image

Premier Milk & Malt_Malt

$5.55

ခန္ဓာကိုယ်ကျန်းမာဖို့ နဲ့ ကိုယ်ခံအားကောင်းဖို့ အလွန်အရေးကြီးပါတယ်နော်...
ကျန်းမာအောင်နေထိုင်စေပြီး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုလည်း မှန်မှန် စားသုံးပေးဖို့လိုအပ်ပါတယ်....

Premier ရဲ့ 🥛 White Malt & 🥃 Chocolate Malt မှာ
မုယောစပါးကနေ ထုတ်လုပ်ထားပြီး ဗီတာမင်၊ ကယ်(လ်)ဆီယမ် နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် အာဟာရလည်းပြည့် ၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်ခံအားကောင်းမွန်စေပါတယ်

🥛 Premier White Malt (မုယောနို့ရည်)
ရဲ့ ကောင်းကျိုးတွေကို သိပြီးပြီလား ??

၁။ နာလန်ထခါစ လူနာများအတွက် အမြန်ဆုံး အားပြည့်စေတယ်
၂။ ကိုယ်ခံအားကောင်းမွန်ပြီး ကိုယ်ခန္ဓာအတွက် စွမ်းအင်တွေ ပေးစွမ်းနိုင်တယ်
၃။ အာဟာရဓာတ် စုံလင်စွာပါဝင်လို့ ကျန်းမာစေတယ်
၄။ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်တယ်
၅။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရိုးအဆစ်တွေ သန်မာစေတယ်


တစ်ခွက်တည်းနဲ့ ပြီးပြည့်စုံစေမယ့်
🥃 Premier ရဲ့ Chocolate Malt
(ချောကလက် မုယောနို့ရည်)

နို့မကြိုက်တဲ့ သားသားမီးမီးလေးတွေရှိလား?
ဒါဆို ချောကလက်အနံ့လေးသင်းပျံ့ပြီး အရသာလည်းရှိ၊ အာဟာရလည်းပြည့်ဝတဲ့ ပရီမီယာချောကလက်မော့ရှိတယ်နော်...
အားအင်ပြည့်စေမယ့် မုယောစပါးအစစ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေထည့်ထားတဲ့အပြင် စိတ်ကို လန်းဆန်းပျော်ရွှင်စေမယ့် ချောကလက်အရသာနဲ့ဆိုတော့ သားသားမီးမီးတို့ရော လူကြီးတွေအတွက်ပါ အကောင်းဆုံးမော့တစ်ခွက်ဖြစ်စေမှာပါ…

သားသားမီးမီးတို့ရော လူငယ်လူကြီးတွေရော အရိုးအဆစ်တွေသန်မာစေဖို့အတွက် နေ့စဉ်စားသုံးနေတဲ့ အစားအစာထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အချိုးအစားမျှတစွာ ပါဝင်ဖို့ လိုအပ်ပါတယ်…

ပရီမီယာချောကလက်မော့မှာ ဗီတာမင်၊ ပရိုတင်း
နဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ် များစွာ ပါဝင်လို့ ကလေးတို့ရဲ့ အရိုးအဆစ်တွေသန်မာစေဖို့ အသင့်တော်ဆုံး ဖြည့်စွက်စာပဲပေါ့..

ဒါ့အပြင်
နေ့တိုင်းကျန်းမာနေဖို့ဆိုရင် ကိုယ်ခန္ဓာသန်စွမ်းနေဖို့လိုအပ်သလို သူများထက်ထူးခြားနေဖို့ဆိုရင်တော့ ဦးနှောက်စွမ်းရည်မြင့်မားနေဖို့ပါလိုအပ်ပါတယ်...

တစ်ခွက်တည်းနဲ့ ပြီးပြည့်စုံစေမယ့် Premier Chocolate Malt က အားဖြည့်ပေးဖို့အသင့်ပဲလေ..
အားအင်ပြည့်စေမယ့် မုယောစပါးအစစ်၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေထည့်ထားတဲ့အပြင် စိတ်ကို လန်းဆန်းပျော်ရွှင်စေမယ့် ချောကလက်နဲ့ဆိုတော့ သားသားမီးမီးတို့ရော လူကြီးတွေအတွက်ပါ အကောင်းဆုံးပဲပေါ့…

