လူတိုင်း ကိုယ့်အတွေးနဲ့ကိုယ်သောက်ကြတဲ့
Calsome ကွေကာ
ကျန်းမာအောင်ထာဝစဉ် ဂရုစိုက်ပေးစေချင်🤗
ကိုယ်ခံအားကို အဆက်မပြတ်မြှင့်တင်ထားပါ💪💪
နေ့တိုင်း ကွေကာသောက်ရင် ဘာထူးလို့လဲ…???
Calsome ကွေကာသောက်ရင် အရသာတော့ထူးတာ အသေချာပါပဲ...😋😋
အရသာအပြင် ကွေကာသောက်လို့ ဘာတွေထူးသေးလဲဆိုတာတော့ 👇👇
Calsome ကွေကာ မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့
✅ Calcium ဓာတ်တွေပါဝင်လို့အရိုးအဆစ် နဲ့ သွားတွေသန်မာစေတယ်။
✅ Protein, Vitamin B, Minerals, Carbohydrate ဓာတ်တွေကြွယ်ဝစွာပါဝင်သေးတယ်
✅ အမျှင်ဓာတ်ကြွယ်ဝလို့ နည်းနည်းနဲ့ ဗိုက်ဝစေတယ်…ဒါကြောင့် နည်းနည်းနဲ့ အာဟာရအပြည့်ရပြီး အစာအရမ်းစားမိလို့ အဝလွန်တာမျိုးမဖြစ်တော့ဘူး… လူကြီးတွေအတွက် အစာမကြေတာ၊ ဝမ်းမမှန်တဲ့ ပြဿနာတွေမဖြစ်အောင်လည်း ကူညီပေးနိုင်ပါတယ်🤗
အသက်အရွယ်ကြီးလာတာနဲ့အမျှ လူကြီးတွေမှာ အရိုးကြံ့ခိုင်မှု အားနည်းတာ၊ သွားနဲ့ အစာခြေစနစ်တွေ လျှော့ရဲလာလို့ အစာမာတွေမစားနိုင်တာအပြင် အစာမကြေတာ၊ ဝမ်းချုပ်တာတွေလည်း အဖြစ်များလာတတ်ပါတယ်😵💫
ဒါ့ကြောင့် လူကြီးတွေကို ဂရုစိုက်တဲ့အခါ ပုံမှန်ဗီတာမင်တွေအပြင် အစာခြေစနစ်အတွက် စားသောက်မှုပုံစံပြောင်းလဲဂရုစိုက်ပေးဖို့ လိုအပ်သလို ရွေးချယ်မှုထဲမှာ ကယ်လ်ဆမ်ကွေကာကိုလည်း ထည့်သွင်းနိုင်ပါတယ်☺️
ဘယ်အချိန်စားစား ဘာကြောင့်စားစား😍
ဗိုက်ဆာရင်လည်းစားလို့ရတယ်...🤗
အားရှိချင်လည်းစားလို့ရတယ်…💪
သန်မာချင်လည်းစားလို့ရတယ်…👍
တစ်မိသားစုလုံးလည်းစားလို့ရတယ်…👴👵👶
ဘယ်အချိန်စားစား ဘာကြောင့်စားစား ဘယ်လိုအတွေးနဲ့ပဲစားစား Calsome ပဲကောင်းပါတယ်…👍👍👍
ကျန်းမာရေးနဲ့ညီညွတ်ဖို့ အဆင့်မြင့်ကုန်ကြမ်းပစ္စည်းများနဲ့ထုတ်လုပ်ထားတဲ့ ကယ်လ်ဆမ်ကွေကာကို တစ်နေ့ (၂)ခွက်ပုံမှန်သောက်သုံးရုံနဲ့ ခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်တွေကိုရရှိနိုင်ပါတယ် ...;)
# အရိုးအဆစ်သန်မာ Calsome ကွေကာ
# ProductofMyanmar
------------------------------------------------
Nutritious Cereal ဆိုတာ…🌽🌽
Cereal ဆိုတာအာဟာရပြည့်ဝတဲ့ အစေ့အဆံတွေ ကိုရောနှောထုတ်လုပ်ထားတဲ့ အာဟာရပြည့် စားစရာတစ်မျိုးပါ…🍚🍚
Cereal ကိုပုံမှန်စားသုံးမယ်ဆိုရင် …😋😋
