ဝါတွင်းကာလမဟုတ်လည်း အမြဲတမ်းရောင်းအားကောင်းနေဆဲ
"လုံမ" ရဲ့
သက်သတ်လွတ်သုံးဆောင်သူများအတွက်
"သက်သတ်လွတ်ငပိထောင်း" / "ပဲငန်အနှစ်ထောင်း"
- 2 in1ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ သက်သတ်လွတ် "ငပိထောင်း" အဖြစ်သုံးဆောင်ချင်ပါက အထုပ်ကိုဖွင့်ပြီး ဒီအတိုင်း တန်းစားလိုက်ရုံဖြစ်ပြီး
သက်သတ်လွတ် "ငပိရည်" အဖြစ် သုံးဆောင်လိုပါက အထုပ်ထဲက ငပိထောင်းအပြားကို ပန်းကန်ထဲ
ထည့်ကာ ရေနွေးအနည်းငယ်ထည့်ဖျော်ပြီး သုံးဆောင်ရုံဖြစ်ပါတယ်။
- သက်သတ်လွတ်စားသုံးသူတွေ မွှေးမွှေးကြိုင်ကြိုင် အစပ်အဟပ်တည့်တည့် ထိထိမိမိနဲ့ ထမင်းစားမြိန်တဲ့အပြင် အဓိကအရေးအကြီးဆုံးဖြစ်တဲ့ အာဟာရအပြည့်အဝပါရရှိစေဖို့
- အချိန်လည်းလုံးဝမကုန်၊ လူလည်းမပင်ပန်းစေတဲ့အပြင် အလုပ်လည်းမရှုပ် လွယ်ကူမြန်ဆန် စိတ်ချမ်းသာစွာ အဆင်သင့် သုံးဆောင်နိုင်စေဖို့ ထုတ်လုပ်ထားတာဖြစ်ပြီး
- တာရှည်ခံဆေးဝါးပေါင်းစုံ၊
- အချိုမှုန့်၊
- ကြက်သားမှုန့် နဲ့
- စားအုန်းဆီ ကင်းစင်ကြောင်း အာမခံပေးထားလို့ အပြင်စာတွေကြောက်လို့ မစားရဲဘူး ဆိုတဲ့ သူတွေပါ စိတ်ချသုံးဆောင်နိုင်ပါတယ်။ ပိုင်ရှင်မိသားစုကိုယ်တိုင်လည်း ကိုယ်ထုတ်တာတွေကိုပဲ ကိုယ်စားတာမို့ ထုတ်ကုန်အားလုံးကို ယုံကြည်စွာ သုံးဆောင်နိုင်ကြပါတယ်။
- ငပိထောင်းလိုကို ထမင်းပူပူလေးနဲ့ ဒီအတိုင်းပဲစားစား
- ငပိထောင်းလိုကိုမှ ပဲဆီလေးစမ်းစားစား
- ငပိထောင်းလိုကိုမှ သံပုရာသီးလေးညှစ်ကာ ငပိသုပ်လို ချဥ်ငန်စပ် သုပ်စားစား🤤
- ငပိရည်လိုဖျော်ကာ လတ်လတ်ဆတ်ဆတ် တို့စရာအစုံအလင်နဲ့ တွဲစားစား
ကြိုက်သလိုစားပါ။ 😎
⚠️ နာမည်ပေးတဲ့နေရာမှာ ငါးပိဆိုတဲ့ အသုံးအနှုန်းမပါအောင် အထူးဂရုစိုက်ပြီး "ပဲငန်အနှစ်ထောင်း" "ပဲငန်အနှစ်ဖျော်" ဟုပေးထားပါသည်။ စာရေးရာမှာတော့ ထင်သာမြင်သာရှိပြီး နားလည်ရလွယ်ကူစေရန် သက်သတ်လွတ်ငပိထောင်း / သက်သတ်လွတ်ငပိရည် ဟုသုံးနှုန်းထားခြင်းဖြစ်ပါသည်။ အစစအရာရာ ပဲတစ်မျိုးတည်းဖြင့်သာ ဖန်တီးထုတ်လုပ်ထားပါသည်။ ⚠️
တစ်ထုပ်ကို ငပိထောင်းအပြား (၂) ပြားပါဝင်ပါတယ်။
# လုံမ_အသင့်စားငပိရည်ကျို
# ProductofMyanmar