ခေါနုစုမ်_ချင်းရိုးရာ ဆပ်နီခေါင်ရည်
ခေါနုစုမ်_ချင်းရိုးရာ ဆပ်နီခေါင်ရည်
ခေါနုစုမ်_ချင်းရိုးရာ ဆပ်နီခေါင်ရည်
ခေါနုစုမ်_ချင်းရိုးရာ ဆပ်နီခေါင်ရည်
ခေါနုစုမ်_ချင်းရိုးရာ ဆပ်နီခေါင်ရည်
ခေါနုစုမ်_ချင်းရိုးရာ ဆပ်နီခေါင်ရည်
ခေါနုစုမ်_ချင်းရိုးရာ ဆပ်နီခေါင်ရည်
ခေါနုစုမ်_ချင်းရိုးရာ ဆပ်နီခေါင်ရည်
ခေါနုစုမ်_ချင်းရိုးရာ ဆပ်နီခေါင်ရည်
ခေါနုစုမ်_ချင်းရိုးရာ ဆပ်နီခေါင်ရည်
ခေါနုစုမ်_ချင်းရိုးရာ ဆပ်နီခေါင်ရည်
ခေါနုစုမ်_ချင်းရိုးရာ ဆပ်နီခေါင်ရည်
ခေါနုစုမ်_ချင်းရိုးရာ ဆပ်နီခေါင်ရည်

ခေါနုစုမ်_ချင်းရိုးရာ ဆပ်နီခေါင်ရည်

" တောင်​​ပေါ်​ခေါင်ရည် ချိုမြမြ
တစ်ကျိုက်​လောက် ​သောက်ရင် အ​မော​ပြေ ... "

ခေါနုစုမ် ရဲ့ ထုတ်ကုန်

ကျန်းမာ​ရေးနဲ့ အလွန် ညီညွတ်တဲ့ ဆပ်နီစစ်စစ်
၉၈ ရာခိုင်နှုန်းနဲ့ ပြုလုပ်ထားတဲ့ ​
ချင်းရိုးရာ ဆပ်နီခေါင်ရည် 🥳🥳🥳

ဆပ်နီမှာ
ပရိုတင်းအသားဓါတ် 5-8 %
ကစီဓါတ်နဲ့ အမျှင်ဓါတ် 65-75 %
သတ္တုဓါတ် 2.5 - 3.5 %
Calcium 344 mg%
Potassium 408 mg%
Low Fat 1.3 mg%
စသဖြင့်ပါဝင်ပါတယ်။

အကြမ်းဖျင်း အားဖြင့် ဆပ်နီ 100 Grams မှာ
336 Kcal Of Energy ရှိတယ်လို့ အိန္ဒိယ ​ဆေးဘက်ဆိုင်ရာ ကျန်းမာ​ရေး သိပ္ပံ​ဆောင်းပါး ​တွေအရ သိရပါတယ်။

Amino Acid ဆိုတဲ့ အသားဓါတ်​တွေလည်း ပြည့်ဝတယ်လို့သိရပါတယ်။
ဆီးချို ​သွေးချို ​ဝေဒနာရှင်​တွေအတွက်လည်း ဆန်နဲ့ ဂျုံ​ အစားထိုး အ​ကောင်းဆုံး နဲ့ အစားသင့်ဆုံး အစာအဖြစ် ဖြစ်တယ် လို့ဆိုပါတယ်။


တောင်​ပေါ်​ခေါင်ရည်ကို ပြုလုပ်ရမှာ အဓိက အသုံးပြုရတဲ့ ဆပ်နီ အ​ကြောင်း​လေး 😘😘😘

ချင်းပြည်နယ် မင်းတပ် ကန်ပက်လက်
ဘက်မှာ​တော့ အဓိက အားဖြင့် ဆပ် အမျိူးစား ၂မျိုးရှိပါတယ်။ ဆပ်နီနဲ့ ဆပ်ဝါ ဖြစ်ပါတယ်။ ဆပ်ဝါကို​တော့ ဆန်ထမင်း စားသလိုမျိုး ချက်ပြုတ်စားသုံးလို့ ရပါတယ်။ ဆပ်ဝါမှာ ရိုးရိုးဆပ်ဝါ နဲ့ အ​စေး ဆပ်ဝါ ဆိုပြီး ၂မျိး ထပ်ကွဲပါတယ်။

