မြေပြန့်က ညီအစ်ကိုမောင်နှမများအတွက်
ချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာ အစားအစာ
နိုင်ငံတကာမှာ ဈေးကြီးပေး ဝယ်စားနေရတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သီးနှံတွေအများကြီးထဲက ချင်းတို့ရဲ့ ရိုးရာ အစားအစာထဲက တစ်ခုပါ။
သူ့နာမည်က ဆပ်ဝါ 🥳
ချင်းပြည် ဟားခါးတီးတိန်ဘက်တစ်ကြော မင်းတပ် ကန်ပက်လက် တစ်ကြော တောင်ယာစိုက်ခင်းတွေမှာ ဆပ်ဝါအပင်တွေ စိုက်ပျိုးကြပါတယ်။
ဆပ်အပင်ကို အင်္ဂလိပ်လို Foxtail millet လို့ခေါ်ပြီး
နှံစားသီးနှံတစ်မျိုးဖြစ်တဲ့ ဆပ်ဝါမှာ ဆပ်ဝါအစေးနဲ့ ဆပ်ဝါအဖွယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။
ဆပ်ဝါအစေးရော အဖွယ်ရောကို ထမင်းနဲ့ ရောချက်စားခြင်း၊ ကြက်သား နွားနောက်သားနဲ့ ရောချက်စားခြင်းများရှိကြပါတယ်။
ဆပ်ဝါအစေးကိုတော့ snack food များ လုပ်စားကြပါတယ်။ ကလေးဘက်က မြေပြန်ချင်းတွေနဲ့ ဟားခါးဘက်တွေမှာ မြန်မာတွေ ကောက်ညှင်းထုတ်စားသလို ဆပ်ဝါထုတ်စားကြပါတယ်။ ဆပ်ဆန်ပဲမုန့်ဖတ်ထုတ်လို့ခေါ်ပီး အစေးဖြစ်တာမို့ ကောက်ညှင်းထုတ်လေးလိုပါပဲ။
ဆပ်ဝါမုန့်ဖတ်ထုတ်၊ မုန့်ဆီကြော်လို ကော်ညှင်းဆန်အစားထိုးအဖြစ်နဲ့လည်း အသုံးပြု စားသောက်ကြပါတယ်။ ကောက်ညှင်းနဲ့ လုပ်သလိုပဲ အရသာက ကောက်ညှင်းထက် ပိုကောင်းပါတယ်
ဆီးချို သွေးချိုကြောင့် မုန့်ဖတ်ထုတ် မစားရဲတဲ့ သူတွေအတွက် ဝိတ်ချချင်သူများအတွက် အလွန်သင့်တော်တဲ့ ချင်းရိုးရာ အစားအစာများပါရှင့်
အိမ်မှာ လုပ်စားချင်ရင်
၂၀သား တစ်ထုတ်နဲ့လုပ်ရင် မုန့်ဖတ်ထုတ် ၅ထုတ်နဲ့ မုန့်ဆီကြော်ကြီး ၂ခုရပါတယ် 😊🥰
ဆပ်ဝါအဖွယ်ကိုတော့ ထမင်းနဲ့ ချက်စားတယ်။ ဟိုးယခင် ချင်းလူကြီးတွေကတော့ ခရီးသွားစရာရှိရင် ဆတ်ဆန်ကို ပျားရည်နဲ့တေလုံးပြီး ပလိုင်းထဲ ထည့်ယူသွားကား ခရီးစဥ်တစ်လျောက် စားကြတယ်လို့ ပြောပါတယ်။ ကျွန်မတို့ ထမင်းခြောက်ကို ဆောင်သွားသလို ခပ်ဆင်ဆင်တူပါတယ်။
အိန္ဒိယနဲ့ အနောက်နိုင်ငံများ ဆပ်ဆန်ကို ခပ်ပျော့ပျော့ ချက် နွားနို့ထည့်ပီး နို့ထမင်းလို လုပ်စားကြပါတယ်၊ အရွက်တွေထည့်ပီး ဆပ်ဆန်ချက်နဲ့ သုပ်စားကြပါသေးတယ်။ ဒါ့အပြင် Healthy ဘီစကစ် ကွတ်ကီးတွေအဖြစ်လည်း လုပ်စားကြပါတယ်။ မနက်စာ အစားအစာအဖြစ် နို့နဲ့ရောကျို စားသုံးလေ့ရှိကြပါတယ်။
ခေါနုစုမ် ရဲ့ ထုတ်ကုန် ချင်းရိုးရာ ဆပ်ဝါဆန် က
ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးပေးလဲဆိုရင်
🔴 အမျှင်ဓာတ်ကြွယ်ဝပြီး ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်ကို ဖယ်ရှားပေးတဲ့ antioxidant ဓာတ်ကို ပေးတယ်။
🔘 ခန္ဓာကိုယ်ထဲက ဓာတုပစ္စည်းတွေကို စွန့်ထုတ်နိုင်တယ်။
🔵 ခန္ဓာကိုယ်ဓာတ်ပြောင်းလဲ ဖွဲ့စည်းခြင်းကို ကောင်းမွန်စေတယ်။
⚫️ ကစီဓာတ်ပါဝင်မှုနည်းတဲ့အတွက် ဆီးချို သွေးချိုသမားတွေအတွက် အားဖြည့်စာဖြစ်တယ်။
🧡 ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ အဆီတွေကို ဖယ်ရှားပေးတာမို့ ဝိတ်ချချင်သူတွေအတွက် အထူးသင့်လျော်စေတဲ့ အစားအစာ တစ်မျိုးပါ။
💪 ကြွက်သားကိုလည်း သန်စွမ်းကျန်းမာစေပါတယ်။
