ဘေးဥပဒ်ကင်းစင်ကာ ကျန်းမာခြင်းကို ဆောင်ကြဉ်းပေးမယ့် ပရီမီယာနို့တစ်ခွက်
Premier Wellness ချစ်သူတို့ရေ...
အသက်ကြီးလာတာနဲ့အမျှ အရိုးအဆစ်တွေဟာ သိပ်သည်းဆနည်းလာပြီး ကြွတ်ဆတ်လာပါတယ် ...
ကယ်လ်စီယမ်ဓါတ်ဟာအရိုးတွေကို အားဖြည့်ပေးဖို့အတွက် အဓိကကျတဲ့ သတ္တုဓါတ်တစ်မျိုးပဲဖြစ်ပါတယ်...
လူတစ်ဦးဟာ တစ်နေ့ကို ကယ်လ်စီယမ် 1000 mg လိုအပ်ပါတယ်…
အသက် (၅၀) နှင့်အထက် အမျိုးသမီးများဟာ တစ်နေ့ကို 1200 mg လိုအပ်ပါတယ်…
နွားနို့တစ်ခွက် (250 ml) မှာ ကယ်လ်စီယမ် 300 mg ပါဝင်ပါတယ်…
အဲဒီ ကယ်လ်စီယမ်ဓါတ် ဟာ အသက်အရွယ်ကြီးလာချိန်မှာ အရိုးပွခြင်း၊ အရိုးပါးခြင်း၊ အရိုးဆွေးခြင်းတို့ကိုကာကွယ်ပေးပြီး သွားများကိုလည်း
ခိုင်ခန့်စေပါတယ်… ဒါ့ကြောင့် တစ်မိသားစုလုံး အရိုးသန်မာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် ပရီမီယာနို့ ပုံမှန်သောက်သုံးပြီး ကိုယ်ခံစွမ်းအားကို မြင့်တင်လိုက်ကြရအောင်…
တစ်နေ့တာအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓါတ်သာမက ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေကိုပါ ရရှိစေမှာပါ...
ပရီမီယာနို့ကို ဘာကြောင့် ကလေးတွေ သောက်သုံးသင့်တာလဲ?
ဝမ်းလျောစေတဲ့ဓာတ် (E.coli) နှင့် မယ်လမင်း လုံးဝမပါဝင်တဲ့အပြင် ဗီတာမင်နှင့် ကယ်လဆီယမ်ဓာတ်များစွာက အဓိက ပါဝင်နေတာကြောင့်ပါပဲ။
ဆေးထိုးအပ်ကြောက်တဲ့ သားသားမီးမီးတို့အတွက်လည်း နေမကောင်းမဖြစ်အောင်လို့ ဗီတာမင်၊ ပရိုတင်း၊ ဇင့်နဲ့ သတ္တုဓာတ်တွေအများကြီးပါဝင်တဲ့ ပရီမီယာမစ်ပေါင်ဒါဂိုးလ်ကို တစ်နေ့တစ်ခွက် နေ့စဉ်တိုက်ပြီး ကိုယ်ခံအားကို မြှင့်တင်လိုက်ပါ။
ကျန်းမာသွက်လက်ထက်မြက်တဲ့ နေ့စဥ်ဘဝကို ဖန်တီးနိုင်ဖို့ ဘေးဥပဒ်ကင်းစင်တဲ့ ပရီမီယာ နို့တစ်ခွက်ကို နေ့စဉ် သောက်သုံးလိုက်ပါ။
# Premier_Milk & Malt
# ProductofMyanmar
------------------------------------------------
အာဟာရလည်းရှိ ကိုယ်ခံအားလည်းကောင်းစေမယ့် ပရီမီယာနို့မှုန့်နဲ့ နို့ပူတင်းလုပ်နည်း
လိုအပ်တာတွေကတော့...
ပရီမီယာနို့မှုန့် (၅) ထုပ်
သကြား
ကြက်ဥ (၄) လုံး
ဆား
ထောပတ်အနည်းငယ်
နို့ပူတင်းစလုပ်မယ်....
