V.Jun_Cooler 8
V.Jun_Cooler 8
V.Jun_Cooler 8
V.Jun_Cooler 8
V.Jun_Cooler 8
V.Jun_Cooler 8
V.Jun_Cooler 8
V.Jun_Cooler 8

V.Jun_Cooler 8

အေးမြမှုနှင့်အသံငြိမ်သပ်မှုပေးနိုင်တဲ့
<< V.Jun Cooler 8 >>🤗🤗🤗

Name: V.Jun Cooler 8
Model: V.JUN-C8
Ingredient: ABS+Silicone+Aluminium
Input: 5V 2A
Speed: 6000 rpm
Type: Magnet + Metal Sheet
(Magsafe မပါတဲ့ဖုန်းတွေအတွက်ရည်ရွယ်ပြီးထည့်ပေးထားတဲ့သံပြား)
Semiconductor Size: 23x23
Cable: Included !
RGB LED: YES
Instant Cold (အေးမြန်တယ်)
Slient (အသံငြိမ်တယ်)
Body: အကြမ်းခံ ABS အမာသားသုံးထားတယ်။

Color: Black

Phone Cooler ရဲ့လုပ်ဆောင်ပုံနှင့်ဖွဲ့စည်းပုံကဘယ်လိုလဲ?

✅ Phone ကိုအပူလျော့ကျစေတဲ့အမျိုးအစားအကြမ်းအားဖြင့်ပြောရင် ၂ မျိုးရှိတယ် ၊ တစ်မျိုးက ပန်ကာနှင့်အအေးချတာ ဒုတိယတစ်မျိုးကရေခဲသေတ္တာလိုအအေးထုတ်စနစ်နှင့်အအေးချတာ။

✅ ပန်ကာကဖုန်းကထွက်တဲ့အပူကိုလေနှင့်မှုတ်ထုတ်ပေးတာ၊ ဒုတိယတစ်မျိုးက ဖုန်းနောက်ကျောကိုကပ်ပြီးအအေးဓါတ်ကိုဖုန်းကနေတစ်ဆင့်ဖုန်းအတွင်းထဲကိုပါအေးအောင်လုပ်ဆောင်နိုင်စွမ်းရှိတယ်။

ဒီနေ့ကျွန်တော် မျှဝေပေးသွားမှာကတော့ ဒုတိယတစ်မျိုးဖြစ်တဲ့ Cooler အကြောင်းပဲဖြစ်ပါတယ်။

- Cooler တစ်လုံးရဲ့အဓိကအလုပ်လုပ်တဲ့အစိပ်အပိုင်းကတော့ Semiconductor ပဲဖြစ်ပါတယ်၊ အဲ့ Semiconductor ကအအေးဓါတ်ထုတ်ပေးတဲ့အပိုင်းပဲဖြစ်ပါတယ်။ အအေးဓါတ်ထုတ်ပေးနိုင်တဲ့အတိုင်းအတာက Semiconductor ရဲ့ Size အရွယ်စားနှင့် တိုက်ရိုက်သက်ဆိုင်တယ်။ Size ကြီးရင် ပိုအေးတယ်၊ ဈေးလည်းပိုကြီးတယ်။

- Semiconductor ရဲ့ Shape က Square Shape နှင့်ထုတ်ပါတယ်။ ဥပမာ 20mm ပါတ်လည်၊ 23mm ပါတ်လည်၊ 30mm ပါတ်လည် အစရှိသဖြင့် ဈေးနှုန်းသတ်မှတ်တဲ့ပေါ်မူတည်ပြီးသုံးကြပါတယ်။

Phone Cooler ရဲ့နောက်ကျောမှာဘာလို့ ပန်ကာ ထည့်ရသလဲ?

- Semiconductor ရဲ့အလုပ်လုပ်ဆောင်ပုံကအတွင်းဖက်အအေးထွက်ရင် တစ်ဖက်ကအပူထွက်ပါတယ် ၊အအေးထွက်တဲ့ဖက်က ဖုန်းနောက်ကျောကိုမျက်နှာမူတယ်၊ နောက်တစ်ဖက်အပူထွက်တဲ့ဖက်မှာထွက်လာတဲ့အပူကိုလျော့ကျစေအောင် ပန်ကာ ထည့်ပေးထားတယ်။ ပန်ကာရဲ့လည်ပါတ်နှုန်းကလေးဈေးပေါ်မှာ အကျိုးသက်ရောက်တယ်၊ ဥပမာ လည်ပါတ်နှုန်းမြန်ရင်အပူပိုထုတ်နိုင်မယ်၊ ဈေးလည်းပိုများမယ်။

◾ ပန်ကာရဲ့လည်ပါတ်နှုန်းသည်အားသွင်းကြိုးနှင့်လည်းဆိုင်ပါတယ်၊ ဥပမာ 5W input လား 10W လား 18W input လား၊ 18W input ကနည်းတယ် ဈေးများပြီး 10W နှင့်လည်းလုံလောက်နေလို့ Quality ထုတ်ရင်လည်းအများစုက 10W နှင့်ထုတ်ကြပါတယ်။

◾ ပန်ကာရဲ့အသံငြိမ်သက်မှုပိုင်း နှင့် Phone Cooler ပေါ်သုံးထားတဲ့ကုန်ကြမ်းနှင့် Function ပိုင်းတွေမှာလည်း Phone Cooler တစ်ခုရဲ့ဈေးမှာအကျိုးသက်ရောက်ပါတယ်။

◾ Phone မှာ Clip Type( ညှပ်) နှင့် Magnet Type( iPhone 12 ကနေနောက်ပိုင်းModel တွေရဲ့နောက်ကျောမှာ Magsafe ပါတဲ့ Model တွေနှင့်တွဲသုံးရတဲ့) အမျိုးအစားဆိုပြီးခွဲထားတယ်။

- Clip Type က Phone မရွေးသုံးလို့ရတယ်။
- Magnet Type က iPhone User အတွက်သီးသန့်။

... Phone Cooler နှင့်တွဲမသုံးသင့်တဲ့ပစ္စည်းများ ...

- Semiconductor အပြားတွေရဲ့အအေးဓါတ်ထုတ်လုပ်အားက အတိုင်းအတာတစ်ခုရှိလို့ သုံးတဲ့အချိန်မှာ Phone နောက်ကျောနှင့်တိုက်ရိုက်ထိတွေ့မှအအေးချနိုင်မှာဖြစ်တယ်၊ အအေးဓါတ်နှင့်အပူဓါတ်မျှရင်ရေစက်မကျနိုင်ဘူး၊ ဖုန်းနောက်ကျောမထိမိရင်အအေးဓါတ်ပိုပြီးရေစက်တွေကျနိုင်ပါတယ်။

❗ Cover နှင့်တွဲမသုံးရ။

❗ ဖုန်းနောက်ကျောမှာ Sticker ကပ်ထားရင်မသုံးရ။

◾ နောက်ကျောမှာသံပြားကပ်ပြီး Magnet Type နှင့်မသုံးရ၊ ဘာကြောင့်လဲဆိုတော့ သံပြားကဖုန်းနောက်ကျောမှာကပ်ရင် ကော်သားတစ်ထပ်ရှိမယ် ၊သံပြားတစ်ထပ်ရှိမယ်၊ ဒီလို ၂ ထပ်ကွာနေတဲ့အနေအထားမှာ အအေးဓါတ်ကဖုန်းကိုတိုက်ရိုက် Transmit မလုပ်နိုင်ဘူး၊ ဆိုတော့ဖုန်းကအေးမှာမဟုတ်ဘူး။

$5.55