ဆန်းပြားတဲ့ ဖန်တီးမှုနဲ့ အရသာရှိတဲ့ ချောကလက်မုယောနို့ရည်တစ်ခွက်ရဖို့အတွက် ပရီမီယာချောကလက် မုယောနို့ရည်အထုပ်လေးကိုရေနွေးပူပူနဲ့ဖျော်ပြီး မာ့ရ်ှမယ်လို (Marshmallow) ထည့်ပြီး ဖျော်သောက်ကြည့်ပါလား

ကြိုက်လွန်းလို့ နောက်ထပ်သောက်ချင်နေမှာအသေအချာပဲနော် …

# Premier_Milk & Malt
# ProductofMyanmar


----------------------------------------

သားသားမီးမီးတို့ ကျန်းမာသန်စွမ်းပြီး ဥာဏ်ရည်ထက်မြက်ဖို့ အာဟာရပြည့်ဝစေမယ့် ပရီမီယာနို့နဲ့အတူ အရသာလည်းရှိမယ့် ပရီမီယာနို့ကိတ် ပြုလုပ်နည်းလေး ပြောပြမယ်နော်…
ပါဝင်ပစ္စည်း
ပရီမီယာနို့မှုန့် အထုပ်သေး (၂) ထုပ်
ဂျုံမှုန့် စားပွဲတင်ဇွန်း (၃) ဇွန်း
မုန့်ဖုတ်ပေါင်ဒါမှုန့် စားပွဲတင်ဇွန်း (၁/၈) ဇွန်း
မုန့်ဖုတ်ဆိုဒါ (လက်ဖက်ရည်ဇွန်းဖျားပမာဏ)
ထောပတ် စားပွဲတင်ဇွန်း (၂) ဇွန်း
သကြား စားပွဲတင်ဇွန်း (၃) ဇွန်း
ပြုလုပ်နည်း
၁။ အရင်ဆုံး ဂျုံမှုန့် (၃) ဇွန်း မုန့်ဖုတ်ပေါင်ဒါ နဲ့ မုန့်ဖုတ်ဆိုဒါတို့ကို ပန်းကန်လုံးထဲသို့ ထည့်ပြီး ခက်ရင်းတစ်ချောင်းနဲ့ သမသွားအောင် ရောမွှေလိုက်ပါ…
၂။ ထောပတ် (၂) ဇွန်း၊ သကြား (၃) ဇွန်း၊ ပရီမီယာနို့မှုန့် (ရေဖျော်ပြီး)တို့ကိုလည်း ပန်းကန်လုံး ထဲရောထည့်ပြီး မွှေပေးလိုက်ပါ
(ပါဝင်ပစ္စည်းအားလုံး သမသွားပြီး အခဲလေးတွေ မကျန်သည်အထိ မွှေပေးပါ)
၃။ ပြီးရင် မိမိနှစ်သက်ရာ မုန့်ဖုတ်မယ့် ပန်းကန်ထဲကို ပြောင်းထည့်ပြီး မိုက်ခရိုဝေ့ဖ် မီးဖိုထဲမှာ အပူချိန် (၈၅၀) ဒီဂရီဆဲလ်စီယပ်နဲ့ (၂) မိနစ်ခန့်ထည့်ပြီး အပူပေးလိုက်ပါ…
၄။ (၂) မိနစ်ပြည့်ရင်တော့ သားသားမီးမီးတို့အကြိုက် ပရီမီယာနို့ကိတ်လေး ရပါပြီနော်….
၅။ ပရီမီယာနို့ကိတ်ပေါ်မှာ နှစ်သက်ရာ အသီးလေးတွေလှီးပြီးအလှဆင်လို့ရပါသေးတယ်နော်
ဒါဆိုရင် အာဟာရလည်းပြည့်ဝပြီး အရသာလည်းရှိတဲ့ ပရီမီယာနို့ကိတ်လေးစားသုံးလို့ရပါပြီရှင့်….


----------------------------------------

ပရီမီယာမုယောလုံးလေးတွေလုပ်စားကြမယ်...

