နို့ကြိုက်တဲ့ Milkaholic လေးတွေအတွက်
PEP ရဲ့ လူအကြိုက်များ ကျော်ကြားတဲ့
UHT ဘူးလေးတွေအကြောင်း
PEP မှာ ကလေးငယ်တွေကို နွားနို့တိုက်ဖို့ ကျိုချက်နေစရာမလိုပဲ အသင့်သောက်သုံးနိုင်တဲ့ Ready To Drink လေးဖြစ်တဲ့ ရိုးရိုးနွားနို့ကိုမှ Fruits Flavor
ထည့်ထားတဲ့ အသင့်သောက် UHT ဘူးလေးတွေလည်း ရနေပြီမို့ မေမေတို့အတွက် အဆင်ပြေပြီပေါ့။
UHT ဘူးလေးတွေကဆိုရင်
Ultra-High Temperature လို့ခေါ်တဲ့ သတ်မှတ်အပူချိန်ထိ အပူပေးပြီး ပိုးသတ်ထားတာ ဖြစ်ပါတယ်။
Packaging အနေနဲ့ကလည်း သာမန်နို့တွေထက် ပိုမိုအထားခံအောင် ပြုလုပ်ထားတာမို့ မေမေတို့ရဲ့ ဘေဘီလေးတွေအတွက် ရွေးချယ်တဲ့အခါ ကျန်းမာရေးအတွက် စိတ်ချရစေမှာပါ။
PEP ရဲ့ UHT ဘူးလေးတွေမှာ ရနိုင်တဲ့
🍓🍓🍓
စတော်ဘယ်ရီ အရသာလေးက ချိုချိုချဉ်ချဉ်လေးမို့ အမူးပြေ၊ အမော်ပြေ စိတ်ရွှင်လန်းစေမှာပါ။
🥛🥛🥛
ရိုးရိုးနို့အရသာလေးကတော့ ဆိမ့်ဆိမ့်လေးမို့ ကလေးတွေအတွက် နေ့စဉ်သောက်သုံးဖို့ သင့်တော်စေမှာပါ။
🍌🍓🍌
ငှက်ပျောသီးနဲ့ စတော်ဘယ်ရီအရသာလေးကတော့ ငှက်ပျောသီးအနံ့နဲ့အရသာကို ပိုမိုရှိစေပြီး ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်ဓာတ်ကို ပိုမိုရရှိစေပြီး အိပ်မပျော်တဲ့ ညတွေမှာ သောက်သုံးဖို့ သင့်တော်ပါတယ်။
ကဲ ဒီလောက်ဆိုရင် Milkaholic လေးတွေအတွက် ဘယ်အရသာလေးကို ရွေးချယ်ပြီး သောက်ရမလဲဆိုတာ သိပြီဟုတ်!
တစ်ခု သတိပြုရမှာက UHT ဘူးလေးတွေကို ဖောက်ပြီးတဲ့နေ့မှာပဲ သောက်ပေးရမယ်နော်...
နောက်ဆုံးပေါ်ခေတ်မီ UHT Technology နဲ့
ပြုပြင်ထားတယ်
နို့ရဲ့အာဟာရဓာတ်တွေ အပြည့်ပါတယ်
ကြာရှည်အထားခံတယ်
သယ်ရလွယ်၊ ဝယ်ရလွယ်၊ သောက်ရလွယ်တယ်ဆိုတဲ့ PEP ဘူးလေးတွေကို နေ့စဉ်သောက်ဖို့ မမေ့နဲ့နော်!
#PEP_DairyProducts
# ProductofMyanmar
------------------------------------------------
UHT နဲ့ Pasteurized Milk အတူတူပဲလား?