- ပထမဦးဆုံး ပရီမီယာနို့မှုန့်(၅)ထုပ်ကို ခွက်တစ်ခွက်ထဲဖောက်ပြီး ရေနွေးလေးနဲ့ မွှေလိုက်ပါ
- နောက်ခွက်တစ်ခုထဲ သကြားထမင်းစားဇွန်း (၄) ဇွန်း ၊ ကြက်ဥ (၄) လုံး ၊ ထောပတ်အနည်းငယ် နဲ့ ဆားအနည်းငယ်ထည့်ကာ မွှေပြီး ပရီမီယာနို့မှုန့် မွှေထားတဲ့ခွက်ထဲ ပေါင်းထည့်ကာ ထပ်မွှေလိုက်ပါ
- ပုံစံခွက်လေးထဲ အပေါ်ကရောမွှေထားတဲ့ အရာတွေထည့်ပြီး (၁၅) မိနစ်လောက် ပေါင်းလိုက်ရုံပါပဲ
ပြီးသွားရင်တော့ အအေးခံပြီး ပန်းကန်လေးထဲထည့်ကာ အရသာရှိလည်းရှိ ၊ အာဟာရလည်း ပြည့်စေတဲ့ နို့ပူတင်းသုံးဆောင်နိုင်ပါပြီရှင်...
------------------------------------------------------
လုပ်ရတာလည်း အရမ်းလွယ်တဲ့ ဗီတာမင်အပြည့်နဲ့ ကူဖီးရေခဲချောင်းလေး
ပါဝင်ပစ္စည်းလေးတွေကတော့
ပရီမီယာနို့မှုန့် ၂ ထုပ် (ပရီမီယာမစ်ပေါင်ဒါဂိုးလ် ၁ ထုပ် + ပရီမီယာမစ်ပေါင်ဒါ ၁၆.၅ ဂရမ် ၁ ထုပ်) နဲ့ ကျိုထားတဲ့ နို့ပူပူလေး ၊ နို့ဆီ လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ မြေပဲ၊ သကြားဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ တို့ပဲ ဖြစ်ပါတယ်။
၁)ပရီမီယာနို့မှုန့် ၊ ပရီမီယာမစ်ပေါင်ဒါဂိုးလ် နဲ့ နို့ဆီတို့ကိုဒယ်အိုးထဲတွင် ရေနဲ့ရောမွှေပြီး ဆူအောင်တည်ပါ။
၂)ပွက်ပွက်ဆူနေသောနို့ထဲသို့သကြားကိုထည့်ပြီးနောက် အပူကို လျှော့ပြီး ၁၀ မိနစ်လောက် မကြာခဏ မွှေပေးပါ။
၃)ပြီးလျှင် အခန်းအပူချိန် 68 to 77°F (20 to 25°C)အထိ အအေးခံပြီး မြေပဲကို ရောထည့်ပါ။
၄)ပြီးလျှင် ပုံံစံခွက်လှလှလေးများထဲသို့လောင်းပြီး ခဲသည်အထိ အအေးခံထားပြီးရင်တော့ ပရီမီယာနို့မှုန့်နဲ့လုပ်တဲ့ ဗီတာမင်အပြည့်ကူဖီးချောင်းလေ ရပါပြီနော်။
------------------------------------------------------
ဗီတာမင်အပြည့်နဲ့ ရေခဲမုန့်
လိုအပ်တဲ့ပစ္စည်းလေးတွေကတော့
ပရီမီယာနို့မှုန့်၊
ပရီမီယာဂိုလ်း၊
ကျောက်ကျောမှုန့်၊
ပြောင်းဖူးမှုန့်၊
သကြား တို့လိုအပ်မှာပဲဖြစ်ပါတယ်
(၁) ပရီမီယာနို့မှုန့် (၅) ထုပ် ၊ ပရီမီယာဂိုလ်း (၅) ထုပ်ကို ရေတစ်လီတာဘူးရှိတဲ့ ပွက်ပွက်ဆူနေတဲ့ရေနွေးဖြင့် ကျိုပါ
(၂) ကျောက်ကျောမှုန့် ၁ဇွန်း ၊ ပြောင်းဖူးမှုန့် ၂ ဇွန်းလောက်ကို
ရေနည်းနည်းထည့်ပြီး အရည်ပျစ်ပျစ်ဖျော်ပြီး ဆူပွက်နေတဲ့ နို့အိုးထဲကိုလောင်းထည့်ပါ။
