နူးနူးအိအိနဲ့ သိပ်စားကောင်းတဲ့
Easy Way ရဲ့ ထန်းတောအမဲကြော်
သွေးအားကောင်းပြီးအားပြည့်စေဖို့အတွက်ဆို
ပရိုတင်းဓာတ်အပြည့်ပါတဲ့အမဲကြော်လေးကအရမ်းအဆင်ပြေတာပေါ့။
ဂျင်း၊ကြက်သွန်ဖြူနိုင်နိုင်နဲ့ကြော်ထားတာမို့
လေလည်းကျေ ဝမ်းတွင်းအပူလည်းငြိမ်းတဲ့အပြင်အားလည်းဖြစ်စေတာမို့ နလန်ထစသူတွေအတွက်အထူးသင့်လျော်ပါတယ်။
အိမ်မှာချက်သလို သန့်သန့်လေးချက်တယ် ၊ ကိုယ့်အိမ်သားတွေအတွက်ကြော်သလို စေတနာတွေနဲ့ကြော်လှော်တယ်။ ဒါဟာ 𝐄𝐚𝐬𝐲 𝐖𝐚𝐲 ထန်းတောကြော်တွေရဲ့ အားသာချက်ပေါ့။
ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ ကုန်ကြမ်းတွေကိုသာသုံးပြီး ကြော်လှော်ချက်ပြုတ် ပြင်ဆင်တာမို့ စိတ်ချက်လက်ချစားပါရှင် အားပေးပါရှင်။
အမဲသားကုန်ကြမ်းကိုလည်း ဘယ်လိုနေရာအသားမျိုးကိုမှ သုံးလို့ရတယ်ဆိုတာမျိုးသတ်မှတ်ပြီး သီးသန့်မှာယူရပါတယ်
ရလာတဲ့ အသားကောင်းတွေကို သန့်စင်အောင်
နိုင်နိုင်ဆေးလို့ စံနှုန်းနဲ့ကိုက်ညီတဲ့အသားတုံးတွေအဖြစ် ကျကျနနလှီးပြီး အရသာ အချိုးအစားစပ်ဟပ်ရတော့တာပါပဲ တစ်ခုပါပဲရှင်..
အသားကိုအရသာဝင်အောင်နာရီအပြည့်နှပ်ပြီး မိုးဗြဲဒယ်ထဲ ရေနည်းနည်းနဲ့ အိနေအောင်
ဟိုဘက်ဒီဘက် အကြိမ်ကြိမ်လှန်လို့ မီးအေးအေးနဲ့ ပေါင်းတော့တာပါပဲ ...
ပေါင်းလို့ သင့်လျော်တဲ့အနေအထားကိုရောက်တာနဲ့ နေကြာဆီအပြည့် အိုးထဲထည့်ပြီး
မီးအေးအေးနဲ့ထပ်ဆင့်ကြော်ရပြန်ပါတယ် ...
အရသာနဲ့အနူးအအိအနေအထားစိတ်ကြိုက်ကိုရဖို့ တစ်ဒယ်တစ်ခါQualityစစ်ပါတယ်..
ဒါကြောင့်မို့ ဒီ ထန်းတောအမဲကြော်ဟာ သိပ်စားကောင်းတာပေါ့ရှင်...
အချိုကြော်အတွက်က တော့ ဂျင်းကြက်သွန်ဖြူ အနံ့ လေး သင်းနေပြီး
အစပ်ကြော်ကတော့ လတ်လတ်ဆတ်ဆတ်ငရုတ်သီး ခွဲကြမ်းနံ့လေးနဲ့ စပ်စပ်လေးပေါ့ ..
အမြည်းပဲစားစား ထမင်းနဲ့ပဲစားစား ဒီအတိုင်းစားစားသိပ်စားကောင်းလွန်းတာပဲနော်..
အရသာလျှာရင်းမြက်ပြီး စွဲကျန်ဖို့ မသင့်လျော်တဲ့ဓာတုဆေးဝါးနဲ့ တာရှည်ခံမပါတာတော့ အာမခံသဗျို့...
အိမ်ချက်စာလေးတွေ စားနိုင်ဖို့ ရေရှည်အထားခံတဲ့ အကြော်အလှော်တွေဆို Easy Way by NooDi ရဲ့ 🌶🥘 ထန်းတောကြော်တွေက အသင့်ပါပဲ။ 😉
🙌 ဟဲဗီး Kg အထုပ်ကြီးနဲ့
🙌 သယ်ရလွယ်ကူတဲ့ ပုံမှန်အထုတ်... နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါပြီ။ 🤗 🤗
နိုင်ငံခြားအထိကိုအသယ်ခံပါတယ်☑️
အသားအတုံးကြော်တွေက အခန်းတွင်းအပူချိန်မှာ ပါကင်အတိုင်းထားရင် ၇ရက်ခန့်အထားခံတယ်နော်☑️
# EasyWayByNooDi
# ProductofMyanmar