Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix
Premier_3 in 1 Instant Coffeemix

Premier_3 in 1 Instant Coffeemix

အရည်အသွေးကောင်းပြီး ဂုဏ်ယူစရာ မြန်မာ့ထုတ်ကုန်တစ်ခုဖြစ်တဲ့ အပြင်

အကောင်းမွန်ဆုံး ကုန်ကြမ်းများနဲ့ ထုတ်လုပ်ထားတဲ့ ကော်ဖီချစ်သူ မြန်မာတို့ရဲ့ နှလုံးသားထဲက
Premier 3 in 1 ကော်ဖီအရသာ

ပရီမီယာ 3 in 1 ကော်ဖီရဲ့ အချိုအခါးမျှတပြီး သင်းပျံ့တဲ့ ကော်ဖီရနံ့နဲ့ စွဲမက်ဖွယ်အရသာလေးကို မကြိုက်တဲ့သူ ဘယ်ရှိကြမလဲ!!  🤩    

ပရီမီယာချစ်သူတို့ရော… ပရီမီယာ 3 in 1 ကော်ဖီကို ရေနွေးဆူဆူနဲ့ ပူပူနွေးနွေးလေးဖျော်ပြီး သောက်ရတာကိုကြိုက်လား? ☕ ☕ 

ဒါမှမဟုတ် ရေခဲတုံးလေးတွေစိမ်ပြီး အေးအေးမွှေးမွှေး iced coffee လေးအနေနဲ့ပဲ သောက်ဖြစ်ကြလား? 🧊 🥤 

ဘယ်လိုပဲ သောက်သောက် ပရီမီယာ 3 in 1 ကော်ဖီရဲ့ အရသာကတော့ ကောင်းမြဲကောင်းနေဆဲပါ။

ဘရာဇီးလ်ကော်ဖီအမျိုးအစားကို သကြား၊ နို့ခရင်မာတို့နဲ့ အချိုးညီညီပေါင်းစပ်ထားတဲ့ ပရီမီယာ 3 in 1 က အားလုံးရဲ့အကြိုက်နဲ့ကိုက်တဲ့ ကော်ဖီအရသာဖြစ်နေမှတော့ ပူပူလေးပဲသောက်သောက်၊ အေးအေးလေးပဲသောက်သောက် အကောင်းဆုံးကော်ဖီအရသာကို ပေးစွမ်းနေမှာပေါ့။ 😎


# Premier_3 in 1 Instant Coffeemix
# ProductofMyanmar

------------------------------------------------

အုန်းနို့နံ့သင်းသင်းလေးနဲ့
Coconut Premier 3IN1 Coffee Smoothie လေးလုပ်နည်းလေး…

Premier 3IN1 Coffee ကို အထူးအခြားလေးဖြစ်သွားအောင် Smoothie လေးလုပ်သောက်ကြမယ် ...

အိမ်မှာနေရင်း အလွယ်တကူဖျော်သောက်လို့ရတဲ့ Coconut Premier 3IN1 Coffee Smoothie လေးလုပ်ဖို့ လိုအပ်တာတွေကတော့

Premier 3IN1 Instant COFFEE MIX - ၁ ထုပ်
အုန်းနို့ - ၁ ခွက်
သီးမွှေးငှက်ပျောသီး - ၁ လုံး
ရေနွေး - အနည်းငယ်
ရေခဲတုံး - ၁ ခွက်အပြည့်

(၁)Premier 3IN1 ကော်ဖီထုပ်ကို ခွက်တစ်ခုထဲသို့ ဖောက်ထည့်ပြီး ရေနွေး အနည်းငယ်ဖြင့် ခပ်ပျစ်ပျစ်လေးဖျော်ပါ။
(၂) Blender ထဲသို့ Premier 3IN1 ကော်ဖီကိုလောင်းထည့်ပါပြီးရင် အုန်းနို့ ထည့်ပါ
(၃)သီးမွှေးငှက်ပျောသီးကို အစိပ်လေးတွေစိပ်ပြီး Blender ထဲထည့်ပါ။ရေခဲထည့်ပြီး ရေခဲတွေအားလုံးကြေသွားအောင် ကြိတ်ပေးရပါမယ်ရှင့်
(၄)အမယ်တွေအကုန်သမသွားပြီဆိုရင်တော့ ခွက်လှလှ လေးထဲထည့်ပြီး Coconut Premier 3IN1 Coffee Smoothie သောက်လို့ရပါပြီရှင့် …
အုန်းသီးမှုန့်လေးခွက် တစ်ဝက်လောက်ရယ် Almond Butter တစ်ဇွန်းလောက်ကို အမယ်တွေမကြိတ်ခင်လေးထည့်ပေးရင်တော့ ပိုမိုကောင်းမွန်တဲ့အရသာကို ရရှိမှာပါနော်
ပရီမီယာချစ်သူတွေအားလုံး Coconut Premier 3IN1 Coffee Smoothie လေးသောက်ရင်း အပန်းပြေနိုင်ကြပါစေရှင်...