(၃) သကြား ၅ဇွန်းနဲ့ဆားနည်းနည်းထည့်ပါ။မပြတ်မွှေပေးပြီး ပျစ်လာအောင်ကျိုပါ။
(၄) ပျစ်ပျစ်လေးဖြစ်လာရင် မီးဖိုပေါ်ကချပြီးအအေးခံပါ။
(၅) အေးတဲ့အခါ ရေခဲသေတ္တာ အပေါ်ကန့်မှာ ၄နာရီလောက်ထည့်ပြီးအအေးခံပါ ။
ပြီးရင် ရေခဲသေတ္တာထဲကထုတ်ပြီး သစ်သီးမွှေစက် (Blender)ထဲထည့်ပြီးတစ်မိနစ်လောက်မွှေပါ။
မွှေပြီးရင် ရေခဲသေတ္တာအပေါ်ခန်း(ရေခဲခန်း)ထဲပြန်ထည့်ပါ။
၄ နာရီပြည့်ရင် သားသားမီးမီးအကြိုက် ဗီတာမင်အပြည့် ရေခဲမုန့်ကောင်းကောင်းလေးကို သုံးဆောင်နိုင်ပါပြီ
------------------------------------------------------
"နို့ပူတင်း" လေးကို ဘယ်လိုလုပ်မလဲကြည့်လိုက်ရအောင်
(၁) ပထမဆုံးအနေနဲ့ သကြား(၃)ဇွန်းကို ရေအနည်းငယ်ဖြင့် သကြားရည်ဖြစ်သွားတဲ့အထိ ကျိုပြီးတော့ ပူတင်းပြုလုပ်မဲ့ပုံစံခွက်ထဲသို့ အောက်ခြေနှံနေအောင်လောင်းထည့်ပါ။
(၂) ပရီမီယာနို့မှုန့် (၄) ထုပ်၊ သကြား (၅)ဇွန်း၊ကြက်ဥ (၄)လုံး ၊vanilla ရည် တစ်ဇွန်းကို ရေ 250ml ထည့်ပြီး နှံ့နေအောင်မွှေပေးပါ။
(၃) ခပ်ပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်တော့ သကြားရည်ထည့်ထားတဲ့ပုံစံခွက်ထဲကိုထည့်ပြီး Microwave Oven နဲ့ပဲဖြစ်ဖြစ် ဒယ်အိုးထဲရေထဲပြီးနောက် ပုံစံခွက်ထည့်ကာဖြစ်စေ မိနစ် (၃၀)ခန့် ပေါင်းပေးပါ။
(၄) မျက်နှာပြင်လေးတင်းလာပြီဆိုရင်တော့ အာဟာရပြည့်ဝတဲ့ နို့ပူတင်းလေးကို သုံးဆောင်နိုင်ပါပြီ
------------------------------------------------------
ရာသီပေါ်သီးနှံတွေနဲ့ သားသားမီးမီးတို့အကြိုက် Seasonal Smoothies လေးတွေလုပ်ကြည့်ကြမယ်
လိုအပ်တဲ့ပစ္စည်းလေးတွေကတော့
ပရီမီယာနို့မှုန့် (၃)ထုပ်၊ ရေခဲအနည်းငယ်၊ သကြားတစ်ဇွန်း၊ နို့ဆီတစ်ဇွန်း၊ ကြိုက်နှစ်သက်ရာ ရာသီပေါ်သီးနှံ (သရက်သီး၊ငှက်ပျော်သီး၊စတော်ဘယ်ရီသီး) တို့ပဲဖြစ်ပါတယ်
၁) ဖျော်စက်ထဲကို ရာသီပေါ်သီးနှံကို စိတ်၍ထည့်ပါ၊
၂) ပြီးနောက် သကြား၊ နို့ဆီနှင့် ပရီမီယာနို့မှုန့် (၃) ထုပ်ကို ပါထည့်ပြီး အသီးကြေတဲ့အထိ ဖျော်ပါ။
၃) ထိုနောက်ရေခဲကို မိမိလိုသလောက် ဖျော်စက်ထဲသို့ထည့်ပြီး မွှေပါ။
၄) အသီးရော၊ ရေခဲရောပါ ကြေသွားပြီဆိုရင်တော့ အရသာရှိပြီးအာဟာရဖြစ်တဲ့ Seasonal Smoothies လေးတစ်ခွက်ရပြီပေါ့