✅ကျန်းမာရေးနဲ့ကိုက်ညီတဲ့ မပြည့်ဝအဆီဓာတ်ကို ဖြည့်တင်းပေးတယ်…👍👍
✅ကိုလက်စထရောလည်းမပါဝင်လို့ ခန္ဓာကိုယ်ကိုဒုက္ခမဖြစ်စေဘူး…သွေးတွင်းကိုလက်စထရော ဓာတ်ကိုကျစေတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေလည်းပါဝင်ပါတယ်…💪💪
✅အမျှင်ဓာတ်နဲ့ ကစီဓာတ်ကြွယ်ဝတဲ့အပြင် အခြား ဗီတာမင်၊သတ္တုဓာတ်နဲ့ ပရိုတိန်းတွေလည်းပါဝင်ပါသေးတယ်…😍😍
Calsome ဟာလည်း အာဟာရပြည့်ဝတဲ့ Cereal Mix တစ်မျိုးပါပဲ…
Calsome မှာ ဂျုံ၊ပြောင်း၊ ဆန်၊မုယောစပါးတို့ ပါဝင်ပေါင်းစပ်ထားတာမို့ အာဟာရပြည့်ဝဖို့အတွက် အကောင်းဆုံးဖြစ်နေမှာ ပါနော်…🤩🤩
------------------------------------------------
အုတ်ဆန် (နှံစားပြောင်း) ဆိုတာ …🌽🌽
အုတ်ဆန်က သင့်ကိုတစ်နေ့တာအတွက်လိုအပ်တဲ့ အာဟာရပမာဏကိုကောင်းကောင်းထောက်ပံ့ပေးနိုင်ပါ တယ်။👍
အုတ်ဆန် ကဘာလို့ အာဟာရပြည့်ဝဖို့အကောင်းဆုံးအစားအစာဖြစ်နေတာလည်းဆိုတော့
✅ခန္ဓာကိုယ်ထဲကကိုလက်စထရောကို လျော့ကျစေပါတယ်။
✅ သွေးထဲက သကြားဓာတ်ကိုလည်းထိန်းညှိပေးတာဖြစ်လို့ ဆီးချိုသွေးချို ရှိသူများအတွက်ကောင်းမွန်ပါတယ်။
✅နည်းနည်းစားရုံနဲ့ ပြည့်တင်းနေတာဖြစ်လို့ဝိတ်ချချင်တဲ့သူတွေ အတွက်လည်းကောင်းမွန်ပါတယ်။
✅ကလေးငယ်တွေမှာအဖြစ်များတဲ့အသက်ရှုလမ်းကြောင်းနဲ့ဆိုင် တဲ့ရောဂါတွေကို ဖြစ်ပွားမှုနည်းပါးစေပါတယ်။
ဒါကြောင့် အုတ်ဆန်က အရွယ်မရွေး စားပေးဖို့လိုအပ်တယ်ဆိုတာ ဗဟုသုတအနေနဲ့ share ပေးလိုက်ပါတယ်💪💪
------------------------------------------------
ကယ်လ်စီယမ်ဆိုတာ လူ့ခန္ဓာကိုယ်မှာ အကြွယ်ဝဆုံး သတ္တုဓာတ်တစ်မျိုးဖြစ်တယ်။ ကယ်စီယမ်ရဲ့ အဓိကတာဝန်က အရိုးနဲ့သွားတွေ ကြီးထွားဖွံ့ဖြိုးဖို့ဖြစ်တယ်။ ကြွက်သားလှုပ်ရှားမှု၊အာရုံကြောစနစ်၊သွေးခဲစနစ်
၊ ဆဲလ်အချင်းချင်း ဆက်သွယ်ရာမှာ ကယ်လ်စီယမ်က အရေးပါတယ်။ လူတယောက်ဟာ ပုံမှန်အားဖြင့် နေ့စဉ် Calcium 1000mg လောက် လိုအပ်တယ်။ အသက်ကြီးရင့်သူ၊ သွေးဆုံးသူတွေမှာ 1200-1500mg ထိ လိုအပ်နိုင်တယ်။ 2.5g ထက် များရင် ခန္ဓာကိုယ်အတွက် မကောင်းတော့ပါ။
ကယ်လ်စီယမ် ချို့တဲ့မှုက အရိုးပွရောဂါဖြစ်နိုင်တယ်။ အရိုးပျော့၊အရိုးကျွတ်ဆတ်ပြီး အရိုးကျိုးလွယ်တယ်။ သွားတွေကို ပျက်ဆီးစေတယ်။ သွေးယိုစေပါတယ်...
