မီးပျက်လဲ Wifi အေးဆေးဖြစ်ပြီး 12V & 9V ကြိုက်တာလာ အဆင်ပြေတဲ့ V.Jun Booster Cable..😉⭐
Wifi ကြိုးဝယ်ရတာတိုင်ပါတ်နေတဲ့သူတွေအတွက် မျက်စိမှိတ်ဝယ်လို့ရမယ့်ကြိုး ဆေးတစ်မျိုးရောဂါပေါင်း၁၀၀ကုလို့ရတဲ့ခံစားချက်ပေါ့...😆
Wifi စက်နှင့်တွဲသုံးလို့ရတဲ့အပြင် ဘာတွေပြောင်းလဲပြီးထပ်လုပ်ထားသလဲ?
------ Specifications ------
External Wire: TPE Wire
Internal Wire: Copper Wire
Length: 0.8m
5.5mm Jet Connector: Copper Nickel Plating
(သံချေးမတက်၊သုံးရသက်တမ်းကြာရှည်တယ်)
1:5V to 9V Booster
2:5V to 12V Booster
Function တူတူပဲ၊ကြိုက်တာဝယ်သုံးလို့ရပါတယ်။
❗️Normal Charge ဖြစ်တဲ့ 5V Output ပဲထွက်တဲ့ Powerbank/Charger တို့ နှင့် တွဲသုံးလို့ရတယ်။
❗️Fast Charge Powerbank/Charger တွေလည်းရ ဆိုတော့ ဈေးကွက်ကထွက်တဲ့ Powerbank/Charger မှန်သမျှနှင့်အဆင်ပြေတာပေါ့။
Booster Cable ကဘာလဲ❓
A: Voltage နည်းတာကနေ Voltage အားမြင့်အောင်တင်ပေးတဲ့ကြိုးပါ။
ဥပမာ။ ။ 5V ကနေ 9V/12V ထိမြှင့်တင်တာမျိုး။
5V Output ရှိတဲ့ Normal Charge Powerbank က 9V တို့ 12V တို့လိုအပ်တဲ့ Wifi စက်နဲ့သုံးလို့ရတယ်။
Connector ကရောဘာလဲ❓
A: ကြိုးနှင့် Device နှင့်ဆက်တဲ့ရိုးရိုးကြိုးကိုပြောတာ။
ဥပမာ။ ။ 9V ကြိုးကို 9V wifi စက်နဲ့ပဲသုံးလို့ရမယ်၊ 12 V Wifi မှာသုံးလို့မရဘူး၊ အားဝင်ရင်ဝင်မယ် Wifi တက်မလာဘူး၊ အားမနိုင်လို့။
Connector ကြိုးဝယ်ရင်ဘယ်လိုရွေးရမလဲ❓
Wifi စက်တိုင်းရဲ့အောက်မှာ Input(or) Power (or) Power Rating ဆိုတာရှိတယ်၊အဲ့ နေရာမှာ 9V လား12V လားဆိုတာကြည့်ပြီးရွေးလို့ရတယ်။ကိုယ့်စက်က 9V ဆို 9V ကြိုးရွေးရုံပဲ၊ 12V ဆို 12V ကြိုးရွေးရုံပဲ။
✅ V.Jun Booster Cable ဝယ်ရင် မျက်စိ
မှိတ်ပြီးဝယ်လို့ရပါတယ် ၊ Wifi စက်တိုင်းနှင့်တွဲသုံးလို့ရလို့။
တရုတ်ပြည်ဈေးကွက်မှာပုံမှန် Stock ထုတ်တဲ့ Current Flow က 0.67A ပါပဲ ဈေးသက်သာတယ် အများစု Wifi စက်နဲ့လဲအဆင်ပြေတယ်၊ဈေးပြိုင်ရတဲ့နိုင်ငံဆိုတော့ကုန်ကျစရိတ်ကိုမလိုအပ်ပဲမသုံးဘူးလေ။
Wifi တွေရဲ့ Current Flow ကအောက်ပါအတိုင်းများပါတယ်:
0.6A, 1A, 1.5A, 2A (0.6Aနှင့် 1A များပြီး၊2A ကနည်းပါတယ်)
✅V.Jun Booster Cable တွေက Customized Product ပါ၊ Output ကတကယ် 1A ထိထွက်နိုင်သလို 1.5A Max လည်းထွက်နိုင်တယ်။
✅အားသာချက်များ✅
✅:5.5mm Jetကိုသံချေးမတက်တဲ့ Copper Nickel Plating လုပ်ပေးထားပါတယ်။ သံချေးမတက်တော့သုံးရတဲ့သက်တမ်းကြာရှည်ပါတယ်။
စစ်နည်း။ ။ငွေရောင်၊သံလိုက်နှင့်စမ်းကပ်တဲ့အခါ ကပ်ရင်မဟုတ်ဘူး၊မကပ်ရင် Copper စစ်မှန်တယ်။
V: Current Flow Max 2A လိုအပ်တဲ့ဈေးကွက်က wifi စက်အားလုံးနှင့်အဆင်ပြေပါတယ်။
မှတ်ချက်။ ။ ဈေးကွက်အများစုထုတ်တဲ့ Connector ကြိုးတွေက Current Flow 0.67A ထိပဲရလို့ 1.5A လိုအပ်ချက်ရှိတဲ့ Wifi စက်နဲ့ဆိုသုံးလို့မရတော့ဘူး။