လိုအပ်သော ပစ္စည်းများ...
ပရီမီယာ မော့ -၁၀ ထုပ်
ပရီမီယာ ချောကလက်မော့ - ၃ ထုပ်
မြေပဲ - အနည်းငယ်
နှမ်း - အနည်းငယ်
ပရီမီယာ မော့ ၁၀ ထုပ်ကို ဖောက်ပြီး ရေနွေးအနည်းငယ်ထည့်ပြီးနယ်ပါ...
ပြီးနောက် အလုံးလေးတွေလုံးထားပါ...
ပရီမီယာချောကလက်မော့ကို မပျစ်မကြဲလေးဖျော်ပါ...
ပရီမီယာ မုရော အလုံးလေးများကို ချောကလက်နို့ရည်ထဲ နှစ်ပြီး ဖြန့်ခင်းထားသော မြေပဲ နှင့် နှမ်းများ အပေါ်မှ လှိမ့်လိုက်ပါ...
၁၀ မိနစ်ခန့် မီးဖုတ်ပြီး အအေးခံကာ အရသာရှိပြီး အာဟာရပြည့်ဝတဲ့ ပရီမီယာ မုယောအလုံးလေးတွေကို သုံးဆောင်နိုင်ပါပြီ…


----------------------------------------

မတ်ခွက်လေးနဲ့ လွယ်လွယ်ကူကူလုပ်စားနိုင်မယ့် သားသားမီးမီးလေးတို့အကြိုက် ပရီမီယာချောကလက်ကိတ် ပြုလုပ်နည်းလေး

လိုအပ်တဲ့ပစ္စည်းတွေကတော့
- ဂျုံမှုန့် စားပွဲတင်ဇွန်း (၃) ဇွန်း
- ပရီမီယာချောကလက်မော့ (၁) ထုပ်
- မုန့်ဖုတ်ပေါင်ဒါမှုန့် စားပွဲတင်ဇွန်း (၁/၈) ဇွန်း
- မုန့်ဖုတ်ဆိုဒါ (လက်ဖက်ရည်ဇွန်းဖျားပမာဏ)
- ထောပတ် စားပွဲတင်ဇွန်း (၂) ဇွန်း
- နို့ဆီ စားပွဲတင်ဇွန်း (၃) ဇွန်း
- ပရီမီယာနို့မှုန့် (၁) ထုပ်

ပရီမီယာချောကလက်ကိတ် စလုပ်မယ်
- အရင်ဆုံး ဂျုံမှုန့် (၃) ဇွန်းကို မတ်ခွက်ထဲကို ထည့်ရပါမယ်..
- ပြီးရင် ပရီမီယာချောကလက်မော့ (၁) ထုပ် ကိုလည်း ထည့်ပေးပါ…
မုန့်ဖုတ်ပေါင်ဒါနဲ့ မုန့်ဖုတ်ဆိုဒါ တို့ကိုလည်း ထည့်ပေးပါ..
- ပြီးရင် ခက်ရင်းတစ်ချောင်းနဲ့ ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပေးလိုက်
ပါ…
- ထောပတ် (၂) ဇွန်း၊ နို့ဆီ (၃) ဇွန်း၊ ပရီမီယာနို့မှုန့် (ရေဖျော်ပြီး)တို့ကိုလည်း မတ်ခွက်
ထဲရောထည့်ပြီး မွှေပေးလိုက်ပါ…
သတိထားရမယ့်အချက်ကတော့ ပါဝင်ပစ္စည်းအားလုံး သမသွားပြီး အခဲလေးတွေ
မကျန်သည်အထိ မွှေပေးရမှာပါ…
- ပြီးရင်တော့ မိုက်ခရိုဝေ့ဖ် မီးဖိုထဲမှာ အပူချိန် (၈၅၀) ဒီဂရီဆဲလ်စီယပ်နဲ့ (၂) မိနစ်ခန့်
ထည့်ပြီး အပူပေးလိုက်ပါ…
(၂) မိနစ်ပြည့်ရင်တော့ မွှေးကြိုင်နေတဲ့ ပရီမီယာချောကလက်ကိတ်ကို ရပြီလေ..

ပရီမီယာချောကလက်ကိတ်ပေါ်တင်မဲ့ အသီးလေးကိုတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အသီးထည့်ပြီး စိတ်တိုင်းကျသုံးဆောင်နိုင်ပါပြီရှင့်...

----------------------------------------

Bubble Chocolate Milk အေးအေးလေး ဖျော်သောက်ကြည့်ရအောင်

လိုအပ်တဲ့ပစ္စည်းတွေကတော့....

- ပရီမီယာချောကလက်မော့ (၂) ထုပ်
- ပရီမီယာနို့မှုန့် (၁) ထုပ်
- သကြားရည် (စားပွဲတင်ဇွန်း ၄ ဇွန်း)
- ပုလဲသီး (အနည်းငယ်)

ပြုလုပ်နည်းအဆင့်ဆင့်

- အရင်ဆုံး ပုလဲသီး (Bubble) လေးတွေကို ရေစိမ်ထားပြီး ရေစစ်ပေးပါ..