ဒါကြောင့် တစ်နေ့တာအတွက်လိုအပ်တဲ့ Calcium 1000mg ကိုရရှိနိုင်ဖို့ Calcium ဓာတ်ပါ၀င်တဲ့ အစားအသောက်များကိုရွေးချယ်စားသောက်ဖို့ Calsome ကွေကာမှတိုက်တွန်း လိုက်ပါရစေ...
ကယ်လ်စီယံဓာတ်ချို့တဲ့ရင် ဘာတွေဖြစ်နိုင်သလဲ ?
ကယ်လ်စီယံဓာတ်နည်းပါက အရိုးပွရောဂါဖြစ်ပြီး အန္တရာယ်ရှိနိုင်ပါတယ် ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယံဓာတ်ချို့တဲ့မှုဟာ လနှင့်ချီပြီးကြာလာပါက အရိုးရောဂါမျိုးစုံကိုဖြစ်စေနိုင်ပါတယ် ..
ကယ်လ်စီယံဓာတ်ချို့တဲ့ခြင်းကြောင့် အရိုးကျိုးလွယ်ကူခြင်း၊ အူမကြီးရောင်တတ်ခြင်း၊ အစာအိမ်အူလမ်းကြောင်းအတွင်းရှိ အကျိုးပြုသောပိုးမွှားများ မတိုးပွားခြင်း၊ ကြွက်တတ်ခြင်း၊ ဖောရောင်ခြင်း၊ စိတ်ထိခိုက်ခြင်းနှင့် စိုးရိမ်စိတ်များခြင်းတို့ကို ဖြစ်စေနိုင်ပါစေနိုင်ပါတယ်
------------------------------------------------
ကျန်းမာပြည့်ဝ ဖြည့်စွက်စာ Calsome တစ်ခွက်နဲ့ပြည့်စုံမှာ
သားသားမီးမီးတို့ အတွက် နှံစားပြောင်း၊ကြက်ဥနဲ့ နို့တို့ကို တစ်ခွက်တည်းမှာတင်ပါဝင် တာဖြစ်လို့ ကျန်းမာသန်စွမ်းစေမှာပါ👨👨👧👦👨👨👧👦
ဘေးဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ မပါဝင်တဲ့ အပြင် ကြွက်သားတွေကိုကြီးထွားစေပြီးတော့ အရိုးအဆစ်တွေ ကိုသန်မာစေ တဲ့ ကယ်စီယံ ဓာတ်တွေပါဝင်တာဆို တော့ ဒေါင်ဒေါင်မြည် ကျန်းမာပြီပေါ့💪💪
အရသာရှိပြီး အာဟာရပြည့်ဝစေတဲ့ Calsome နဲ့ ကျန်းမာတဲ့လက်ဆောင်လေး ပေးလိုက်ရအောင်…😇😇
------------------------------------------------
အသက်ကြီးလို့ အရိုးအဆစ်တွေမသန်မာတော့ဘူးလား? 😖😖😖
အားကစားလုပ်တဲ့အခါ အရိုးအကြောတွေမကောင်းလို့ စိတ်ညစ်နေပြီလား? 😣😣😣
ဒါတွေအားလုံးကို Calsome ကွေကွာနဲ့ဖြည့်ဆည်းလိုက်ပါ။ 💪💪💪