🌺 ဗီတာမင် ဘီ၀မ်းပါလို့ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးတယ်၊
🌻 အသားအရေအတွက် အန်တီအောက်စီဒန့်ဓာတ်ကိုလည်း ပေးပြန်တယ်
🔰 Vitamin B12 ဓာတ်ကြွယ်ဝပါတယ်
💕 နှလုံးကျန်းမာရေး၊ အာရုံကြောစံနစ် အတွက် ကောင်းမွန်ပြီး ဆံပင်နဲ့ အသားအရေအတွက် ကောင်းပါတယ်။
ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နှံစားသီးနှံကို
ရှေးယခင်ကတည်းက ချင်းလူမျိုးတွေ စားကြတဲ့အတွက် တောင်တက်တောင်ဆင်း ခြေလျင်ခရီးနှင်နိုင်သလို ကျန်းမာရေး ဒေါင်ဒေါင်မြည်ခဲ့ကြပါတယ်။
ကျန်းမာရေးအတွက် အရမ်းကောင်းတာဖြစ်လို့ တစ်ပတ်တစ်ခါတော့ အနည်းဆုံးစားသင့်ပါတယ်။
ဆီးချိုသွေးချိုရှိရင်တော့ နေ့တိုင်းစားသင့်တဲ့ မြန်မာထွက်ကုန်တစ်မျိုးဖြစ်ပါတယ်ရှင့်
ဆီးချို Type-2 အတွက် အင်ဆူလင်၊ ကိုလက်စထရောတွေ လျော့ကျစေပါတယ်။ Keto food အနေနဲ့ပါ စားသင့်တဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။
ကလေးငယ်များနဲ့ မိဘဘိုးဘွားများ အရိုးနဲ့ ကြွက်သားသန်စေတယ်။
အာရုံကြော အားကောင်းစေပါတယ်။
ဒါ့အပြင့် ဆီးချိုသွေးချိုသမားများအတွက် ဆန်နဲ့ရောချက်စားနိုင်သလို ဆပ်ဝါကိုပဲ ချက်ပီး ဆန်အစားထိုးအနေနဲ့လည်း စားသုံးနိုင်ပါတယ်။
အာဟာရနဲ့ပြည့်စုံသလို ကျန်းမာရေးအတွက်များစွာ အထောက်အကူဖြစ်စေပါတယ်
# ခေါနုစုမ်_ချင်းတောင်ဒေသထွက် စားဖွယ်စုံ
# ProductofMyanmar
----------------------------------------------
# Foxtail MilletHealthy_Snack 🥧
(အာဟာရပြည့်ဆပ်၀ါမုန့် ) လုပ်ပုံ အဆင့်ဆင့်
🥧 ဒီမုန့်လေးက အလွယ်တကူ လုပ်စားနိုင်သလိုကလေးငယ်တွေအတွက်ရော လူကြီးတွေအတွက်ပါအားပြည့်စေတဲ့ မုန့်ဖြစ်ပါတယ်။
ဆပ်ဝါ ၁၀သားကိုရေဆေးပီး တည်ရပါမယ်။ (ရေစိမ်မထားရင် ရေလက်၂ဆစ်လောက်ထည့်ကျိုပါ)
ထောပတ်နည်းနည်း ဆားနည်းနည်းထည့်ပါ။
နွားနို့နဲ့ သကြားသင့်တော်ရုံထည့်ပါ။
ပျစ်ပီး နူးညံ့လာတဲ့အထိ ကျိုပါ။
ခပ်ပျစ်ပျစ်အနေအထားရောက်ရင် သုံးဆောင်နိုင်ပါပီ 😍🥰
----------------------------------------------
ဆပ်ဝါ cookies လုပ်နည်း
ဆပ်ဝါကို တစ်နာရီကြာ ရေစိမ်ထားပါတယ်။
ပြီးတော့ ရေနည်းနည်းနဲ့ ချက်လိုက်ပါတယ်။
ရေခမ်းသွားပြီဆိုရင် ထောပတ်နဲ့ရောနယ်ပါတယ်။
ထန်းလျက် (မုန့်လုပ်) ကိုအမှုန့်ပြုလုပ်ပြီး ထည့်ပါတယ်။
နွားနို့ တစ်ဇွန်းထည့်ပြီး ရောနယ်ပြီးတော့ ရေခဲသေတ္တာထဲမှာ မိနစ် ၂၀ ခန့်ထားပါတယ်။
အဲဒီနောက် ကွတ်ကီးစ်ဖုတ်လို့ရပါပြီ။
အရသာကတော့ ရွှေကြည်အရသာနဲ့ ဆင်တူပါတယ်။ ဟာလဝါနှစ်သက်သူတွေ ကြိုက်ကြမှာ။ ကွတ်ကီးစ်မဖုတ်ဘဲနဲ့ ရွှေကြည်ဆနွင်းမကင်းလို ကိတ်မုန့်ပုံစံမျိုး ဖုတ်ရင်လည်း ရမယ် ထင်ပါတယ်။ နောက်တစ်ခါမှ ကိတ်ဖုတ်ကြည့်ပါဦးမယ်။
----------------------------------------------
ဆပ်ဝါခေါက်ဆွဲ
ခေါက်ဆွဲသုတ် ခေါက်ဆွဲကြော် ဆီချက် အရည်သောက်လုပ်စားလည်း ကောင်းပါတယ်။
ခေါက်ဆွဲထက် မုန့်လုပ်စားတာ ပိုအဆင်ပြေတယ်
မုန့်သားထွေးသွားတော့ ဖက်ထုတ်လိုထုတ်ထားရင် အဆင်ပြေပါမယ် အရသာကတော့ စားလို့ကောင်းပါတယ်
ပုံတစ်ပုံချင်းစီမှာ လုပ်နည်းဖော်ပြပေးထားပါတယ်