Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း
Easy Way_Premium ငပိထောင်း

Easy Way_Premium ငပိထောင်း

Easy Way by NooDi ရဲ့ ပုံးကြီးတွေနဲ့ ကြိုကြိုနှပ်ထားရတဲ့ ပရီမီယမ်ငါးပိထောင်း ✨

ငပိထောင်း ကောင်းကောင်းသာ အိမ်မှာရှိရင်
ဘာမဆို စွယ်စုံသုံးလို့ရတာ သိလား?

ငပိထောင်းသာ တကယ် မွှေးရင် ကောင်းရင် ...
ငပိသုပ် နဲ့ ထမင်းလေးပဲစားစား...
ငပိထမင်းကြော်လေးပဲ ကြော်ကြော်...
ချဉ်ပေါင်ကြော်လေးပဲကြော်မလား...
ငပိထောင်း တမျိုးတည်းနဲ့ အိမ်မီးဖိုချောင် က အများကြီး အထောက်အကူဖြစ်မှာ ကွက်တိ....

ဒါပေမယ့် ကိုယ်သုံးတဲ့ ငပိထောင်း က တကယ်မွှေး တကယ်ကောင်းပြီး ထိမိနေမှရမှာနော်...

Easy Way ရဲ့
ပရီမီယမ်ငါးပိထောင်း ရဲ့ ရိုးရှင်းမှုနဲ့အရသာရှိမှုက

မြိတ်ငါးပိထောင်းစစ်စစ်ကို မိုးမျှော်အောင်ချဉ်စပ်နှပ်ထားတော့ တို့စရာလေးတစ်ပွဲနဲ့တို့စားရင်တောင် ပူထောင်းပြီးအရသာရှိတာစားဖူးသမျှ ကာကာတွေအသိဆုံး 🥗

🌶 ဘာ ငရုတ်သီး မှ ထပ်ထည့်စရာမလို သံပုရာသီးလေး တရွှမ်းရွှမ်းညှစ်ရုံနဲ့ တခါတည်း စပ်ပြီး ပွင့်ထွက်ပြီသားမို့ ဘယ်လိုလုပ်စားစား ကောင်းချက်ကြီးက ထိမိနေတာပဲတော်ရေ ဖြစ်သွားစေရမယ်😎😎😎

သိပ်စားလို့ကောင်းတဲ့ Easy Way by NooDi ကော်ရည်၊ ရန်ကုန်ကော်ရည်ခေါက်ဆွဲဆိုပြီး နာမည်ကြီးလာတာလည်း ပရီမီယမ်ငါးပိထောင်းလေးကြောင့် အများကြီးပါခဲ့တာ 🥰

အခုတော့ သူ့သပ်သပ် ငါးပိထောင်းထုပ်ကြီးတောင် အများကြီးရောင်းနေရပြီလေ… ဒီလိုမျိုး စားဖူးသူတိုင်းကိုစွဲသွားစေတဲ့ ပရီမီယမ်ငါးပိထောင်းဆိုတာဖြစ်လာအောင် Easy Way မီးဖိုချောင်ထဲမှာ အားရပါးရသိပ်ထားတဲ့ ငါးပိထောင်း တွေက သက်သေပါ


# EasyWayByNooDi
# ProductofMyanmar

-----------------------------------------

Premium ငပိထမင်းကြော်

စပါယ်ရှယ်အစပ်အဟပ်တည့်တဲ့ ငပိထောင်းဆိုတာ စပါယ်ရှယ်လုပ်စားရတယ်နော်...

ဆိုတော့ အပြောင်းအလဲလေးဖြစ်အောင် ပရီမီယမ်ငါးပိထမင်းကြော်လေးလုပ်စားကြရအောင် 😋

အဲ့တော့ ငါးပိထမင်းကြော်ကြော်ဖို့က ဘာတွေလိုလဲဆို

Easy Way ရဲ့ ပရီမီယမ်ငါးပိထောင်း အဓိကလိုပါတယ်ရှင် ❤

တခြားကတော့ ကုဆိုင်၊ ကြက်ဥ၊ ငရုတ်သီးစိမ်း၊ အသား၊ ခရုဆီ၊ ဟင်းခတ်၊ ထမင်းဖြူဆိုရပြီ

- အရင်ဆုံး ကြက်သွန်မြိတ်နဲ့ခပ်ဆင်ဆင် ကုဆိုင်လေးတွေလှီးထား

- စပ်စပ်စားချင်ရင် ငရုတ်သီးစိမ်းတောင့်လေးလှီးထား

- အသားထည့်ချင်ရင် အသားတုံးလေးတွေတုံးထားလိုက်၊ ကြက်ဥလေးကို ပန်းကန်ထဲထည့်ခေါက်ထား

- ပြီးမှ ကြက်သွန်ဆီသတ် အနံ့လေးမွှေးလာရင် ဆီသတ်ထားတဲ့ထဲ ကြက်ဥလေးကိုခေါက်ပြီးကြော်

- ကြက်ဥကျက်လာပြီဆို အသားတုံးလေးတွေထည့်၊ ဟင်းခတ်မှုန့်ထည့်၊ ဆားထည့်၊ ခရုဆီထည့်ပြီး ကျက်အောင်ကြော်ပေတော့