- နောက်တစ်ဆင့်အနေနဲ့ အဖုံးပါတဲ့ ဗူးထဲကို ပရီမီယာ ချောကလက်မော့၊ ပရီမီယာနို့မှုန့်၊ သကြားရည်တို့ကို ထည့်ပြီး ရေနွေး နွေးနွေးလေး ထည့်ပါ..

- ရေခဲ အနည်းငယ် နဲ့ ရေထည့်ပြီး ဗူးကို Shake ပေးပါ..

- နောက်ဆုံးအဆင့် အနေနဲ့ ခွက်ထဲကို ရေစိမ်ထားတဲ့ ပုလဲသီးတွေရေစစ်ထည့်ပြီး ဖျော်ထားတဲ့ Chocolate Milk ကိုထည့်လိုက်ရင် ချိုချိုအေးအေးလေးနဲ့ သောက်လို့ကောင်းတဲ့ Bubble Cholocolate Milk အေးအေးလေးရပြီပေါ့...


----------------------------------------

Chocolate Mousse ကို ပရီမီယာချောကလက်မော့နဲ့ လုပ်စားကြည့်ရအောင်....

ပါဝင်ပစ္စည်း
- ပရီမီယာချောကလက်မော့ အထုပ်သေး (၅) ထုပ်
- Heavy Cream
- ကြက်ဥ (၃) လုံး
- သကြား ထမင်းစားဇွန်း (၃) ဇွန်း
ပြုလုပ်နည်း
1. ပရီမီယာချောကလက်မော့ အထုပ်သေး(၅) ထုပ်ကို ဖောက်ထည့်ပြီး ရေနွေးနွေးလေးထဲထည့်ကာ ခပ်ပျစ်ပျစ်အနေအထားဖြစ်အောင် မွှေလိုက်ပါ
2. Heavy Cream အရည်ကို ရေခွက် (၃)ခွက်စာလောက် ပန်းကန်လုံးထဲထည့်ပြီး ခရင်(မ်) အနေအထားဖြစ်အောင် မွှေပါ
3. ကြက်ဥ အကာ (၃) လုံး ကို အပေါ်မှာမွှေထားတဲ့ ခရင်(မ်)ပေါ်ထည့်လိုက်ပါ
4. သကြားထမင်းစားဇွန်း (၃) ဇွန်းကို ခရင်(မ်) မွှေနေရင်းနဲ့ ထည့်ပေးပါ (နည်းနည်းချင်းစီ ထည့်ပေးနော်)
5. နောက်ပြီး ခရင်(မ်) အနေအထားလေးနူးညံ့သွားပြီဆိုရင် ပထမဆုံးအချက်မှာ မွှေထားတဲ့ ပရီမီယာချောကလက်မော့အနှစ်ကိုပါ ရောထည့်ပြီး ထပ်မွှေပေးပါ
6. မွှေတာနှံ့သွားပြီဆိုရင် ဇလုံတစ်ခုထဲထည့်ကာ ရေခဲသေတ္တာထဲ မိနစ်(၂၀)လောက်ထည့်ထားပေးပါ
7. နောက်ဆုံး အေးသွားပြီဆိုရင် ပန်းကန်လုံးလေးထဲထည့်ပြီး အပေါ်ကို ပရီမီယာချောကလက်မော့အမှုန့်လေးတွေဖြူးကာ အရသာရှိရှိ စားသုံးလို့ရပါပြီရှင့်....


----------------------------------------

အရသာလည်းရှိတဲ့ Chocolate Yogurt Parfait လေး လုပ်စားရအောင်....

ပါဝင်ပစ္စည်း
ဒိန်ချဉ်အခဲ (၁) ခွက်စာ
ချောကလက်ကွတ်ကီး (၅) ခု
ပရီမီယာချောကလက်မော့ အထုပ်သေး (၂) ထုပ်
ချောကလက်အချိုရည် (Chocolate Syrup)