------------------------------------------------

Premier 3 in 1 နဲ့ လုပ်တဲ့ Coffee Candy

လိုအပ်တဲ့ ပစ္စည်းတွေကတော့

Premier 3IN1 Instant Coffee Mix - ၁ ထုပ်
သကြား - ၄ ဇွန်း (ထမင်းစားဇွန်း)
နို့မှုန့် - ၂ ဇွန်း
ဆား - အနည်းငယ်

(၁)သန့်ရှင်းတဲ့ အိုးအသေးတစ်လုံးထဲမှာ သကြားကို ၁၀မိနစ်လောက်ကြာအောင် အရင်ဆုံးကြိုပါမယ်။
(၂)ကြိုတဲ့နေရာမှာ မီးကို အနေတော် (medium) လောက်ထားပြီး အဆက်မပြတ်မွှေရပါမယ်။
(၃)သကြားရည်ဖြစ်လာပြီဆို Premier 3IN1 Instant Coffee Mix တစ်ထုပ်ကို ဖောက်ထည့်ပြီး မွှေပေးရပါမယ်နော်။
(၄)ပြီးရင် နို့မှုန့်ကို ထည့်ပြီး မီးအေးအေးနဲ့ ၁၅ မိနစ်လောက် ထပ်မွှေပေးရပါမယ် သကြားရည်ဖြစ်လို့ အိုးမကပ်အောင် သေချာဂရုစိုက်ပြီးမွှေပေးပါနော်။
(၅)ဆားအနည်းငယ်ထည့်မွှေပြီးနောက် ညောင်စေးကျလာတဲ့အထိ ဖြစ်လာရင်တော့ Coffee Candy လုပ်ဖို့အဆင်သင့်ဖြစ်ပါပြီ။
(၆)Premier 3IN1 Coffee Candy အတွက် အအေးခံဖို့ စတီးဗန်းတစ်ချပ် လိုပါတယ် စတီးဗန်းမရှိရင်တော့ အပူခံနိုင်တဲ့စားပွဲပေါ်မှာ Butter Paper or Aluminium Foil ပေါ်ကို Coffee Candy အရည်များကို လောင်းချပြီး ပြန့်သွားအောင်လုပ်ပေးပါ။
(၇)အနည်းငယ်အအေးခံပြီး Candy အခြေအနေမရောက်ခင်မှာ လေးထောင့်ပုံစံ ရအောင် ဓါးဖြင့် အရာပေးထားမယ်ဆိုရင်တော့ Coffee Candy ဖြစ်သွားရင် အလွယ်တကူချိုးပြီး စားလို့ရပြီပေါ့


------------------------------------------------

ရေခဲမုန့်လေးကို ကော်ဖီလေးနဲ့ ကဖင်းဓာတ်လေးပါ ပါမယ်ဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲနော်။ ကဲ ကြာပါတယ်

ဒီပရီမီယာကော်ဖီရေခဲမုန့်လေးကို ပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်း (၄) မျိုးပဲလိုတယ်။​

ပရီမီယာ 3 in 1 ကော်ဖီ စားပွဲတင်ဇွန်း (၂) ဇွန်း​
နွားနို့ (၁) ခွက်​
နို့ဆီ (၁) ဗူး​
Heavy whipping cream (၁) ခွက်​

ပြုလုပ်နည်းလေးကတော့...​

(၁) ရောစပ်ဖို့အတွက် Mixing bowl တစ်ခုထဲကို နွားနို့ ၊ နို့ဆီနဲ့ ပရီမီယာ 3in1 ကော်ဖီမှုန့်တို့ကိုထည့်ပြီးမွှေပါ။​
(၂) နောက်ထပ် Mixing bowl တစ်ခုကိုယူပြီး Heavy Whipping Cream ကို အမြှုပ်မွမွလေးတွေထွက်တဲ့အထိ မွှေခလောက်ပါ။​
(၃) ထွက်လာတဲ့ Cream အမြှုပ်မွမွလေးတွေနဲ့ နွားနို့ကော်ဖီရောစပ်ထား Milk mixture ကို ရေခဲသေတ္တာထဲထည့်ဖို့ ခွက်တစ်ခုထဲသို့ ညင်သာစွာရောထည့်ပါ။​
(၄) ညလုံးပေါက် ရေခဲသေတ္တာထဲ ထည့်ပြီးခဲထားပါ။ ​​

အရမ်းစားလို့ကောင်းတဲ့ ပရီမီယာကော်ဖီရေခဲမုန့်လေးရပါပြီ...​​

ရေခဲမုန့်လေးကို ဒီအတိုင်းလေးပဲ စိမ်ပြေနပြေစားစား၊ ပရီမီယာကော်ဖီလေးဖျော်ပြီးတော့ ကော်ဖီလေးထဲကိုပဲ Coffee Float အနေနဲ့ထည့်စားစား စွဲလမ်းဖွယ်ရာအရသာကို ရမှာပါနော်။​


------------------------------------------------

ရာသီဥတုပူတဲ့ အချိန်
တမူထူးခြားပြီး ဘယ်သူနဲ့မှ မတူတဲ့ Premier 3 in 1 နဲ့အတူ ကော်ဖီအရသာ ရေခဲမုန့် အေးအေးလေး လုပ်စားမလား?🍨

ဒါမှမဟုတ် ချိုချိုမွှေးမွှေးကော်ဖီ‌ရေခဲချောင်းလေး ဆိုရင်ရော? 😋

ရိုးရာမပျက် ကော်ဖီကျောက်ကျောလေးလုပ်စားရင်လည်း သိပ်ကိုကောင်းနော် 🤤

$5.55