- နောက်ပြီးတော့ မွှေးမွှေးလေးဖြစ်သွားအောင် ကုဆိုင်လေးနဲ့လှိမ့်

- ထမင်းဖြူထည့်ပြီးမွှေ၊ ပရီမီယမ် ငါးပိထောင်းထည့်ပြီး မွှေကြော်လိုက်ရင်….
အဲ့ဒါ ပရီမီယမ်ငါးပိထမင်းကြော်ပဲပေါ့


-----------------------------------------

Premium ငပိ မျှစ်ရခိုင်ချက်

•မျှစ်ချိုနဲ့
ပုဇွန်ဆိတ်ကလေးနဲ့ရောလို့
ရခိုင်ချက်လေးချက်စားဖို့ပြင်ရအောင်

•မျှစ်လေးကိုအဖန် အချဉ် အခါးထွက်အောင် တစ်ရေပြုတ်ပြီးတာနဲ့ အတုံးကြီးကြီးလှီး ပြီးတော့ဆီအနည်းငယ်လေးထည့်ပြီးကြက်သွန်အနီ အဖြူ ဂျင်းလေးဆီသတ်ပုစွန်ဆိတ်ကလေးထည့်ပြီး မျှစ်လေးထည့် ..တစ်ဗျစ်ဗျစ်အသံမြည်လာတာနဲ့ပရီမီယမ်ငပိထောင်းလေးထည့်ချလိုက်တယ်ရှင်..

•ဘက်စုံသုံးလို့ရပြီးအရသာက အစပ်အချဉ် အငံပါပြီးသားဆိုတော့ဟင်းချက်မယ်ဆို အရသာနည်းနည်းလေးလိုက်ရုံပဲ...

•ငပိမွှေးမွှေးနံ့လေးရယ်တောမျှစ်လေးရယ်ပေါင်းပြီးတအားကိုမျှတအားမွှေးလာပြီဆိုရင်ဖြင့်သေချာပြီ ဟင်းကျက်ပြီပေါ့ရှင် ..

•ဒါဆိုရင်တော့နောက်ဆုံးပိတ် နံနံပင်လေးအုပ်လို့ အိုးပေါ်ကချပါသတဲ့ရှင်...

ဒီနေ့တော့ တောမျှစ်ရခိုင်ချက်လေးနဲ့စားလို့မြိန်မှမြိန်ရှင် အသားတောင်မလိုတာရယ်ပါ...


-----------------------------------------

Premium ငပိမုန့်လက်သုပ်

မုန့်ဟင်းခါးဖက်လေးထဲ ပုဇွန်ခြောက်မှုန့်လေးနဲ့
ပရီမီယမ်ငပိထောင်းလေးထည့်
ငံပြာရည်လေးပါလေရုံဆမ်းပြီးနှံ့နေအောင်
နယ်တယ်

ပြီးတာနဲ့ နံနံပင် ကြိုက်သူမို့ မွှေးအောင်
နံနံပင်ထည့်တယ်

ဟင်းခါးလေးကတော့ မုန်လာဉဖြူဟင်းခါးလေးကို ငရုတ်ကောင်းလေးနဲ့ပူပူလေးချက်ထားပြီ

ဒါတစ်အိမ်သားလုံးကြိုက်တဲ့ မုန့်လက်သုပ်ပဲ

သန့်ရှင်းပြီးအရသာရှိတဲ့မုန်ဖက်လက်သုပ်စုံ
တစ်ပွဲအတွက် ဘက်စုံသုံးပရီမီယမ်
ငပိထောင်းရှိတယ်နော်


-----------------------------------------

Premium ငပိသီးစုံသုပ်

ပရီမီယမ်ငပိထောင်းလေးဆောင်ထားတဲ့သူတွေအတွက် စျေးကဝယ်လာတဲ့ မရမ်းသီးအစိမ်း/အမှည့်တွေကို ပါးပါးလှီးပြီးပရီမီယမ်ငပိထောင်းလေးတစ်ဇွန်းလောက်ခပ်ထည့်၊ ငံပြာရည်နံ့လေးပါဖို့ ငံပြာရည်လေးတစ်ဇွန်းနဲ့ ပုဇွန်ခြောက်မှုန့်လေးနည်းနည်း၊ ထန်းလျက်လေးနည်းနည်းထည့်လို့ သုပ်စားကြည့်စမ်းပါရှင်...

သိပ်ကောင်းတာပဲ အစပ်အဟပ်ကိုတည့်လို့ဆိုပြီးဖြစ်သွားစေရမယ်...

ရေနွေးကြမ်းလေးတစ်အိုးအသာဘေးမှာချလို့ စကားစမြည်လေးပြောလိုက် မရမ်းသီးသုပ်လေးစားလိုက်ရေနွေးကြမ်းလေးသောက်လိုက်နဲ့ ရာသီစာစားလို့ သင်္ကြန်တွင်းပိတ်ရက်အနားယူချလိုက်...

မရမ်းသီးတင်ပဲလားလို့ မမေးနဲ့ သရက်သီးဆိုလည်းမွှေးပြီးကြွပ်နေရင် နတ်သုဒ္ဓါနဲ့မလဲနိုင်လောက်အောင် ကောင်းသလို မာလကာသီးကြွပ်ကြွပ်ကြီးတွေနဲ့ဆိုလည်း လိုက်ဖက်တာပေါ့....
$5.55