ကယ်လ်ဆမ်ကွေကာမှာခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓါတ်တွေ များစွာပါ၀င်လို့ အရိုးအဆစ် တွေသန်မာစေတဲ့ Calsome ကွေကာသောက်ပြီး 🥛🥛 အရိုးအဆစ်ပြသနာတွေကို နှုတ်ဆက်လိုက်ပါ။ 👋👋👋
ခွန်အားကိုလည်းဖြည့်တင်းပေးတာမို့ အသက်အရွယ်မရွေး အချိန်အခါမရွေးသောက်သုံးနိုင်ပါတယ်။ 👵👴🧔👩🦳👱♀️👨🦰👩🦲👨🦱👨🦲
ခုပဲ Calsome ကွေကာကို သောက်ပြီး အားဖြည့်ရအောင်လေ။😉😉😉
------------------------------------------------
သန်မာဖျတ်လတ် Calsome တစ်ခွက်
အားကစားသမားတွေဆိုတာ သာမန်လူတွေထက် ကိုယ်လက်ကြံ့ခိုင်သန်စွမ်းဖို့ ကအလွန်အရေးကြီးပါတယ်…💪💪
လိုအပ်တဲ့လေ့ကျင့်မှုတွေအပြင်အာဟာရပြည့်ဝဖို့အတွက်အစားအသောက်ကလည်း တစ်ထောင့်တစ်နေရာကနေပံ့ပိုးပေးဖို့
လိုအပ်တာပေါ့… 😊😊
မနက်စောစော သွေးလည်ပတ်မှုအားကောင်းစေဖို့အတွက် လမ်းလျှောက်ပြီး ပြန်လာတဲ့ အခါ သောက်ဖို့ပဲဖြစ်ဖြစ်
Gym ကနေ Work Outလုပ် ပြီးအပြန် အမောပြေလေးသောက် လိုက်ဖို့ ပဲဖြစ်ဖြစ် ကယ်လ်ဆမ်ကွေကာ နွေးနွေးလေးက အကောင်းဆုံးပါပဲ…😋😋
ကျန်းမာ ကြံ့ခိုင်ပြီးတော့ သန်စွမ်းတဲ့ ခန္ဓာကိုယ်အတွက် သင့်တစ်နေ့တာ မှာ Calsome ကမရှိမဖြစ် အရေးပါနေမှာပါ
------------------------------------------------
"အရိုးတွေလည်း အိပ်ရေးပျက်နိုင်ပါတယ်…" 😱😱
အိပ်ရေးမဝတဲ့အခါတိုင်း ပင်ပန်းနွမ်းနယ်ပြီး ကျန်းမာရေးထိခိုက်နိုင်တာကို လူတိုင်းသိကြမှာပါ…
ဒါ့အပြင် အိပ်ရေးပျက်တာက အရိုးတွေကိုပါထိခိုက်စေတာကိုရောသိပြီးကြပြီလား…?🦴🦴
လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းဟာ ဆဲလ်အဟောင်းတွေသေဆုံးပြီး ဆဲလ်အသစ်တွေထပ်ပွားရင်းတည်ရှိနေကြတာပါ…
အရိုးတွေလည်း ဒီလိုပါပဲ…
အိပ်ရေးပျက်တာဟာ အရိုးတွေရဲ့ ဆဲလ်အသစ်ပြန်ဖြစ်တည်နိုင်စွမ်းကို လျော့ကျစေပါတယ်…
