အိမ်ချက်စာလေးတွေ စားနိုင်ဖို့ ရေရှည်အထားခံတဲ့ အကြော်အလှော်တွေဆို Easy Way by NooDi ရဲ့ 🌶🥘 ထန်းတောကြော်တွေက အသင့်ပါပဲ။ 😉
"ထန်းတောကြော်" ဆိုလို့လည်း ထန်းတောထဲကြော်တဲ့အကြော်လို့ ထင်မသွားပါနဲ့ဦး...
ထန်းတောတွေရဲ့ဇာတိဆိုပါတဲ့ ရွာဘက်၊ အညာဘက်မှာ အသားကြော်၊ အစပ်ကြော်…ကြော်တဲ့အခါ ကြက်သွန်ဖြူနိုင်နိုင်၊ ဂျင်းနိုင်နိုင်နဲ့ မွှေးမွှေးအိအိ လုံးကြော်ကြော်သလို အစပ်အဟပ်ရှယ်တည့်နေအောင် မိရိုးဖလာကြော်နည်းနဲ့ဆိုပြီး ကြော်ကြလှော်ကြတဲ့ ဒီဓလေ့ရဲ့ နည်းနဲ့အချိုးအဆတွေအတိုင်းပဲကြော်လှော်ထားတဲ့ မြန်မာ့ဓလေ့ရိုးရာလေးကိုရင်ထဲမှာမှတ်ပြီး ထန်းတောကြော်လို့ အမည်ပေးထားတဲ့
Easy Way ရဲ့ ထန်းတောကြော်ပါ ♥️
မြန်မာဆန်လွန်းတဲ့ အသားကြော်တွေမို့ ဂုဏ်ယူစွာပေးထားတဲ့ နာမည်ပါ...
ဆီနိုင်နိုင်၊ အသားကို ရှယ်နှပ်ပြီး ကြက်သွန်ဖြူ၊ဂျင်းအရည်ညှစ် ထောင်းတာကိုမှ အသားနဲ့ အိနေမွှေးနေအောင်ကြော်တာမျိုးမို့ အသားညှီနံ့ပျောက်ပြီး ဆီဆားလေးနဲ့ သိပ်စားမြိန်တဲ့ ထန်းတောကြော်မျိုးပါ...
ဒါ့ကြောင့် မြန်မာ့ရိုးရာ အရသာစစ်စစ် နဲ့ မိရိုးဖလာ လက်ရာ "ထန်းတောကြော်" တွေကို ခုလို ကြက်၊ဝက်၊ အမဲ၊ ငါးကျည်း အသားစုံထုတ်နိုင်တာ လူတိုင်းကြိုက်ကြတာ တကယ်ကို ဂုဏ်ယူရတဲ့ တံဆိပ် နာမည်လေးပါ။
ဗြိခနဲ အထုပ်ကိုဖြဲ၊ မီးပူလေးနွှေးပြီးပန်းကန်ထဲဖောက်ထည့်ချလိုက်တာနဲ့ ထမင်းတစ်ဝိုင်းလုံးမွှေးသွားတဲ့ ထန်းတောကြော်တွေ ဘယ်လိုကျော်ရလဲဆို တော့...
ကြက်၊ ဝက်၊ အမဲအတုံးကြော်တွေကစ ချဉ်ချဉ်စပ်စပ်ငါးကျည်းကျပ်တိုက်အဆုံးကို ရွာဌာနေဇာတိ ထန်းတောအိုးသူကြီးတွေကြော်ကြတဲ့ပုံစံအတိုင်းကြော်ထားပါတယ်
အိမ်မှာထားစားမယ့်သူတွေ
လက်ဆောင်ပေးချင်တဲ့သူတွေ အတွက်
ထန်းတောအသားကြော်တွေကြော်တဲ့အခါ
နေကြာဆီမွှေးမွှေးလေးကိုပဲ သုံးတယ်
ဂျင်း ကြက်သွန်ဖြူဆိုတာ ရိုးရာမပျက် နိုင်းချင်းထည့်ကြော်ထားမြဲ 🔥
အခုလိုထည့်ကြော်မှလည်း ဂျိုကျ အနှစ်များ အရသာချိုချဉ်ငန်စပ်ထန်းတောကြော်တွေထွက်တာပေါ့ရှင်။
တွဲဖက်စားလိုက်ရင် ရိုးရှင်းပြီး အရသာရှိတဲ့ အိမ်ထမင်းအိမ်ဟင်းစင်စစ် အရသာကိုပဲရမဲ့…
✨ထန်းတောအသားကြော်များ
🥘 အဓိကဟင်းပွဲ မချက်နိုင်တဲ့နေ့မှာစားဖို့က… အသားအိအိအတုံးလိုက် ရှယ်ဆွဲနိုင်မယ့်