ရေရှည်အထားခံပြီး ရေခဲသေတ္တာထဲ ထည့်မသိမ်းလည်းရတဲ့ UHT Milk တွေနဲ့ ရေခဲသေတ္တာထဲ စနစ်တကျလေး ထည့်သိမ်းမှရတဲ့ Pasteurized Milk တွေက မတူပါဘူးတဲ့။ 🤔
ဘာမတူတာလဲဆိုတော့ ပိုးသတ်ထားတဲ့ အပူချိန်မတူညီတာပါ။
▫️UHT Milk ဆိုတာကတော့ Ultra High Temperature မှာ ပိုးသတ်ထားတဲ့ နို့အမျိုးအစားကို ခေါ်တာပါ။
▫️ တစ်နည်းအားဖြင့်ပြောရရင် အရမ်းမြင့်တဲ့ အပူချိန်မှာ (၂) စက္ကန့်လောက်ကြာအောင် ပိုးသတ်လိုက်တာပါတဲ့။
▫️ အဲ့လိုပိုးသတ်လိုက်တော့ နွားနို့ ထဲမှာပါတဲ့ လူတွေကိုအကျိုးပြုတဲ့ ပိုးတွေရော၊ အကျိုးမပြုတဲ့ ပိုးတွေပါ အကုန်သေသွားပြီး သူ့ရဲ့ Shelf Life လို့ခေါ်တဲ့ အခန်းအပူချိန်မှာထားနိုင်တဲ့အချိန်က ပိုကြာသွားပါလေရော။
▫️ အဲ့ဒီတော့ ဘူးမဖွင့်ဘဲထားလည်း အခန်းအပူချိန်မှာ လပေါင်းများစွာ အထားခံပြီး တော်ရုံနဲ့ မပျက်စီးတော့ပါဘူး။
▪️Pasteurized Milk တွေကျ UHT Milk တွေလောက် မမြင့်တဲ့အပူချိန်မှာ ပိုးသတ်ထားတာဖြစ်ပြီး US ဘက်မှာ အသုံးများပါတယ်။
▪️ အထားအသို သိမ်းဆည်းပုံ စနစ်ကျဖို့လိုအပ်ပြီး၊ ဖောက်ပြီးတာနဲ့ တစ်ရက်အတွင်း ကုန်အောင်သောက်ရင် အကောင်းဆုံးပေါ့။
ပြီးတော့ Pasteurized Milk တွေကို ပြန်ကျိုဖို့မလိုပါဘူး။
▪️ အသင့်သောက်သုံးနိုင်ပါတယ်နော်။
နောက်တစ်ခုကတော့ အားလုံးသိချင်နေကြတဲ့ အာဟာရ တန်ဖိုးပေါ့နော်
▫️ ရှေးယခင်ကတော့ UHT Milk တွေကို အပူပေးတဲ့စနစ် မတိကျမမှန်ကန်ခဲ့လို့ အနံ့အရသာနဲ့ အာဟာရတန်ဖိုး ပျက်စီးခဲ့ပေမယ့် ယနေ့ခေတ်မှာတော့ နည်းပညာတွေလည်း တိုးတတ်လာပြီဆိုတော့ UHT Milk တွေမှာလည်း နွားနို့ရဲ့ အာဟာရ တန်ဖိုးကို ထိန်းလာနိုင်ခဲ့ပါပြီ။
▪️ အလားတူ Pasteurized Milk တွေမှာလည်းပဲ နွားနို့ရဲ့ အာဟာရတန်ဖိုးကို ကျဆင်းသွားစေခြင်းမရှိစေဘဲ ထိန်းသိမ်းထားနိုင်တာကိုတွေ့ရပါတယ်။
UHT နဲ့ Pasteurized Milk မှာဆို သတ္တုဓါတ်တွေကအရမ်းကွာခြားမှုမရှိပေမယ့် ဗီတာမင်တွေပါဝင်မှုကတော့ အနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်။
ရေမှာပျော်ဝင်နိုင်တဲ့ Vitamin တွေဖြစ်တဲ့ Vitamin C နဲ့ Vitamin B တွေဟာ အရမ်းမြင့်တဲ့အပူချိန်မှာ ပိုးသတ်လိုက်တဲ့အခါ အနည်းငယ် တန်ဖိုးလျော့စေတတ်ပါတယ်။
🔲 ဒါ့ကြောင့် UHT Milk တွေဟာ Pasteurized Milk တွေထက် Vitamin တန်ဖိုးတော့ မဆိုစလောက်ကလေး လျော့နည်းနိုင်ပါတယ်တဲ့။
ဒီလောက်ဆို မိတ်ဆွေတို့လည်း UHT နဲ့ Pasteurized Milk အကြောင်းကွဲကွဲပြားပြား သိလောက်ရောပေါ့။ 😮💨