ပြုလုပ်နည်း
၁။ ချောကလက်ကွတ်ကီးကိုထုချေထားပါ
၂။ ဒိန်ချဉ်ထမင်းစားဇွန်း (၃) ဇွန်းကိုခွက်ထဲအရင်ထည့်ကာ အပေါ်မှ ချောကလက်အရည်အနည်းငယ်စိမ်ပြီး ချေထားသော ကွတ်ကီးကိုထည့်ကာ ပရီမီယာချောကလက်မော့ အမှုန့်ကို ဖြူးပါ…
ခရင်(မ်) ကြိုက်ရင် အပေါ်မှာတင်ပြီး ထည့်စားလို့ရပါတယ်နော်...
အထက်ပါနည်းအတိုင်း နောက်ထပ် နှစ်ထပ်ကိုပြုလုပ်ပြီး အအေးခံကာ အရသာရှိတဲ့ Chocolate Yogurt Parfait ကို သုံးဆောင်နိုင်ပါပြီရှင့်.…

----------------------------------------

ပရီမီယာချောကလက်မော့ Cupcake ပြုလုပ်နည်းလေး ပြောပြမယ်နော်…

ပါဝင်ပစ္စည်း
- ပရီမီယာချောကလက်မော့ အထုပ်သေး (၁) ထုပ်
- ပရီမီယာနို့မှုန့် အထုပ်သေး (၁) ထုပ်
- ဂျုံမှုန့် စားပွဲတင်ဇွန်း (၃) ဇွန်း
- မုန့်ဖုတ်ပေါင်ဒါမှုန့် စားပွဲတင်ဇွန်း (၁/၈) ဇွန်း
- မုန့်ဖုတ်ဆိုဒါ (လက်ဖက်ရည်ဇွန်းဖျားပမာဏ)
- ထောပတ် စားပွဲတင်ဇွန်း (၂) ဇွန်း
- နို့ဆီ စားပွဲတင်ဇွန်း (၃) ဇွန်း
- ကြက်ဥ (၂) လုံး
- Cupcake ထည့်တဲ့ စက္ကူခွက်လှလှလေး
ပြုလုပ်နည်း
1. အရင်ဆုံး ဂျုံမှုန့် (၃) ဇွန်းနဲ့ ပရီမီယာချောကလက်မော့ (၁) ထုပ်ကို ပန်းကန်လုံးထဲကို ထည့် ၊ ပြီးရင် မုန့်ဖုတ်ပေါင်ဒါနဲ့ မုန့်ဖုတ်ဆိုဒါကို ထပ်ထည့်ပေးပြီး သမအောင် ရောမွှေပေးလိုက်ပါ…
2. ထောပတ် ၊ နို့ဆီ ၊ ကြက်ဥ နဲ့ ပရီမီယာနို့မှုန့်( ရေဖျော်ပြီး)တို့ကိုလည်း အပေါ်မှာပေးထားတဲ့ အချိုးအစားအတိုင်း ပန်းကန်လုံးထဲရောထည့်ပြီး မွှေပေးလိုက်ပါ…
(သတိထားရမယ့်အချက်ကတော့ ပါဝင်ပစ္စည်းအားလုံး သမသွားပြီး အခဲလေးတွေ မကျန်သည်အထိ မွှေပေးရမှာပါ)
3. ပြီးရင်တော့ cup cake စက္ကူခွက်လှလှလေးထဲကို တစ်ဝက်လောက်ထည့်ပေးပါ...(မုန့်သားပွတက်လာမှာမလို့ အပြည့်မထည့်ရပါ)
4. နောက်ဆုံးအနေနဲ့ မိုက်ခရိုဝေ့ဖ် မီးဖိုထဲမှာ အပူချိန် (၈၅၀) ဒီဂရီဆဲလ်စီယပ်ဖြင့် (၂) မိနစ်ခန့်ထည့်ပြီး အပူပေးလိုက်ပါ…
5. (၂) မိနစ်ပြည့်ရင်တော့ မွှေးကြိုင်နေတဲ့ ပရီမီယာချောကလက်မော့ Cupcakeလေးကို ရပြီပေါ့...
ပရီမီယာချောကလက်မော့ Cupcake ပေါ်မှာ မိမိနှစ်သက်ရာ အသီးလေးတွေ ခရင်(မ်)လေးတွေနဲ့ အလှဆင်ပြီး သုံးဆောင်နိုင်ပါတယ်နော်…

----------------------------------------

ပရီမီယာချောကလက်မော့ကျောက်ကျောလုပ်နည်းလေး ....