ဒါကြောင့် သေဆုံးသွားတဲ့ အရိုးဆဲလ်တွေကို အစားထိုးဖို့ ဆဲလ်အသစ်တွေမထုတ်လုပ်နိုင်တော့ဘဲ အချိန်နဲ့အမျှ အရိုးတွေ ကျဲပါးကျွတ်ဆတ်လာနိုင်ပါတယ်…
နေ့စဉ် အိပ်ရေးဝအောင်အိပ်ပြီး ကယ်လ်စီယမ် ဓာတ်ပြည့်အောင်စားဖို့ မမေ့ကြနဲ့နော်…✌️✌️
------------------------------------------------
အသံတိတ်နှိပ်စက်မယ့် အရိုးပါးရောဂါ ‼️
အရိုးပါးရောဂါ ဆိုတာ အရိုးတွေ ကြွပ်ဆတ်လာပြီး ဖိမိ ခိုက်မိရုံနဲ့တင် ကျိုးကြေသွားတဲ့အခြေအနေမျိုးပါ…😱
ရောဂါအစပိုင်းမှာ သေချာမသိနိုင်ဘဲ ရောဂါပြင်းထန်မှ သိသာလာလို့ အင်မတန်အန္တရာယ်များပါတယ်… 😥😥
ငယ်စဉ်မှာ အရိုးသန်မာအောင် ကယ်လ်စီယမ် လုံလုံလောက်လောက်မစားတာ၊ လေ့ကျင့်ခန်းမလုပ်တာနဲ့ အယ်လ်ကိုဟောလ် သုံးစွဲတာတို့ကြောင့် လူလတ်ပိုင်းအရွယ်ကျော်လာတဲ့အခါ အရိုးပွလာတတ်ပါတယ်…😔😔
အရိုးပွတာကို ဂရုမမူမိဘဲ အစားအသောက်အနေအထိုင် မပြင်ဆင်ရင် အရိုးပါးရောဂါဖြစ်လာနိုင်ပါတယ်…
အရိုးပါးရောဂါကို ကာကွယ်ဖို့ဆို …
✅ကယ်လ်စီယမ်နဲ့ Vitamin C မချို့တဲ့အောင်နေပါ…
✅ဆေးလိပ်၊အရက်ရှောင်ကြဉ်ပါ…
✅လေ့ကျင့်ခန်းပုံမှန်လုပ်ပါ…
✅Gas ပါတဲ့အချိုရည်တွေကိုဆင်ခြင်သောက်ပါ…
အရိုးဆိုတာ လူ့ခန္ဓာဖွဲ့စည်းပုံရဲ့ အဓိကအရာမို့ အရိုးကျန်းမာရေးကို အမြဲဂရုစိုက်ကြပါနော်…👍👍
------------------------------------------------
မတော်တဆ ကျိုးသွားခဲ့ရင်…???
အရိုးတွေရဲ့ သန်မာမှုကတစ်ယောက်နဲ့တစ်ယောက်က မတူညီကြပါဘူး
အသက်ကြီးလာတဲ့အခါ အရိုးတွေရဲ့စွမ်းရည်ကပိုပြီးကျဆင်းလွယ်..
ထိခိုက်လွယ်ပါတယ်
ဒီလိုဖြစ်လာတဲ့အခါ အခြားလိုအပ်တဲ့ ကုသမှုတွေအပြင် မြန်မြန်ပြန်ကောင်းအောင် အစားအသောက်ကိုလည်း မျှမျှတတ
စားသုံးတတ်ဖို့လိုပါတယ်…
✔အရိုးတွေဖွဲ့စည်းဖို့အတွက် အဓိက လိုအပ်တဲ့ Calcium ဓာတ်
အပြည့်အဝပါတဲ့ ကွေကာလို အစားအစာတွေ...