✅ ထန်းတောအမဲအတုံးကြော်(ချို/စပ်)
✅ ထန်းတောဝက်အတုံးကြော်(ချို/စပ်)
🥘 အသားကို ပေါ့ပေါ့ပါးပါးအရံဟင်းလို စားဖို့က…
✅ ထန်းတောကြက်မွှခြောက်စပ်မွှေးကြော်
✅ ထန်းတောဝက်မွှခြောက်စပ်မွှေးကြော်
✅ ထန်းတောအမဲမွှခြောက်စပ်မွှေးကြော်
🥘 အသားတွေ မစားချင်ဘူး၊ ချဉ်စပ်ရှူးရှဲ မအီတာလေးနဲ့ ထမင်းဝိုင်းပြင်ဖို့ဆို
✅ ထန်းထောချဉ်ချဉ်စပ်စပ် ငါးကျည်းကျပ်တိုက်ကြော် မွှေးမွှေးလေး
🥘 ပြီးပြည့်စုံတဲ့ အရံဟင်းအနေနဲ့ စားဖို့ပဲဖြစ်ဖြစ် ဟဲဗီးတွေ မစားချင်တဲ့နေ့မှာ ကြက်ဥကြော်လေးနဲ့ တွဲစားဖို့ပဲဖြစ်ဖြစ်ဆို
✅ ထန်းတောပုဇွန်ခြောက်ချဉ်စပ်မျှစ်ချဉ်ကြော်
✅ ထန်းတောချဉ်ပေါင်တောကြော် (သက်သတ်လွတ်)
ကဲ ရွေးချယ်စရာတွေ အများကြီး ရှိတာမို့ တစ်နေ့ တစ်မျိုးစားတောင် မရိုးအောင် စားနိုင်မှာနော်။
🙌 ဟဲဗီး Kg အထုပ်ကြီးနဲ့
🙌 သယ်ရလွယ်ကူတဲ့ ပုံမှန်အထုတ်... နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါပြီ။ 🤗 🤗 🤗
1KG အထုပ်ကြီးတွေကို ဘယ်သူတွေဝယ်သင့်လဲဆိုရင်….
☑ နိုင်ငံခြားသွားမယ့်သူတွေ
☑ လက်ဆောင်ပေးချင်သူတွေ
☑ အလုပ်များလို့ဟင်းမချက်ဖြစ်သူတွေ
ရေခဲသေတ္တာထဲသာထည့်သား၊ ဗိုက်လေးဆာမှ အဆင်သင့်လေး ပူပူနွေးနွေး အရသာရှိရှိ နွှေးစားရုံပဲနော် 😋💟
အကောင်းစားထန်းတောကြော်တွေ၊ အသားကြော်တွေကို တစ်နေရာရာသယ်သွားချင်၊ လက်ဆောင်ပို့ပေးချင်နေပေမယ့်..အလေးခိုးမှာ ဂရမ်ချိန်မပြည့်မှာ ဆီမလုံမှာ အထားမခံမှာစိုးတယ်ဆိုတာမျိုး
Easy Way products တွေမှာ ရှိလာမှာမဟုတ်ပါဘူး
လေယာဉ်ထဲ၊ အိတ်တွေထဲ ဂျွမ်းထိုးမှောက်ခုံ မှောက်မှောက်ပြန်ပြန်
ဆီလုံလေလုံနဲ့ သေသပ်တဲ့ထုပ်ပိုးမှုနဲ့ ကြာရှည်အထားခံလို့ အိမ်နဲ့ဘယ်လောက်ဝေးဝေး အိမ်မှာစားရသလို ထမင်းမြိန် ခံတွင်းတွေ့စေမှာပါ။😋🌶🥘🍽
နိုင်ငံခြားထိအသယ်ခံသလား ဆီလုံပါသလားတဲ့
ဒီလိုတွေအမေးများတော့➡️➡️➡️
နိုင်ငံခြားအထိကိုအသယ်ခံပါတယ်☑️
အသားအတုံးကြော်တွေနဲ့ချဉ်ပေါင်ကြော်တွေဆိုအခန်းတွင်းအပူချိန်မှာ ပါကင်အတိုင်းထားရင် ၇ရက်ခန့်အထားခံသလို☑️
အသားမွှကြော်တွေကတော့ခြောက်နေ မွှနေတာမို့ အခန်းတွင်းအပူချိန်မှာ၃လအထိအထားခံတယ်နော်☑️
# EasyWayByNooDi
# ProductofMyanmar