အင်္ဂလိပ်လို Finger Millet လို့​ခေါ်တဲ့ဆပ်နီက​တော့ အထက်မှာ​ပြောခဲ့သလို ​ခေါင်ရည် ပြုလုပ်ရာမှာ အဓိက အသုံးပြုပါတယ်။ ဆပ်နီအဖူး ​တွေ ​ပေါ်လာတဲ့အခါ လက်​ချောင်း​ ​လေး​တွေမျိုး ထွက်​ပေါ်လာပါတယ်။အဲဒီပုံစံကို ရည်ရွယ်ပြီး နာမည်​ပေးဖြစ်ခဲ့ကြပုံ​ပေါ်ပါတယ်။ရုက္ခ​ဗေဒ နာမည်က​တော့ (Eleusine Coracana) ဖြစ်ပါတယ်။

အပင်မှာပါလာတဲ့ အရွက်​တွေကတော့ စပါးပင်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ အပင်အရွယ်အစား ပိုကြီးပါတယ်။ စပါးပင်ထက် ပိုပြီး မာ​ကျောခိုင်ခန့်ပါတယ်။

ဆပ်နီကို ​တောင်ယာမီးရှို့ပြီး​နောက် အ​နောက်ကျဆုံး အဖြစ် ဧပြီလ လယ် ​လောက်မှာ စိုက်ပျိုးကြပါတယ်။ အဲဒီက​နေ ​နောက် ၈ /၇ လ ခန့်အကြာ ​ဆောင်းတွင်းပိုင်း ကာလ​တွေမှာ ရိတ်သိမ်း ​ခြွေ​လှေ့ကြပါတယ်။
​တောင်​ပေါ်မှာ စက်ပစ္စည်း​တွေ ယခင်ကမရှိ​သေးတဲ့အတွက် ရိတ်သိမ်း အ​ခြောက်ခံပြီး​နောက် နင်းနယ်​ခြေ​လှေ့တာ တို့ ရိုက်တံ​တွေနဲ့ ရိုက်နှက်ပြီး ​ခြွေ​လှေ့ကြပါတယ်။

ဆပ်နီအခွံမှုန့် ​တွေ တစ်ကိုယ်လုံး အလိမ်းလိမ်း အ​ပေခံပြီး အဖွဲ့လိုက်​ ပျော်​ပျော်ပါးပါးကြီး လုပ်ကြတာ ​တောင်​​ပေါ်က ​တောင်ယာဓ​လေ့​တွေပဲဖြစ်ပါတယ်။

ဆပ်နီဖြစ်လာတဲ့ ဆပ်နီ​တွေကို အမှုန့် ​​ဖြစ်အောင်
ကျောက်ပြား​ပေါ် ကြိတ် (သို့မဟုတ်) ​မောင်း​ထောင်းဆုံနဲ့ ကြိတ်ပြီး ဆပ်နီထမင်း အဖြစ် ချက်ပြုတ်စားသုံးလို့လည်း ရပါတယ်။

ဒီလို ကျန်းမာ​ရေးနဲ့ အလွန် ညီညွတ်တဲ့ ဆပ်နီစစ်စစ် ၉၈ ရာခိုင်နှုန်းနဲ့ ပြုလုပ်ထားတဲ့ ခေါင်ရည်​လေးကို နွေး​နေ​အောင် ကျိုချက်ရင်း ​ဆေးဘက်ဝင် ဂမုန်းအနွယ် ဂျင်းတက်​​လေး ​ထောင်းထည့်ပြီး ​သောက်သုံးရင် ကမ္ဘာမှာ ဘယ်​နေရာမှမှမရနိုင်တဲ့ ​ခေါင်ရည်အရသာကို ရရှိမှာဖြစ်ပါတယ်။

