image

Premier Milk & Malt_Shwe Mu Yaw

$5.55

ရွှေရောင်အဆင်းရှိမုယောပင်ရဲ့ အာဟာရအဆီအနှစ်နဲ့ နို့စစ်စစ်တို့ ပေါင်းစပ်ထားတဲ့
ပရီမီယာရွှေမုယော (မော့မစ်)

ဩစတြေးလျနဲ့ နယူးဇီလန်မှ အရည်အသွေးမြင့်ကုန်ကြမ်းများဖြင့် ထုတ်လုပ်ထားတဲ့

တစ်မိသားစုလုံး ကိုယ်ခံအားကောင်းပီး
အားအင်ပြည့်၀ဖို့ ပရီမီယာရွှေမုယောမော့မစ်

ပရီမီယာရွှေမုယောမော့မစ်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ် ၊ ဗီတာမင်စီ ၊ ဗီတာမင် ဘီ တို့ အစုံအလင်ပါဝင်တာကြောင့် တစ်မိသားစုလုံး ကိုယ်ခံအားကောင်းပြီး အားအင်တွေကို ပြည့်ဝစေနေမှာပါ။

ပရီမီယာရွှေမုယောမော့မစ်က မိခင်လောင်းတွေအတွက်တင်မဟုတ်ဘဲ နို့တိုက်မေမေတို့အတွက်လည်း အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။

ဗီတာမင် B12၊ ဗီတာမင် E၊ ကယ်လ်စီယမ်၊ သံဓာတ်နှင့် ဇင့်ဓာတ်များစွာ ပါ၀င်လို့ အာဟာရပြည့်ဝပြီး အရသာရှိတဲ့ ပရီမီယာရွှေမုယောမော့မစ်က ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များကို ကျန်းမာသန်စွမ်းစေဖို့ ကူညီပေးပါတယ်။

ပရီမီယာရွှေမုယောမောမစ့်မှာ ပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်၏ အဓိက စွမ်းအင်အရင်းအမြစ် ဖြစ်ပြီး ဦးနှောက်၊ ကျောက်ကပ်၊ နှလုံးကြွက်သားများနှင့် ဗဟိုအာရုံကြောစနစ်ကို အားဖြည့်ပေးပါတယ်။

ဥပမာအားဖြင့် အစာချေဖျက်ရာတွင် အထောက်အကူဖြစ်စေပြီး သွေးအားပြည့်ဝနေစေရန် ကူညီပေးကာ သွေးတွင်းကိုလက်စထရောပမာဏကို ထိန်းညှိပေးတယ်။

နေ့စဉ်သောက်သုံးကြည့်ပါ။ ကျန်းမာခြင်းသုခ၊ ကောင်းခြင်းသုခတွေကို အချိန်နဲ့ တစ်ပြေးညီ ခံစားလာရစေမှာပါ။

ဒါကြောင့် ဖေဖေမေမေ ၊ ဖိုးဖိုးဖွားဖွား၊ သားသားမီးမီး တို့ အတွက် မဖြစ်မနေလိုအပ်တဲ့ ဗီတာမင် နဲ့ ကာဗိုဟိုက်ဒရိတ်တွေပါဝင်တဲ့ ပရီမီယာရွှေမုယောမော့မစ်လေးကို သောက်သုံးပြီး အင်အားပြည့်ဝတဲ့ နေ့သစ်တွေကို အရယူလိုက်ရအောင်…


# Premier_Milk & Malt
# ProductofMyanmar


---------------------------------------------------

ထူးထူးခြားခြား မု‌ယောကျောက်ကျောလေး

ပါဝင်ပစ္စည်းလေးတွေကတော့
ကျောက်ကျောမှုန့်၊ ပရီမီယာ ရွှေမု‌ယော (၇) ထုပ်၊ သကြား (၁၅) ကျပ်သား၊ ဆားအနည်းငယ်

အဆင့် (၁)
ကျောက်ကျောစတင်ပြီး ကျိုချက်ပါတော့မယ်။
ပရီမီယာ ရွှေမု‌ယော (၇) ထုပ်ကို ရေသန့် (၁) လီတာ၊ သကြား၊ ဆား၊ ကျောက်ကျောမှုန့်တို့ကို မီးပြင်းပြင်းနဲ့တစ်ခါတည်းရောပြီး မွှေပေးရပါမယ်။

အဆင့် (၂)
ကျောက်ကျောရေပြစ်လာပြီဆိုရင်တော့ အအေးခံလို့ရပါပြီ။ လင်ဗန်းတစ်ချပ်ပေါ်ကို လောင်းချပြီး အအေးခံထားပါမယ်။

အဆင့် (၃)
ကျောက်ကျောကို မာလာအောင် ရေခဲသေတ္တာအအေးခန်းထဲ ‌‌ခဏထည့် ထားပါ။ နောက်ဆုံးမှာတော့ မုယောကျောက်ကျောအသားမာလာပြီဆိုရင်တော့ စိတ်ကြိုက်လှီးပြီး စားလို့ရပါပြီရှင့်။