ပါဝင်ပစ္စည်း
ပရီမီယာချောကလက်မော့အလွှာအတွက်
- ပရီမီယာချောကလက်မော့အထုပ်သေး (၆)ထုပ်
- ရေ (၅)ခွက်စာ (1.2 litre)
- ကျောက်ကျောမှုန့် 20 g
- သကြား 110 g

ပရီမီယာနို့ အလွှာအတွက်
- ပရီမီယာနို့အထုပ်သေး (၆)ထုပ်
- ရေ (၁)ခွက်စာ (0.24 litre)
- ကျောက်ကျောမှုန့် 8 g
- သကြား 55 g
- ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း

ပြုလုပ်နည်း
၁။ ရေ၊ ကျောက်ကျောမှုန့် ၊ ပရီမီယာချောကလက်မော့ နဲ့ သကြားတို့ကို အိုးတစ်လုံးထဲမှာ ပျော်ဝင်သွားတဲ့အထိ မီးအေးအေးလေးနဲ့ (၃)မိနစ်ခန့်မွှေပေးပြီးရင် မိမိနှစ်သက်ရာပုံစံခွက်ထဲကိုထည့်ပြီး (၄၅) မိနစ်လောက် အအေးခံထားပေးပါ...
၂။ ရေ၊ ကျောက်ကျောမှုန့် ၊ ပရီမီယာနို့ ၊ သကြား နဲ့ ဆားတို့ကို နောက်ထပ်အိုးတစ်လုံးထဲမှာ ပျော်ဝင်သွားတဲ့အထိ မီးအေးအေးလေးနဲ့ (၃)မိနစ်ခန့်မွှေပေးပါ...
၃။ မီးပိတ်ပြီးရင် ပရီမီယာချောကလက်မော့အလွှာထည့်ထားတဲ့ ပုံစံခွက်ထဲသို့လောင်းထည့်ပြီး ၂၀မိနစ်ခန့် အအေးခံထားပေးပါ...
၄။ အပေါ်အလွှာခြောက်သွားပြီဆိုရင်တော့ ချိုချိူအေးအေးလေးစားလို့ရအောင် ရေခဲသေတ္တာထဲမှာခဏထားပေးပါ...
ဒါဆိုရင် သားသားမီးမီးတို့အကြိုက် အာဟာရလည်းရှိ ၊ အရသာလည်း ကောင်းပြီး အိမ်မှာ အလွယ်တကူ လုပ်စားလို့ရတဲ့ ပရီမီယာချောကလက်မော့ကျောက်ကျောလေး ရရှိနိုင်ပါပြီရှင့်....


----------------------------------------

စားလို့ကောင်းမယ့် Chocolate Truffles လေးကို ချောကလက်မော့အထုပ်လေးနဲ့ လုပ်နည်းလေး

ပါဝင်ပစ္စည်း
ပရီမီယာချောကလက်မော့ (၆)ထုပ်
နို့ဆီ စားပွဲတင်ဇွန်း (၁၅) ဇွန်း

ပြုလုပ်နည်း
၁။ အိုးတစ်လုံးထဲတွင် နို့ဆီထည့်ပြီး (၃) မိနစ်ခန့်အပူပေးပြီးမွှေပေးပါ
၂။ ထို့နောက် အပူပေးထားသောနို့ဆီကို ပန်းကန်လုံးတစ်လုံးထဲသို့ထည့်ပါ
၃။ နို့ဆီထည့်ထားသော ပန်းကန်လုံးထဲသို့ ပရီမီယာချောကလက်မော့အမှုန့်များကို နည်းနည်းစီထည့်ပြီး မွှေပေးပါ
၄။ နို့ဆီနဲ့ ပရီမီယာချောကလက်မော့အမှုန့်တို့ တစ်သားထဲဖြစ်အောင်မွှေပြီး ရေခဲသေတ္တာထဲတွင် (၂) နာရီခန့်ထားပေးပါ
၅။ နောက်ဆုံး ရရှိလာတဲ့ အခဲကို အပေါ်ရောအောက်ကိုပါ ပရီမီယာချောကလက်မော့အမှုန့်များဖြူးလိုက်ပါ...
ပြီးလျှင် မိမိနှစ်သက်ရာ ပုံစံလေးရအောင်လက်နဲ့ပုံဖော်ပြီးရင်တော့ အာဟာရပြည့်ဝတဲ့ ချောကလက်မော့ Truffle လေးစားသုံးနိုင်ပါပြီရှင့်…
သားသားမီးမီးတို့ခေတ်မှာတော့ ပရီမီယာမော့က အကောင်းဆုံးပဲလေ....
----------------------------------------


----------------------------------------