ခေါင်ရည်​နွေး​နွေး​လေးနဲ့ ချင်းကြက်သားသုပ် သို့မဟုတ် နွား​နောက်သား ​ခြောက်သုပ်​လေး
သုံး​ဆောင်ရင်း မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ ဝိုင်ဖွဲ့ပြီး နှစ်သစ်ကူးနိုင်ပါပြီ။


# ခေါနုစုမ်_ချင်းတောင်ဒေသထွက် စားဖွယ်စုံ
# ProductofMyanmar

-----------------------------------------

ကျန်းမာရေးနဲ့ ညီညွတ်ပြီး ရီဝေဝေ အရသာကို ခံစားနိုင်မယ့် ချင်းရိုးရာ ခေါင်ချက်နည်း 🥂

ခေါင်ရည်လုပ်ဖို့ပြင်ဆင်တဲ့အခါ ဆပ်နီကို ဒန်အိုးအကြီး​တွေနဲ့ အပြည့်ချက်ပြုတ်ကြပါတယ်။

ချက်ပြုတ်ပြီး ​ခေါင်ရည်လုပ်ဖို့ သင့်​တော်တဲ့ အ​နေအထား တစ်ခုအဖြစ် ကျက်သွားတဲ့အခါ အလျားရှည်တဲ့ ဖျာကြီးတစ်ခုခုပေါ် ဆပ်နီအကျက်​တွေကို ခူးထုတ်ပြီး ဖြန့်ထုတ်ရပါတယ်။

ဆပ်နီ အကျက်​တွေ သင့်​လျော်တဲ့ အ​နေအထား​ရောက်​အောင် အခြောက် ပြန်ခံတဲ့ သ​ဘောဖြစ်ပါတယ်။
၁ နာရီက​နေ ၂နာရီ​လောက် အကြာမှာ​တော့ ​​ခေါင်ရည်ဖြစ်လာဖို့ အတွက် တ​ဆေးကို အမှုန့်ကြိတ်ပြီး ဆပ်နီ​ခေါင် ဖတ်​တွေနဲ့ သမ​အောင် ​ရော​မွှေရပါတယ်။
(တ​ဆေး ဆိုတာက ​ကောက်ညှင်းဆန်ကို အမှုန့်ကြိတ်ပြီး သဘာဝ​ဆေးဘက်ဝင်ပင် ​​တွေနဲ့ ပြုလုပ်ထားတဲ့ ​ဆပ်နီအကျက်ဖတ်​တွေကို Alchohol ဓါတ်ဖြစ်​ပေါ်လာ​အောင် ဓါတ်ပြု​စေတဲ့ သဘာဝ​ဆေးဘက်ဝင် ​ဆေးလုံးပါ)

ပြီးသွားရင်​တော့ ခေါင်အိုး အဖြစ်အသုံး ပြုမယ့် ​ဘဲဥပုံမြေအိုး​ ​တွေထဲထည့်ပြီး လုံ​နေ​အောင် ပိတ်ရပါတယ်။ အဲလို ပြီးတဲ့ချိန်ကစပြီး အချိန် ကာလ ကြာ​​လေ ​ခေါင်အိုးတန်ဖိုးကြီးလေ ဖြစ်ပါ​တော့တယ်။ နှစ်ချီကြာတဲ့ ​သက်တမ်းရင့်ခေါင်အိုး​တွေက ​ဈေးအကြီးဆုံးဖြစ်ပါတယ်။


-----------------------------------------

ဆပ်နီ (သို့မဟုတ်) အမေ့ခံ အဖိုးတန်သီးနှံ

ဆပ်နီ ဆိုတာ မြက်မျိုးနွယ် နှံစားသီးနှံတစ်မျိုးဖြစ်ပါတယ်။
အနှံပုံစံက လူလက်ချောင်းလို ကားကားလေးဖြစ်တာကြောင့် အဂ်လိပ်လို Finger millet လို့ခေါ်ပါတယ်။ scientific name ကတော့ Eleusine coracana ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၄ နှစ် ၁၅ နှစ်ခန့်က မှတ်တမ်းတွေအရ၊ ဆပ်နီကိုမြန်မာနိုင်ငံ ချင်းပြည်နယ် မင်းတပ်၊ မတူပီ မြို.နယ်တွေမှာ အများအပြားစိုက်ပျိုးခဲ့ကြတယ်လို့ သိရှိခဲ့ရပြီး အခုအခါမှာတော့ တော်တော်အစိုက်နည်းသွားပါပြီ။

