image

Premier Milk & Malt_Soy Milk

$5.55

အသားမစားပဲ ပရိုတင်းဓာတ်တွေရရှိစေမယ့် အစားအစာဟာဘာလဲ?

အခြားအသားဓါတ်တွေနဲ့မတူပဲ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးမယ့် amino acid ဓါတ် (၉)မျိုး နဲ့ ရောဂါပိုးများကို တိုက်ထုတ်ပေးနိုင်တဲ့ antibody ဓာတ်တွေ ပါဝင်တဲ့ ပရိုတင်းတစ်မျိုးကို ပဲပိစပ်ကသာ ရရှိနိုင်ပါတယ်…

ပရီမီယာပဲနို့ကို ပဲပိစပ်အစစ်ကနေထုတ်လုပ်ထားတာမို့ ကျန်းမာရေးကို အားဖြည့်ဖို့ အကောင်းဆုံး ပဲနို့တစ်ခွက်ပဲပေါ့…

ပရီမီယာပဲနို့မှာ အရိုးအဆစ်များကိုသန်မာစေတဲ့ ကယ်လ်ဆီယမ်၊ သွေးအားကောင်းစေတဲ့ သံဓါတ်တို့ပါဝင်တာမို့ အသားအရေ စိုပြေစေရုံသာမက ကိုယ်ခန္ဓာကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်..

ဒါ့အပြင် ပဲနို့မှာပါဝင်တဲ့ သက်စောင့်ဓါတ်များဟာ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ရုံသာမက ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကိုပါ သိသိသာသာ လျှော့ချပေးနိုင်ပါတယ်...

ပဲနို့ကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင်.....
- သွေးတိုး၊ သွေးကျရောဂါကို ကာကွယ်ပေးပြီး ကိုယ်အလေးချိန်ကို ထိန်းပေးတယ်...
- နှလုံးရောဂါနဲ့ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ အရိုးပွရောဂါတို့ကို မဖြစ်ရအောင် တားဆီး ကာကွယ်ပေးတယ်လေ..
- အသားဓါတ်နဲ့ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့ အပြင် အသားအရေကိုပါ စိုပြေဝင်းပစေတယ်...


------------------------------------------------

ကျန်းမာလှပတဲ့အသားအရေပိုင်ဆိုင်ဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ…

ပျက်စီးသွားတဲ့ အသားအရေတွေကို ပြန်လည်ထိန်းသိမ်းရမယ့် အရေးစဥ်းစားတဲ့အခါ…

အသားအရေလှပဖို့အတွက် အထောက်အကူပြုတဲ့ အစားအစာတွေထဲမှာ ပဲနို့ကလည်း အဓိကနေရာမှာ ပါဝင်ပါတယ်နော်…

ပရီမီယာ Soy Milk မှာပါဝင်တဲ့ Vitamin A, B နဲ့ D တို့ဟာ အသားအရေကို လှပစိုပြေစေရုံသာမက နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်ကိုလည်း အပြည့်အဝပေးပါတယ်…

ဒါကြောင့် လှပတဲ့ အသားအရေနဲ့ အတူ သင့်ကျန်းမာရေးအတွက် ပရီမီယာပဲနို့ နှင့်အတူ
အားဖြည့်လိုက်ပါ…


------------------------------------------------

ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ အစားအစာများ ရှောင်ရတဲ့အခါ အာဟာရမပြည့်ဝခြင်း၊ အသားဓါတ်များမလုံလောက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်…

ဒီအခါမှာ အားအင်လျော့နည်းခြင်း၊ ကိုယ်ခံအားကျဆင်းလာခြင်းတို့ကြောင့် ရောဂါများအလွယ်တကူ ဝင်ရောက်လာနိုင်သလို ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်…

ပရီမီယာပဲနို့ကို Soybean (ပဲပိစပ်) အစစ်နဲ့ ထုတ်လုပ်ထားတာမို့ နွားနို့မှာပါ၀င်တဲ့ Vitamins နဲ့ ပရိုတင်း(အသားဓါတ်)၊ အမျှင်ဓါတ်၊ ဗီတာမင် (သက်စောင့်ဓါတ်) နှင့် သတ္တုဓါတ်တို့ ပြည့်စုံလုံလောက်စွာပါဝင်လို့ အားကစားသမားများအတွက် အားဖြည့်ပေးနိုင်ပါတယ်….

ပရီမီယာပဲနို့မှာ ကိုလက်စထရော (Cholesterol) လုံး၀မပါ၀င်လို့ ကိုယ်အလေးချိန်ကိုပါလျော့ကျစေတာမို့ အ၀လွန်သူတွေအတွက် ကိုယ်အလေးချိန်လျှော့ချချင်တယ်ဆိုရင်အထူးသင့်လျော်ပါတယ်…


------------------------------------------------

ပရီမီယာပဲနို့က ပဲပိစပ် မှ ထုတ်လုပ်ထားပြီး နွားနို့နဲ့ ပမာဏတူညီတဲ့ အသားဓာတ် ပါဝင်ပါတယ်

ဝါတွင်းကာလဟာ ဥပုသ်သီလစောင့်တည်ပြီး တရားဘာဝနာပွားများခြင်းနဲ့အတူ ကုသိုလ်တွေယူကြရမယ့် အချိန် ကာလ… ဥပုသ်သီလ စောင့်တည်တဲ့အခါမှာ အာဟာရဓါတ်တွေ ပိုမိုလိုအပ်လာပါတယ် …

ဒါကြောင့် ဝါတွင်းကာလမှာ ကျန်းမာဖို့အတွက် ပရီမီယာပဲနို့ကို ရွေးချယ်သင်ပါတယ် …


# Premier_Milk & Malt
# ProductofMyanmar