းမှ အပူချိန် ပြင်းပြင်းမကျ ရောက်စေရန် ကာပေးထားရပါတယ်။ (parchment အခွံများကွဲမကြေစေရန် အပူချိန်ထိန်းခြင်း ဖြစ်ပါတယ်)။ အပြင်နေလှန်းခြင်းကို ၄ ရက် မှ ၆ ရက် အတွင်း အသီးရဲ့အစို၊အခြောက် moisture ပေါ်မူတည်၍ လှန်းရပါတယ်။ အတွင်းနေလှန်း (အရိပ်အတွင်းဖြန့်လှန်းခြင်းကိုတော့ ၇ ရက်မှ ၁၀ ရက် အတွင်း) parchment moisture 10 ရောက်တဲ့ထိ ထားရပါတယ်။ ဒါမှ ကောင်းမွန်တဲ့ ကော်ဖီစေ့ အဖြစ် ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။

(၇) အခွံချွတ်ခြင်း ( Parchment)
နေလှန်းပြီးတဲ့ အခါမှာ ကော်ဖီ Parchment များအား စက်ဖြင့် အခွံချွတ်ရပါတယ် ။

(၈) size ခွဲခြင်း
အခွံချွတ်၍ရရှိလာသော Green Bean များအား စကာဖြင့် Size ခွဲရပါတယ် ။ Export size ကကော 15 စကာ အတင်ကိုယူကြပါတယ်။

(၉) ရွေးချယ်သန့်စင်ခြင်း
Size ခွံပြီးတဲ့အခါ ရရှိလာတဲ့ Size အလိုက် Green Bean များကို လက်ဖြင့် defect များအား ရွေးချယ်သန့်စင်ရပါတယ်။ peaberry, သုံးမြှောင့်များ color မညီတာတွေကို ရွေးချယ်သန့်စင်ရပါတယ်။ အကုန်သန့်စင်ပြီးတဲ့အခါမှာတော့ Quality ကောင်းမွန်တဲ့ ကော်ဖီ Product တစ်ခုဖြစ်လာပြီပဲဖြစ်ပါတယ်။


# DTH_Coffee
# ProductofMyanmar