✔Protein ကြွယ်ဝတဲ့ အသား ၊ပဲ တို့လို အစားအစာတွေ…
✔Vitamin D ကြွယ်ဝတဲ့ ငါးတွေ…
✔Vitamin C ကြွယ်ဝတဲ့ အရည်ရွှမ်း အသီးအနှံတွေ…
စတာတွေကို မျှတအောင်စားမယ်ဆိုရင်တော့အရိုးတွေမြန်မြန်ပြန်ကျန်းမာနိုင်မှာပါ
------------------------------------------------
အမှတ်တရတိုင်းမှာ ကယ်လ်ဆမ်အမြဲပါ
နှစ်တနှစ်ကအစပြုလို့ သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတွေအထိ တစ်နှစ်ပတ်လုံး
ကယ်လ်ဆမ်ကွေကာက🤗 အတူရှိနေပါတယ်။
လူကြီးမိဘတွေကို ကန်တော့တဲ့အခါ၊ လက်ဆောင်ပေးတဲ့အခါ၊ ကျန်းမာရေးလက်ဆောင်မျှဝေတဲ့အခါ၊ အလှူအတန်းတွေပြုတဲ့အခါ၊ မိသားစု ဆွေမျိုး အတူစုံတဲ့အခါ အမှတ်တရတိုင်းမှာ နွေးထွေးတဲ့ ကယ်လ်ဆမ်ကွေကာက အားလုံးနဲ့အတူ ရှိလျက်ပါ။
ဥပုသ်ဆောက်တည်မယ့် ဖိုးဖိုးဖွားဖွားတွေ
ရဟန်းသံဃာတော်တွေ
သီလရှင် ဆရာလေးတွေ
ဝါတွင်းကာလ ဥပုသ်ဆောက်တည်ခြင်း နှင့် တရားဘာဝနာအားထုတ်ရာမှာ အင်အားအပြည့် ကျန်းကျန်းမာမာနဲ့တရားအားထုတ်နိုင်ဖို့ အာဟာရပြည့်ပြီး Calcium ဓာတ်တွေအပြည့်ပါဝင်တဲ့ Calsome ကွေကာက ဝါတွင်းကာလ ဥပုသ်ဆောက်တည်ရာမှာ ခွန်အားတွေပြည့်ဝနေဖို့ တစ်ထောင့်တစ်နေရာမှ အားအင်ဖြည့်တင်းပေးနေမှာပါ။
Calsome နဲ့ အလှူဆို ကုသိုလ်လဲရ မျက်နှာပန်းလှ အင်အားတွေပြည့်ဝနေစေမှာပေါ့
ဝါတွင်းအလှူဒါန မှန်သမျှ Calsome နဲ့ကုသိုလ်ယူလိုက်ရအောင်…🙏🙏
---------------------------------------------
မရိုးတဲ့ ကယ်လ်ဆမ် ဆန်းကြည့်ရန်😋
ကယ်လ်ဆမ်ကွေကာ သောက်ရင်း ကြီးလာတဲ့အခါ သူမပါရင်မပြီးပေမယ့် အရွယ်ရောက်တလှည့်မှာ ရိုးသွားတဲ့အခါတွေရှိမှာပေါ့...
ရိုးသွားပေမယ့်လည်း တစ်နေ့တာအတွက် လိုအပ်သမျှဖြည့်တင်းပေးနေမှာမို့ မသောက်လို့လည်းမဖြစ်ပြန်တော့ ကယ်လ်ဆမ်ကို ဒီလိုတွေလုပ်သောက်ကြည့်ပါ😇
ကော်ဖီပါမှဆိုတဲ့ အရွယ်ရောက်သူတွေအတွက်
🧊Calsome Latte
ကျန်းမာရေး အလေးပေးတဲ့ အရွယ်ရောက်သူတွေအတွက်
🍓Calsome Fruity Smoothie
အချိုလိုတဲ့ အရွယ်ရောက် ပျိုမေတို့အတွက်
🍫Calsome Choco Shaker
မနက်စာမလွတ်တဲ့ အရွယ်ရောက် ရုံးသမားတွေအတွက်
🍪Calsome Cookies Pudding
ပါ၀င်ပစ္စည်းတွေနဲ့ ပြုလုပ်ပုံ အဆင့်ဆင့်တွေကိုတော့ တစ်ပုံခြင်းဆီထောက်ပြီး အသေးစိတ်ကြည့်ပါနော်👇...