၂၀၁၇ နှစ် မျိုးစေ့ဘဏ်ရဲ့ သီးနှံမျိုးဗီဇကွဲများလေ့လာစုဆောင်းခြင်း သုတေသနအစီအစဉ်အရ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ မြို.နယ်တွေကို သွားရောက်လေ့လာခဲ့တဲ့ အခါမှာ ဆပ်နီ စိုက်ပျိုးမှုဟာတော်တော်‌ ​​လျော့နည်းသွားပြီဖြစ်တာကိုတွေ့ရပါတယ်။

ဒေသခံတောင်သူတွေကိုမေးမြန်း ကြည့်တဲ့အခါ
ဆပ်နီ ကိုခေါင်ရည်ချက်ဖို့အတွက်အဓိက စိုက်ပျိုးခဲ့ကြတာဖြစ်ကြောင်း၊
ဆပ်နီ ခေါင်ရည်က တခြားခေါင်ရည်များထက် ပိုအရသာထူးကြောင်း၊
ဒါပေမယ့် အခုအခါမှာ ဘာသာရေးကန့်သတ်ချက်များအရ အရက် ခေါင်ရည် စတာကိုမသောက်ကြတော့တဲ့အတွက်ဆပ်နီ ကို မစိုက်ကြတော့တာ ဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။

နောက်ထပ် အကြောင်းတစ်ခုက
အခုအခါမှာ ဝဥနဲ့ကော်ဖီကို
စီးပွါးဖြစ်အကြီးကျယ်စိုက်ပျိုးလာကြတာကြောင့်ဆပ်နီ ဟာ နောက်ဆုတ်ပေးလိုက်ရတဲ့ သီးနှံဖြစ်သွားပုံပေါ်ပါတယ်။

အခုလိုအကြောင်းအမျိုးမျိုးကြောင့်
မြန်မာပြည်ထဲမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ သီးနှံဟာလူသားတွေအတွက် ဘယ်လိုတန်ဖိုးတွေရှိနေပါသလဲ။
လေ့လာကြည့်လိုက်ရအောင်။

ဆပ်နီ ကို အိန္ဒိယမှာ ragi လို့ခေါ်ပါတယ်။
ဆပ်နီ မှာ အဟာရဓာတ်များ များပြားစွာပါဝင်ပြီး
အခြေခံလူတန်းစား နို့တိုက်မိခင်များနဲ့ ကလေးသူငယ်များအတွက် အဓိက အဟာရ အရင်းအမြစ်ဖြစ်ပါတယ်။

ဆပ်နီ မှာ အခြားနှံစားသီးနှံများထက်ပိုပြီး
proteins, vitamins, minerals, fibre, energy ပါဝင်ပါတယ်။
100 g finger millet ထဲမှာ
Protein 7.3 g Fat 1.3 g Carbohydrat72 g Minerals 2.7 g
Calcium 344 mg Fibre 3.6 g Energy 328 kCal. ပါဝင်ပါတယ်။
ဒါ့အပြင် micronutrient တွေဖြစ်တဲ့ manganese, phosphorus ,iron, chromium, magnesium, molybdenum, zinc and selenium တွေပါဝင်တယ်လို့ဆိုပါတယ်။

အစေ့အနှံဟာလူသားတွေ အတွက်အဟာရတန်ဖိုးအပြည့် ပါရုံသာမက
ဆပ်နီ ကောက်ရိုးဟာ တိရိစ္ဆာန်စာ အတွက်လည်းအသုံးဝင်ပါတယ်။

ဆပ်နီ မှာ fiber content ပါဝင်မှုများပြားတာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပါတယ်။
အသဲရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါရှိသူများဆပ်နီ လတ်လတ်ဆတ်ဆတ်ကို လှော်စားပေးသင့်ပါတယ်။
နို့တိုက်မိခင်များ နဲ့ ကလေးငယ်များ အဟာရမချို့တဲ့စေရန် မကြာခဏစားသုံးပေးသင့်ပါတယ်။