---------------------------------------------
ကယ်လ်ဆမ်သာကူမုန့် လုပ်နည်း
ဖိုးဖိုး၊ဖွားဖွား နှင့် ကလေးတို့အကြိုက် အာဟာရရှိပြီး အရသာထိမိတဲ့ အိတုံ အိတုံ ကယ်လ်ဆမ်သာကူမုန့်လေး လုပ်စားရအောင်😋
အချိန်လည်းမကုန်၊ လုပ်ရလည်းလွယ်တဲ့
ကယ်လ်ဆမ် သာကူအိတုံလေးလုပ်ဖို့ ဘာတွေလိုမလဲ❓
- သာကူစေ့ (အရောင်လေးတွေနဲ့ဆို ပိုသင့်လျှော်ပါတယ်)
- သကြား
- အုန်းနို့
- နို့စိမ်း
- ဆားအနည်းငယ်
- ကယ်လ်ဆမ်ကွေကာ
အချိန်လည်းမကုန်၊ လုပ်ရလည်းလွယ်တဲ့ ကယ်လ်ဆမ် သာကူအိတုံလေးကို ဘယ်လိုပြုလုပ်မလဲ❓
- သာကူကို မျက်စိလေးတွေပျောက်အောင် အရင်ကြိုပေးပါ။
- မျက်စိပျောက်လာရင် သကြားရည် နှင့် ဆားအနည်ငယ်ထည့်ပါ။
- အားလုံးဆူပွက်လာရင်တော့ ရေအေးလေးနဲ့ဆေးပြီး စစ်ကာ အအေးခံမယ့် ပုံစံခွက်လေးတွေထဲလောင်းထည့်ပါ။
- သာကူလေးတွေ အေးပြီး ခဲသွားရင် လိုသလိုလေးတွေပုံသွင်းပါ။
- ဗန်းအခြောက်တစ်ခုထဲ ကယ်လ်ဆမ်ထုတ်ဖောက်ထည့်ပါ။
- ပြီးနောက် သာကူတုံးလေးတွေယူပြီး ကယ်လ်ဆမ်အမှုန့်လေးတွေနဲ့ကပ်ပေးလိုက်ပါ။
- နှစ်သက်ရာ အုန်းနို့ နှင့် နို့စိမ်းလေးစမ်းပြီးလည်း စားနိုင်ပါတယ်။
ဒါဆိုရင် ကလေး၊ လူကြီး အရမ်းကြိုက်မယ့် ကယ်လ်ဆမ်သာကူအိတုံလေးရပါပြီ🤗
---------------------------------------------
ကလေးငယ်လေးတို့အတွက် အရသာရှိပြီး အာဟာရပြည့်ဝနေမယ့် မနက်စာ
မနက်စာကိုကလေးငယ်လေးတွေပုံမှန်စားသုံးပေးခြင်းက မှတ်ဉာဏ်စွမ်းရည်ကိုပိုပြီး မြင့်မားစေပါတယ်။
ဒီတော့ ကလေးငယ်လေးတို့လည်းအကြိုက်တွေ့ပြီး အာဟာရရှိတဲ့ စတော်ဘယ်ရီနို့ ကယ်လ်ဆမ်လေးကို အောက်ပါနည်းလေးအတိုင်းလုပ်ကျွေးရအောင်🤗🤗
လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့
Calsome အထုပ်သေး ၂ ထုပ်✅
နွားနို့ အစိတ်သား ✅
စတော်ဘယ်ရီ နှစ်သက်ရာ ပမာဏ ထည့်နိုင်ပါတယ်။✅
ဘယ်လို ပြင်ဆင်ကြမလဲဆိုတော့ ...