ဒါ့အပြင် ဆပ်နီ စားသုံးခြင်းဖြင့်သွေးတွင်းအချိုဓါတ်လျော့ကျစေတာကြောင့်
ဆီးချိုရောဂါရှိသူများ စားသုံးပေးသင့်ပါတယ်။

ဆပ်နီ မှာ amino acids တွေဖြစ်တဲ့ tryptophan and methionine တို့ ပါဝင်တာကြောင့် အစာစားချင်စိတ်ကိုလျော့စေတဲ့အတွက် ကိုယ်အလေးချိန်လျော့လိုသူများနဲ့လည်း သင့်တော်ပါတယ်။

သွေးတွင်းရှိ haemoglobin level ကိုမြင့်စေတာကြောင့်
anaemia ရောဂါအတွက်လည်းသင့်တော်တဲ့ သီးနှံဖြစ်ပါတယ်။
အဟာရတန်ဖိုးမြင့်မားစွာပါတာကြောင့်
အဟာရချို့တဲ့မှုကိုတိုက်ဖျက်နိုင်မည့် သီးနှံပါ။

Millet flour ဟာ gluten free ဖြစ်တာကြောင့်
ဂျုံမှုန့်နဲ့ရောပြီးပေါင်မုန့် ဖုတ်မယ်ဆိုရင်
gluten နည်းတဲ့ ပေါင်မုန့်ကိုရမှာဖြစ်ပါတယ်။
ဆန်နဲ့လည်းရောနှောချက်စားနိုင်ပါတယ်။
Millet ခေါက်ဆွဲဟာ ဆီးချိုဝေဒနာရှင်များအတွက်အထူးသင့်တော်ပါတယ်။

ချင်းပြည်မှာ ဆပ်နီကိုခေါင်ရည်ဖေါက်သလိုပဲ နီပေါ နဲ့ အာဖရိကနိုင်ငံများစွာမှာ ဆပ်နီနဲ့ ဘီယာ၊ ဝိုင် ချက်လုပ်ကြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာလိုပဲ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ Finger millet ရဲ့တန်ဖိုးကို သိပ်မသိကြသေးပါဘူး။
Finger millet ထုတ်ကုန် ကုန်ချောရယ်လို့ အနည်းငယ်သာ စျေးကွက်ထဲမှာရှိပါသေးတယ်။

ခုတလောသိပ်မကြာသေးခင်ကတော့ ဟားခါးမှာ ဆပ်နီစမ်းသပ်စိုက်ပျိုးနေပြီး ခေါင်ရည်၊ဝိုင် စသည်ဖြင့်ထုတ်ကြမယ်လို့ MRTV နဲ့ Facebook မှာ တွေ့လိုက်ရပါတယ်။

အကြံတစ်ခုပြုချင်တာက ခေါင်ရည်၊ဝိုင် သာမက
ကျန်းမာရေးအတွက်သင့်တော်မယ့် အခြားစားသောက်ကုန်မျိုးပါထုတ်လုပ်နိုင်မယ်ဆိုရင်
စိုက်ပျိုးထုတ်လုပ်သူသာမက စားသုံးသူများအတွက်ပါများစွာ အကျိုးရှိမှာပါ။

Finger millet ထုတ်ကုန် ကုန်ချောတွေကို စိုက်ပျိုးထုတ်လုပ်ပြီး စျေးကွက်ရှာဖွေခြင်းအားဖြင့်
စိုက်ပျိုးထုတ်လုပ်သူများဝင်ငွေပိုမိုရရှိရုံ သာမက
ပြည်သူများအနေနဲ့ ပြည်တွင်းထုတ် ကျန်းမာပြီးအဟာရပြည့်ဝမယ့်အစားအသောက်တွေကို စျေးနှုန်းသင့်တင့်စွာနဲ့ဝယ်ယူစားသောက်နိုင်မယ်မျှော်လင့်ပါတယ်။

$5.55