ပထမဆုံး Calsome အထုပ်သေး ၂ ထုပ်ကို နွားနို့အစိတ်သားနဲ့ ပျစ်လာသည်အထိ ကျိုချက်လိုက်ပါ။ ကျိုချက်ပြီးပြီဆိုရင် အအေးခံကာ စတော်ဘယ်ရီကို အတုံးလေးတွေ လှီးထည့်လိုက်ရင် ရပါပြီ။
အရသာလည်းရှိ၊ အာဟာရလည်း ပြည့်စုံတဲ့
ကလေးငယ်လေးတို့အကြိုက်မနက်စာလေးရပြီပေါ့🤗
မနက်စာအတွက်လည်းမဟုတ်ပဲ နေ့လည်ခင်းအတွက်လည်းပြင်ဆင်ပြီး ကျွေးနိုင်ပါတယ်။
---------------------------------------------
ကျောင်းပျော်လေးအတွက် အိမ်အပြန်
Calsome Snack Time 🤩🤩
မေမေတို့ရေ ကျောင်း ပျော်လေး အတွက် အရသာရှိပြီး ကျန်းမာရေး နဲ့လည်း ညီညွှတ်တဲ့ Calsome Strawberryလေးလုပ်ကျွေးရအောင် 🥰☺️
စတော်ဘယ်ရီမှာ Vitamin C နဲ့ Fiber ဓာတ်တွေပါဝင်တာမို့ အစာခြေစနစ် နဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့ အပြင် Calsome မှာပါဝင်တဲ့ Calcium ဓာတ်က အရိုးတွေကို သန်မာစေတာပေါ့ 😍
ပြုလုပ်ပုံက 👇👇
Calsome တစ်ထုတ်ကိုရေနွေးပြစ်ပြစ်လေးနဲ့ဖျော်ပြီး နွားနို့အနည်းငယ် စတော်ဘယ်ရီလေးတွေကို အနေတော်လေး
လှီးပြီးထည့်ရုံပဲပေါ့ 😉😉
စိမ့်စိမ့်ချိုချိုလေး Calsome Strawberry လေးက ကျောင်းပျော်လေးတို့အကြိုက်ပေါ့…🥰
---------------------------------------------
Calsome Fruit Salad လေးလုပ်စားရအောင်🥑🍓
မေမေတို့ရေ.. အိမ်အပြင်လည်းမထွက်ရတော့ baby လေးတွေလည်းမပျင်းရအောင် အရသာရှိပြီး အာဟာရရှိတဲ့ Calsome fruit salad လေးကို လွယ်လွယ်ကူကူ လုပ်ကျွေးလို့ရတယ်နော်
လတ်ဆတ်တဲ့အသီးတွေရဲ့အရသာနဲ့ ကယ်လ်ဆမ်ကွေကာ ရဲ့ အရသာဆိမ့်ဆိမ့် လေးပေါင်းလိုက်တော့ ချိုဆိမ့်မွှေး Fruit Salad လေးရပြီပေါ့...😍
ပြုလုပ်နည်း...👇
ငှက်ပျောသီး၊ စတော်ဘယ်ရီသီး၊ ထောပတ်သီး တွေကိုလိုသလောက် အနေတော်လေးတွေလှီးပြီး Calsome အမှုန့်လေးတွေနဲ့ရောမွှေလိုက်ရုံပါပဲ...🥗
ဒါဆို ချိုဆိမ့်မွှေး Calsome Fruit Salad လေးရပြီပေါ့...☺
လုပ်ရတာ လွယ်ကူလျှင်မြန်တဲ့ ချိုဆိမ့်မွှေးလေးကို အိမ်မှာပဲလုပ်စားစား baby လေးတွေနဲ့အတူလုပ်စားစား ရုံးမှာပဲသူငယ်ချင်းတွေနဲ့အတူ လုပ်စားစား ဘယ်လို စားစားအဆင်ပြေတာမို့ ခုပဲလုပ်စားလိုက်ရအောင်...😍☺
---------------------------------------------
Calsome တစ်ထုတ် နဲ့
အလွယ်တကူ ဗိုက်ဖြည့်နိုင်ဖို့😊
အလွယ်တကူဖျော် မသောက်နိုင်တဲ့ အခါဖြစ်စေ ရေနွေးမရှိတဲ့ အခါတွေမှာဖြစ်စေ Calsome တစ်ထုတ်ကို ရှိတ်ပြီး အလွယ်တကူမော့ပြီး ဝါးစားနိုင်ပါတယ်။😍😍
ဝါးစားပြီးတဲ့နောက် ရေအနည်းငယ်သောက်လိုက်ခြင်းအားဖြင့် ဗိုက်ဆာတာကို အချိန်အပိုင်းအခြားတစ်ခု အထိထိန်းထားနိုင်ပါတယ်။👈
Calsome မှာက အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်လို့နည်းနည်းနဲ့ဗိုက်ဝစေတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Calcium ဓာတ်၊ Vitamin B၊ Protein ၊ Minerals နဲ့ Carbohydrate တွေပါဝင်လို့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။💪💪